စဉ်းစားကြစေလိုပါတယ် ( ၅၂ ) ( ဗုဒ္ဓဘာသာဝင် အားလုံး ရဲ့ ကိုယ်စား တောင်းပန်ပါတယ် )

Foreign ResidentApril 23, 20133min17940

စဉ်းစားကြစေလိုပါတယ် ( ၅၂ )

( ဗုဒ္ဓဘာသာဝင် အားလုံး ရဲ့

ကိုယ်စား  တောင်းပန်ပါတယ် )

 

ဟဲ ဟဲ ။

လန့်လဲ မသွားပါနှင့် ။

FR ကြီး ကိုတော့ ၊

ဒီတစ်ခါ အပီ ဆဲလိုက်မဟဲ့ ၊

ဆိုပြီးတော့လည်း ၊

စိတ် မ စောကြပါနှင့် ။

ဆုံးအောင် ဖတ်လိုက်ပါဦး ။

 

ကိုယ့် လူမျိုး ၊ ကိုယ့် ဘာသာ ၊ ကိုယ့် အစုအဖွဲ့ က ၊ အမှား လုပ်ခဲ့ပြီးတဲ့ အခါ ၊

ကိုယ့် လူမျိုး ၊ ကိုယ့် ဘာသာ ၊ ကိုယ့် အစုအဖွဲ့ ရဲ့ ကိုယ်စား ၊

ဝမ်းနည်း စာနာကြောင်း ဖေါ်ပြပြီး ၊ တောင်းပန်သင့်တယ် ဆိုတဲ့ ၊

ယဉ်ကျေးမှု ကို ၊ ယုံကြည်သူ / လက်ကိုင်ထားသူဟာ ၊

အဘ တစ်ယောက်ထဲ ၊ မဟုတ်ပါဘူး လို့ ၊ ဖေါ်ပြလိုက်တာပါ ။

 

ဒီနေရာမှာ ၊ ကိုယ့်ဖက်က မဟုတ်ပဲ ၊ သူ့ဖက်က မှားတဲ့ကိစ္စတွေ မှာ ၊

( ဥပမာ ။ ။ မိထ္ထီလာ အရေးအခင်းမှာ ပထမဆုံး သွေးမြေကျရတာဟာ ဘုန်းကြီးကို စ သတ်တာပဲ )

သူ့ဖက်က ကိုယ့်ဖက်ကို ပြန်တောင်းပန်မှု ၊ မတောင်းပန်မှု ကတော့ ၊

သူ့ဖက်က ၊ ယဉ်ကျေးမှု ရေချိန် နှင့်ပဲ ၊ ဆိုင်ပေလိမ့်မယ် ။

ကိုယ့်ဖက်ကတော့ ၊ ကိုယ် ယဉ်ကျေးကြောင်း ပြရမှာက ၊ ကိုယ့် တာဝန်ပေပဲ ။

 

သဘော ပါရဲ့ မဟုတ်လား ၊ ပရိတ်သတ်ကြီးရဲ့ ၊ ဘာတဲ့ ။

ဒယ်အိုး ပါ ဘုရား ။

အဲ အဲ ၊ ရေးရင်း နှင့် အရှိန်လွန်ပြီး ၊ တရားပွဲ နှင့် မှားကုန်ပါပြီ ။ ဟီ ဟိ ။

 

ကဲ ကဲ ၊ လိုရင်းကို ဆက်ရရင်  ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ၊

ဧပြီလ ၁ရက်နေ့က ၊ မိထ္ထီလာ မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ပြောခဲ့တဲ့ စကား / တရား ပါ ။

 

” ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ ကိုယ်စား ခွင့်လွှတ်ပါ လို့ ၊

ဦးဇင်း ကပဲ တောင်းပန်ပါတယ် “

 

” သံသရာမှာ ဆွေမျိုးမတော်ဖူးတဲ့သူရယ်လို့ တစ်ယောက်မှ မရှိတဲ့အတွက် ၊

အခု ဒုက္ခရောက်နေကြတဲ့ အစ္စလာမ်ဘာသာဝင်များဟာလည်း ၊

ဦးဇင်း ရဲ့ မိဘ၊ ညီအကို မောင်နှမ၊ ဆွေမျိုးတွေချည်းပါဘဲ ။

 

ကိုယ့် ဆွေမျိုးတွေ ဒုက္ခရောက်နေတာကို ၊

လုံးဝ မကြည့်ရက်လို့ အခုလို လာအားပေးတာပါ ။

 

ဦးဇင်း လှူတဲ့ ရုပ်ဝတ္ထု ပစ္စည်းဟာ ၊ ဘာမှ မပြောပလောက်ပေမယ့် ၊

ဦးဇင်း ရင်ထဲက မေတ္တာတွေ ကတော့ အတိုင်းအဆ မရှိပါဘူး ။

စဖြစ် ကတည်းကလည်း ၊ အခုထိ မေတ္တာပို့ပေးနေပါတယ် ။

ခရီးစဉ် တလျှောက်မှာလည်း စက္ကန့်မလပ် မေတ္တာပို့ပေးနေပါတယ်။

 

လက်ပံတောင်းတောင် သံဃာတော်တွေ မီးလောင်ခံရတုန်းက ခံစားရတာ နဲ့

မိတ္ထီလာ ဘာသာခြားတွေ အကြမ်းဖက်ခံရတဲ့အချိန် ခံစားရတာ ၊

ဦးဇင်း ရဲ့ စိတ်ထဲမှာ ခံစားချက်ချင်း ထပ်တူပါပဲ ။

 

ဘာပဲဖြစ်ဖြစ် ၊ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ ကိုယ်စားခွင့်လွှတ်ပါ လို့ ၊

ဦးဇင်းကပဲ တောင်းပန်ပါတယ် ။

 

မေတ္တာစစ် မေတ္တာမှန်ဆိုတာ နယ်စည်းမခြားတဲ့ မေတ္တာပါ ။

ဘာသာ ဆိုတဲ့ နယ်စည်းလည်း မခြားရပါဘူး ၊

လူမျိုး ဆိုတဲ့ နယ်စည်းလည်း မခြားရပါဘူး ။ “

 

( ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ) ဧပြီလ ၁ရက် ။

( Source : https://www.facebook.com/mg.mhan/posts/389813207808584 )

 

ဗုဒ္ဓ ဘာသာ ဆိုတာ ၊ အဲဒါကမှ အစစ် ။

ဗုဒ္ဓ ဘာသာ ဘုန်းကြီး / ဆရာတော် ဆိုတာ ၊ အဲဒါကမှ အစစ် ။

အဲဒါ ကမှ ဗုဒ္ဓ ဘာသာ ဘုန်းကြီး  / ဆရာတော် ရဲ့ စကား / တရား အစစ် ။

 

