ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံတကာအဆင့်မီ သင့်သည်ဟူသော မှတ်ချက်သည် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီမှု ရှိ/မရှိ သုံးသပ်ကြည့်ခြင်း

Mr WorldWideApril 23, 20131min34028

ပြန်ဖွပြတာတော့ မဟုတ်ပါဘူး..အဘလည်း သုံးသပ်ကြည့်တာပါ။

 

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအား ပြင်ဆင်ရန် NLD ပါတီမှ အဆိုပြုခဲ့ရာ ပယ်ချခံခဲ့ရပြီး နောက် ဒေါ်အောင်ဆန်းစုကြည် အား ယင်းကိစ္စနှင့် ပတ်သက်၍ အင်တာဗျူးခဲ့ရာ ဒေါ်စု မှ “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံတကာအဆင့်မီသင့်တာပေါ့ရှင် “ ဟု ပြောကြားခဲ့ပြီး ဂျပန်နိုင် ငံ ခရီးစဉ်၌လည်း ယင်းကဲ့သို့ပင် ထပ်မံပြောကြားခဲ့ပါသည်။

          နိုင်ငံတကာ၌ ၎င်းတို့၏ ပထဝီနိုင်ငံရေး သမိုင်းကြောင်းနောက်ခံ အခြေအနေတို့အပေါ် မူတည်၍ နိုင်ငံသားဥပဒေများကို ရေးဆွဲခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် အင်အားကြီး တရုတ်နိုင်ငံ၊  အိန္ဒိယ နိုင်ငံနှင့် လူဦးရေ  ပေါက်ကွဲမှု ဖြစ်ပေါ်နေသော ဘင်္ဂလားဒေ့ရှ် ( မွတ်စလင် ) နိုင်ငံတို့အကြား တွင် တည်ရှိနေသော နိုင်ငံဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရှမ်းပြည်နယ် ခန့်သာ ကျယ်ဝန်း သော်လည်း လူဦးရေ သန်းပေါင်း ၁၅ဝ ခန့် ရှိပြီး မြန်မာနိုင်ငံလူဦးရေထက် မြောက်မြားစွာ သာလွန်နေပါသည်။ ၎င်း လူဦးရေ ပေါက်ကွဲမှုဒဏ်ကို အဓိက ခံနေရသော တိုင်းပြည်မှာ မိမိတို့ မြန်မာနိုင်ငံ သာ ဖြစ်ပေသည်။ နေ့စဉ် မိနစ်တိုင်း၊ စက္ကန့်တိုင်း ဘင်္ဂါလီကုလားများသည် မိမိတို့နိုင်ငံအတွင်းသို့ ကုန်းလမ်းမှလည်းကောင်း၊ ရေလမ်းမှလည်းကောင်း ခိုးဝင်လျက်ရှိနေပါသည်။ အိန္ဒိယနိုင်ငံမှာမူ နယ်စပ်တစ်လျောက် ခြံစည်းရိုးခတ်ခြင်း၊ မိုင်းခင်းခြင်း၊ ပုဒ်မ ၁၄၄ ထုတ်၍ ပစ်ခတ်ခြင်းတို့ဖြင့် တားဆီးကာကွယ်လျှက်ရှိကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ တရားမဝင် ခိုးဝင်လာသူများရန်မှ ကာကွယ်ရန်အတွက် ၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံသား ဥပဒေကို  ဥပဒေဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့သော သမ္မတဟောင်း ဒေါက်တာ မောင်မောင်မှ ဦးစီးရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ဤဥပဒေအရ ခိုးဝင်လာသူ လင်မယားနှစ်ဦး၏ မြေးလက်ထက် ရောက်မှသာလျှင် နိုင်ငံသားအဖြစ် လက်ခံမှု ပြုပေသည်။ ဤသို့ပြဌာန်းထားရခြင်းမှာ အထက်တွင် ဖော်ပြထားသကဲ့သို့ တရားမဝင် တရုတ်လူမျိုး များ၊ ဘင်္ဂါလီများ အဆမတန် ဝင်ရောက်လာမှုအား တားဆီးနိုင်ရန် ဖြစ်ပေသည်။

          အချို့သောနိုင်ငံများ၌မူ ( ဥပမာ- နော်ဝေနိုင်ငံ) ၎င်းတို့၏ နိုင်ငံသားဥပဒေအရ ယင်းတို့ နိုင်ငံသို့  ခိုးဝင်လာသူ တစ်ဦးအနေဖြင့် တစ်ဆက်တည်း ရ နှစ် ဆက်တိုက်နေထိုင်ပါက နိုင်ငံသား အဖြစ် အသိအမှတ်ပြုပေသည်။ ၎င်း၏ပတ်ဝန်းကျင်နိုင်ငံများမှာ ချမ်းသာကြွယ်ဝသော ဥရောပ နိုင်ငံများဖြစ်ခြင်း၊ တရားမဝင် ခိုးဝင်ရောက်နေထိုင်မှု နည်းပါးခြင်း စသည့်အကြောင်းအရာ တို့ ကြောင့်သာလျှင် ထိုကဲ့သို့ ပြဌာန်းနိုင်ခြင်းဖြစ်ပေသည်။ အကယ်၍ ကျွန်ုပ်တို့မြန်မာနိုင်ငံနှင့် ပထဝီ အနေအထားခြင်း တူညီမည်ဆိုပါက၊ သို့မဟုတ် ဘေးပတ်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံကဲ့သို့ လူဦးရေ ပေါက်ကွဲမှု ဖြစ်နေသော နိုင်ငံများရှိပါက ၎င်းတို့ပြဌာန်းထားသော ဥပဒေကို အချိန်မဆိုင်း ပြင်ဆင်ကြလိမ့်မည် ဖြစ်ပေသည်။ ထို့ပြင် ကျွန်ုပ်တို့နိုင်ငံကဲ့သို့ ပထဝီအနေအထား ရှိသော အချို့နိုင်ငံများတွင်လည်း သူတို့၏နိုင်ငံသားဥပဒေကို သေချာစွာစနစ်တကျ ပြဌာန်းထား ရှိကြပေသည်။

          ထို့ကြောင့် ယခင်အစိုးရများ၏ အမျှော်အမြင်ကြီးစွာ မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားကို သေချာလေ့လာသုံးသပ်၍ ပြင်ဆင်ထားသော ဤဥပဒေကို နိုင်ငံတကာအဆင့်မီစွာ ပြင်ဆင်ရန် မှတ်ချက် ပေးနေသော ဒေါ်အောင်းဆန်းစုကြည်အား အဘယ်ကြောင့် ဤဥပဒေအား ပြင်ဆင်လိုနေခြင်းကိုု မေးခွန်းထုတ်ရန်သာ ရှိပေသည်။

 

28 comments

  • Mr. MarGa

    April 23, 2013 at 6:44 pm

    လက်ရှိမှာ ဆွဲရင်လဲ သူ့လောက်နီးနီးကောင်းတဲ့ ဥပဒေ ထွက်လာနိုင်မလား……………
    အဲဒီအချိန် အဲဒီအခါတုန်းကလောက် စေ့စပ်သေချာမှု ရှိမလား
    နိုင်ငံသားဖြစ်ခွင့်ကို ဒီထက် ပို ပြင်မယ်ဆိုရင်
    ရေရှည်မှာ ဘယ်လိုဖြစ်နိုင်မလဲ
    တွေးသင့်ပါတယ်

  • mobile

    April 23, 2013 at 8:47 pm

    ဖတ်ရတာ ကောင်းကောင်း သဘောမပေါက်ဘူးဗျာ….
    အဆင်ပြေရင် နည်းနည်းရှင်းပြပါလား ….

