အချစ်မဲ့ဝိုင်

ကာရံApril 23, 20131min15811

ငြိမ်သက်နေတဲ့ အခန်းငယ်ထဲမှာ

အခုတော့ တစ်ယောက်ထဲ ဆွေးကျန်ရင်း

ပြင်းရှရှ ဝိုင်တစ်ခွက်အလည်မှာ

ငါ့ ဦးနှောက်တွေ ယစ်မူးနေရောပေါ့

အဖော်မဲ့နေတဲ့ ဂစ်တာလေးလဲ

ဟောင်းနွမ်းအတိနဲ့ ယိုင်နေတဲ့ သံဇဉ်တွေကြားမှာ

ငါရဲ့အသံကို ဘယ်လိုအစပျိုးရတော့မလဲချစ်သူ

လွမ်းနေရော့မလား စန်းရေတွေအောက်မှာ

အပန်းမဖြေနိုင်တော့တဲ့ ငါ့ရဲ့ နွမ်းနေတဲ့ နှလုံးသားလေးလဲ

အခုတော့ အနမ်းမဝေနိုင်တော့ပါလားလေ

ချစ်သူရယ် ငါလွမ်းတိုင်း တစ်ခါ ငိုရတော့မယ်ဆိုရင်

အခုဆို မိုးစက်တွေဆိုရင်လေ ငါ့အသည်းတွေပါလားလို့

မင်းတွေးလောက်ပြီပေါ့နော်

အထီးကျန်နေတဲ့ ထိုအခန်းငယ်လေးရဲ့ နောက်မှာ

မင်းလောက်တစ်ယောက် ရောက်နှင့်နေမယ်ဆိုရင်

အဖော်ပြုနေတဲ့ဝိုင်လေးလဲ ပြိုလုလုဖြစ်တည်နေပြီပေါ့…………….

                                           ပိတောက်မိုး

11 comments

  • လွမ်းတိုင်း မငိုနဲ့ဗျာ ….
    ငိုရင် မျက်ရည်ကျလိမ့်မယ် …
    မျက်ရည်က ငန်တယ် …
    ခင်ဗျား ပါးပြင်တွေကို
    ခပ်ချာချာ အငန်ဓာတ်တွေနဲ့တော့ မထိတွေ့စေနဲ့လို့ ….

    • သူကလေး

      April 24, 2013 at 5:03 pm

      အငန်ဓာတ်နဲ့မထိစေချင်ရင် မငိုခိုင်းတာနဲ့တင်ရသေးဘူး
      beach ပါမသွားခိုင်းမှရမှာ
      beach မှာရေကူးရင်လည်း အငန်ဓာတ်နဲ့ထိမှာပဲလေ တိုတိုအံရဲ့ ဟိဟိ

      အားပေးသွားပါတယ် ကိုပိတောက်မိုးရေ

  • padauk moe

    April 23, 2013 at 8:06 pm

    ကောင်းပါပြီတဲ့ဗျာ

    အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

  • Mr. MarGa

    April 23, 2013 at 8:28 pm

    အကျင့်ပါ နေလို့ တစ်ခုအရင်ပြောမယ်
    စန်းရေ မဟုတ်ဘဲ စမ်းရေ ဖြစ်မလားလို့ဗျ
    အဖော်ပြုနေတဲ့ ဝိုင်လေးကိုတော့ မြန်မြန် အနားပေးလိုက်ပါဗျာ
    သူ့ခမျာ မောနေရှာမပေါ့

  • padauk moe

    April 23, 2013 at 8:31 pm

    ကျေးဇူးတင်ပါတယ်

  • အရိပ်စစ်

    April 23, 2013 at 8:43 pm

    လွမ်းတိုင်းတော့ ငိုပါနဲ့နော်
    နွေရောက်ပီဆိုတော့ ရိုးရိုးရေလည်း ရှားနေပီမို့ မျက်ရည်လေးကိုလည်း နှမျောသင့်ပါကြောင်းး

  • လူကလေး

    April 24, 2013 at 10:26 am

    ဝိုင်သောက်ချင်လာပါသီ

    • GaviaGirl

      April 24, 2013 at 6:08 pm

      ဟီး..နာရောပဲ… သောက်ချင်စိတ်ကို ဖျောက်..ဖျောက်.. မိန်းမ… ခိခိ..

      ကဗျာလေးက ကောင်းပါတယ်ရှင့်.. မွန်မွန်လည်း ကာရန်လေးတွေချိတ်ပြီး ရေးတာကို သဘောကျတယ်…
      ကဗျာတွေကို ဖတ်ဖြစ်ပါတယ်.. ဆက်ရေးပါနော်..

  • KZ

    April 24, 2013 at 11:35 am

    ချစ်သူတစ်ယောက်။
    ဝိုင်တစ်ခွက်။
    ပါမုန့်တစ်လုံး။
    ဂစ်တာတစ်လက်

    :mrgreen:

  • kyeemite

    April 24, 2013 at 3:36 pm

    ဂစ်တာတစ်လက်
    အရက်ကတစ်စည်
    မိန်းမလှလေးကတစ်ယောက်…. လိုချင်တာ
    ခုတော့…
    ရင်မှာအအက်
    အရက်လိုက်မမှီ
    မိန်းမလှလေးကပျောက်… :kwi:

Leave a Reply