ဒေါ့မွန် vs ရီးရဲမက်ဒရစ်

မောင် ပေApril 24, 20131min18811

မင်္ဂလာပါ ခင်ဗျား…….

မနေ ့ညတုန်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ် ပထမကျော့ ဘိုင်ယန်မြူးနစ် နဲ ့ဘာစီလိုနာ ပွဲကို ပရိသတ်များ ကြည့်ရှုခဲ့ကြမလားတော့ မသိ ။
ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ် က ၄-ဝ နဲ ့နိုင်သွားပါတယ် ။

ကျုပ် မောင်ပေ ပထမပိုင်း ဘိုင်ယန် တစ်ဂိုးသွင်းပြီး ထအပြန် ၊ စိတ်ထဲတွေးမိလေးကတော့ ၊ ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီ ဟာ ဘာစီလိုနာ ကို ဖိုင်နယ် တော်တော်တက်စေချင်တာပဲရယ်လို ့။ ဟုတ်တယ်ဗျ ။ ပထမပိုင်း ဘိုင်ယန်ကနေ တိုက်စစ်မှူး သောမတ်စ်မူလာ ပထမဂိုး မသွင်းခင် ၊ ဘာစီလိုနာ ပင်နယ်တီ ဧရိယာထဲမှာ ဘာစီ ခံစစ်မှူး ဂျာရတ်ပီကေး လက် နဲ ့ဘောလုံး နဲ ့၂ကြိမ် ထိခဲ့တာကို ဒိုင်က လုံးဝ လျစ်လျှူရှုခဲ့ပါတယ် ။ တစ်ကယ်လို ့ အဲဒီလက်နဲ ့ဘောလုံးနဲ ့၂ကြိမ် ထိခဲ့တဲ့ဟာကို အနဲဆုံး တစ်ကြိမ်သာ ပင်နယ်တီ ပြစ်ဒဏ်ပေးခဲ့မယ် ဆိုရင် ၊ ဘိုင်ယန်မြူးနစ် အနိုင်ဟာ ၅-ဝ အောက်ထစ်ပါပဲ ။ နောက်ပြီး ပင်နယ်တီ ဧရိယာထဲမှာ လက်ထိဘောပြစ်ဒဏ်ဟာ အနဲဆုံး အဝါကဒ် ပြလို ့ရပါတယ် ။ သောက်မြင်ကတ်ရင် တိုက်ရိုက်အနီ ပြလဲ ပြန်စောဒက တတ်လို ့မရပါ ။

ကဲဗျာ..
ဒီကနေ ့ည ၁.၁၅ မှာ ကန်မယ့်
“ဒေါ့မွန်” နဲ ့“ရီးရဲမက်ဒရစ်” ပွဲစဉ်ကနေ ၊ ရသမျှ အချက်အလက်လေးတွေကို ပြောပြချင်ပါတယ် ။



*** ဒေါ့မွန် – ရီးရဲမက်ဒရစ် ***

ဒေါ့မွန် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့

20.4.2013 ဒေါ့မွန်၂-ဝ မိန် ့ဇ်
13.4.2013 ဂရုသာဖတ် ၁-၆ ဒေါ့မွန်
9.4.2013 ဒေါ့မွန် ၃-၂ မာလာဂါ (ချန်ပီယံလိဂ် ကွာတားဖိုင်နယ်)
6.4.2013 ဒေါ့မွန် ၄-၂ အော့စ်ဘတ်
3.4.2013 မာလာဂါ ဝ-ဝ ဒေါ့မွန် (ချန်ပီယံလိဂ် ကွာတားဖိုင်နယ်)