  • uncle gyi

    April 23, 2013 at 10:49 pm

    ဒေါ်စုကိုအမြဲထောက်ခံတဲ့သူပါ
    ဒီအဆိုကိုကြိုတင်မဲပေးခဲ့ပါတယ်
    ဒေါ်စုအဆိုကိုကန့်ကွက်မဲထည့်ခဲ့ပါကြောင်း

  • kai

    April 23, 2013 at 11:25 pm

    ယူအက်စ်က လူ ၁၂သန်းလောက်ရှိတဲ့.. ခိုးဝင်လာသူတွေကို နိုင်ငံသားပေးဖို့လုပ်နေပါတယ်..
    ဒါမျိုး လွန်ခဲ့တဲ့ အနှစ်၂ဝကျော်က တခါလုပ်ဖူးပါတယ်..

    ဆိုတော့..
    ဒေါ်အောင်ဆန်းစုကြည်ပြောတာ.. တော်တော်တောင်နောက်ကျနေပါတယ်..။
    မြန်မာနိုင်ငံသား ဥပဒေသာမက..အခြေခံဥပဒေကြီးအပါအဝင်.. မြန်မာ့ဥပဒေ(အားလုံး)အားလုံး ခေတ်နဲ့ညီအောင် .. ကမ္ဘာ့တခြားနိုင်ငံများနဲ့ညှိပြင်သင်ကြောင်း..
    =

    All Points: Immigration solutions or same-old same-old?
    Fort Worth Star Telegram-Apr 21, 2013
    … are wrapping up a sweeping immigration reform proposal that requires employers to … Today, there are an estimated 11 million illegal immigrants … The 10- to 12-year wait for citizenship will be eliminated by executive …
    ===========
    LI immigration reform advocates back bill – Newsday
    Newsday-by Víctor Manuel Ramos-Apr 18, 2013
    Immigration reform advocates on Long Island may not be pleased with all … on Long Island, or the 11 to 12 million across the nation, they said.
    ===========
    AMNESTY TO INCLUDE 50% INCREASE OF LEGAL IMMIGRANTS …
    NewsWithViews.com-10 hours ago
    Not only will 12 to 20 million illegal aliens enjoy new found legality and freedom … Since 1965, the Immigration Reform Act started the flood of …

    • nicolus agral

      April 24, 2013 at 7:28 pm

      us ကပေးဝင်မယ့်သူ ၁၂သန်းက တာလီဘန်တွေကြီးမဟုတ်ဘူး
      မြန်မာနိုင်ငံမှာ ဘာလို့ ယိုးဒယားကခိုးဝင်လာသူနဲ့လာအိုကခိုးဝင်လာသူတွေအသံမကြားရပဲ
      တခါလာလဲမဲပြာပုဆိုး တခါလာလဲမဲပြာပုဆိုး ဒါတွေကြီးဖြစ်နေရတာတုံး

  • ဦးဦးပါလေရာ

    April 24, 2013 at 1:30 am

    သည်မှာ စကားပြောရမှာက
    ဥပဒေ ဆိုတာ ဘာလုပ်ဖို့လဲ …. ဆိုတာပဲ…။

    ဥပဒေ ဆိုတာ သူများနဲ့တူမတူ ယှဉ်ကြည့်ဖို့ ဆိုရင် ဒေါ်စု နဲ့ သူကြီးရဲ့ အဆိုကို ထောက်ခံရမယ်။

    ဥပဒေ ဆိုတာ ဆိုးကျိုးတွေကို ပယ်ဖျောက်ဖို့ နဲ့ ကောင်းကျိုးတွေကို ဆောင်ကျဉ်းဖို့ ဆိုရင်တော့…..

    ဟုတ်ကဲ့ပါ….

    ဒီကိစ္စမှာတော့ ဒေါ်စု အဆိုကိုရော အဲဒီအဆိုကို ဒီအချိန်မျိုးမှာ အချိန်မသင့်သေးပဲ ချပြောမှု့ကိုရော မထောက်ခံပါဘူး….။

    ကျုပ်တို့နိုင်ငံက အခုမှ စလုံးရေးတောင်မစရသေး
    ဖုံးကဒ်ဝယ်ခွင့်အတွက် မဲနှိုက်ဖို့တောင် တန်းစီရတုန်းရှိသေးတာ
    နိုင်ငံသားဖြစ်ဖို့အတွက် မြေးအထိ တန်းစီဖို့လိုရင် တန်းစီကြပါစေ..။

    နိုင်ငံသားဖြစ်ပြီးသားလူတွေကိုပဲ တကယ့်နိုင်ငံသားအခွင့်အရေး တကယ့်နိုင်ငံသားနဲ့သင့်လျော်တဲ့ ကာကွယ်စောင့်ရှောက်မှု့မျိုး အရင်ဆောင်ကျဉ်းပေးစေလိုကြောင်းပါ…..

    • phoe cho

      April 25, 2013 at 3:42 pm

      ဦးဦးပါလေရာလ၊ဝ၊ကရုံးမှာမှတ်ပုံတင်ရဖို့မတန်းဆီးဖူးနဲ့ထင်တယ်

  • MaMa

    April 24, 2013 at 6:19 am

    နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ စာအုပ်ပဲ ဖတ်ဖူးတယ်။

    ဘာမှထင်မြင်ချက်ဝေဖန်ချက်မပေးနိုင်ပေမယ့် ခုလို သိရတာ အကျိုးများပါတာမို့ ကျေးဇူးတင်ပါတယ်။ :hee:

  • မောင်ခိုင်မာ (စမ်းချောင်း)

    April 24, 2013 at 8:59 am

    ဘာပြောချင်တာလဲဆိုတော့ဗျာ..အဖြေက ရှင်းပါတယ်ဗျာ။

    နိုင်ငံသားဥပဒေဆိုတာကို နိုင်ငံတိုင်းက သူ့တိုင်းပြည်အခြေအနေနဲ့ သူပြဌာန်းထားကြတာပါ။
    ဒါကို ကျနော်တို့မြန်မာနိုင်ငံက ဒေါ်စုက နိုင်ငံတကာအဆင့်မီပြဌာန်းသင့်တယ်လို့ပြောနေခြင်းဟာ
    မသင့်တော်တာကို ပြောချင်တာပါ။ ကိုယ်အတိုင်းအတာနဲ့ကိုယ်ပေ့ါ။ နိုင်ငံတခုချင်းစီဟာ မတူညီနိုင်ဘူးဆိုတာ လူတိုင်းသိတာပဲ။ သူဘာကြောင့် ဒါကိုသိရဲ့သားနဲ့ပြောင်းချင်နေလဲဆိုတာတော့ မတွေးတက်လောက်အောင်ပါပဲ။

