ဗျို့ သဂျီး..ရွာထဲမှာ မီးလောင်နေပြီဗျ………. အလောတကြီးပြေးလာပြောတဲ့ အံချာဒုံးကိုကြည့်ပြီး ၊ သဂျီးကလည်း ငါသိပါတယ်ဆိုတဲ့ဂိုက်မျိုးဖမ်းကာ ထုံးစံအတိုင်း ဟိုကောင်ဆိတ်လဇိ ကောက်ရိုးပုံ မီးရှို့ပြန်တာလား ဆိုပြီးမေးလိုက်တော့ ၊ အဲ့တာတင်ဘယ်ကမလဲဗျို့ .. သဂျီးမင်း ဝယ်မလို့ ဈေးဖြတ်ထားတဲ့ ကိုပေ့ရဲ့ နွားကြီးကို ကင်စားမယ် တကဲကဲလုပ်နေလို့ဗျို့.. အဲ့တာလာခေါ်တာ
ထိုအခါမှပဲ သဂျီးမင်းလည်း ပြူးပြူးပြာပြာနဲ့ လက်စွဲတော် နှစ်လုံးပူးသေနတ်ကြီး ကောက်ကိုင်ပြီး ဒုံးဆိုင်းပြေးလိုက်သွားတော့တယ်။
ဟော… တွေ့ပါပြီဗျာ ရွာလည်ညောင်ပင်ကြီးအောက်မှာ ရွာ့ကာလသားတစ်သိုက်က ဆိတ်လဇိဟူသောရူးပေါပေါကောင်ကို ဝိုင်းပြီး ဆော်လဘန်တေနေကြတာ။ သဂျီးမင်းလည်း မနေသာတော့ဘဲနဲ့
ဟေ့ကောင်တွေ ရပ်လိုက်ကြစမ်း…..
သဂျီးမင်းရဲ့ အာဏာ တော်တော်ပြင်းထန်ပုံရတယ်။ တစ်ယောက်မှ လှည့်မကြည့်ကြဘဲ (၆ရေးမလုပ်တာလည်းပါမှာပေါ့ :mrgreen: ) ဆိတ်လဇိကို ဝိုင်းဘေနေလိုက်ကြတာ ဆုံထဲထည့်ထောင်းတဲ့ဆန်ဆိုရင် ဖွတ်ဖွတ်ညက်ညက်ကြေနေလောက်ပြီ။ သဂျီးလည်း ပြောမရတဲ့အဆုံး သူ့လက်စွဲတော် နှစ်လုံးပူးသေနတ်ကြီးကို မိုးပေါ်ထောင်ပြီး (လူအုပ်ထဲ မချိန်ရဲတာလည်း ပါတာပေါ့) သေနတ်မောင်းကို ဆွဲညှစ်လိုက်တယ်။
ဒိန်း…..
သေနတ်သံကြားမှပဲ ဆိတ်လဇိကို လက်မလည်အောင် ဝိုင်းပြီး ဆော်လဘန်တေနေကြတဲ့ ရွာ့ကာလသားတွေ နည်းနည်း ကိုယ်ရှိန်သတ်သွားကြတော့တာ။ ဒါတောင်မှ ရွာ့လူမိုက် ကိုအောင်ကြီးဆိုရင် ငါလခွီးမ ဆိတ်လဇိ သဂျီးရောက်လာလို့ မင်းသက်သာတယ်မှတ်ပါ ဆိုပြီးတော့ ပါးစပ်ကလည်းပြော လက်ကလည်း ဖြောင်း ကနဲနေအောင် နားရင်းရိုက်ပြီး အစားပီတ်အနေနဲ့ တွယ်ထည့်လိုက်သေးတာ။ အားလုံး ငြိမ်သွားမှပဲ သဂျီးမင်းလည်း ဟေ့ကောင်တွေဖယ်ကြစမ်းဆိုပြီး ပြူးပြူးပြာပြာနဲ့ ဘယ်မှာလဲ ငါဝယ်ဖို့ ဈေးဖြတ်ထားတဲ့ ကိုပေ့ရဲ့ နွားကြီး ဆိုပြီး အသည်းအသန်လိုက်ရှာတယ်။ တော်တော်ချစ်ဖို့ကောင်းတဲ့သဂျီး ရွာသားတွေ ဝိုင်းဘေထားလို့ မျော့မျော့ပဲကျန်တဲ့ ဆိတ်လဇိကိုတောင် ဂရုမစိုက်နိုင်ဘူးဖြစ်နေတာ။ ပြာယာခတ်နေတဲ့ သဂျီးကို ဖရဲသီးဆိုတဲ့ ရွာသားတစ်ဦးကနေပြီးတော့ သိပ်လည်း စိတ်မပူပါနဲ့ သဂျီးရယ် ခင်ဗျားဝယ်မယ့် နွားကြီး ဘေးမသီရန်မခပဲ ရှိနေပါတယ်ဆိုပြီးပြောလိုက်မှ စိတ်အေးသွားဟန်နဲ့ သက်ပြင်းရှည်ကြီးချလိုက်တော့တယ်……..

ဆက်ရန်……….. (တူညားဒွေဂို အားကျလို့ အပိုင်းခွဲပြီးဒေါ့ တင်လိုက်ဒါ :lol: )

About ဘဲဥ

has written 82 post in this Website..

နေချင်သလိုနေ၍ လိမ့်ချင်ရာလိမ့်နေသူကို ဥဥဟုခေါ်သည်