အို ဘယ့်ဟဲ့ဟဲ့ဟဲ့ …ပြောရဦးမယ်တဲ့ ညီဘွားရယ်…. ပြောကို ပြောချပလိုက်ရဦးမတဲ့ ညီဘွားရယ်..

နောင်နောင် တို့ မြန်မာပြည်မှာလေ… အိုဘယ့်ဟဲ့ဟဲ့ ..ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နမိတ်ထွန်းလေတဲ့

တိုင်းမြန်မဟာမှာတဲ့လေ.. ညီဘွားရဲ့ .. အို ဘာတဲ့ ..။

အသစ်တွေချည်းပြောင်းသွားတဲ့ ခေတ်ရေစီးကြောင်းမှာတဲ့ လေ… အော်.. ရွာစားရဲ့ ..

ခေတ်ရေစီးကြောင်းကိုလ..အချစ်တွေ ခရီးမထောင်းရဘာဘု .. အံမယ်မင်း …

အပြစ်တွေချည်း တောင်းခဲ့ရပါဘီ ခိုင် … အဲ့လေ. ..ခင် ..။

စီးတော်ကျားရယ်လို့ …အော်…. စီးတော်ကျားနဲ့ ..ခရီးအတော်သွားပြီး ခါမှလေ…

နောင်နောင့်မှာလေ… အော်.. သမီးတော်ကုလားနဲ့ လိုက်ပြေးကိန်းပါလား ..ညီဘွားရဲ့…

အဖြစ်ကတော့ကွယ်.. အိုဘယ့်ဘယ် အဖြစ်ကတော့ကွယ်. .မနှစ်ကနဲ့ မတူဘာဘု..

သငယ်ချင်းရယ်လို့ …အော်.. ဘာတဲ့ ရွာစားရေ..သူငယ်ချင်းရယ်လို့ … တကယ်အချင်းချင်းတွေလို့

မှတ်ခဲ့သပေါ့ …ဒင်းဟာလေ… တကယ်ဗျင်း တယ် တော့….

ကိုယ်တော်လေးကိုင်မယ်ဆိုလို့ .. ကိုယ်တော်လေးရယ်တဲ့မှ ကိုင်မယ်ဆိုလို့ …

အပေါင်ဆုံးချင် ဆုံးပါဇီရဲ့ …အိုဘယ့် တောင်ပြုံးမှာတဲ့လေ… ပွဲပေးခဲ့ရတာလည်းးး.

မွဲဆေးဖော်တာ ထက်ကို ဆိုးခဲ့ပါပြီ ခိုင် ..အဲ့လေ. .ခင်..။

အဆွေခင် မမှားပါဘု .. ဗေဒင်ဆြာ စကားကိုတော့ဖြင့် …

အသေထင်ထားတာဖြင့် လွဲချက်ကယ်နာ …

ပွဲဆက်တာ တကယ် မဆန်းလို့ …မကွယ်တမ်း ပြောကြကြေးဆိုရင်ပ…

အပျိုတော်လေးတွေ မထွက်တဲ့ညမှာ ..

ကိုယ်တော်လေးဟေးဟေး. ရယ်တဲ့ဖြင့် ကိုင်တော့မယ်…

ကိုယ်တော်လေးကိုင် တော့မယ် ဆိုရင်ဖြင့်…

ရွှေစိတ်တော် ကြောက်အားမပိုတောင်မှ..

သောက်ကြွားကောင် လူကြားထဲေ၇ာက်ကာမှ …

အိုဘယ့်ဟဲ့ဟဲ့ ကိုင်တော့မယ်.

အိုကွယ် ဒင်းလည်းလေ လောကီသား..

အပြောမညီချက်ကတော့ ဟောဒီတသက်စာပါပဲ…

ဟမ်မာမင်း ..ပြောသေးတာ က ဒီလို ..

မဟုတ်ပါဘူး ရယ်တဲ့မှ .. မလုပ်ပါဘူး …

အော်.. ရွာစားရယ်..သူကလေ …

မင်းထင်သလိုတောင် မရှုပ်ပါဘူး ရယ်တဲ့ …

ဟုတ်တာတခုတောင် ထုတ်ကာပြောဦးမယ် ဆိုပဲ…တဲ့ …

အပလီတသိန်း အပလိန်း ကုဋေကုဋာပါ ကွယ်…. မသေမချာမပြောဘူး

အသေအချာသိလိုက်ရတာကတော့…

ဟုတ်ပါတယ် တဲ့မှ ..ဟုတ်ပါတယ် … ညီဘွားရေ….

လုပ်ပါတယ် ..ရဲ့တဲ့မှ လုပ်ပါတယ်… အော်…

မင်းထင်တဲ့အတိုင်းငါ ယုတ်မာတယ်… တဲ့ကွဲ့ …

ဟုတ်တာတခုငါ ထုတ်ကာပြောရရင်ဖြင့် .. အံမယ်မင်းးး

လူတကာနဲ့ငါ ရှုပ်ပါတယ် ..တဲ့ ကွယ်…

ဟင် .. ကောင်းကြသေးရဲ့လား … ပြောကြပါဦးဟူးဟူး

ကောင်းကြသေးရဲ့လား. . (ပိတ်သတ်ကြီး) ကောင်းကြသေးရဲ့လား..

အော်.. သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေပါကွယ်…

ငယ်စဉ်တောင်ကျေး ကတည်းက သူငယ်ချင်းယီးတွေပါကွယ်…

သူငယ်ချင်းရယ် ..မင်းအတွက်ငါဂုဏ်ယူတယ် ရယ်လို့ ..

ရွာစားရေ ..မင်းအတွက်ငါ ဂုဏ်ယူတယ်ရယ်လို့ …

အော်.. သူငယ်ချင်း အချင်းချင်းပေကိုးးး

အော်.. ညီဘွားငဲ့ … ငယ်က ရင်းနှီး ..တခရီးတည်းသွား ..သူငယ်ချင်းပေကိုး

 

ညီဘွားရဲ့ .. အားကျသပေါ့ကွယ်… အိုက်ဒလို တွေး-မြင်-ကြား-သိ-အားကျ-ပီတိ

တွေဝေရင်းကပေါ့ ညီဘွားရယ်… ။ နောင်နောင့် သူငယ်ချင်းဟာလေ..အော်…. နောင်နောင့်

သူငယ်ချင်းကြီးဟာလေ… အမတ်ကြီးရယ်တဲ့ ဖြစ်လို့ … လွှတ်တော် ဆိုတာကြီးထဲလည်း ရောက်လို့လေ..

ကြီးမေနောက် ကို တကောက်ကောက် …အော်… ကြီးမေနောက် ကိုတဲ့မှ တကောက်ကောက်

ဘကြီးပြောင် လက်ကို ဆွဲနှုတ်ဆက်သလား နှုတ်ဆက်ရဲ့…. အပိုဆာဒါး ဟန်မပြပါတဲ့ အိုဘာမားသမ္မတ

လက်ကိုဆွဲလား ဆွဲရဲ့ …

ညီဘွားရေ ..တဲ့မှ ညီဘွားရေ ..ဟောဒီက နောင်နောင့်လက်တွေကရော ..ဘယ်နား သွားထားရလေမလိမ့်တုန်း

ပြောစမ်းပါအူး ညီဘွားရေ …။ ရွာစားရေ … ငိုချင်းလေးးး…

ကိုင်းးးး အပိုတေပြောမနေတော့ပါဘု ဂလိုတွေ မောနေရရင်ဖြင့် .. အိုဘယ့်ဘယ် … ကြက်သွန်မြစ်ကိုလ…

အော်… ချစ်စရာ့ သူငယ်မ ..ကြက်သွန်မြစ်ကိုလ …တသက်အလွန်မဖြစ်စေရဘာဘု ..အော်…

ကြက်သွန်မြစ်ကိုပေါ့လေ… ညီဘွားရေ … တသက်အလွန်မဖြစ်စေနိုင်ဖို့ ..နောင်နောင့် လက်တွေဖြင့်လေ…

 

လာ ဟဲ့ … ဇိ ဇိ ….

 

www.mmdailystar.com (7)

 

Ref: http://www.mmdailystar.com/2013/04/blog-post_9780.html

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011