    • မင်းမင်း

      April 24, 2013 at 9:39 am

      အန်တီစုကဘာလို့ပြောင်းချင်တာလဲဆိုရင်
      သူက အင်တာနေရှင်နယ် ဒေါ်စုလေ။
      နိုင်ငံတကာကပေးတဲ့ဆုတွေကိုရတော့အတော်
      ဟုပ်ရှာတယ်ဆိုပြီးထောက်ခံလိုက်ရတာ။
      လက်ပံတောင်ကြမှသူဦးနှောက်ကိုသိရတော့တယ်။
      မြန်မာ့နိုင်ငံအရေးမှာသူ့ကိုမေ့လိုက်ပါပြီ။
      ရှင်းရှင်းပဲပြောတတ်လို့ပါ။ဒီမိုကရေစီမူအရ
      လွတ်လပ်စွာထုတ်ဖော်တာပါနော့်။

    • Foreign Resident

      April 24, 2013 at 5:02 pm

      ” သူဘာကြောင့် ဒါကိုသိရဲ့သားနဲ့ပြောင်းချင်နေလဲဆိုတာတော့
      မတွေးတက်လောက်အောင်ပါပဲ ”

      အမေစု ဘာကြောင့် ပြောင်းချင်နေလဲဆိုတော့ ၊
      သူမ က ” တရားမျှတမှု ” ဆိုတဲ့စကားကို ၊ ရဲရဲ ဝံ့ဝံ့ ပြောချင်လို့ နေမှာပေါ့ ။
      လက်ရှိခေတ်ကြီးမှာ ၊ ၁၉၈၂ ဥပဒေ ဟာ မတရားဘူးဆိုတာ ၊ နိုင်ငံတကာကလဲ သိနေ ၊
      နိုင်ငံတကာ အဆင့်မှီ ပညာတတ်တွေ ၊ လူသူတော်ကောင်းတွေ ကလည်း သိနေကြတာကိုး ။

      အဲဒီတော့ အမေစု အနေနှင့်လည်း ၊ ” တရားမျှတမှု ” ဘက်မှာ ရပ်တည်ပြတဲ့ အနေနှင့် ၊
      ၁၉၈၂ ဥပဒေ ကို ပြောင်းချင်တယ်လို့ ပြောရရှာတာပါ ။
      ဒါပေမယ့် ပြောင်းတာ မပြောင်းတာ ကတော့ လူများစု ရဲ့ သဘောပါ ။
      ဒေါ်စု လဲ မတတ်နိုင်ပါဘူး ။ တိုင်းပြည်ရဲ့ ကံ လို့ပဲ ပြောရပါတော့မယ် ။

  • ဦးကြောင်ကြီး

    April 24, 2013 at 10:10 am

    ပက်သနာက ဒင်းတို့ရဲ့ လူဦးရေ ပေါက်ကွဲမှုနှုန်း၊ တပူပေါ်နှစ်ပူဆင့် ဘာသာရေး အစွန်းရောက် အန္တရာယ်က ကြီးလေတော့… ဖြေရှင်းမလွယ်တာ အမှန်ပဲ။ နိုင်ငံသားပေးသင့် ဆိုသူများ အဲဒီ လုံခြုံရေး၊ လူမှုရေး ပြသနာတွေ ဘယ်လိုကိုင်တွယ်မလဲ အရင်ဆုံး ချပြသင့်တယ်။ တရားဥပဒေ စိုးမိုးရေးတို့ ပညာတတ်လာရင် စီးပွားကောင်းလာရင်ဆိုတာ သိပ်ယေဘူယျဆန်လွန်းတယ်။ ဖြစ်လာတဲ့အခါ နောက်ကျသွားပြီ။ လူဦးရေဆိုတာ တကယ်မွေးထုတ်ရင် အနှစ်၂ဝ မျိုးဆက်တခုအတွင်း အနည်းစုကနေ အဓိကလူမျိုးစု ဖြစ်အောင် လုပ်လို့ရတယ်။ အဲဒီကြတော့ ဘယ်လိုလုပ်မလဲ… ဖြေပါ။ လက်ဘနွန်၊ ဆူဒန်မှာ အဲလိုဖြစ်သွားလို့ ပြည်တွင်းစစ်ဖြစ် တိုင်းပြည်နှစ်ခြမ်းကွဲခဲ့ရပြီ။ ထောက်ပြချင်တာ ဖြစ်ချင်တာတော့ဟုတ်ပီ ဘယ်လို အစီအမံတွေ ရှိသလဲ၊ စိုးရိမ်းပူပန်မှုတွေကို ဘယ်လိုဖြေဖျောက်ပေးမှာလဲ။ တဖက်မှာလဲ စစ်အစိုးရ စစ်အစိုးမရ အဆက်ဆက် တာဝန်မဲ့မှု အသုံးချမှုတွေကို ဖြေရှင်းချိန်တန်ပြီ။ လိုအပ်မှ ဒါဂျီးထုတ်သုံးတာ ယုတ်ညံ့လွန်းတယ်။ ဒီမိုကရေစီကမာ္ဘမှာ ရေရှည်အမျိုးသားစီးပွား ကိစ္စဆို အာဏာရ၊ အတိုက်အခံ ပါတီနှစ်ရပ်စလုံး အကြေအလည်ဆွေးနွေး သဘောတူချက်ယူ လုပ်တယ်။ မြန်မာပြည်မှာ စစ်တပ်၊ အစိုးရ၊ အန်အယ်ဒီ၊ ၈၈မျိုးဆက်၊ ရခိုင်ပါတီများ ဘုံသဘောတူချက် ယူမှဖြစ်မယ်။ ဘယ်ဖက်ကမှ နိုင်ငံရေး အမြတ်မထုတ်ကြေး စည်းကမ်းသတ်မှတ်ပြီး မူဝါဒ သတ်မှတ်ရမယ်။ ဘုံသဘောတူချက် ရရင် နိုင်ငံတကာနဲ့ ဆွေးနွေးပါ။ အဲဒါတွေအတွက် လဝကအနေနဲ့ စာရင်းအချက်အလက် သက်ဆိုင်သူများကို အသိပေးရမယ်။ ဒါမှ ဘယ်ကိုဦးတည် ဆွေးနွေးရမလဲ သိမှာပေါ့။ ဟုတ်ပြီဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ပညာရှင်တွေကို ချပြ စည်းရုံး အကောင်အထည်ဖော်တော့။ ယူနီဖောင်းဝတ်၊ ယူနီဖောင်းချွတ်၊ ဒီမိုကရေစီ အင်အားစုတွေ နိုင်ငံရေးအရ ရောသမမွှေထားရင် အမျိုးသားရေး တဖက်သက်ဆန်ဆန် မဖြစ်ကောင်းဘူး ယူဆလို့ပါ။