ဒါမျိုးကိုမှ တရားဓမ္မ နဲ့ မေတ္တာပြတယ်ခေါ်တယ် ။

မိမိ ဘာသာ သာသနာကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုလို့ ခေါ်တယ် ။

 

ကိုယ့် ဗုဒ္ဓ ဘာသာ ဆိုတဲ့နာမည် ကို အသုံးချပြီး ၊ တလွဲ အကြမ်းဖက်မှုတွေ လုပ်နေရင် ၊

ကိုယ့် ဗုဒ္ဓ ဘာသာ ရဲ့ ဂုဏ် ကျက်သရေ ကို ၊ ထိန်းသိမ်းရာမရောက်ဘဲ ၊

ကိုယ့် ဗုဒ္ဓ ဘာသာ ရဲ့ ဂုဏ် ကျက်သရေ ကို ၊ ကိုယ်တိုင် ဖျက်ဆီးရာရောက်တယ်ဆိုတာ ၊

သဘောပေါက်ကြပါ ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

ဝေ့စ်ကုတ် လိမ္မော်ရောင် နှင့်က တိုင်းဒေသကြီး ဝန်ကြီး ဦးရဲအောင်မြင့် ပါ ။ အောက်မှာ လက်ညှိးထိုးနေသူကတော့ ကိုမြအေး ( ၈၈ ) ပါ ။
ဝေ့စ်ကုတ် လိမ္မော်ရောင် နှင့်က တိုင်းဒေသကြီး ဝန်ကြီး ဦးရဲအောင်မြင့် ပါ ။
အောက်မှာ လက်ညှိးထိုးနေသူကတော့ ကိုမြအေး ( ၈၈ ) ပါ ။

 

ဝေ့စ်ကုတ် လိမ္မော်ရောင် နှင့်က တိုင်းဒေသကြီး ဝန်ကြီး ဦးရဲအောင်မြင့် ပါ ။

အောက်မှာ လက်ညှိးထိုးနေသူကတော့ ကိုမြအေး ( ၈၈ ) ပါ ။

 

သေချာ ကြည့်ကြပါအုန်းကွယ် ၊ သူတို့တွေဟာ ကုလားရုပ်တောင် သိပ် မပေါက်တော့ပါဘူးကွယ် ။ ဘာသာ အယူ ကွဲပေမယ့် ၊ မြန်မာ နိုင်ငံသားတွေ ပါပဲ ။
သေချာ ကြည့်ကြပါအုန်းကွယ် ၊ သူတို့တွေဟာ ကုလားရုပ်တောင် သိပ် မပေါက်တော့ပါဘူးကွယ် ။
ဘာသာ အယူ ကွဲပေမယ့် ၊ မြန်မာ နိုင်ငံသားတွေ ပါပဲ ။

 

သေချာ ကြည့်ကြပါအုန်းကွယ် ၊ သူတို့တွေဟာ ကုလားရုပ်တောင် သိပ် မပေါက်တော့ပါဘူးကွယ် ။

ဘာသာ အယူ ကွဲပေမယ့် ၊ မြန်မာ နိုင်ငံသားတွေ ပါပဲ ။

ဘုန်းကြီးရဲ့ လက်ကို အဂါရဝ ကိုင်ရကောင်းလားလို့ အပြစ်တင် မစောကြပါနှင့် ၊ သူတို့ မျက်နှာမှာပေါ်နေတဲ့ ကြည်နူး အားရမှုကိုလည်း ခံစားကြည့်ပါအုံး ။
ဘုန်းကြီးရဲ့ လက်ကို အဂါရဝ ကိုင်ရကောင်းလားလို့ အပြစ်တင် မစောကြပါနှင့် ၊
သူတို့ မျက်နှာမှာပေါ်နေတဲ့ ကြည်နူး အားရမှုကိုလည်း ခံစားကြည့်ပါအုံး ။

 

ဘုန်းကြီးရဲ့ လက်ကို အဂါရဝ ကိုင်ရကောင်းလားလို့ အပြစ်တင် မစောကြပါနှင့် ၊

သူတို့ မျက်နှာမှာပေါ်နေတဲ့ ကြည်နူး အားရမှုကိုလည်း ခံစားကြည့်ပါအုံး ။

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ။
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ။

ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ။

 

 

 

 

40 comments

  • weiwei

    April 23, 2013 at 8:18 am

    မနက်စောစော ဒီပို့စ်ဖတ်လိုက်ရတာ စိတ်ကြည်နူးရပါတယ် …

  • KZ

    April 23, 2013 at 8:48 am

    ဖတ်ရ၊ ကြည့်ရတာ ကြက်သီးထပါရဲ့ ဘဖောရယ်။

    မေတ္တာရယ်၊ သည်းခံခြင်းရယ်၊ ရံဖန်ရံခါ ဥပေက္ခာရယ် စိတ်မှာထားရှိမှု မျှရင်တော့ ဘယ်ဘာသာဝင် အချင်းချင်းကြားမဆို ပြဿနာမရှိနိုင်ဘူးထင်ပါတယ်။

    :hee:

    • Foreign Resident

      April 23, 2013 at 9:58 am

      ” ဖတ်ရ၊ ကြည့်ရတာ ကြက်သီးထပါရဲ့ ဘဖောရယ် ”

      မ ခိုင်ဇာ ရေ ။

      ဖြစ်ခဲ့ပြီးတာ ကြာလှပြီဖြစ်တဲ့ ယခု အချိန်မှာ ၊
      ဖြစ်တဲ့နေရာ နှင့် အဝေးကြီး Singapore ကနေ ၊
      ဖတ်ရတဲ့ မ ခိုင်ဇာ တောင် ၊
      ဖတ်ရယုံနှင့် ၊ ကြက်သီးထမိတယ် ဆိုတော့ကာ ။

      လောလောလတ်လတ်ကြီး အသက်ဘေးက လွတ်မြောက်လာပြီး ၊
      လက်ရှိလည်း အန္တရာယ်တွေ မကင်းသေးတဲ့ ၊
      ခိုကိုးရာမဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ခမျာ ၊

