မပြောင်ဝံ့ပါဘု နောင်နောင့်ကိုတော့ဖြင့် အတည်စကားနဲ့ တည်ကြားပြစ်တင်ရင်ဖြင့် ခွင့်လွှတ်ရစ်ပါလေ ညီဘွား ရေ။

ムラカミApril 23, 20131min18116

အို ဘယ့်ဟဲ့ဟဲ့ဟဲ့ …ပြောရဦးမယ်တဲ့ ညီဘွားရယ်…. ပြောကို ပြောချပလိုက်ရဦးမတဲ့ ညီဘွားရယ်..

နောင်နောင် တို့ မြန်မာပြည်မှာလေ… အိုဘယ့်ဟဲ့ဟဲ့ ..ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နမိတ်ထွန်းလေတဲ့

တိုင်းမြန်မဟာမှာတဲ့လေ.. ညီဘွားရဲ့ .. အို ဘာတဲ့ ..။

အသစ်တွေချည်းပြောင်းသွားတဲ့ ခေတ်ရေစီးကြောင်းမှာတဲ့ လေ… အော်.. ရွာစားရဲ့ ..

ခေတ်ရေစီးကြောင်းကိုလ..အချစ်တွေ ခရီးမထောင်းရဘာဘု .. အံမယ်မင်း …

အပြစ်တွေချည်း တောင်းခဲ့ရပါဘီ ခိုင် … အဲ့လေ. ..ခင် ..။

စီးတော်ကျားရယ်လို့ …အော်…. စီးတော်ကျားနဲ့ ..ခရီးအတော်သွားပြီး ခါမှလေ…

နောင်နောင့်မှာလေ… အော်.. သမီးတော်ကုလားနဲ့ လိုက်ပြေးကိန်းပါလား ..ညီဘွားရဲ့…

အဖြစ်ကတော့ကွယ်.. အိုဘယ့်ဘယ် အဖြစ်ကတော့ကွယ်. .မနှစ်ကနဲ့ မတူဘာဘု..

သငယ်ချင်းရယ်လို့ …အော်.. ဘာတဲ့ ရွာစားရေ..သူငယ်ချင်းရယ်လို့ … တကယ်အချင်းချင်းတွေလို့

မှတ်ခဲ့သပေါ့ …ဒင်းဟာလေ… တကယ်ဗျင်း တယ် တော့….

ကိုယ်တော်လေးကိုင်မယ်ဆိုလို့ .. ကိုယ်တော်လေးရယ်တဲ့မှ ကိုင်မယ်ဆိုလို့ …

အပေါင်ဆုံးချင် ဆုံးပါဇီရဲ့ …အိုဘယ့် တောင်ပြုံးမှာတဲ့လေ… ပွဲပေးခဲ့ရတာလည်းးး.

မွဲဆေးဖော်တာ ထက်ကို ဆိုးခဲ့ပါပြီ ခိုင် ..အဲ့လေ. .ခင်..။

အဆွေခင် မမှားပါဘု .. ဗေဒင်ဆြာ စကားကိုတော့ဖြင့် …

အသေထင်ထားတာဖြင့် လွဲချက်ကယ်နာ …

ပွဲဆက်တာ တကယ် မဆန်းလို့ …မကွယ်တမ်း ပြောကြကြေးဆိုရင်ပ…

အပျိုတော်လေးတွေ မထွက်တဲ့ညမှာ ..

ကိုယ်တော်လေးဟေးဟေး. ရယ်တဲ့ဖြင့် ကိုင်တော့မယ်…

ကိုယ်တော်လေးကိုင် တော့မယ် ဆိုရင်ဖြင့်…

ရွှေစိတ်တော် ကြောက်အားမပိုတောင်မှ..

သောက်ကြွားကောင် လူကြားထဲရောက်ကာမှ …

အိုဘယ့်ဟဲ့ဟဲ့ ကိုင်တော့မယ်.

အိုကွယ် ဒင်းလည်းလေ လောကီသား..

အပြောမညီချက်ကတော့ ဟောဒီတသက်စာပါပဲ…

ဟမ်မာမင်း ..ပြောသေးတာ က ဒီလို ..

မဟုတ်ပါဘူး ရယ်တဲ့မှ .. မလုပ်ပါဘူး …

အော်.. ရွာစားရယ်..သူကလေ …

မင်းထင်သလိုတောင် မရှုပ်ပါဘူး ရယ်တဲ့ …

ဟုတ်တာတခုတောင် ထုတ်ကာပြောဦးမယ် ဆိုပဲ…တဲ့ …

အပလီတသိန်း အပလိန်း ကုဋေကုဋာပါ ကွယ်…. မသေမချာမပြောဘူး

အသေအချာသိလိုက်ရတာကတော့…

ဟုတ်ပါတယ် တဲ့မှ ..ဟုတ်ပါတယ် … ညီဘွားရေ….

လုပ်ပါတယ် ..ရဲ့တဲ့မှ လုပ်ပါတယ်… အော်…

မင်းထင်တဲ့အတိုင်းငါ ယုတ်မာတယ်… တဲ့ကွဲ့ …

ဟုတ်တာတခုငါ ထုတ်ကာပြောရရင်ဖြင့် .. အံမယ်မင်းးး

လူတကာနဲ့ငါ ရှုပ်ပါတယ် ..တဲ့ ကွယ်…

ဟင် .. ကောင်းကြသေးရဲ့လား … ပြောကြပါဦးဟူးဟူး

ကောင်းကြသေးရဲ့လား. . (ပိတ်သတ်ကြီး) ကောင်းကြသေးရဲ့လား..

အော်.. သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေပါကွယ်…

ငယ်စဉ်တောင်ကျေး ကတည်းက သူငယ်ချင်းယီးတွေပါကွယ်…

သူငယ်ချင်းရယ် ..မင်းအတွက်ငါဂုဏ်ယူတယ် ရယ်လို့ ..

ရွာစားရေ ..မင်းအတွက်ငါ ဂုဏ်ယူတယ်ရယ်လို့ …

အော်.. သူငယ်ချင်း အချင်းချင်းပေကိုးးး

အော်.. ညီဘွားငဲ့ … ငယ်က ရင်းနှီး ..တခရီးတည်းသွား ..သူငယ်ချင်းပေကိုး

 

ညီဘွားရဲ့ .. အားကျသပေါ့ကွယ်… အိုက်ဒလို တွေး-မြင်-ကြား-သိ-အားကျ-ပီတိ

တွေဝေရင်းကပေါ့ ညီဘွားရယ်… ။ နောင်နောင့် သူငယ်ချင်းဟာလေ..အော်…. နောင်နောင့်

သူငယ်ချင်းကြီးဟာလေ… အမတ်ကြီးရယ်တဲ့ ဖြစ်လို့ … လွှတ်တော် ဆိုတာကြီးထဲလည်း ရောက်လို့လေ..

ကြီးမေနောက် ကို တကောက်ကောက် …အော်… ကြီးမေနောက် ကိုတဲ့မှ တကောက်ကောက်

ဘကြီးပြောင် လက်ကို ဆွဲနှုတ်ဆက်သလား နှုတ်ဆက်ရဲ့…. အပိုဆာဒါး ဟန်မပြပါတဲ့ အိုဘာမားသမ္မတ

လက်က်ိုဆွဲလား ဆွဲရဲ့ …

ညီဘွားရေ ..တဲ့မှ ညီဘွားရေ ..ဟောဒီက နောင်နောင့်လက်တွေကရော ..ဘယ်နား သွားထားရလေမလိမ့်တုန်း

ပြောစမ်းပါအူး ညီဘွားရေ …။ ရွာစားရေ … ငိုချင်းလေးးး…

ကိုင်း းးး အပိုတေပြောမနေတော့ပါဘု ဂလိုတွေ မောနေရရင်ဖြင့် .. အိုဘယ့်ဘယ် … ကြက်သွန်မြစ်ကိုလ…

အော်… ချစ်စရာ့ သူငယ်မ ..ကြက်သွန်မြစ်ကိုလ …တသက်အလွန်မဖြစ်စေရဘာဘု ..အော်…

ကြက်သွန်မြစ်ကိုပေါ့လေ… ညီဘွားရေ … တသက်အလွန်မဖြစ်စေနိုင်ဖို့ ..နောင်နောင့် လက်တွေဖြင့်လေ…

 

လာ ဟဲ့ … ဇိ ဇိ ….

 

www.mmdailystar.com (7)

 

Ref: http://www.mmdailystar.com/2013/04/blog-post_9780.html

16 comments

  • KZ

    April 23, 2013 at 9:11 am

    တောက်!!!
    မနက်စောစော ရင်ဝ ကို ကန်ခံလိုက်ရသလိုပါပဲလား။
    ခိုင် ရင်မှာ မချိပါဘူး စိုင်း ရယ်……………………….

    :byae: :byae: :byae: :byae: :byae: :byae:
    :byae: :byae: :byae: :byae: :byae:
    :byae: :byae: :byae: :byae:
    :byae: :byae: :byae:
    :byae: :byae:
    :byae:

    • Ma Ei

      April 23, 2013 at 9:42 am

      ခိုင် …ဆိုရင်ဖြင့်
      မနိုင်မှာ စိုးလို့သာပ
      နိုင်ရာကိုသာ မလိုက်တယ်ဆိုပေဦးတော့
      အမလေး ..စိုင်းရယ်…
      ကြည့်ရတာ မသက်သာလေချင်း……
      :harr:

  • ရွာစားကျော် မင်းနန္ဓာ

    April 23, 2013 at 10:40 am

    ဒီငိုချင်းက
    ခိုင့်ကြောင့်လား.. ခင့်ကြောင့်လား 🙄
    ကြက်သွန်မြစ်ကြောင့်လား.. တင်ချာလေးကြောင့်လား… ❓
    အထက်မှာ တစ်ယောက်တော့ မျက်ရည် ဘူးသီးလုံးတွေ ကျနေဘီ..

  • Shwe Ei

    April 23, 2013 at 10:41 am

    ဂလိုရောဂါမျိုးက ကုလို့ရမယ်မထင်ဝူး… ဒွတ်ခ :gee:

  • kyeemite

    April 23, 2013 at 11:11 am

    S@i S@i Fin K@i ..ဒီနာမည်ကို ခုမှသဘောပေါက်တော့တယ်..
    ဟီး..ငါ့နှယ် အ ချက်…
    စင်ပေါ်ဝယ်…အော်..အော်..အော့
    စင်ပေါ်ဝယ်…ဟဲ့ ဟက်..အမြင်မတော်ပါတယ်..
    တင်ပေါ်မှာရယ်..ရင်ပေါ်မှာတကယ်…လက်ကဝဲ..ဟဲဟဲ..
    :harr:

  • တိမ်မည်း

    April 23, 2013 at 4:03 pm

    ဘာကြီးမှန်းလည်းသိဝူး…. 🙁

  • awra-cho

    April 23, 2013 at 4:25 pm

    စိုင်းစိုင်း မင်းရဲ့ လက်ကို လေထဲမြှောက်ထားလိုက် မင်းရဲ့လက်ကို လေထဲ မြှောက်ထားလိုက် ၊ ငါလခွီး

  • Mr. MarGa

    April 23, 2013 at 6:11 pm

    အစကတော ငိုချင်း
    အလယ်က ရယ်ချင်း
    နောက်ဆုံးက သရော်ချင်း
    ကျုပ်တော့ အဲလိုပဲ နားလည်တယ် :hee:

  • နေဝန်းနီ

    April 23, 2013 at 6:37 pm

    အပေါ်က စာတွေတော့ နားမလည်ဘူး အောက်ကပုံလေးကတော့ မိုက်ချက်က ကန်းကုန်နေတာပဲ လန်ထွက်နေတာပဲ ဂွဒ်ထ ဂွဒ်ထ

    • အဲ့လိုဘဲ .. အဲ့လိုဘဲ …
      ရုတ်တရက်ဆို ကျွတ်ကြဲသလိုနဲ့
      ဘာညာ ကွိကွပေါ့ဂျာ …

      ဘဘိုးနီရေ …
      ကျုပ်လည်း အဲ့ပုံဂျီး မိုက်ဂျောင်း ထပ်ပြီး ထောက်ဘာဒယ် …

      နေရာဂျင်ဒါ လဲလိုက်ဂျင်ဒယ် ..
      အိုဘာဒဲ့ .. နေရာဂျင်းဒါ လဲလိုက်ဂျင်ဒယ်ပေါ့ … :mrgreen:

  • Wow

    April 26, 2013 at 12:31 pm

    ညီးလဲ ကြက်သွန်မြစ်ကိုင်ချင်ရင် ကြက်သွန်ဥ အရင်စိုက်ပေါ့အေ… :harr:

    • Wow

      April 26, 2013 at 12:32 pm

      အရင်စိုက်ဆိုတာ.. ကြက်သွန်ပင်ကို ပြောဒါ.. တော်ကြာ နာမန့်ဒါ ညှီနေဦးမယ်… :mrgreen:

  • sorrow weaver

    April 26, 2013 at 12:48 pm

    သက်ပြင်းချ…အံကြိတ်…မျက်နှာလွဲ…မချင့်မရဲ နဲ့ …အိုကွယ်…ကြေကွဲ….. အဟင့်ဟင့် …( ပုံထဲက အငတ်နှယ့် …လုပ်ရက်ပါ့ လူများအသဲကို….)

  • Novy

    April 26, 2013 at 2:35 pm

    မိဂီရယ် အဲ့လောက်လည်းငိုချင်းမချပါနဲ့
    စိုင်းစိုင်းခမျာလည်း မနိုင်ဝန်ထမ်းထားရတာပါ
    တချိန်ချိန်တော့ သူလွတ်ချမှာပါအေ..

  • ရွှေ ကြည်

    April 28, 2013 at 10:32 am

    အမယ်မင်းးးးရယ်တဲ့မှ ပြောရတော့မယ်..ဟယ် ဟယ်
    လူ့ရွာတခွင် ပြောစရာတွေဆင်နေကြလို့
    ဆင်ခြင်ကြဟဲ့လို့ ငါအတန်တန်တား
    အခုတော့ လူကြားလို့မှကောင်းကြသေးရဲ့လား ဟင်….။
    ပြောစမ်းပါ မောင်မင်းရဲ့ အဲ့ ဟဲ့ ဟဲ့
    အခုတော့လေ ဟင် အခုတော့
    ပြောချင်တဲ့ကြောင်ဖား
    ချောင်ကြားကချောင်းလို့
    အပြတ်ကိုတုတ်ပြီမို့
    အို………….မှတ်သင့်ပြီမို့ ဟို့ ဟို့
    ဟင်..တောက်စ် ….မြင်ရကြားရ ရင်မှာမချိတာမို့
    ဟစ်လို့သာ ငိုလိုက်ချင်ရဲ့….
    မသာမာသူလက်ချက်မိပါပေါ့လားးးး အာ့ ဟာ….။

Leave a Reply