    • kai

      April 24, 2013 at 10:35 am

      ကျောက်ဖြူရေနက်ဆိပ်ကမ်းကနေ.. ဒေါ်လာဘီလီယန်ချီဘစ်ဇနက်တွေ.. လည်ပါတ်တော့မှာမို့.. လူသားတို့ထုံးစံအတိုင်း..အပြိုင် ခြေကုတ်ယူကြတာလို့.. တွေးမိတယ်..
      ဒါက..ပဋိပက္ခတွေရဲ့.. အရင်းမြစ်ပဲ..။

      ဆိုတော့..
      အဲဒီဒေသ.. မကြာခင်နှစ်တွေမှာ.. အလုပ်တွေတင်းကြမ်းပေါ်လာမှာမို့.. အလုပ်သမားတွေ သိန်းချီလိုတာအမှန်ပဲ..
      ဒါကို.. အစိုးရက..ဥပဒေနဲ့ထိမ်းပြီးလူသားအရင်းအမြစ်ကို.. အကျိုးရှိအောင်.. အသုံးချရတာပါ..။
      မလုပ်တတ်ရင်.. ယူအက်စ်က.. ကော်ပိုရေးရှင်းဒါရိုက်တာတယောက်ကို.. လစာပေးပြီး.. အုပ်ချုပ်ခိုင်းလိုက်ပေါ့..
      လူမျိုးရေး.. နိုင်ငံရေးပါမကစားတတ်သေးရင်.. ကွန်ဆာဗေးတစ်အင်္ဂလိပ်ကြီးတယောက်.. အုပ်ချုပ်ရေးမှာ လစာပေးပြီး.. ဒါရိုက်တာခန့်လိုက်..။

      ပြောသာပြောတာ…
      အဲဒီဒေသက အမျိုးသမီးတွေ.. ကုလားဆင်လှကလှနဲ့..ကမ္ဘာ့သဘောင်္တွေဆိပ်ကမ်းကပ်လာရင်.. ရောင်းကောင်းလိုက်မယ်ဖြစ်ချင်း … :528:

      ဒါလေးများ… :kwi:

    • Foreign Resident

      April 24, 2013 at 4:44 pm

      သူကြီးကို သတင်းထူး တစ်ခု ပြောပြရအုံးမယ် ။
      အခု အကောက်ခွန် ဦးစီးဋ္ဌာန မှာ ဂျပန်လူမျိုး ပညာရှင် ၃ ယောက်ကို ၊
      ညွှန်ကြားရေးမှူး ရာထူးနှင့် ခန့်ပြီး အထူးလုပ်ပိုင်ခွင့် ပေးထားတယ်တဲ့ ။

  • တိမ်မည်း

    April 24, 2013 at 10:51 am

    ဒေါ်စု ဆိုတာ လိုအပ်လို ့ ဖြစ်လာတဲ့ ခေါင်းဆောင် တယောက်ပါ….
    ဖြစ်ချင်းလွန်းလို ့လည်း မဟုတ်ဖူး…. ဖြစ်သင့်လွန်းလို ့လည်း မဟုတ်ဖူး…..
    သူမှလွဲလို ့ မရှိလို ့ ဖြစ်လာရတဲ့ ခေါင်းဆောင်…..
    တနည်းအားဖြင့် မရှိသုံးလေးပေါ့နော်…………
    ဒေါ်စု မရှိရင် အမျိုးသား ခေါင်းဆောင် ဘယ်သူ ဖြစ်လာမလည်းလို ့ မေးမိတဲ့အခါ…..
    လူတော်တော်များများက မင်းကိုနိုင်လို ့ ဖြေခဲ့တာ ကြားမိပါတယ်……
    မိတိ္ထလာ ကိစ္စ အပြီးမှာတော့ မင်းကိုနိုင်လည်း လူထဲကလူ ဖြစ်သွားရပါတယ်…..
    ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ၈၂ ဥပဒေ ကို ပြင်သင့် မပြင်သင့် ပြောမယ့်အစား……..
    ဒီ ဥပဒေ ကိုထောက်ခံပေးရမယ့် ပြည်သူတွေကရော ထောက်ခံပေးဖို ့ အဆင်သင့် ဖြစ်ပီလားလို ့ မေးပါရစေ……
    ဒီမိုကရေစီဆိုတာ လူအများပေါ်မူတည်ပါတယ်…..
    အဘဖောပြောတဲ့ “Majority Rule, Minority Right” အရ…. Minority ကိုသာ လူတွေက သိပ်အားပေးလွန်းနေတာတော့ စိတ်မကောင်းမိပါဖူး…..
    တကယ်တမ်းကျတော့ Majority အတွက် အများကြီဖွံ ့ဖြိုးဖို ့လိုနေပါသေးတယ်…..
    Majority က တကယ်တမ်း အသင့်ဖြစ်ပီဆိုမှသာ Minority ကိစ္စကို ထည့်သွင့်းစည်းစားသင့်ပါတယ်……..
    အခုလို စပ်ကူးမပ်ကူးကာလမှာ နိုင်ငံရေး အမြတ်ထုတ်သမားတွေရဲ့ လက်ထဲကနေ အသိရှိရှိ နေထိုင်နိုင်ဖို ့ အထူးလိုအပ်ပါတယ်……
    အခု ဥပဒေ ပြင်ဖို ့ ကိစ္စဆိုတာကလည်း ပြည်မကြီးဘက်ကတရုတ် နဲ ့ ဘင်္ဂလား မွတ်ဆလင်တွေေကြောင့် ဖြစ်လာရတယ်လို ့ ပြောရင် မှားမယ်မထင်ပါဖူး…….
    ကျုပ်အနေနဲ ့ကတော့……
    ၈၂ ဥပဒေ ပြန်ပြင်သင့် မပြင်သင့်ဆိုတာထက်စာရင်……
    ၁. တိုင်းရင်းသား ကာကွယ်ရေး ဥပဒေ…..
    ၂. ဖက်ဒရယ် ဖြစ်မြောက်ရေး……
    ၃. သန်းခေါင်းစာရင်း ကောက်ရေး…..
    ၄. ခြစားမှူပပျောက်ရေး…..
    ၅. အခွန်မှန်မှန်ကန်ကန်ပေးရေး…….
    ၆. ရုံးစာ (မြန်မာစာ) စနစ်ကျရေး……
    စသဖြင့် ရှိပါသေးတယ်…

    ဒါတွေကို မျက်နှာလွဲ ခဲပစ်လုပ်… မေးလိုက်ရင် မသိတာနဲ ့ မတက်လို ့နဲ ့…. ဘယ်နားရောက်နေလဲ ချမပြနိုင်တာ…. ပွင့်လင်းမြင်သာမှူမရှိတာ…. ဒါတွေကို မလုပ်ပဲ……
    ဘာဖြစ်လို ့များ Minority ကိစ္စကိုပဲ ဖွနေကြရတာလဲကွယ်…….
    ကျုပ်အမြင်တော့ ဒါဟာ နိုင်ငံရေးသမားတွေရဲ့ အမြတ်ထုတ်မှူ တခုလို ့ပဲမြင်ပါတယ်…….

    ဦးဦးပါလေရာ ပြောသလိုပဲ တန်းစီပါစေအုံး……

    ခင်လျက်
    တိမ်မည်း

    • kai

      April 24, 2013 at 2:47 pm

      ကျုပ်ကတော့..

      ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဟာ.. ဥပဒေအားလုံးရဲ့အစတကအစဆုံးစကိုင်တွယ်ပြင်ဆင်ရမှာလို့.. မြင်မိတယ်..

      ကမ္ဘာနိုင်ငံတွေလှည့်လည်နေသူတိုင်း.. ဒီကိစ္စဟာ.. အရေးကြီးဆုံးမှန်းသိတယ်..
      လူတယောက်ဟာ..တိုင်းပြည်တခုမှာအခြေချမယ်ဆိုရင်.. အဲဒီနိုင်ငံသားကိစ္စမပြတ်သမျှ.. အဲဒီတိုင်းပြည်ကိုသစ္စာမထားနိုင်သလို..
      လုပ်ငန်းဆောင်တာတွေလည်း.. စိတ်ပြတ်ပြတ်နဲ့လုပ်လို့မရပေဘူး..။

      ဒီကိစ္စအခြေမခိုင်ပဲ.. တိုင်းပြည်တည်ဆောက်လို့မရဘူး..
      ဦးနေဝင်းလိုရာဆွဲလုပ်သွားတဲ့.. နိုင်ငံသားဥပဒေကြောင့်.. မြန်မာပြည်ထဲ ဘိုးဘွားစဉ်ဆက်မွေးကြီးပြင်းလာတဲ့.. မြန်မာစစ်စစ်တွေဟာ.. မြန်မာပြည်ကို သစ္စာမရှိ.. သစ္စာမခံနိုင်တာမျိုးတွေလည်းရှိတယ်..
      နို်င်ငံသားအခွင့်အရေးတန်းတူမရပဲ.. တရုတ်..ကုလား.. စသဖြင့်.. သွေးခွဲခံရတာတွေလည်းရှိတယ်..
      ပရိုပညာဆည်းပူးပြီး.. တိုင်းပြည်ထူထောင်ဖို့ရာမှာ..ပါဝင်နိုင်ဖို့.. ပိတ်စို့တားဆီးခံရတာတွေလည်းရှိတယ်..။
      ဆရာဝန်ကျောင်းတက်နေရက်.. အာင်ဂျင်နီယာကျောင်းတက်နေရက်က.. ကျောင်းထုတ်ခံရသူတွေအများကြီးရှိခဲ့ဖူးတယ်..

      အခုလိုတိုင်းပြည်ပြန်တည်ထောင်မယ်ဆိုတာမှာ.. ပြည်ပရောက်နေသူမြန်မာနိုင်ငံသားဟောင်းတွေကို..
      ပြန်လာလို့မရအောင်တားဆီးမိရက်သားဖြစ်နေတာတွေရှိတယ်..
      ဥပဒေကိုကိုင်ပြီး.. ချိုင်းနားကချိုင်းနီးစ်တွေသိန်းချီပြည်တွင်းကို.. ခိုးသွင်းပစ်လိုက်နိုင်တာတွေလည်းရှိတယ်..
      ဘင်္ဂလားဒေ့ရှ်က လူတွေသိန်းချီခိုးသွင်းပစ်လိုက်နိုင်တာတွေလည်းဖြစ်ခဲ့တယ်..။
      အင်မတန်ချို့ယွင်းချက်တွေနဲ့.. ဥပဒေကြီးပါ…။

      တကယ်တော့.. မြန်မာပြည်ရဲ့ နို်င်ငံသားဥပဒေဟာ.. မြန်မာတွေကို.. သွေးခွဲပစ်လိုက်တဲ့ဥပဒေတခုသာပါပဲ..။

      • တိမ်မည်း

        April 24, 2013 at 3:10 pm

        သဂျီးရေ… ရခိုင်ဘက်ဆိုတာ မိုးများရာအရပ်ဒေသပါ….
        ဘင်္ဂလားတွေများလာလို ့ လူတွေကရေသုံးများလာပီး… မြေကြီးက သဲဆန်ဆန် ဖြစ်သွားတာတွေကြည့်ပီး စဉ်းစားမိတာတခုကတော့ လူများလာရင် သဘာဝကြီး ပျက်စီးမယ်ဆိုတာပါပဲ….
        လူနည်းစု ခရိုနီ တွေနဲ ့ ချိုင်းနားတရုတ်တွေ ခိုးထုတ်နေတဲ့ သယံဇာတကလည်း တကိစ္စပေါ့နော်….
        ကျုပ်ကတော့ ဘယ်သူကိုမှ မမုန်းချင်ပါဖူး….
        ၈၂ ဥပဒေ ပြင်သင့်တယ်ဆိုလည်း ပြင်ပေါ့….
        ဒါပေမယ့် အများအမြင် ကျုပ်တို ့လို ့ လူပိန်းအမြင်မှာတော့….
        ဘင်္ဂလားနဲ ့ချိုင်းနား ကိစ္စတွေက လဝကနဲ ့ခြစားမှူကြောင့်လိုပဲမြင်တယ်……
        ၈၂ ဥပဒေပြင်မယ်ဆိုရင် ပြင်လိုက်ရင် ဘယ်လိုအားကောင်းမယ်ဆိုတာကို အရင်ချပြဖို ့လိုမယ်ထင်ပါတယ်…..
        မဟုတ်ရင်တော့…. အိုင်တီသမားတွေကို ရုံးဝန်ထမ်းတွေက ဂြိုလ်သားလို ့မြင်ပီး ရုံးဝန်ထမ်းတွေကို အိုင်တီသမားတွေက ကျောက်ခေတ်လူသား မြင်သလို ဖြစ်နေပါလိမ့်မည်….
        တနည်းအားဖြင့် ကီးမကိုက်ဖူးပေါ့…….

        အခုက လူတွေက နားမလည် ပါးရိုက် လုပ်တာတွေများလွန်းလို ့ ဘာပြောပြော ဘူးခံတာပဲ အကျင့်ပါနေကြောင်း………..
        လွတ်တော်အများစုကလည်း ကြံ့ခိုင်ရေးနဲ ့ စစ်တပ်က ဦးစီးနေတာကတကြောင်း…..
        ဒေါ်စုကိုယ်တိုင်က မေမေကြီး စောင့်ရှောက်ပေးမယ်ဖြစ်နေတာကတကြောင်း….
        ပြည်သူတွေက အရေခွံပါးနေတာကတကြောင်း…..
        ၈၂ ဥပဒေကို ပြင်ရန် လိုအပ်သော်လည်း လွတ်တော်သည် ပြည်သူရဲ့ ယုံကြည်မှူကို ရယူရန် ပိုမိုလိုအပ်ကြောင်း…..
        ဥပဒေကို နှစ်ပေါင်းများစွာ ကစားလာသည့်အတွက် ဥပဒေဝန်ထမ်းများကအစ အရည်းအချင်းနည်းပါးနေသည်ကလည်း အကြောင်းအရာတခုဖြစ်ကြောင်း……
        လိုအပ်သည်လို ့ပြောတဲ့သူအများစုကလည်း နိုင်ငံခြားမှ လူများသာဖြစ်နေသောကြောင့် သူတို ့ပြောသမျှသည် ပြည်ပမှ အထင်သာဖြစ်ကာ ပြည်တွင်းမှ လူများရဲ့ ခံစားချက်ကို နားမလည် နိုင်ဟု အများက ယူဆထားသဖြင့် ပြောင်းလဲရန် မလွယ်ကူကြောင်း……

        အကြောင်းကြောင်း အားလုံးကို စုစည်းလျှင် လိုအပ်နေတာသည်…. ယုံကြည်မှူသာဖြစ်ကြောင်း….