      ဒီလို နိုင်ငံကျော် ဒိတ်ဒိတ်ကျဲ ဗုဒ္ဓဘာသာ ဓမ္မကထိက ဆရာတော် တစ်ပါးရဲ့
      အားပေး တောင်းပန် စကားကို ၊ အဲဒီလို အချိန်မှာ ကြားလိုက်ရတာ ၊
      သူတို့ ဘယ်လောက် ဝမ်းသာ အားတက် ရှိရှာမလဲ ဆိုတာ ၊
      တတိယ ပုံထဲက မေါ်လဝီ ဆရာ ရဲ့ မျက်နှာကို ကြည့်ယုံနှင့် သိနိုင်ပါတယ်ဗျာ ။

      ဒါကမှ ၊ တိုင်းပြည်အတွက် လိုအပ်တဲ့ ၊ တိုင်းပြည် ကို ကူညီတည်ဆောက်ပေးမယ့် ၊
      တိုင်းသူ ပြည်သားတွေကို တစ်ကယ်ချစ်တဲ့ တကယ့် ဗုဒ္ဓဘာသာ ဘာသာရေး ခေါင်းဆောင်ပါ ။

      ကျနော်တို့ တိုင်းပြည်မှာ အရှင်ဆန္ဒာဓိက လို ဆရာတော် မျိုး နောက် ၅ ပါးလောက်နှင့် ၊
      အမေစု လို ခေါင်းဆောင် မျိုး နောက် ၅ ယောက်လောက် လိုချင်တယ်ဗျာ ။
      နို့မို့ရင် ၊ မ လောက်ဘူးလို့ ၊ အဘ ၊ ထင်နေမိတယ် ။

  • Mon Kit

    April 23, 2013 at 9:26 am

    သာဓု.. သာဓု.. သာဓုပါ အရှင်ဘုရား……

  • Ma Ei

    April 23, 2013 at 9:28 am

    မိထ္ထီလာ မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ဗုဒ္ဓဘာသာ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ၊
    ” ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ ကိုယ်စား ခွင့်လွှတ်ပါ လို့ ၊ဦးဇင်း ကပဲ တောင်းပန်ပါတယ် “ လို့ပြောတဲ့အခါ
    သူတို့မျက်နှာပေါ်မှာ ကြည်နူး အားရ ဝမ်းသာမှုကို အေးချမ်းစွာတွေ့ရပါတယ်…
    ဟိုတစ်လောက ဝမ်ပေါင်ကိစ္စ အစီရင်ခံစာနဲ့ ပတ်သက်ပြီး အမေစုကို ရွာထဲဝင်မခံ လက်ညှိးငေါက်ငေါက်ထိုးလို့ ရန်တွေ့နေကြတဲ့ ရွာသူတွေရဲ့ ပုံတွေထက် ကြည့်ရတာအေးချမ်းပါတယ်…

    • ဦးကြောင်ကြီး

      April 23, 2013 at 9:59 am

      မြန်တကျင့်ဒေသ တရုတ်ကူမြူနစ်ပါတီဥက္ကဌ ဘွားဒေါ်ဂျီး အလိုမချိ… ငြောင်း….
      ဒေါ်အိ… ခင်ဗျား မကျေနပ်ရင် ဂေါင်းခြင်းပြိုင် တိုက်မလား…. :chee:

      • Ma Ei

        April 23, 2013 at 10:27 am

        ဘွားတော်ကို အလိုမရှိဆိုတော့ ဦးကြောင်က ဘယ်သူကို့မျှော်နေသတုံး….
        ဒေါ်အိ စကားထဲမကျေနပ်တဲ့အကြောင်းရာပါသလား ပြန်ဖတ်ကြည့်ပါဦး…
        ဝမ်းသာကြည်နူးမှုလေးတွေ မဖျက်ဆီးပါနဲ့နော် အေးချမ်းပါစေ….

        • ဦးကြောင်ကြီး

          April 23, 2013 at 10:35 am

          ဒါဆို ဖင်ဂျင်းပေါက်မယ်… တရုတ်ကူမြူနစ် မြန်ကျင့်ဒေသပါတီ ဥက္ကဌ ဘွားဒေါ်ဂျီး အလိုချိအိ..

  • ခင်ခ

    April 23, 2013 at 9:44 am

    မတူညီတဲ့ အရာတွေကို တူညီအောင်လုပ်ဖို့ဆိုတာ ခက်ခဲတတ်ကြပါတယ်။
    ဒါပေမယ့် မတူညီပေမယ့်လည်း ညီညီညာညာပေါင်းစည်းကာ သွားကြဖို့အတွက်တော့ လုပ်မယ်ဆို လွယ်တတ်ပါတယ်။ အဲဒီမှာ မလုပ်ကြည့်ကြဘဲ မဖြစ်နိုင်ဘူးလို့ ဇွတ်ငြင်းနေကြရင်သာ ခက်သည်ထက် ခက်နေကြတာပါဗျာ။
    ဥပမာ – လက်မှတ်ဝယ်ကြစဉ်က တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သိကြတာလည်း မဟုတ်သလို၊ တစ်ချိန်တည်း တစ်နေရာတည်းကလည်း ဖြစ်ချင်မှာဖြစ်ကြပေမယ့် တကယ်ခရီးသွားတဲ့နေ့ ကားထွက်တော့ ကားပေါ်မှာ အားလုံးရောက်ကာသွားကြတယ်၊ လမ်းမှာ ထမင်းစားနားတော့ တစ်ယောက်က စားပြီးအိပ်မယ်၊ တစ်ဖွဲ့က မစားသေးဘူး အနီးအနား လျှောက်လည်မယ်၊ အဲလို ကိုယ်ဖြစ်ချင်ရာ လုပ်ကြရင် ထိုကား ခရီးစဉ် မဆက်နိုင်ဘူးဖြစ်မယ်လေ။ အဲလိုမဟုတ်ဘဲ ညီညီညာညာ ထမင်းစားကြ နားကြ ပြီး ကားပေါ်ကို တစ်ဦးကိုတစ်ဦး အားနာထောက်ထားစွာ ပြန်လို့ရောက်ကြရင် ထိုကားခရီးဆက်ကာ လိုရာကို အမြန်ရောက်သလိုပါဘဲဗျာ။

  • kyeemite

    April 23, 2013 at 10:32 am

    မင်္ဂလာရှိပါပေ့ ကိုရင်ဖေါရာ..
    ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက ဆရာတော်ကို လေးစားကြည်ညိုစိတ်ပိုသွားပါတယ်…

