နှလုံးသွေး အေးဆက်နေတဲ့

မင်းတို့ရဲ့လက်တွေက

မသိနားမလည်သေးတဲ့

ကလေးငယ်တွေရဲ့စိတ်ဓာတ်ကို

သံချေးတက်အောင် မင်းလုပ်နေတာလား

အနာဂတ် အလင်းရောင်အောက်မှာ

ပျောက်ရှနေတဲ့ သူတို့လေးတွေရဲ့စိတ်ကို

မင်းအလေးထားပေးစေချင်တယ် သူငယ်ချင်း

ရိုင်းတာကလွယ်ပေမယ့်

ယဉ်ကျေးမှုပျောက်တော့မယ့် ငါတို့ တိုင်းပြည်လေးကို

ငြိမ်းချမ်းရေး ပန်းခင်းလေးဖြစ်အောင် မင်းပျိုးမပေးနိုင်သေးဘူးလားကွာ

မျိုးစေ့တိုင်းက အောင်ပြီးသားပါ လယ်ယာကောင်းအောင်ပြင်ထားပေမယ့်

မင်းပျိုးလိုက်တဲ့ မျိုးလေးက သံယောဇဉ် မိုးအေးလေးတွေနဲ့တွေ့ရင်လေ

မင်းပျော်နိုင်လောက်ပါတယ် တစ်နေ့မှာ ဖြစ်ပေါ်လာမယ့်

အပင်ရဲ့ အရိပ်အောက်မှာ မင်းတစ်ခေါက်ခိုနားနိုင်မယ်ဆိုရင်

မျိုးဆက်တိုင်းလဲ ကြည်နူးမဆုံးပြီမို့ သွေးစာနေတဲ့

မင်းရဲ့လက်တစ်စုံကို အေးချမ်းတဲ့ တရားသံတွေအောက်မှာ

ဆယ်ဖြာမိုးဦးညွတ်ရင်း ငြိမ်းချမ်းပါစေလို့

ငါဆုတောင်းပေးလိုက်ပါတယ်ကွာ

                                                   ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..

   Send article as PDF