        ခင်လျက်
        တိမ်မည်း

  • timothy

    April 24, 2013 at 3:38 pm

    Yes, I fully support Daw Aung Sann Suu Kyi`s proposal to establish Rule of Law in Burma.
    If the unemployed drunkard or the king break the law, ” everyone is equal under the long arms of the rules” will apply.
    The accused will be booked to jury. The president or the lowest ranking clerk will be prosecuted if the jury found out the guilty acts beyond the reasonable doubts.
    Can you cross the border illegally without obstacles into the USA, or UK?
    Could you bribe the immigration officer to obtain the citizenship illegally in the first world states? Could you lie to police? Could you bribe the judge and put them in your pocket? They all had happened in Burma under the 50 years of the military dictatorship.
    Yes there is illegal immigrants of millions in the first world states. They have to lives illegally in the states, keeping the law-enforcement agents miles away, and effectively became worse-than second class citizens. They have to endure stages of self-imposed discriminations in any imaginable means.
    There is thousands of illegal immigrants in Burma who befriends with the authorities. They became cream of the abnormal society in Burma.
    Burma need Rule of Law.

  • မောင်ခိုင်မာ (စမ်းချောင်း)

    April 24, 2013 at 3:38 pm

    ဆွေးနွေးမှုများအတွက် ကျေးဇူးပါ..သူဂျီးက ပိုများနေသလိုပဲ 🙂
    ကျန်တဲ့လူတွေလည်း လုပ်ကြပါဦးဗျ..

    • kai

      April 24, 2013 at 4:18 pm

      ဒေါ်အောင်ဆန်းစုကြည်က.. ကမ္ဘာနိုင်ငံတွေတော်တော်များများ ပတ်ဖူးပြီး.. ဦးနေဝင်းတဖက်လှည့်နဲ့ပ,ထုတ်လိုက်တဲ့.. မြန်မာပြည်သစ်ဖခင်(ဦးအောင်ဆန်း)ရဲ့.. မိသားစုဝင်..။
      မြန်မာနိုင်ငံသားကိုလုံးဝမစွန့်လွှတ်ပဲ စွဲကိုင်ပြီးနိုင်ငံကြီးတွေရဲ့.. လဝကဥပဒေတွေကြား နေသွားဖူးတဲ့သူ..
      လဝကနဲ့.. နိုင်ငံသားဥပဒေတွေအကြောင်း.. ကိုယ်တိုင်ခံစားတွေ့ကြုံဖူးတာမို့.. သူ့ထက်သိတဲ့သူတောင်.. သူ့လောက်မသိနိုင်ဘူး.. ပြောရင်ရတယ်..။

      ဆိုတော့..
      သူ့ကိုပုံပြီးသာယုံလိုက်ပါလို့ပဲ.. ပြောချင်မိတော့တယ်..။ :harr:
      ကျန်တာတော့.. ဒေါ်စုကိုယ်တိုင်လာရှင်းမှဖြစ်တော့မယ်.. ဖြစ်ပါကြောင်း..

      • တိမ်မည်း

        April 24, 2013 at 4:57 pm

        သဂျီးကလည်း ဒေါ်စု အီးမွေးကို ဂဇက် အင်ဗိုက်တေးရှင်းလေတာ ပို ့လိုက်ပေါ့…..
        :harr: :kwi:

  • Foreign Resident

    April 24, 2013 at 4:35 pm

    အဘ သဘောထားကတော့ ။

    ၁ ။ Principle အရ ၁၉၈၂ ဥပဒေ ကိုပြင်ဆင်ရမှာကို ထောက်ခံပါတယ် ။
    ၂ ။ အမေစု ကို ထောက်ခံပါတယ် ။ လေးစားပါတယ် ။
    ၃ ။ သို့ပေမယ့် ၊ လက်ရှိ မြန်မာနိုင်ငံသား လူများစုကြီး ရဲ့ ၊
    ပညာရေး ၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှု ရေချိန် နိမ့်ကျလွန်းတာကြောင့် ၊
    ဒီ လမ်းကြောင်း ဟာ အတိုက်အခိုက် ၊ အကျအဆုံး များမယ်လို့ ထင်ပါတယ် ။

    အဲဒီတော့ မြန်မာနိုင်ငံဟာ နောက် နှစ် အတော်ကြာကြာ အထိကို ၊
    နိုင်ငံတကာ ရဲ့ အမြင်မှာ အရှက်တကွဲ နှင့်ပဲ ၁၉၈၂ ဥပဒေ ကို ၊
    ဆက်ကိုင်သွားမယ်လို့ ထင်ပါတယ် ။

  • အရီးခင်လတ်

    April 24, 2013 at 7:03 pm

    {{ ဒေါ်အောင်ဆန်းစုကြည်က “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေသည် နိုင်ငံတကာအဆင့်မီသင့်တာပေါ့ရှင်” }}
    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကို ဘယ်လိုပြင်သင့်တယ် ဆိုတာ အသေးစိတ် ကို မချပြသေး တာမို့ အဲဒါကို ဝေဖန်ဖို့ စောသေးတယ်ထင်ပါတယ်။
    ပြင်မယ်ဆိုတာနဲ့ ဝိုင်းပြီး ခေါင်းခါတာ မှန်ချင်လဲမှန်ပါမယ်။
    မှားချင်လဲမှားပါမယ်။

    ဥပမာ-
    အခန်း ၄ ပုဒ်မ ၄၂ မှာတော့
    {
    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၏ အခန်း ၄ ပုဒ်မ ၄၂ တွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း ရောက်ရှိနေထိုင်သူနှင့် ထိုသူတို့မှ နိုင်ငံတော်အတွင်းမွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများနှင့် ဗဟိုအဖွဲ့သို့ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်ဟုပါရှိသည်။
    }
    ၁၉၄၈ ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၅နှစ် က ဆိုတော့ တစ်ချို့ ပစ္စည်းတွေတောင် ပြတိုက်ထဲ ရောက်ကုန်ပြီ ဆိုတာလေး နဲ့ အဲဒီခေတ်က ဆယ်ကျော်သက်တွေတောင် အသက်ထင်ရှား မရှိတော့တာ ဆိုတာလေး သတိပြုစေလိုပါတယ်။