    မေတ္တာစစ် မေတ္တာမှန်ဆိုတာ နယ်စည်းမခြားတဲ့ မေတ္တာပါ ။

    ဘာသာ ဆိုတဲ့ နယ်စည်းလည်း မခြားရပါဘူး ၊

    လူမျိုး ဆိုတဲ့ နယ်စည်းလည်း မခြားရပါဘူး ။

    နောက်ပီးတော့…ကိုရင်ဖေါ ပြောတဲ့ …
    “ဒါမျိုးကိုမှ တရားဓမ္မ နဲ့ မေတ္တာပြတယ်ခေါ်တယ် ။
    မိမိ ဘာသာ သာသနာကို အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက်မှုလို့ ခေါ်တယ် ။
    ကိုယ့် ဗုဒ္ဓ ဘာသာ ဆိုတဲ့နာမည် ကို အသုံးချပြီး ၊ တလွဲ အကြမ်းဖက်မှုတွေ လုပ်နေရင် ၊
    ကိုယ့် ဗုဒ္ဓ ဘာသာ ရဲ့ ဂုဏ် ကျက်သရေ ကို ၊ ထိန်းသိမ်းရာမရောက်ဘဲ ၊
    ကိုယ့် ဗုဒ္ဓ ဘာသာ ရဲ့ ဂုဏ် ကျက်သရေ ကို ၊ ကိုယ်တိုင် ဖျက်ဆီးရာရောက်တယ်ဆိုတာ ”
    သွေးထွက်အောင်မှန်ပါကြောင်းနဲ့ ဗုဒ္ဓ ဘာသာစစ်စစ်တိုင်း သတိထားလိုက်နာသင့်ပါဂျောင်းးးးးး

  • GaviaGirl

    April 23, 2013 at 11:05 am

    ထစ်ခနဲဆို.. ငါ့အမျိုးထိ ဓားကြည့်ဆိုပြီး ရှေ့နောက်မစဉ်းစားဘဲ ဒေါသကိုရှေ့တန်းတင်တတ်တဲ့ မြန်မာလူမျိုးတွေကို လာမဆွဘူးဆိုရင်…

    ဘယ်လိုပဲ လာဆွဆွ..မြန်မာလူမျိုးတွေကလည်း တရားဥပဒေဆိုတာကို နားလည်ပြီး ဒေါသကို ထိန်းနိုင်ကြမယ်ဆိုရင်…

    ငွေမျက်နှာ၊ လူမျက်နှာ၊ ဘာမျက်နှာကိုမှမကြည့်ဘဲ တရားဥပဒေစိုးမိုးမှု တကယ်ရှိခဲ့မယ်ဆိုရင်…

    ဒီလိုကိစ္စတွေ ထပ်ဖြစ်မလာဘူးလို့ ယုံကြည်ပါတယ်….

  • ရွာစားကျော် မင်းနန္ဓာ

    April 23, 2013 at 11:10 am

    လူမျိုး.. ဘာသာ.. နယ်စည်းမခြားဘဲ မေတ္တာပွားများလို့ ဤလူ့လောက ငြိမ်းချမ်းပါစေဗျာ….
    တရားစစ် တရားမှန်.. မေတ္တာအစစ်အမှန် ရှင်သန်ပါစေဗျားးး

  • အရီးခင်လတ်

    April 23, 2013 at 4:45 pm

    အဲဒါ စုပေါင်းပြီး အမြဲ သွေးအလှူပေး တဲ့ ဆရာတော် မဟုတ်လား။
    အင်မတန် အတုယူဖို့ကောင်းတဲ့ ရှေ့ဆောင်လမ်းပြ လုပ်ဆောင်ချက်ပါဘဲ။
    ဆရာတော် ကျန်းမာ ချမ်းသာပြီး သာသနာပြန့်ပွါးအောင် (တနည်း) လူတွေ ကို သံသရာဝဋ်ဆင်းရဲ ကလွတ်အောင် ကယ်မ နိုင်ပါစေ။

    တစ်ချို့သော ဘာသာမဲ့တွေ ကလဲ လိုအပ်နေတဲ့ လူတိုင်း လူမျိုး၊ ဘာသာ၊ ကျားမ မရွေး ကူနေတာ ရှိတယ်။
    သူတို့ကတော့ “သံသရာမှာ ဆွေမျိုး” ဆိုတဲ့ အသိနဲ့ မဟုတ်ဘူး။
    အသိဉာဏ် ရှိတဲ့ လူသားတစ်ယောက် လုပ်သင့်တဲ့ ကိစ္စ မို့ လို့ ပြောကြတယ်။
    ဒါပေမဲ့ သူတို့ က ဗုဒ္ဓရဲ့တရား (စစ်စစ်) တွေကို စိတ်ဝင်စားကြတာအမှန်ဘဲ။
    သေချာတာက အဲဒီလူတွေ သာ တရားမှန်ကို ကျင့်ကြံ ခွင့်ရလိုက်ရင် သံသရာ ကနေ အမြန်လွတ်ကြမယ် လို့တောင် ထင်မိတာ။

    • Foreign Resident

      April 23, 2013 at 6:42 pm

      ” အဲဒါ စုပေါင်းပြီး အမြဲ သွေးအလှူပေး တဲ့ ဆရာတော် မဟုတ်လား ”

      ဟုတ်ပါတယ် ၊ အရီးလတ် ရေ ။
      သွေးလှူဒါန်းပွဲ ကို ၃/၄ လ တစ်ခါ ၊
      RGH က ဗဟိုသွေးလှူဘဏ်မှာ အမြဲလုပ်ပါတယ် ။
      ကျနော်လည်း ၊ အဲဒီအချိန် နှင့် ကြုံရင် ၊
      အမြဲ ဝင်လှူလေ့ ရှိပါတယ် ။

      ” တစ်ချို့သော ဘာသာမဲ့တွေ ကလဲ လိုအပ်နေတဲ့ လူတိုင်း
      လူမျိုး၊ ဘာသာ၊ ကျားမ မရွေး ကူနေတာ ရှိတယ် ”

      သူတို့ကတော့ Humanity လူသားဆန်မှု အရ ကူညီတာပေါ့ ။
      ကောင်းတဲ့ အလုပ်တွေပါပဲ ။

  • Mr. MarGa

    April 23, 2013 at 6:17 pm

    ဘာသာတရားရဲ့ အနှစ်သာရကို အမှန်တကယ် သဘောပေါက် နားလည်လို့
    မေတ္တာတရား ကို ပိုလို့ တန်ဖိုးထားသူတွေ ပိုလို့ပိုလို့ တိုးလာပါစေလို့ ဆုတောင်းရင်း…………………….

  • အဘ ကို ဆဲစရာလားဂျာ …
    အောက်က ကြည်နူးဖွယ် ပုံလေးတွေ တင်ပေးဒဲ့တွက် ..
    အဘကို အာဘွားတောင် ပေးဂျင်နေဒါ …
    ပေးရမားဟင်င် … ဟီဟိ .. :mrgreen:

    • Foreign Resident

      April 24, 2013 at 12:30 pm

      ” အဘကို အာဘွားတောင် ပေးဂျင်နေဒါ ပေးရမားဟင်င် ”

      မလုပ်ပါနှင့် မဟာရာဇာ အံစာတုံး ရယ် ။
      သမီးလေးတွေ ဝိုင်းအာဘွားပေးတာနှင့်တင် ၊ အဘ မှာ ပါးချိုင့် နှင့် ဖြစ်နေပါပြီ ။
      သား လေးတွေ ၊ ညီ လေးတွေ အတွက် အခွင့် ထပ်မပေးနိုင်တော့ပါဘူးကွယ် ။
      Gender Discriminate ပြောမိတဲ့ အဘ ကို ခွင့်လွှတ်ပါကွယ် ။ ဟီ ဟိ ။

  • uncle gyi

    April 23, 2013 at 10:44 pm

    ဘုရားသားတော်ဆိုတာဒီလိုမျိုး
    ဘုရားတရားဆိုတာဒီလိုမျိုး
    ကိုယ့်ယဉ်ကျေးမှုအတိုင်းအတာနဲ့ကိုယ်ကကျေအေးပေမဲ့
    သူတို့သေဘောဘဖောဘယ်လိုဝေဖန်မလဲသိချင်သား

  • kai

    April 23, 2013 at 11:30 pm

    ဒါမှ ..
    ဗုဒ္ဓရဲ့သားတော် သံဃာတော်…။

    ဆိုတော့.
    ဗမာတွေ.. တခြားတိုင်းရင်းသားတွေအပေါ် မတရားခဲ့တာတွေလည်း.. (တလက်စထဲ)ကိုယ်စားပြုတောင်းပန်ရင်း..တိုင်းရင်းသားတိုင်း အပြန်အလှန်တောင်းပန်ကြေအေးအလေ့အကျင့် သတိတရရှိနို်င်အောင်… “ကျေးဇူးတော်နေ့”တခု လုပ်ပေးပါဆရာတော်ဘုရား..လို့..။ :kwi:

    • Foreign Resident

      April 24, 2013 at 12:04 pm

      ” ဒါမှ .. ဗုဒ္ဓ ရဲ့သားတော် သံဃာတော် ”

      ဟဲ ဟဲ ။
      ရှားရှား ပါးပါး ၊ ဘုရားစူး ၊ သူကြီး ကနေ ၊
      ထေရဝါဒ ဗုဒ္ဓဘာသာ ရဟန်းတော် တစ်ပါးကို ချီးကျူးထားတာ တွေ့ရတာပဲ ။
      သူကြီး ရှားရှား ပါးပါး ချီးကျူးတာ တစ်ခုထဲနှင့်တင် ဒီ Post တင်ရကျိုးနပ်ပါ့ဗျာ ။
      ( ဒါ့ကြောင့် ၊ ထင်ရှားပြီး အများ သတိထားမိသွားအောင် ၊ Best Comment ပေးလိုက်တယ် )

      ကျနော့် အမြင် ပြောရရင် အရှင်ဆန္ဒာဓိက ဟာ ၊
      ဗောဓိတစ်ထောင် ရပ်တော်မူကြီးပေါ်ကနေ ပြုတ်ကျ ခြေကျိုးပြီး ၊
      ဆေးကုရင်း အမေရိကားမှာ တစ်နှစ်ကျော် နေခဲ့ရတယ်ဗျ ။
      အခုလည်း ၊ နှစ်စဉ် ဥရောပ ၊ ဩစတေလျှ စသဖြင့် ၊
      နိုင်ငံ တစ်ကာ ကို မကြာခဏ သွားနေနေလေ့ ရှိတယ်ဗျ ။

      အဲဒီမှာ ၊ သူ့မှာ နိုင်ငံတကာ က အကြားအမြင် ဗဟုသုတတွေ များပြီး ၊
      နိုင်ငံတကာ က လက်ခံထားတဲ့ တရားမျှတမှု ၊ ယဉ်ကျေးမှု ဆိုတာတွေဟာ ဘာလဲ ဆိုတာ ၊
      အရှင်ဆန္ဒာဓိက ကောင်းကောင်း သဘောပေါက်နေတယ်လေ ။

      ဒါကြောင့် ၊ ဒီ ကိစ္စမှာ ၊ ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ ကိုယ်စား တောင်းပန်သင့်မှန်း ၊
      အရှင်ဆန္ဒာဓိက သိနေတာပေါ့ ။

      • kai

        April 24, 2013 at 2:36 pm

        တကျောင်းထဲတက်ခဲ့တဲ့..သူငယ်ချင်းရဲ့ညီဖြစ်နေတော့.. ယူအက်စ်..အယ်လ်အေကြွလာတုံး..သွားတွေ့ဖူးပါတယ်..
        အမှတ်မမှားရင်.. ၁ဝတန်းကိုဂုဏ်ထူးတွေတသီကြီးနဲ့အောင်ပြီးမှ.. ရဟန်းခံသွားတာဗျ..။

        ဆိုတော့..
        ၁ဝတန်းအလွန်ထူးချွန်စွာအောင်.. ဆိုတာလေးလည်း… သတိထားမိအောင်ပါ..။ :kwi:

        • S@i S@i Fin K@i

          April 24, 2013 at 2:40 pm

          – ၁၉၆၈ ဇန်နဝါရီ (၉)ရက်။ အင်္ဂါနေ့တွင် ရေနံချောင်းမြို့ သူဌေးကုန်း ရပ်ကွက်၌ ခမည်းတော် ဦးစိန်ဝင်း။ မယ်တော် ဒေါ်သိန်းသိန်းတို့မှ ဖွားမြင်သည်။
          – ၁၉၈၄ ခုနှစ်တွင် ဆယ်တန်း စာမေးပွဲကို ရေနံချောင်းမြို့။ အထက(၁)မှ ခြောက်ဘာသာ (ဘာသာစုံ) ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဒုတိယ ရလျှက် အောင်မြင်သည်။
          – သုံးထပ်ကွမ်း လူရည်ချွှန်အဖြစ် ၈တန်း။ ၉တန်း။ ၁ဝတန်း တို့၌ သုံးနှစ်ဆက်တိုက် ရွေးချယ်ခံခဲ့ရသည်။
          – ၁၉၈၄ ခုနှစ် ဆယ်တန်း အောင်မြင်ပြီးနောက် သာဿနာ့ ဘောင်သို့ ဝင်ရောက်ခဲ့ပြီး အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်တွင် ပရိယတ္တိ စာပေများ လေ့လာ ဆည်းပူးခဲ့သည်။
          – ၁၉၉၂ ခုနှစ်တွင် ပထမကျော်ဘွဲ့ နှင့် ၁၉၉၅ ခုနှစ်တွင် ဓမ္မာစရိယဘွဲ့တို့ကို ရရှိခဲ့သည်။
          -၁၉၉၈ ခုနှစ်တွင် အသက် ၃ဝ ပြည့် ပုလဲရတုမွေးနေ့ အထိမ်းအမှတ် အဖြစ် တစ်ယောက်တည်းနေ တစ်စိတ်တည်းထား စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။
          – ယခုအခါ သထုံမြို့ ကေလာသတောင်။ ရွှေပါရမီ တောရကျောင်း၌ တစ်ပါးတည်း ဧကစာရီတောရ ဆောက်တည်လျှက် ပရိယတ်။ ပဋိပတ်အလုပ် အားထုတ်လျှက်ရှိသည်။