ရီးရဲမက်ဒရစ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့

20.4.2013 ရီးရဲမက်ဒရစ် ၃-၁ ဘက်တစ်
14.4.2013 ဘီဘာအို ဝ-၃ ရီးရဲမက်ဒရစ်
9.4.2013 ဂါလာတာစရေး ၃-၂ ရီးရဲမက်ဒရစ် (ချန်ပီယံလိဂ် ကွာတားဖိုင်နယ်)
6.4.2013 ရီးရဲမက်ဒရစ် ၅-၁ လီဗန်တေး
3.4.2013 ရီးရဲမက်ဒရစ် ၃-ဝ ဂါလာတာစရေး (ချန်ပီယံလိဂ် ကွာတားဖိုင်နယ်)

ဒေါ့မွန် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

22461_186x236
credit to www.goal.com

ဒေါ့မွန်ကွင်းလယ်ကစားသမား မာကို ရီရက်စ်

ဂိုး Weidenfeller

နောက် Piszczek • Subotić • Hummels • Schmelzer

လယ် Bender • Gündogan

လယ် Błaszczykowski • Götze • Reus

ရှေ ့ Lewandowski

*******

ရီးရဲမက်ဒရစ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ

13745_186x236
credit to www.goal.com
ရီးရဲကွင်းလယ်ကစားသမား အိုဇေး

ဂိုး López

နောက် Ramos • Pepe • Varane • Coentrão

လယ် Alonso • Khedira

လယ် María • Özil • Ronaldo

ရှေ ့ Higuaín

သည်နှစ်သင်း အုပ်စုအဆင့် မှာ အိမ်ကွင်းအဝေးကွင်း ကန်ခဲ့ဖူးပြီး ၊ ခြေစမ်းပွဲ တစ်ပွဲ ကန်ခဲ့ဖူးပါတယ်။
6.11.2012 ရီးရဲမက်ဒရစ် ၂-၂ ဒေါ့မွန်
24.10.2012 ဒေါ့မွန် ၂-၁ ရီးရဲမက်ဒရစ်
19.8.2009 ဒေါ့မွန် ဝ-၅ ရီးရဲမက်ဒရစ် (ခြေစမ်းပွဲ)

မာလာဂါ အသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ အခုညပွဲမတိုင်ခင်အထိ အိမ်ကွင်း အဝေးကွင်း ရှုံးပွဲမရှိ ကန်နိုင်ခဲ့တဲ့ တစ်သင်းထဲသော အသင်းဖြစ်ပါတယ် ။

ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမား အိုဇေး ဟာ ဂျာမနီ Dortmund’s Ruhr heartland မှာ မွေးခဲ့တဲ့သူပါ ။

ရီးရဲမက်ဒရစ် က ခရစ်စတီယာနိုရော်နယ်ဒို ဟာ သည်နှစ် ချန်ပီယံလိဂ်ရာသီမှာ ၁၁ဂိုး သွင်းထားပြီး ၊ နောက်ထပ် ၃ဂိုး ထပ်သွင်းနိုင်ခဲ့မယ် ဆိုရင် ၊ မနှစ် ချန်ပီယံလိဂ်ရာသီတုန်းက မက်ဆီ ရဲ ့သွင်းဂိုးအများဆုံး ၁၆ ဂိုး စံချိန်ကို မှီမှာပါ ။
သည်ရာသီမှာ မက်ဆီ ရဲ ့ချန်ပီယံလိဂ်သွင်းဂိုးကတော့ ၈ ဂိုး ရှိပါတယ် ။

ဒေါ့မွန် ရဲ ့အဓိက ကစားသမားအားလုံး ဒဏ်ရာကင်းစင် ၊ ပွဲပယ် မရှိပါဘူး ။
ရီးရဲ နောက်ခံကစားသမား အယ်ဘီလိုအာ ကတော့ ပွဲပယ်ထိနေပါတယ် ။ နောက်ခံလူ မာဆယ်လို ဟာ ဒဏ်ရာပြဿနာ ရှိနေပြီး ၊ ကွင်းလယ်လူ မိုဒရစ် နဲ ့ရှေ ့တန်းကစားသမား ