“အခုတော့ဖြင့် တစ်စိမ်းပြင်ပြင်ရှိခဲ့ရပြီပေါ့ သူ ရယ်။´´

ခင္ခApril 23, 20131min19741

“အခုတော့ဖြင့် တစ်စိမ်းပြင်ပြင်ရှိခဲ့ရပြီပေါ့ သူ ရယ်။´´

 

မှတ်မှတ်ရရ ပေါ့ဗျာ

ကျွန်တော် နဲ့ သူ လူပျိုအရွယ်

တက္ကသိုလ်တက်စဉ် ကာလမှစတွေ့ခဲ့ကြတာပါ။

 

စတွေ့တုန်းက ကျွန်တော် သူ ကို မိတ်ဆက်တော့

သူ ကလည်း အဲဒီထဲကစပြီး ကျွန်တော် အနားမှာဘဲ ရှိခဲ့တယ်လေ၊

 

ကျွန်တော် နဲ့ သူ က တစ်နေ့မတွေ့ရရင်

မနေနိုင်သလို သူ ရှိတဲ့ဆီကိုလည်း ကျွန်တော်ခြေလှမ်းတွေက

မရောက်ရောက်အောင် သွားဖြစ်ခဲ့တယ်လေ။

 

အဲလိုနဲ့ တက္ကသိုလ်ကျောင်းပြီး အလုပ်လုပ်ရပြန်တော့လည်း

သူ နဲ့ ကျွန်တော်က မခွဲစတမ်း အတွဲလှမ်းခဲ့ကြပြန်တာပေါ့။

 

ဪ ရက်ကို လစား၊ လကို နှစ်စားလို့ ရာသီအလီ

ပြောင်းခဲ့ပြန်လည်း သူ နဲ့ ကျွန်တော် အမြဲအဖော်ဖြစ်ခဲ့လို့

ကျွန်တော် စိတ်ညစ် တဲ့အခါ သူ ကို အဖော်ပြုကာနေလိုက်တဲ့အခါ

စိတ်ထဲခံစားမှု့တွေ လျော့သွားကာ ရှိလာသလို၊

သူငယ်ချင်း အပေါင်းအသင်းများနဲ့ ဆိုင်ထိုင်ကာ ဝိုင်းဖွဲ့

ပြောကြဆိုကြပြုမှုရလည်း သူ ကတော့ ကျွန်တော်နဲ့ အတူရှိစမြဲလေ။

 

တစ်ခါတလေ သူ ကိုမကြိုက်တဲ့သူတွေက နှာခေါင်းရှုတ်ကြလည်း

ကျွန်တော်ကတော့ သူ ကို စွဲလန်းနေစဲ ချစ်ခင်မြဲပေါ့။

 

အဲ ဒီလိုနဲ့ ငွေရတုနှစ်ကာလကျော် အတူတွဲ ဖြတ်သန်းခဲ့တဲ့

ကျွန်တော် နဲ့ သူ မခွဲအတူ ရှိခဲ့ပေမယ့်

အခုတော့ အသက်အရွယ်ကြီး အိုမင်းရင်ရော်တော့မှာမို့

သူ ကို ကျွန်တော် လမ်းခွဲကာ စွန့်လွှတ်ရတော့မယ်လေ၊

သူ ကတော့ သူ ကို စွန့်လွှတ်လည်း ဘာမှမပြောဘဲ

ပြန်လာချင်တွန်းဖွင့်ခဲ့ အချစ်ရယ်ကြင်နာဆုံးမမေ့နဲ့ လို့ ပြောနေသလိုပါဘဲ

ဒါပေမယ့်လည်း ရခဲလှတဲ့လူဘဝ အသက်ရှည်ကျန်းမာစွာနေရေး

အစဉ်တွေးလို့ ကျွန်တော် သူ ကို ပြတ်ပြတ်သားသား လမ်းခွဲခဲ့ရပါတယ်၊

သူရှိတဲ့ဆီ အရင်က အရောက်သွားခဲ့ပေမယ့်

အခုတော့ သူ ရှိတဲ့ဆီ ကျွန်တော် မသွားခဲ့တော့ဘူး၊

အခုတော့ ကျွန်တော် ရှိတဲ့ဆီ သူလာခဲ့လည်း ခေါင်းခါကာငြင်းရပြီ၊

အခုတော့ မလွှဲသာလို့ ဆုံခဲ့ရင်တောင် မသိချင်ယောင်ဆောင်ခဲ့ရပြီ ကျွန်တော်သည်ပေါ့ဗျာ။

 

ဒီလိုနဲ့ဘဲ တက္ကသိုလ်တက်စဉ် လူပျိုအရွယ်ထဲက နေ့စဉ်သောက်ခဲ့မိတဲ့ စီးကရက်ဆိုတဲ့ဆေးလိပ်

အခုတော့ဖြင့် တစ်စိမ်းပြင်ပြင်ရှိခဲ့ရပြီပေါ့ သူ ရယ်။

 

 

ဖတ်ရှု့သူများကျေးဇူးနော်၊

ခင်ခ။

 

41 comments

  • S@i S@i Fin K@i

    April 23, 2013 at 11:09 am

    ဆက်သောက် ဆက်သောက် စီးကရက် တလိပ်လောက် အသဲလည်းမခွဲတတ်ပါ ဆေးလိပ်လေးများကျနော့်အဖော်ပဲ …
    အဆုတ်ကင်ဆာ ဖြစ်နိုင်တယ် ဆိုကြတဲ့ ဆေးလိပ်များထက် အချစ်ကင်ဆာဖြစ်မယ့် မိန်းကလေး ပိုပြီးကြောက်လို့..
    ဆက်သောက် .. ဆက်သောက် စီးကရက်တဖွာလောက် .. စကားလည်းမများတတ်ကြပါ ဆေးလိပ်လေးတွေ ကျနော့်အဖော်ပဲ..

    အားပေးသွားပါတယ်ဗျို့ …
    ဟိုစာရေးဆြာကြီးကတော့ ဆေးလိပ်ဖြတ်တာများ လွယ်လွန်းလို့ သူဆို ခနတိုင်းဖြတ်နိုင်ပါသတဲ့…
    ဆေးလိပ်ဖြတ်နိုင်ခဲ့တဲ့ စိတ်ဓါတ်နဲ့ လုပ်ရပ် ကိုတော့ ဗရာဗိုပါဗျို့..

    ခင်တဲ့..

    • ခင်ခ

      April 23, 2013 at 11:15 am

      S@i S@i Fin K@i ရေ ဦးဆုံးအားပေးလာလို့ ကျေးဇူးပါဗျို့။

  • ကောင်းတယ်ဗျာ ..
    ဆေးလိပ် ဖြတ်ပလိုက်ဒါ ကောင်းဒယ် …
    ခညား ဖြတ်ပလိုက်ဒေါ့
    ကျုပ်တို့ ပိုတောက်ရဒါပေါ့ .. ဟီးးး :mrgreen:

    နောက်တာပါ ဦးခ ရေ …
    ဆေးလိပ်ဖြတ်တာ အားပေးပါတယ်လို့ …

    • ရွာစားကျော် မင်းနန္ဓာ

      April 23, 2013 at 11:35 am

      အံဇာ
      သူများတွေ ဖြတ်ကုန်ဘီ
      နင်ရော ဟိုဟာ တကယ်ဖြတ်လိုက်ဘီလား..
      ကွမ်း..ပြောပါတယ်

      • အမငီးး
        ဟိုဟာ ဆိုဒေါ့ ဘာများဒုန်းလို့ ..
        လန့်တွားဒါဗျဲ .. :mrgreen:
        တော်ဒေးဒယ် .. ကွမ်းမို့ …

        • ခင်ခ

          April 23, 2013 at 11:46 am

          ကိုရွာစားကျော်ရေ မဟာရာဇာကြီးက အခုတလော ကဗျာတွေခံစားပြီး
          အသဲငယ်နေတာနော် ခုတောင် လန့်တွားဆိုဘဲ။ အလန့်ထညက်တွေ သွားသွားမလုပ်ပါနဲ့……….။

  • လူကလေး

    April 23, 2013 at 12:24 pm

    ဆေးလိပ်တွေ ရမယ် .. ဆေးလိပ်တွေ ရမယ်.. ဟဲဟဲ တစ်ဗူးဝယ် တစ်ဗူး အခမဲ့နော်. . ဆေးလိပ်တွေ ရမယ်..