          http://www.dhammadownload.com/Ashin-Sandadika-mp3.htm

        • Foreign Resident

          April 24, 2013 at 3:46 pm

          ” တကျောင်းထဲတက်ခဲ့တဲ့..သူငယ်ချင်းရဲ့ညီဖြစ်နေတော့ ”

          သူကြီး ။
          စင်္ကာပူရ က ၊ Portrait ရိုက်တာ အရမ်းတော်တဲ့ ၊
          ဓါတ်ပုံ ဆရာ ကို ဋ္ဌေးဝင်း ကို ပြောတာလား ။

        • kai

          April 24, 2013 at 4:11 pm

          … ဓါတ်ပုံဆရာကြီးဖြစ်နေပြီပေါ့..
          ကျောင်းတက်တုံးက..အဲလိုမဟုတ်ပါဘူး.. :kwi:

    • Foreign Resident

      April 24, 2013 at 12:12 pm

      ” ဗမာတွေ.. တခြားတိုင်းရင်းသားတွေ အပေါ် မတရားခဲ့တာတွေလည်း..
      ( တလက်စထဲ ) ကိုယ်စားပြုတောင်းပန်ရင်း ”

      ဟဲ ဟဲ ။ တလက်စထဲ တိုင်းရင်းသား ကိစ္စ ၊ ဆက်ရေးပေးရဦးမလား ။
      စဉ်းစားကြစေလိုပါတယ် ( ၁၈ ) ( တိုင်းရင်းသား အရေး ) နှင့် ၊
      စဉ်းစားကြစေလိုပါတယ် ( ၁၉ ) ( ဟဲဟဲ ၊ ဟဲဟဲ ) မှာ တော်တော်စုံ အောင် ၊
      ရေးထားပြီးသား ဆိုတော့ ၊ ထပ်ရေးစရာ သိပ်မရှိသေးဘူး သူကြီး ရဲ့ ။
      နဲနဲလေး များလာ / စုမိမှပဲ ထပ်ရေးတော့မယ် ။

  • ဦးဦးပါလေရာ

    April 24, 2013 at 1:16 am

    ထေရဝါဒ ဗုဒ္ဓသာသနာနဲ့ ညီညွတ်တဲ့ မိန့်ကြားချက်တွေပါပဲ…
    အဲဒီအရှင်ကို ကြည်ညိုမိပါတယ်။

    ဒီမှာ တစ်လက်စထဲ ပြောချင်တာလေးတစ်ခုက
    ထေရဝါဒ ဗုဒ္ဓသာသနာရဲ့ အယူ အတွေးအခေါ် နဲ့ပတ်သက်ပြီး အဲဒီဆရာတော်စြေပာဘူးတာတွေ အများကြီး
    (ဟိုတစ်စ သည်တစ်စ ပြန့်ကျဲပြီး) ရှိပါတယ်။
    ဥပမာ သက်သတ်လွတ်စားခြင်းနဲ့ပတ်သက်သော ထေရဝါဒဗုဒ္ဓဘာသာရဲ့ အယူ အတွေးအခေါ် စသည်ဖြင့်ပေါ့..။
    အဲဒါတွေဟာ အင်မတန် အဘိုးတန်ပါတယ်။
    တစ်ယောက်ယောက်က ပြန်စုဆောင်းသင့်တယ်။

    သူ ဘယ်ကျောင်းက ဆင်းလာတာလဲ ဆိုတာ သိရင် သူ့အယူဖြောင့်မှန်ပုံတွေကို သဘောပေါက်သွားနိုင်ပါတယ်။
    သူက အမရပူရ မဟာဂန္ဓာရုံ ကျောင်းမှာ စာသင်လာတာပါ။
    အဲသည်စာသင်တိုက်က စာတတ်ရုံ စာမေးပွဲအောင်ရုံ သင်တဲ့နေရာမဟုတ်ဘူး…။
    ဘုရားအဆုံးအမကို သဘောပေါက် နားလည်အောင်သင်တဲ့နေရာ ပါပဲ…..

    • Foreign Resident

      April 24, 2013 at 12:44 pm

      ” သူက အမရပူရ မဟာဂန္ဓာရုံ ကျောင်းမှာ စာသင်လာတာပါ။
      အဲသည်စာသင်တိုက်က စာတတ်ရုံ စာမေးပွဲအောင်ရုံ သင်တဲ့နေရာမဟုတ်ဘူး…။
      ဘုရားအဆုံးအမကို သဘောပေါက် နားလည်အောင်သင်တဲ့နေရာ ပါပဲ ”

      ကျနော်တို့ မသိတဲ့ Information ပေးတဲ့အတွက် ၊ ကျေးဇူးပါ ဦးပါ ။

  • MaMa

    April 24, 2013 at 7:05 am

    (ဟဲ ဟဲ ။ လန့်လဲ မသွားပါနှင့် ။
    FR ကြီး ကိုတော့ ၊ ဒီတစ်ခါ အပီ ဆဲလိုက်မဟဲ့ ၊ ဆိုပြီးတော့လည်း ၊ စိတ် မ စောကြပါနှင့် ။) :harr:
    ဆိုတဲ့စာကို ဖတ်ပြီး ချဉ်ငံစပ် အသုပ်စုံတစ်ပွဲ စားလိုက်ရသလိုပဲ။
    ဘာများလဲဆိုပြီး ထိတ်လန့်သွားတယ်။
    စားပြီးတော့လည်း နောက်ဆုံးစိတ်ချမ်းသာ ကျေနပ်မှုကိုရပြီး ချိုစိမ့်သွားတယ်။
    FR ပြောသလိုပဲ အရှင်ဆန္ဒာဓိက လို ဆရာတော် မျိုး နောက် ၅ ပါးလောက်နှင့် ၊
    အမေစု လို ခေါင်းဆောင် မျိုး နောက် ၅ ယောက်လောက် လိုချင်တယ်။ :hee:

    • ဦးကြောင်ကြီး

      April 24, 2013 at 10:18 am

      ဒါဆို ဝမ်ပေါင်လို ကုမ္မဏီ ငါးခုဝင်လာပြီး လက်ပံတောင်းလို တောင်ငါးခု ပျောက်သွားမယ်… အဲလိုလုပ်နဲ့လေ အန်တီမမ……. တူမလေး နေကောင်းရား.. ခြစ်တယ်ပေါပေးဗာ…

      • MaMa

        April 24, 2013 at 3:12 pm

        ကြောင်ကြီး ပေါ တာ သိပါတယ်။ :harr:

  • ဆူး

    April 24, 2013 at 4:15 pm

    စဉ်းစားကြစေလိုပါတယ် ( ၅၂ )

    ( ဗုဒ္ဓဘာသာဝင် အားလုံး ရဲ့

    ကိုယ်စား တောင်းပန်ပါတယ် )

    ဟဲ ဟဲ ။

    လန့်လဲ မသွားပါနှင့် ။

    FR ကြီး ကိုတော့ ၊

    ဒီတစ်ခါ အပီ ဆဲလိုက်မဟဲ့ ၊

    ဆိုပြီးတော့လည်း ၊

    စိတ် မ စောကြပါနှင့် ။

    ဆုံးအောင် ဖတ်လိုက်ပါဦး ။

    အဲ့ဒီ စာတမ်း မတိုင်ခင် ကတည်းက ခေါင်းစဉ် ကို စဖတ်ကတည်းက စိတ်ထဲမှာတော့ တမျိုးပဲ.. ကွန်မန်းတွေ သူများ ရေးထားတာ ကြည့်ပြီးမှ ဝင်လာဖတ်လိုက်တာ.. ကော်ပီကူးထားတဲ့ စာတမ်း ကို ဖတ်နေတုန်း အချိန်အထိ စိတ်ထဲမှာတော့ သိပ်မကြည်ခဲ့တာ ဝန်ခံပါတယ်..
    အောက်ကို ဆက်ဖတ်လိုက်တဲ့ အချိန်မှာ စောစောက ဖြစ်မိတဲ့ စိတ် ကို ကိုယ့်ဟာကိုယ်တောင် ရှက်မိပါတယ်။

    ဆရာတော် ရဲ့ စိတ်ဓါတ် ကို ချီးကျူးပါတယ်။
    ဆရာတော်ရဲ့ မေတ္တာ ဂရုဏ နဲ့ ဖြူစင်တဲ့ စိတ်ကိုလည်း ရှိခိုးသွားပါတယ်။

  • ကိုရင်စည်သူ

    April 24, 2013 at 5:13 pm

    အဘရေ.. အလုပ်မအားလို့.. ဟို့နေကတည်းက မန့်မလို့…
    နှပ်ချေးတွဲလောာင်းလောက်ကတည်းက ဗုဒ္ဓဘာသာရဲ့
    အနှစ်သာရအစစ်ကို မျက်စိပိတ်ထားသလို ခံနေကြရတော့.. လူတွေကလည်း
    ဗေဒင်ဘုန်းကြီး၊ ပယောဂဘုန်းကြီးလောက်ပဲ အားကိုးကြတော့တယ်..
    သံသရာကိုမသိတော့ဘူး..။ သစ္စာတရားကို မမြင်ကြဒေါ့ဘူး..။
    ဘုန်းကြီးတုတွေ သာသနာ အမည်ပြပြီး အကြမ်းဖက်တာကို ရှူံ့ချပါတယ်..
    မွတ်စလင်တွေ သူရို့ဘာသာ ယုံကြည်စိတ်ပြင်ထန်မှုမျိုးနဲ့
    ဗုဒ္ဓတရားတွေ အားထုတ်လိုက်ရင် သံသရာတိုသွားလောက်မယ် တွေးမိရဲ့..။
    ကိုရင်လည်း ပြန်ရင် ပဉ္စင်းတက်မယ်… အဘဆီက သိမ်ဆင်း ဟာရီရာကားလေးတစ်စီးလောက်
    အလှူခံရင်ကောင်းမလားလို့..လေ… အဟီးး :kwi: :kwi:

  • mobile

    April 24, 2013 at 7:49 pm

    ဘဂျီးဖော ရဲ့ပို့စ်ဆိုရင် ကွန်မန်းများကပါ ဖတ်ရှု့လို့ကောင်းသမို့…….
    လဖက်နှပ် နှပ်သလို နှပ်ထားလိုက်တာ…..
    ဒီဂနေ့မှ ကွန်မန်း ၃ဝ ကျော်လောက် ဝင်နေတာတွေ့လို့ ဝင်ဖတ်လိုက်တယ်…
    ဗုဒ္ဓ ရဲ့ဆန္ဒတွေနဲ့ တစ်ထပ်တည်းကျတဲ့ ဒီလိုလုပ်ဆောင်မှုမျိုးကို လုပ်ဖို့ဝန်မလေးတဲ့
    ဆရာတော်ကို ကြည်ညိုလေးစားမိပါ၏ဗျာ……….

    • Foreign Resident

      April 24, 2013 at 8:04 pm

      အောင်မယ်လေး ။
      အဘ Post ကို ၊ Comment တွေ စုံလာတဲ့ အထိ ၊
      လဖက် နှပ်သလို နှပ်ထား ပြီး ၊ Comment စုံမှ / နှပ်မှ ဖတ်တဲ့ ၊
      ဆရာသမား က ရှိသေး ။
      မှတ်သားလောက်ပါပေတယ်ကွယ် ။
      😛

