အချစ်မဲ့ဝိုင်
ငြိမ်သက်နေတဲ့ အခန်းငယ်ထဲမှာ
အခုတော့ တစ်ယောက်ထဲ ဆွေးကျန်ရင်း
ပြင်းရှရှ ဝိုင်တစ်ခွက်အလည်မှာ
ငါ့ ဦးနှောက်တွေ ယစ်မူးနေရောပေါ့
အဖော်မဲ့နေတဲ့ ဂစ်တာလေးလဲ
ဟောင်းနွမ်းအတိနဲ့ ယိုင်နေတဲ့ သံဇဉ်တွေကြားမှာ
ငါရဲ့အသံကို ဘယ်လိုအစပျိုးရတော့မလဲချစ်သူ
လွမ်းနေရော့မလား စန်းရေတွေအောက်မှာ
အပန်းမဖြေနိုင်တော့တဲ့ ငါ့ရဲ့ နွမ်းနေတဲ့ နှလုံးသားလေးလဲ
အခုတော့ အနမ်းမဝေနိုင်တော့ပါလားလေ
ချစ်သူရယ် ငါလွမ်းတိုင်း တစ်ခါ ငိုရတော့မယ်ဆိုရင်
အခုဆို မိုးစက်တွေဆိုရင်လေ ငါ့အသည်းတွေပါလားလို့
မင်းတွေးလောက်ပြီပေါ့နော်
အထီးကျန်နေတဲ့ ထိုအခန်းငယ်လေးရဲ့ နောက်မှာ
မင်းလောက်တစ်ယောက် ရောက်နှင့်နေမယ်ဆိုရင်
အဖော်ပြုနေတဲ့ဝိုင်လေးလဲ ပြိုလုလုဖြစ်တည်နေပြီပေါ့…………….
ပိတောက်မိုး
လွမ်းတိုင်း မငိုနဲ့ဗျာ ….
ငိုရင် မျက်ရည်ကျလိမ့်မယ် …
မျက်ရည်က ငန်တယ် …
ခင်ဗျား ပါးပြင်တွေကို
ခပ်ချာချာ အငန်ဓာတ်တွေနဲ့တော့ မထိတွေ့စေနဲ့လို့ ….
Was this answer helpful?
LikeDislikeအငန်ဓာတ်နဲ့မထိစေချင်ရင် မငိုခိုင်းတာနဲ့တင်ရသေးဘူး
beach ပါမသွားခိုင်းမှရမှာ
beach မှာရေကူးရင်လည်း အငန်ဓာတ်နဲ့ထိမှာပဲလေ တိုတိုအံရဲ့ ဟိဟိ
အားပေးသွားပါတယ် ကိုပိတောက်မိုးရေ
Was this answer helpful?
LikeDislikeအန် ….
အဲ့ဂလိုဂျီးလား … ဟီးး
ဟုတ်ဒေါ့ ဟုတ်ဒါးဘဲ ….
Was this answer helpful?
LikeDislikeကောင်းပါပြီတဲ့ဗျာ
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
Was this answer helpful?
LikeDislikeအကျင့်ပါ နေလို့ တစ်ခုအရင်ပြောမယ်
စန်းရေ မဟုတ်ဘဲ စမ်းရေ ဖြစ်မလားလို့ဗျ
အဖော်ပြုနေတဲ့ ဝိုင်လေးကိုတော့ မြန်မြန် အနားပေးလိုက်ပါဗျာ
သူ့ခမျာ မောနေရှာမပေါ့
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ်
Was this answer helpful?
LikeDislikeလွမ်းတိုင်းတော့ ငိုပါနဲ့နော်
နွေရောက်ပီဆိုတော့ ရိုးရိုးရေလည်း ရှားနေပီမို့ မျက်ရည်လေးကိုလည်း နှမျောသင့်ပါကြောင်းး
Was this answer helpful?
LikeDislikeဝိုင်သောက်ချင်လာပါသီ
Was this answer helpful?
LikeDislikeဟီး..နာရောပဲ… သောက်ချင်စိတ်ကို ဖျောက်..ဖျောက်.. မိန်းမ… ခိခိ..
ကဗျာလေးက ကောင်းပါတယ်ရှင့်.. မွန်မွန်လည်း ကာရန်လေးတွေချိတ်ပြီး ရေးတာကို သဘောကျတယ်…
ကဗျာတွေကို ဖတ်ဖြစ်ပါတယ်.. ဆက်ရေးပါနော်..
Was this answer helpful?
LikeDislikeချစ်သူတစ်ယောက်။
ဝိုင်တစ်ခွက်။
ပါမုန့်တစ်လုံး။
ဂစ်တာတစ်လက်
Was this answer helpful?
LikeDislikeဂစ်တာတစ်လက်
အရက်ကတစ်စည်
မိန်းမလှလေးကတစ်ယောက်…. လိုချင်တာ
ခုတော့…
ရင်မှာအအက်
အရက်လိုက်မမှီ
မိန်းမလှလေးကပျောက်…
Was this answer helpful?
LikeDislike