ငြိမ်းချမ်းသော မငြိမ်းချမ်းနိုင်တော့ သော ကန်သာ အင်းလေး

ကထူးဆန္းMay 4, 20133min18310
ကိုတံငါများ နှင့်  ဟိုတယ်စီမံကိန်း
ကိုတံငါများ နှင့် ဟိုတယ်စီမံကိန်း
အကောင်အထည်ဖော်နေတဲ့ စီမံကိန်း မြေနေရာ
အကောင်အထည်ဖော်နေတဲ့ စီမံကိန်း မြေနေရာ
အင်ကြင်းကုန်းရွာ လှေ အဝင်လမ်း
အင်ကြင်းကုန်းရွာ လှေ အဝင်လမ်း
လှမ်းမြင်ရတဲ့ လုပ်ငန်းခွင် တစိတ်တဒေသ
လှမ်းမြင်ရတဲ့ လုပ်ငန်းခွင် တစိတ်တဒေသ
အင်ကြင်ကုန်းရွာ လှေလမ်းမှ အဝင်
အင်ကြင်ကုန်းရွာ လှေလမ်းမှ အဝင်
အင်ကြင်းကုန်းရွုာ
အင်ကြင်းကုန်းရွုာ
ရွာသောက်သုံးရေကန် နှစ်ကန်ရှိပါသည်။
ရွာသောက်သုံးရေကန် နှစ်ကန်ရှိပါသည်။
one and only ရွာလယ်လမ်း
one and only ရွာလယ်လမ်း
မိုင်းသောက် ကားလမ်း အနောက်ဘက် ဟိုတယ် စီမံကိန်း တစ်ခု
မိုင်းသောက် ကားလမ်း အနောက်ဘက် ဟိုတယ် စီမံကိန်း တစ်ခု
အင်းထဲ မြေဖို့ပါတယ် ဆိုပြီး အတိုင်ခံရတဲ့ ဟိုတယ် စီမံကိန်း ။ အခုမြင်ရတာတော့ ကုန်းမာက အဆောက်အဦး ။ မိုင်းသောက်ကျေးရွာ
အင်းထဲ မြေဖို့ပါတယ် ဆိုပြီး အတိုင်ခံရတဲ့ ဟိုတယ် စီမံကိန်း ။ အခုမြင်ရတာတော့ ကုန်းမာက အဆောက်အဦး ။ မိုင်းသောက်ကျေးရွာ
ပေ၄ဝ မြင့်လို့ အင်းလေးမှာ ကန့် ကွက်ခံနေရတဲ့ ဟိုတယ်စီမံကိန်း။ အင်ကြင်းကုန်းရွာ။
ပေ၄ဝ မြင့်လို့ အင်းလေးမှာ ကန့် ကွက်ခံနေရတဲ့ ဟိုတယ်စီမံကိန်း။ အင်ကြင်းကုန်းရွာ။

သူကြီး server တော့ ကျွန်တော့်လို အဆင့်မမီတဲ့ ဒါ့ပုံတွေ နဲ့ အတော် လေးသွားရှာတော့မယ် ။

ကားလမ်း အရှေ့ဘက် တောင်ကုန်းပေါ်က အခု ဘူဒိုဇာထိုး အကွက်တွေ ဖော်နေတဲ့ စီမံကိန်း မပါ ကားလမ်း အနောက် ရေကန်စပ်မှာ လက်ရှိ ဟိုတယ် စီမံကိန်း ၁၄ လုံး ရှိနေပါသည် ။ မိုင်းသောက်နှင့် အင်ကြင်းကုန်း ရွာ ပါတ်ဝန်းကျင်မှာပါ .

ကားလမ်း အရှေ့ ဟိုတယ် စီမံကိန်းကတော့ တစ်ဧက ကို သိန်း ၈၅ဝ နဲ့ ရောင်းချပြီးပါပြီ ။ ၈ ဧက ၊ ၄ ဧက ၊ ၁ ဧက စသဖြင့် အကွက်တွေ ရိုက်ထားတယ် လို့ သိရပါသည် ။ ဝယ်ခွင့် ရတဲ့သူတွေ ကို အကွက်တွေ ကို မဲနိုက်ချပေးပါတယ် ။

ဘေးမဲ့ အနေနဲ့ သတ်မှတ်ထားသော ဒေသဖြစ်လို့ အခုလို တစ်ခါ ပလပ် လုပ်ကိုင်ခွင့်ပြုရတော့ သစ်တော ဌာန ကလည်း မြေတွေ ဆင်းတိုင်း ၊

ဆောက်လုပ်ရေးကလည်း လမ်းကို ပြည်ထောင်စုလမ်း အနေနဲ့ ချဲ့ မယ် ဆိုပြီး ၁၂ ပေလမ်းသာသာ ကနေ လမ်းနယ်ကို ၁၄ဝ ပေ ယူမယ်ဆိုပြီး လမ်းတစ်ဘက်တစ်ချက်ကို ပေ ၇ဝ စီ တိုင်းပြီး လမ်းနယ် အဖြစ် ကျောက်တိုင်လေးတွေ စိုက်နဲ့ ဆိုတော့

ခေတ်အဆက်ဆက် ဓားမဦးချ ပိုင်ခဲ့ သူတွေရဲ့ ကန့်ကွက်သံ ။တောက်ခေါက်သံ ။

ဝယ်ယူခွင့် ရလိုက်တဲ့သူတွေရဲ့ စိတ်ကူးယဉ် အိမ်မက်။

အဲ့ဒါ တွေကြားမှာ ဘဲ အင်းလေးကန် တစ်ဝိုက်မှာ တော့ ဘူဒိုဇာ သံ ၊ ထော်လာဂျီသံ ၊ မြေ အုတ်ကျောက်သယ်တဲ့ ကားသံ ၊ မြေလာကြည့်ကြတဲ့ သူဌေးတွေရဲ့ ကားသံ တွေ နဲ့ ရှုပ်ထွေး ပွေလီနေတဲ့ အချိန်မှာ ….

ဟိုး…. ကန်ထဲမှာလှေသွားနိုင်အောင် ရေလမ်းမိဖို့ မြောင်းဖောက်နေတဲ့ သူ ရဲ့ စိတ်ထဲ မော်တော်ဆိုင်ကယ် အရောင်းဆိုင်ဖွင့် ဖို့ စိတ်ကူးကောင်းစိတ်ကူးနိုင်တယ် ဆိုတာ ဘယ်သူပြောနိုင်မလဲ နော် ..

ကန်ရေပြင်က တစ်ဖြေးဖြေး ခန်းခြောက် လာနေပြီလေ ………..

၂-၅-၂၀၁၃

10 comments

  • surmi

    May 4, 2013 at 9:34 am

    ဗရာကြော် ပါဗျို ့
    ကွန်နက်ရှင်ကြောင့်ပုံတွေအားလုံးမမြင်ရပေမဲ့
    စိတ်မှန်းနဲ့ပဲ မျှော်ကြည့်သွားပါတယ် ။
    နှစ်ခြောက်ဆယ်သာငှားရမ်းနေထိုင်နိုင်ခွငမ့ရှိတဲ ့ နိုင်ငံသား /တိုင်းရင်သားများအဖို ့
    ဘာဘာ ဘာမှ မပိုင်ပါကြောင်း ….. သံဝေဂယူရင်း

  • ဦး ကျောက်ခဲ

    May 4, 2013 at 9:50 am

    စီမံကိန်းကိုတော့ ဘေးထိုင်ဘိုင်ကျ ဘာမှဘုမပြောလိုပါဘူး….
    ဒါပေမည့် ဟိုတယ်လုပ်ငန်းရှင်တွေကို ရေဝေရေလဲသစ်တောပြန်စိုက်တာ၊ အင်းထဲက နုံးဆယ်တာ၊ ရေလမ်းဖော်တာ၊ ဒေသခံတွေကို အလုပ်အကိုင်နေရာချပေးတာမျိုး တာဝန်ယူစေချင်တယ်။
    အင်းကိုမှီပြီး လုပ်စားကြမည့်သူအချင်းချင်း အသားချည်းကိုက်သွားတာမျိုး မဖြစ်သင့်ဘူး။
    ပြောမည့်သာပြောရတာ မောင်ကျောက်မိတ်ဆွေလင်မယား အင်းထဲသွားတာ အပြန်နောက်ကျလို့ ဒေါ်လာ၃၀ဝ ပေးပြီး ဟော်တယ်မှာ အိပ်ခဲ့ရသတဲ့။ ဗျင်းချက်…

    • ကထူးဆန်း

      May 4, 2013 at 5:17 pm

      ကြားမိသလောက်ကတော့ တစ်ဧက ၈၅ဝ မှာ မြေရှင်ကို ၁၅ဝ လျော်တယ် လို့ ပြောပါတယ် ။ ကျန်တာတော့ ဘယ်လို ခေါင်းစဉ်ခွဲ မလဲ မသိပါ ။ ပိုင်ရှင် ၁၈ ဦးကတော့ လက်မခံ သေးဘဲ ငြင်းပယ်ဆဲ လို့ ကြားသိရပါသည် ။
      အလုပ်အကိုင်နဲ့ ပါတ်သက်ရင်တော့ ဦးကျောက်ရေ .. လုပ်ငန်းရှင်တွေက အလုပ်ပေးချင်ကြပါတယ် ။ ဒေသခံ တွေ က မလုပ်ချင်တာ ။ မလုပ်တာ တွေ များလို့ အခြားဒေသများမှ လမ်းစားရိတ် စားစရိတ် ခံ ခေါ်လာရတာပါ ။

      မဟာရာဇာ ပြောသလိုမြစ်ထဲ ကနေ ပြန်မောင်းရအောင်လည်း မြစ်က ရေအရင်ခန်း နေပြီလေ .. :hee:

  • ကျန်ဒါဒေါ့ ဘာဂျာ ဘာမှ သိဝူးဂျာ ..
    ဟိုးနေ့များဆီက ဂျာနယ်ထဲမှာတော့ဖြင့်
    ဖောင်တော်ဦး အနီးတစ်ဝိုက် ..
    ရေတွေ ခန်းနေလိုက်ပုံများ …
    အတော်ဆိုးပါ့ ….
    နောက်ခါ အင်းလေးကန် ရေမခန်းရအောင်
    မြစ်ထဲက ရေတွေကို စက်တွေနဲ့ ဂျွိုင်းပြီး
    အင်းလေးကန်ထဲ ထည့်ဗျာ …
    ရွှေဉာဏ်တော် စူးရောက်ပုံ … ဟီးဟီး … :mrgreen:

  • မောင် ပေ

    May 4, 2013 at 12:15 pm

    အခုလာမယ့် ပွင့်လင်းရာသီ ရောက်ရင်
    အင်းလေး ကို သွားဖြစ်အောင် သွားမယ်ဗျို ့
    နောင်နောက် မရှိတော့ဖို ့ရာနှုန်းများနေတဲ့
    ကန်ကြီးကို ၊ သွားနှုတ်ဆက်ထားရမယ်
    နော…..ကထူးဆန်း

  • ခင်ခ

    May 4, 2013 at 2:00 pm

    အင်းလေးကန်တစ်ဝှိက်လည်း ခေတ်နဲ့အမှီ ဖြစ်လာပြီပေါ့လေ။
    မြေတွေသိမ်း လုပ်ကွက်တွေဖော် စီမံကိန်းနော် ………. အဲလိုတွေ လာချေပြီမို့လေ။

  • MaMa

    May 4, 2013 at 3:47 pm

    အင်းလေးရေခမ်းလာတာနဲ့ ဟိုတယ်တွေ တိုးတာနဲ့ ဘယ်လိုများ Balance ဖြစ်လာမလဲ မသိဘူးနော်။
    အင်းလေးနဲ့ ရေပြင်ကျယ် ဆက်စပ်နေလို့သာ ခရီးသွားလုပ်ငန်းတွေ တိုးတက်နေတာ။
    တိုးတက်လာမယ့် ခရီးသွားလုပ်ငန်းအတွက် ဟိုတယ်တွေ တိုးချဲ့နေတယ်။
    ရေပြင်ကျယ်က ခမ်းခြောက်လာရင် အင်းလေးဟာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးနိုင်ပါတော့မလား။

    သဘာဝရဲ့ သယံဇာတအနေနဲ့သော်လည်းကောင်း…….
    မီးခိုးမထွက်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့သော်လည်းကောင်း…..
    သဘာဝပတ်ဝန်းကျင်အလှအပနဲ့ ရာသီဥတုအတွက်သော်လည်းကောင်း……
    ရေမရှိတဲ့ အင်းလေးအတွက် ရင်မောလှပါဘိ။ :byae:

  • ရွှေ ကြည်

    May 4, 2013 at 5:05 pm

    ခရီးသွားလုပ်ငန်းအတွက် သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမှန်းမသိတဲ့တိုင်းပြည်။
    မလေးမှာ ရှိတဲ့သဘာဝအလှကို လည်ချင်ပတ်ချင်လာအောင် သေချာလေးလုပ်ထားတာ။
    ခရီးသွားတွေကိုစည်ကားလို့
    တို့နိုင်ငံလောက်မလှတာတွေတပုံကြီး တို့နိုင်ငံကတော့ နဂိုကလှနေရင်ဘယ်လိုဖျက်စီးရမလဲပဲတွေးနေတာ။

  • ရဲစည်

    May 5, 2013 at 3:39 pm

    အင်းလေး ခန်းသွားလဲ ပြဿနာမချိ …..
    အင်းတော်ကြီး ရှိသေးကြောင်း …………
    နောက်ဆုံးမရရင် … ရန်ကုန်က ငမိုးရိပ်ရေလှောင်တမံ၊ လှော်ကားကန်နဲ့ သာဓုကန်တို့ကို လှေတွေနဲ့ စည်ပင်အောင် လုပ်မည်ဖြစ်ကြောင်း၊ ….။
    ရွှေတိဂုံကဘုရားက တချို့တချို့တွေကိုတောင် နေပြည်တော်ရွှေ့လို့ရသေးတာ
    ဖောင်တော်ဦးဘုရားလဲ ရွှေ့လို့ရချင် ရမပေါ့ …. ခုခေတ် ခရုနီ ဝိဇ္ဇာ မင်းဆြာတွေက လွှတ်စွမ်းသကိုး ….။
    :harr: :kwi:
    ဒါမျိုးပြောတော့လဲ ကွမ်းစားထွေးပစ် ဆန်နေပြန်သကိုး …. ။

    နီကြဇေသတည်း …။

Leave a Reply