    လူအခွင့်အရေးမို့ မြန်မာပြည်ထဲ ကို တံခါးမရှိ ဒါးမရှိ ဝင်ကြဟေ့ ဆိုပြီး ဖွင့်တယ်ဆိုရင်တော့ ဒါဟာ လုံးဝ ကန့်ကွက်ရမှာပါ။
    ဒါပေမဲ့ ဘာမှန်းမသိဘဲ ထိုင်ငြင်းနေမဲ့အစား ဘယ်လိုပြင်မယ်ဆိုတာ အသေးစိတ် အကျိုးအကြောင်းနဲ့ အတူ အရင်လာပါစေဦးလား။
    ကိုယ့်လူမျိုး၊ နိုင်ငံ ကို ထိခိုက်မဲ့ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည် လုပ်မှာမဟုတ်ဘူး လို့လဲ ယုံကြည်ပါတယ်။
    လုပ်လာရင်လဲ ဝိုင်းပြီး ဝေဖန် အကြံပြု ဖို့ဘဲ ရှိပါတယ်။
    ဒေါ်အောင်ဆန်းစုကြည် က မျက်စိပိတ်၊ နားပိတ်ထားသူမဟုတ်ဘဲ ပြည်သူတွေ ရဲ့အသံ နားထောင်တတ်သူလို့လဲယုံကြည်ပါတယ်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အသေးစိတ်သိသူများ ရှိရင် မျှပေးပါလား။
    ကျွန်မတော့ အားလုံး အသေးစိတ်မသိတာမို့ပါ။

  • ဦးဦးပါလေရာ

    April 25, 2013 at 1:28 am

    အဟွမ်း……. အဟွမ်း……
    လွတ်သွားတော့မလို့… ကံသီလို့ ပြန်ဖတ်မိတာပါကလား….
    ကျုပ်တို့ရဲ့ ချစ်စွာသောသဂျီးမင်း အသက်လေးထောက်လာလို့ ပမာဒလေခပြီး
    အမေ့မေ့အလျော့လျော့နဲ့ ရောချသွားတာလေး ပြန်ရှင်းပါရစေ….
    အမှတ်အသားမှားရင် ဒီပိုစ့်မှာ ဆိုလိုရင်းတွေ လွဲကုန်မှာစိုးလို့ပါနော်..။

    kai says:

    ………………………………..
    ဦးနေဝင်းလိုရာဆွဲလုပ်သွားတဲ့.. နိုင်ငံသားဥပဒေကြောင့်.. မြန်မာပြည်ထဲ ဘိုးဘွားစဉ်ဆက်မွေးကြီးပြင်းလာတဲ့.. မြန်မာစစ်စစ်တွေဟာ.. မြန်မာပြည်ကို သစ္စာမရှိ.. သစ္စာမခံနိုင်တာမျိုးတွေလည်းရှိတယ်..
    နို်င်ငံသားအခွင့်အရေးတန်းတူမရပဲ.. တရုတ်..ကုလား.. စသဖြင့်.. သွေးခွဲခံရတာတွေလည်းရှိတယ်..
    ပရိုပညာဆည်းပူးပြီး.. တိုင်းပြည်ထူထောင်ဖို့ရာမှာ..ပါဝင်နိုင်ဖို့.. ပိတ်စို့တားဆီးခံရတာတွေလည်းရှိတယ်..။
    ဆရာဝန်ကျောင်းတက်နေရက်.. အာင်ဂျင်နီယာကျောင်းတက်နေရက်က.. ကျောင်းထုတ်ခံရသူတွေအများကြီးရှိခဲ့ဖူးတယ်..

    အဲဒါ တွေဖြစ်ခဲ့တာ အမှန်ပါ။ ကိုယ်တွေ့ပါ…။
    ဒါပေမယ့် အဲဒါတွေက ၁၉၈၂ နိုင်ငံသားဥပဒေကြောင့်မဟုတ်ပါဘူး…။
    ၁၉၈၂ နိုင်ငံသားဥပဒေကို အမှန်တကယ်မကျင့်သုံးပဲ
    ကိုယ်ထင်ရာ ဥပဒေမဲ့လျှောက်လုပ်လို့ ဖြစ်ရတာပါ..။
    အဲဒီဥပဒေက ပေးထားတဲ့အခွင့်အရေးတွေကို
    လဝက က ရှုပ်ထွေးကြန့်ကြာစေတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ တမင်ဖျက်ဆီးဖေါက်ဖျက်ခဲ့ ဖေါက်ဖျက်နေတာ အခုအချိန်အထိပါ…။

    အဲဒီဥပဒေက ကျုပ်မှတ်မိသလောက်တော့
    နိုင်ငံခြားသားမိဘကမွေးရင် နိုင်ငံသားအဖြစ် အော်တို တန်းမပေးပဲ ခြားထားတဲ့သဘောပါ
    မျိုးဆက်တစ်ဆက်စာ ခြားထားတာပါ။
    အဲဒါက ရှည်လျှားလှတဲ့ နယ်စပ်မျဉ်းတစ်လျှောက်ကနေ တံခါးမရှိဓါးမရှိ မိသားစုလိုက်ဝင်လာပြီး ချက်ချင်းနိုင်ငံသားဖြစ်သွားမှာကို တားပေးပါတယ်။

    အဲဒီဥပဒေက နိုင်ငံသားဖြစ်ပြီးသား မည်သည့်လူမျိုးကိုမဆို
    မြန်မာပြည်တွင်းမှာ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့တဲ့ မည်သည့်လူမျိုးကိုမဆို
    (တရုတ်၊ ကုလား အပါအဝင်)
    ခွဲခြားဆက်ဆံဖို့ အခွင့်အရေးပိတ်ပင်ဖို့ မပြဌာန်းထားပါဘူး..။
    ပညာရေးဌာနအပါအဝင် အစိုးရဌာနအသီးသီးက တစ်ကျောင်းတစ်ဂါထာပြဌာန်းထားတဲ့
    လုပ်ထုံးလုပ်နည်းစည်းကမ်းတွေကသာ
    နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖေါက်ထားလို့
    အဲသလို ခွဲခြားဆက်ဆံမှု့တွေ အခွင့်အရေးပိတ်ပင်မှု့တွေဖြစ်ခဲ့တာဖြစ်ပါတယ်။
    ဥပမာ စိုက်ပျိုးရေးတက္ကသိုလ်တက်ဖို့ မိဘနှစ်ပါးလုံးနိုင်ငံသားဖြစ်ရမယ်လို့ ဘယ်ဥပဒေမှာမှမပါဘူး..။
    လက်ညှိုးတစ်ချောင်းထိုးပြီးထင်ရာလုပ်ခွင့်ရှိတယ်လို့ ကိုယ့်ကိုယ်ကိုထင်နေခဲ့တဲ့ အာဏာရူးတွေနဲ့ သူတို့နောက်လိုက်တွေကသာ အဲသလိုစည်းကမ်းကို ဥပဒေမဲ့ ပြဌာန်းခဲ့တာဖြစ်တယ်။
    အဲဒါကြောင့် စိုက်ပျိုးရေးတက္ကသိုလ်တက်နေရင်း မစ်တမ်းစာမေးပွဲအပြီး ကျောင်းထုတ်ခံရပြီး ရိုးရိုးဝိဇ္ဖာသိပ္ပံ အစကပြန်တက်ရတဲ့သူငယ်ချင်းတွေဆို –
    စိုက်ပျိုးရေးပညာရှင်မဖြစ်ပဲ ကျောင်းထွက် ကုန်သည်လုပ်ရင်း သူဌေးဖြစ်ကုန်လို့
    ပါတီဥက္ကဌပဲ့ယာကြီးကို (ကိုယ့်အမျိုးချင်းစောင့်ရှောက်ပါပေတယ်ဆိုပြီး) ကျေးဇူးတင်ကြရပါတယ်။
    :kwi:

    • kai

      April 25, 2013 at 2:58 pm

      The end justifies the means တဲ့..
      ရလဒ်ကြည့်ပြီးဆုံးဖြတ်ရရင်.. အဲဒီဥပဒေကြောင့်အဲလို.. အကျိုးဆက်တွေဆင့်ကဲဖြစ်လာတာလို့ပါပဲ..
      ကျုပ်သူငယ်ချင်းတယောက်များ တက္ကသိုလ်၅တန်းနှစ်ရောက်တော့မှ.. ဧည့်နိုင်ငံသား..ဘာညာတွေပေါ်လာပြီး.. နောက်ကနေလိုက်..ကျောင်းထုတ်တာ..
      ဒါက.. ဝန်ကြီးကထအမိန့်ပေးတယ် ဆိုကြပေမယ့်.. ထုတ်ထားတဲ့.. ဥပဒေအရပဲ..။

      အဲဒီ ၈၂ဥပဒေထဲ.. နိုင်ငံသား..ဧည့်နိုင်ငံသား..နိုင်ငံသားပြုခွင့်ရသူဆိုပြီးရှိတယ်..
      အဲဒါကို.. ဟိုဖက်ဒီဖက်.. လှည့်ပါတ်တွဲကြည့်.. ၃ ရဲ့ဖက်တိုရီရယ်..(3!)= 6 … ၆စုံထွက်လာပါသဗျ..

      pyithuhluttaw.gov.mm/sites/default/files/…/09/…/4th_Q_22.8.2012.pdf

      ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၅ နှင့်ညီညွတ်သည့်
      တိုင်းရင်းသားနှင့် တိုင်းရင်းသားမိဘ နှစ်ပါးမှ မွေးဖွားသည့် နိုင်ငံသားများ ပုဒ်မ ၆ အရ ၁၉၈၂ ခုနှစ်
      မြန်မာနိုင်ငံသားဥပဒေအာဏာတည်သည့် (၁၅-၁၀-၁၉၈၂) ရက်နေ့မတိုင်မီ နိုင်ငံသားဖြစ်ပြီးသူများ ၁၉၈၂
      ခုနှစ် မြန်မာနိုင်ငံသားဥပဒေအာဏာတည်ပြီးမှ မွေးဖွားသည့် ပုဒ်မ ရ နှင့် ကိုက်ညီသူ (က)
      နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသူများ (ခ) နိုင်ငံသားနှင့် ဧည့်နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများ (ဂ)
      နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ နှစ်ပါးမှမွေးဖွားသူများ (ဃ) ဧည့်နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော
      သားသမီးနှင့် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ
      မွေးဖွားလာသူများ (င) နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် နိုင်ငံသား သို့မဟုတ်
      ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူမိဘနှစ်ပါးမှ မွေးဖွားသူများ (စ) ဧည့်နိုင်ငံသားနှင့်
      နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသော သားသမီးနှင့် နိုင်ငံသား (သို့မဟုတ်) ဧည့်နို်င်ငံသား
      သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား
      ထုတ်ပေးရပါတယ်။

      အဲဒါကို.. တိုင်းရင်းသားတွေ…. မှတ်ပုံတင်မလုပ်ထားမိတဲ့သူတွေ.. အမြဲတန်းနေထိုင်ခွင့်.. ဘာညာဗီဇာစနစ်တွေနဲ့ထပ်တွဲလိုက်ရင်.. နိုင်ငံသားဥပဒေကို.. နိုင်ငံသားတွေမပြောနဲ့.. လဝကအရာရှိကိုယ်တိုင်တောင်.. ဘာတွေဖြစ်နေကုန်မှန်းသေသေချာချာ..သိတော့မှာကိုမဟုတ်ဖူး..
      ဒီခေတ်မှာ.. မြန်မာနို်င်ငံသားဖြစ်နေပြီးမှ.. နိုင်ငံခြားတိုင်းပြည်မှာ နိုင်ငံသားဖြစ်နေသူတွေ..။ အဲဒီကနေမွေးတဲ့ကလေးတွေ..။ နိုင်ငံခြားသားနဲ့ရပြီးမွေးတဲ့ကလေးတွေ..။ ထိုင်းနယ်စပ်မှာမွေးသူတွေ.. ပြောင်းခိုသူစခန်းမှာမွေးသူတွေ..။ ထိုင်း.မလေးရှားမှာ.. မြန်မာတိုင်းရင်းသားကနေမွေးသူတွေ.. ထပ်တိုးနေသေးတယ်..။
      သိန်းဂဏန်း..သန်းဂဏန်းနော..။

      အဲဒါနဲ့..
      အခုလိုဖြစ်နေသတည်းပေါ့…
      ၈၂က စခဲ့တာ.. အခု.. ၂၀၁၃.. နှစ်၃ဝကျော်ထဲ.. မြန်မာပြည်ထဲ.. နို်င်ငံသားရေးရာမှာ.. ဘာတွေဘယ်လိုဖြစ်နေသလည်း.. ကြည့်ရင်ကို… ဒီဥပဒေဟာ..အလွန်တရာကို ချို့ယွင်းချက်အပြည့်နဲ့.. မပြည့်မစုံးနဲ့လို့.. မြင်သာသိသာပါတယ်..

      ပြင်ကြပါစို့…။ :kwi:

  • phoe cho

    April 25, 2013 at 3:16 pm

    အကယ်လို့ သင်သာဦးသန်းရွှေနေရာဆိုရင်ဘယ်လိုပြေားမလဲ?လူူတွေသေရင်ဝမ်းသာနေမှာလားခေါင်ဆောင်ကောင်းသည်ခေါင်းဆောင်ကောင်းလိုတွေးလိမ့်မည်။
    လူသည်လူဖြစ်သည်။ကောင်းခြင်းဆိုးခြင်းသည်စိတ်နှင့်သာဆိုင်သည်။
    မြန်မာပြည်မို့လို့မြန်မာလူမျိုုးပဲနေရမယ်ဆိုရင်တရားရဲ့လား။
    သူများနိုင်ငံရောက်နေတဲ့မြန်မာတွေကိုသူများကနှိုပ်စက်ရင် သင်တရားတယ်လို့ပြေားမလာ။

  • phoe cho

    April 25, 2013 at 3:20 pm

    အစေားကြီးကတည်းကသူများနိုင်ငံလိုဥပဒေတိတိကျကျရှိရင်ဘားမှဖြစ်လာစရာမရှိဘူး

  • phoe cho

    April 25, 2013 at 3:36 pm

    မည်သည့်ဥပဒေရှိရှိသင် ရဲ၊မော်တော်ပီကယ်၊သိုမဟုတ် အာဏာရှိသူတဦးဦးနှင့်ပြဿနာတက်ကြည့်ပါသင်မှန်မှန် မှားမှား သင်မှားလိမ့်မည်
    ဥပဒေကိုသင်ယုံသလား

Leave a Reply