    တကယ်ပြတ်မပြတ်စမ်းကြည့်တာ.. ခခ.. အဟီး.. :kwi: :kwi: :kwi:

    • ခင်ခ

      April 23, 2013 at 1:01 pm

      လူကလေး ဆီက တစ်ဗူးဝယ်မယ်၊ ပြီးမှ ရတဲ့ ၂ ဗူး ရပ်ကွက်ထဲ နည်းနည်းဈေးလျော့ပြီး အလိပ်ပြေရောင်း မှာပေါ့။ နည်းနည်းမြတ်လဲ မဆိုးဘူးလေ။

  • ကိုခရေ ကျနော်ကတော့ တစ်ရက် တစ်ဘူးကျော်ကျော်အဆင့်မှာဖြတ်လိုက်တာ
    (8-8-2009)ကနေ ယနေ့ထိအပေါ့။
    ကောင်းပါ၏ ဆေးလိပ်မသောက်တာ။
    ကျန်တာတွေမပြောတော့ပါဘူး အလုပ်ရှုပ်သက်သာသွားမှာတော့ အမှန်ပါဗျို့။

    • ခင်ခ

      April 23, 2013 at 1:03 pm

      မပြောချင်လည်း မပြောနဲ့ဗျာ၊ မပြောဘဲလည်း သိပါ၏ ကိုပေါက်ရေ။

  • သူကလေး

    April 23, 2013 at 12:37 pm

    တိန် …. သူရယ် ဆိုလို့ .. ရင်တွေဘာတွေဗရမ်းဗတာ ခုန်ပြီး ဝင်ဖတ်လိုက်တာ ….
    ဖတ်ရင်းနဲ့ပဲ … ဘာလိုဆိုလိုတယ်ဆိုတာ ချက်ချင်းကိုသိလိုက်တာပဲ ဟီးဟီး
    ဘာလို့လဲတော့မမေးနဲ့ပေါ့နော် .. အဲ့ဒါက ဂလို … နိုင်ငံရေးတွေလည်းပါသကိုး ..
    သူများနဲ့မတူအောင်ပြောရမယ်ဆို ..သူလေး သနားပါတယ်
    ရက်ရက်စက်စက် သစ်စိမ်းချိုး ချိုးပြီးတော့ မဖြတ်လိုက်ပါနဲ့ဟယ် နော့်….
    သူကလေးကလည်း သူများနဲ့မတူတဲ့သူမို့ …
    ဆေးလိပ်သောက်လို့ ကင်ဆာဖြစ်ပြီး သေနိုင်တယ်ဆိုပေမယ့်လည်း
    ဆေးလိပ်မသောက် အရက်မသောက်ပဲနဲ့ … အသည်းကင်ဆာ၊အဆုတ်ကင်ဆာဖြစ်နေကြတာတွေကလည်းများလို့ …
    ဘယ်အရာမဆို … “ကံ”ဆိုတာလည်း ပါလာသေးသကိုးလို့ … ချစ်သူလေးများရရင် ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဆိုပြီး မပြောပေါင် .. အလွန်အကျွံမဖြစ်ရင် ပြီးတာပါပဲလို့ …
    ဘိုဖစ်ဖစ် ဆေးလိပ်ဖြတ်တယ်ဆိုတာ အရမ်းခက်လို့ကြားဖူးတာမို့ ဖြတ်လိုက်နိုင်တာတော့ ဂုဏ်ယူပါတယ်ဗျို့