  • padonmar

    April 25, 2013 at 1:47 am

    င်္သာဓု သာဓု သာဓု ပါ ဆရာတော် နှင့် အဘဖေါ။
    အရှင် ဆန္ဒာဓိက ရဲ့ တရားတစ်ပုဒ်မှာဖတ်မိတာ
    `ယောဆရာတော်ကြီးက မဟာဂန္ဓာရုံဆရာတော်ကြီးကို အားကျအတုခိုးပါတယ်။မဟာဂန္ဓာရုံဆရာတော်ကြီးလို ဖြစ်ချင်ပါတယ်။
    ဦးဇင်းကတော့ ယောဆရာတော်ကြီးကို အားကျအတုခိုးပါတယ်။ယောဆရာတော်ကြီးနဲ့ မဟာဂန္ဓာရုံဆရာတော်ကြီးလိုဖြစ်ချင်ပါတယ်´တဲ့။
    ဆရာတော့် အတ္ထုပ္ပတ္တိမှာ ဖတ်ဖူးတာ ငယ်စဉ် ကိုးတန်းလောက်ကတည်းက သာသနာ့ဘောင်ဝင်ချင်တာကို မိဘတွေက ဆယ်တန်းလေးဖြေပါအုံးဆိုလို့ ဖြေတာ မြန်မာတစ်ပြည်လုံး ဒုတိယ ရခဲ့ခြင်းဖြစ်ပါတယ်။
    ဆယ်တန်းအောင်အပြီး မိဘတွေခွင့်ပြုချက်အရ သာသနာ့ဘောင်ဝင်ခဲ့တာပါ။
    ဒီလို သာသနာပေါ် တကယ်ယုံကြည်လို့ (စားဝတ်နေရေးပြေလည်ဖို့မဟုတ်ပဲ) သာသနာ့ဘောင်ဝင်တဲ့ ရဟန်းတွေအများကြီးရှိပါတယ်။
    …………
    သာသနာဆိုတာ အဆုံးအမပါ။
    ဗုဒ္ဓသာသနာဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမပါ။
    သာသနာဝင်ဆိုတာ အဆုံးအမကိုခံယူလိုက်နာသူပါ။
    ဒါကြောင့် ဗုဒ္ဓသာသနာဝင်၊ဗုဒ္ဓဘာသာဝင်ဆိုတာ ဘုရားရဲ့ အဆုံးအမလိုက်နာရပါတယ်။
    ဘုရားအဆုံးအမကို လိုက်နာသူကိုမှ ဗုဒ္ဓဘာသာဝင်လို့ သတ်မှတ်နိုင်ပါတယ်။
    ကိုယ့်ကိုကိုယ် ဗုဒ္ဓဘာသာဝင်လို့ ပြောပြီး လူသတ်မီးရှို့ဖျက်ဆီးလုပ်နေကြရင်ဖြင့် တကယ့်ဗုဒ္ဓဘာသာဝင်လို့ ပြောနိုင်ပါ့မလား စဉ်းစားကြစေချင်ပါတယ်။

    • Foreign Resident

      April 25, 2013 at 8:49 am

      ” တကယ့်ဗုဒ္ဓဘာသာဝင်လို့ ပြောနိုင်ပါ့မလား စဉ်းစားကြစေချင်ပါတယ် ”

      ဟဲ ဟဲ ။ အန်တီ ပဒုမ္မာ ကဘဲ စဉ်းစားကြစေလိုပါတယ် ( ၅၃ ) ဆိုပြီး ၊
      ဆက်ရေးလိုက်ပါလား ။

  • etone

    April 25, 2013 at 3:58 pm

    တဦးတယောက်ကြောင့် နစ်နာခဲ့သူ ….Vs ကိုယ်က ကျေနပ်ကြီး တဖက်သားကို ပြုမူခဲ့သူ … ဒီနှစ်ယောက်ကြားမှာ ပြုမူသူအတွက်…. သံဝေဂရပြီး … အပြန်လှန်တောင်းပန်ဖို ့ဆိုတာက …. ဖြစ်နိုင်ခြေရှိပေမယ့် … နစ်နာခဲ့သူဘက်က …. သင်ပုန်းချေပေးရတဲ့စိတ် .. အတာ်လေးတော့ … ခက်ခဲမယ် ထင်တယ် … ။ ဖြစ်သမျှအကြောင်း လစ်လျူရှုဖို ့/ဥပက္ခာပြုဖို့က နှစ်ဖက်စလုံးအတွက် ဖြစ်နိုင်ပေမယ့် .. ထိပ်တိုက်တွေ့ပြီး အပြန်လှန်တောင်းဖို့ ကြေအေးဖို့ဆိုတာကြီးက …တကယ့်ကို စိတ်ဓါတ်မြင့်မြတ်သူတွေမှာမှ တွေ့ရတတ်တာမျိုးလို့ ထင်ပါတယ် ။

    အဘရေ … ဒီလိုစိတ်မျိုးထားနိုင်တဲ့ လူသားတွေကို တကယ့်ကို ချီးကျူးပါတယ် ..။
    နှဖူးတွေ့ ဒူးတွေ့ ပါဝင်ပတ်သတ်ခဲ့သူ ကာယကံရှင်တွေထဲမှာလည်း ဒီလို စိတ်မျိုးထားနိုင်တဲ့လူသားကို အမှန်ကယ်လေးစားပါတယ် ။ :gee:

    • kai

      April 25, 2013 at 11:20 pm

      တောင်းပန်ကျေအေး ဓလေ့အကျင့်ကို စနစ်တကျနဲ့လုပ်စေခဲ့တာ… ဒီကမ္ဘာမှာ ဂေါတမဗုဒ္ဓကအဦးဆုံးလို့ထင်မိတယ်..။
      ဝိနည်းမှာ ဘယ်လိုလုပ်ရမယ်ဆိုတာအတိအကျကို.. ပြဌာန်းထားခဲ့တာပါ..။

      လွန်ခဲ့တဲ့..နှစ်၂၅၀ဝ ကျော်ကပေါ့..
      လူသားတိုင်းမလုပ်နိုင်တောင်…. အနည်းဆုံးတော့.. ဗုဒ္ဓဘာသာဝင်တိုင်း.. လုပ်သင့်တယ်လို့… :kwi:

      • MaMa

        April 26, 2013 at 6:52 am

        ကိုယ်က မှားသွားမိရင် တောင်းပန်မယ်၊
        ကိုယ့်ကို တောင်းပန်ရင် ကျေအေးမယ် ဆိုတဲ့ အလေ့အကျင့်လေးဟာ ယဉ်ကျေးသိမ်မွေ့စွာနဲ့ လောကကြီးကို အလှဆင်နိုင်ပါတယ်။
        အင်မတန်ကောင်းမွန်တဲ့အကျင့်စရိုက်လေးမို့ လေ့ကျင့်သင့်ပါတယ်။
        ကိုယ်တိုင်လည်း ဒီရွာထဲရောက်မှ သဂျီးရဲ့သင်ကြားပြသမှုကြောင့် (ကြုံတုန်း မြှောက်လိုက်အုံးမှ :kwi: )
        အဲဒီလို ကျင့်သုံးကြည့်တာ အတော်အကျိုးများပါတယ်။

Leave a Reply