    • ခင်ခ

      April 23, 2013 at 1:13 pm

      သူကလေးရေ ဘဝပေးသလောက် “ကံ” ရှိတဲ့ အသက်ထိနေကြရတယ်ဆိုတာကို လက်ခံပါတယ်။
      ကွမ်းတံတွေး တပျစ်ပျစ်၊ ဆေးလိပ်လေး တဖွာဖွာ၊ အရက်လေး တမျမျ (http://myanmargazette.net/137464/society-lifestyle) ဆိုပြီး ကျွန်တော် ကျန်းမာရေးပညာပေး ပိုစ့်လေး ရွာထဲစပြီးစာရေး စဉ်ရေးခဲ့ပေမယ့် ကိုယ်တိုင်ကျတော့ စီးကရက်သောက်ဖြစ်နေတာလဲ မဟုတ်သေးဘူးလေဆိုပြီး စဉ်းစားတွေးမိတာကြောင့်လဲ ပါတာပေါ့လေ။

      • သူကလေး

        April 23, 2013 at 1:44 pm

        ဟုတ်ကဲ့ပါ အကိုခရေ
        အကိုခ ဒီလိုအသိလေးနဲ့ ဒီလိုလုပ်တာကိုတကယ်ပဲလေးစားပြီး ဂုဏ်ယူပါတယ်ဗျာ
        ဆေးလိပ်လည်းဖြတ် … ကျန်းမာရေးလည်းလိုက်စားပြီး … ကျန်းမာရေးပညာပေးလေးတွေလည်းရေးတော့ …
        အကိုခက သက်ရှည်ကျန်းမာပြီး ရွာထဲမှာ အဘိုးကြီးဖြစ်တဲ့ထိနေရမှာဂျ 😀

  • GaviaGirl

    April 23, 2013 at 1:13 pm

    အဲ့ဒီသူပေါ့… လေးလေးကို ဒုက္ခပေးမှာလေ..
    ဖြတ်လိုက်တာ ကောင်းတယ်.. အားပေးတယ်…
    လေးလေးရဲ့ ပြတ်သားမှုအတွက် ဂုဏ်ယူပါတယ်လို့..

    တူမ.

    • ခင်ခ

      April 23, 2013 at 1:18 pm

      ခင်မင်စွာသော တူမ ရေ အားပေးခြင်းအတွက် ကျေးဇူးပါဗျို့။
      ပိတ်ရက်ရှည်မှာ လမ်းပေါ်မှာဘဲမို့ အခုမှ ရွာပြန်ဝင်ဖြစ်တော့ ကင်းကွာနေတာ အတိုးချ ရေးမယ်လို့ စိတ်ကူးရှိပေမယ့် ဘာရေးရမှန်မသိတာနဲ့ ဆေးလိပ်မသောက်ဖြစ်တော့တာ Item ရှာပြီး ရေးမိရေး ရာရေး တာပါဗျာ။

  • rain pricess

    April 23, 2013 at 1:31 pm

    အဲ.ဒီ စီးကရက်က ဘာအရသာရှိလို.လဲဟင်…..
    မနည်းဖြတ်ရတယ်ဆိုတော့…
    ဘယ်လိုအရသာလဲ.???…သိချင်တယ်….;D

    • S@i S@i Fin K@i

      April 23, 2013 at 1:46 pm

      အရသာလား သောက်ကျိ လေ ..
      နောက်တာပါ..
      ဆေးလိပ်သမားတိုင်းပြောတဲ့စကားတော့ ရှိတယ်..
      ဘာတဲ့ ..ဆေးလိပ်သောက်တတ်ဖို့ ထက် ဆေးလိပ်မသောက်တတ်ဖို့ ပိုခက်တယ်ဆိုလား…

      :kwi:

  • ခင်ခ

    April 23, 2013 at 1:43 pm

    rain pricess ရေ အရသာကို စာနဲ့ဘယ်လိုရေးပြရမလဲဟင်။
    ဒီလိုလုပ်ပါလား အရသာသိရအောင် တစ်ခါလောက်သောက်ကြည့်ပေါ့လို့ ……

  • ဘဲဥ

    April 23, 2013 at 4:01 pm

    အူးအူးခ သများလည်း ဖြတ်မလို့ စဉ်းစားနေတာတော့ (ဆေးလိပ်ပြောဒါနော် :mrgreen: )
    အူးအူးခ ဘာနဲ့ အစားထိုးဖြတ်လိုက်တာလဲဟင် ….
    အခုပေါ်နေတဲ့ အီလက်ထရောနစ် စီးကရက်ဆိုလား ဘာလားပဲ အဲ့ဒါကောင်းလားဟင်

    • ခင်ခ

      April 23, 2013 at 4:20 pm

      မောင်ဘဲဥရေ ဘာနဲ့အစားထိုးဖြတ်တာလဲ သိချင်တယ်ပေါ့။ ဒီလို ဆေးလိပ်ဖိုးတော့ အကုန်မခံတော့ ဘူးကွာဆိုပြီး ဖြတ်မိသွားတာပါဘဲ။

  • MaMa

    April 23, 2013 at 4:06 pm

    မကောင်းမှန်းသိလျှက် အဖြတ်ခက်တာကို ဖြတ်နိုင်တာ ချီးကျူးစရာပဲ။
    ဒါပေမယ့် ပြန်မသောက်ဖြစ်အောင် ဆက်ကြိုးစားဖို့တော့ လိုမယ်နောာာာာာာာာာာာာာ :kwi:

    • ခင်ခ

      April 23, 2013 at 4:22 pm

      ဟုတ် အခုလိုသတိပေးတဲ့အတွက် ကျေးဇူးပါ အမ မမ ခင်ဗျ။

  • Ma Ei

    April 23, 2013 at 4:34 pm

    ကိုခင်ခ က သူနဲ့ တစ်စိမ်းပြင်ပြင်ရှိခဲ့ရပြီပေါ့ ဆိုကာမှ….
    တစ်ခါတစ်လေ မိုးအေးအေးမှာ
    မိုးသံလေသံနဲ့ အတူ…
    တစ်ခါတစ်လေ ဆောင်းချမ်းချမ်းမှာ
    မြောက်ပြန်လေအေးနဲ့ အတူ…
    တစ်ခါတစ်လေ ပင်လယ်ကမ်းခြေမှာ
    လှိုင်းပုတ်သံနဲ့ အတူ….
    သူ နဲ့ ရှိခဲ့ဖူးတာလေး ပြန်သတိရမိသွားခဲ့ပြီ….

    • ခင်ခ

      April 23, 2013 at 4:48 pm

      ဒါဆို မအိရဲ့ လွမ်းစရာလေးတွေ တစ်ဖြစ်လဲပြန်ပေါ့နော့။

  • etone

    April 23, 2013 at 4:53 pm

    အန်ကယ်ရေ … ဆေးလိပ်ဖြတ်လိုက်တာ ရေရှည်အတွက်တော့ ကောင်းပါတယ် ။
    မကောင်းမှန်း သိနေတာကို အရှင်းဖြတ်နိုင်တယ်ဆိုတာနဲ့ပဲ … proud of uပါ ။ ယောကျာ်း/မိန်းမ တချို့တွေ ဆေးလိပ်စွဲကြတယ် ၊ တရေးနိုးထသောက်တာမျိုးအထိတောင် ရှိခဲ့ဖူးတယ် ။ ခဏတာ ဖြတ်ပြီး သံယောဇဉ်မကုန်လို့ …. တဖွာဆိုတာနဲ့ပဲ ..ပြန်သောက်မိတဲ့ လူတွေလည်း မနည်းဘူးပဲ … ။
    ဆေးလိပ်သောက်တဲ့ အရသာတော့ တခါမှ မခံစားဖူးလို့ ဘာတွေကောင်းလို့ ဘယ်လောက်စွဲလဲ သိချင်တာနဲ့… ဆေးလိပ်သောက်တတ်ဖို့ ကြိုးစားတိုင်း မီးခိုးမွှန်လို့ လက်လျော့ခဲ့တာကြီးပဲလေ…. ။ ဟီး :mrgreen:

  • အရီးခင်လတ်

    April 23, 2013 at 4:55 pm

    ပြတ်အောင်ဖြတ်နိုင်တယ် ဆိုကထဲ က စိတ်ဓာတ်ခိုင်မာ သူလို့ သတ်မှတ်နိုင်ပါတယ် ကိုခရေ။
    Congratulations ပါ။ 🙂

  • Mr. MarGa

    April 23, 2013 at 6:22 pm

    တိ…….ခနဲ
    လှည့်မကြည့်ဘဲနဲ့
    ပြတ်ပြတ်သားသား လမ်းခွဲစကားဆိုတာကို တွေ့ရလို့ ဗရာကြော်ပါ လေးခ………….
    ဖြတ်ရခက်တဲ့ တဏှာ တွေကိုလဲ
    ဒီလိုလေး ဖြတ်လို့ ငြိမ်းချမ်းရာကို ရှာနိုင်ပါစေလို့ ဆုတောင်းရင်း………. :kwi:

  • မောင် ပေ

    April 23, 2013 at 8:49 pm

    အားကျပါ၏ ဟုပဲ ဆိုပါရစေ
    ကိုယ်လဲ အဲ့လို လိုက်လုပ်နိုင်ဖို ့
    ဟူးးး
    မည်သို ့မည်ပုံ လုပ်ရမည် မသိ

  • အရိပ်စစ်

    April 23, 2013 at 9:03 pm

    ဖြတ်နိုင်ခဲသည့် အရာများကို ဖြတ်နိုင်ခြင်းကြောင့် ကောင်းလေစွ..ကောင်းလေစွ…

  • KZ

    April 24, 2013 at 11:24 am

    စိတ်နိုင်ချက်နော်။
    တခါတည်းကို ပြတ်သွားတာလား။

    စကားမစပ်။
    အနော်က စီးကရက်နံ့ကို အရမ်းကြိုက်တာရယ်။
    မွှေးတယ်လို့ပဲ ထင်တယ်။ :mrgreen:

    • ရာမည

      April 24, 2013 at 11:37 am

      ထမင်းထက်ပိုကြိုက်တယ်
      မုန် ့ပဲသွားရေစာထက်လည်းပိုကြိုက်တယ်
      အဝတ်အစား အသုံးအဆောင်တွေထက်လည်းပိုကြိုက်တယ်
      ချစ်သူထက်လည်း ပိုချစ်တယ်
      သို ့ပေသိ
      သားသမီးတွေရလာတဲ့အခါ သူတို ့နဲ့တော့မယှဉ်သာလို ့
      ဖြတ်မယ်ဟေ ့!!!!!!!!!!

    • ခင်ခ

      April 24, 2013 at 11:55 am

      အချိန်လေး နည်းနည်းယူပြီး အရှိန်လေးတွန်းကာ ဖြတ်ဖြစ်သွားတာပါ။
      ကျွန်တော်စီးကရက်သောက်နေစဉ်ကာလက KZ နဲ့ဆုံဖြစ်ရင် တစ်ခါတည်း စွဲလန်းသွားလောက်တယ်ဗျ။
      ကျွန်တော်သောက်တဲ့ စီးကရက် အနံ့ကိုပြောပါတယ်။

  • ဖော့(စ)ထရော့ချာလီ

    April 24, 2013 at 11:42 am

    ၂၀၀၄ ခုနှစ်၊ မတ်လ ၄ရက်နေ့က ကျွန်တော်ဆေးလိပ်ဖြတ်လိုက်တာ… အခုဆို ၉နှစ်ရှိသွားပြီ…
    အဲဒီလိုပဲ ၂၀၀၄ခုနှစ် မတ်လ (၇)ရက်နေ့မှာ ကျွန်တော်ဆေးလိပ်ပြန်သောက်လိုက်တာလဲ ၉နှစ်ရှိသွားပါပြီဗျာ…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ခင်ခ

      April 24, 2013 at 11:58 am

      ဪ အဲ လိုလား ဖော့(စ)ထရော့ချာလီ ရေ။ ဖြစ်တတ်တဲ့ သဘာဝ ဖြစ်လေ့ရှိတဲ့ သဘာဝ တရားတွေကို လွန်မြောက်ကြသောအခါ……………………. ပေါ့ဗျာ။

  • Novy

    April 24, 2013 at 12:12 pm

    ကိုခေ၇..ဆေးလိပ်သောက်ခြင်းသည် ပုဆိုးကိုမီးပေါက်စေဧ၊ိတဲ့
    ဆေးလိပ်ဖြတ်လိုက်တာဘယ်လိုပဲဖြစ်ဖြစ် ကောင်းပါတယ်

    • ခင်ခ

      April 24, 2013 at 12:31 pm

      မနိုဗွီရေ တိုင်းရင်းဆေးဆရာတွေ ပြောတဲ့စကားတစ်ခုရှိတယ် ဆေး နှစ်မျိုးကို အချိန်ကာလ တူညီစွာ မမှီဝဲကြနဲ့တဲ့။
      ဆိုလိုတာက ကျန်းမာရေးအတွက် အထောက်အပံဖြစ်စေမယ့် ဆေးဝါးမမှီဝဲရသေးတဲ့အရွယ်(ငယ်ရွယ်စဉ်)မှာ
      ဆေးလိပ်သောက် ကြတာမပြောလိုပေမယ့်၊ ကျန်းမာရေးအတွက် အထောက်အပံဖြစ်မယ့် ဆေးဝါးတွေ မှီဝဲရတဲ့ အရွယ်မှာတော့ ဆေးလိပ်ဖြတ်သင့်တယ်လို့ဆိုတာပါဘဲ။

  • kyeemite

    April 24, 2013 at 3:32 pm

    လေးစားအားကျပါတယ်ကိုခင်ခရေ…
    ကျနော်လည်းဖြတ်လိုက်၊မပြတ်လိုက်နဲ့…ဒွတ်ခ

    • ခင်ခ

      April 24, 2013 at 4:50 pm

      ဖြတ်ချင်စိတ်လေး အခံရှိနေပြီးသားဘဲ ကိုကြီးမိုက်ရေ နည်းနည်းအရှိန်လေး တွန်းပြီးကြိုးစား လိုက်ရင်အောင်မြင်နိုင်မှာပါ။ ကျွန်တော်လည်းအဲလိုဘဲလေ ခုတော့ ဇာတ်သိမ်းပြတ်ကိန်း ဖြစ်ရတာပေါ့။

  • uncle gyi

    April 24, 2013 at 11:35 pm

    စိတ်တခုပါကိုခရယ်
    စွဲတာလည်းဒီစိတ်
    ဖြတ်တာလည်းဒီစိတ်
    ရှင်တော်ဘုရားက
    ဒါကြောင့်မို့စိတ်တခုလို့ပြောထားတာထင်ပါတယ်

  • ရင် နင့် အောင်

    April 25, 2013 at 5:04 pm

    ဆေးလိပ်ကို တစိုက်မတ်မတ်သောက်လာတာ ခုဆို ၁၃ နှစ် ရှိပြီ။

    ခုချိန်ထိတော့ ဆေးလိပ်က ပြန်ပေးတဲ့ ဒုက္ခကြီးကြီးမားမား မတွေ့ရသေးဘူး။

    တစ်ခုခု စဉ်းစားခန်းဖွင့်တဲ့အချိန်တွေ . ပြီးတော့ စာရေးပြီးတဲ့အချိန်မှာ … အဲဒီ ဆေးလိပ်ကိုဖွာပြီး

    ကိုယ်ရေးတာကိုယ် ပြန်ဖတ်/ ခံစားရတာကို တော်တော် နှစ်သက်နေမိတယ်။ မကောင်းပါဘူးဗျာ။

    လူဆိုတာလည်း မကောင်းတာ တစ်ခုခုကိုတော့ မကောင်းမှန်းသိရက် လုပ်နေကြတာချည်းပါပဲ ။

    ဖြတ်နိုင်တဲ့သူတွေကိုတော့ … လေးစားပါတယ်။ း)

  • sorrow weaver

    April 25, 2013 at 5:13 pm

    ကိုခရယ်..စိတ်ဓါတ်ပြတ်သားတာလေးကို လေးစားပါ့ဗျာ..တကယ်…ခက်ခဲလွန်းတဲ့အလုပ်ဆိုတာကို …လုပ်ကြည့်ဖူးလို့ သိပါတယ်ဗျာ…ကျွန်တော်တော့ဖြင့် ခုထိတော့ စွဲလန်းနေတုန်း 🙁

Leave a Reply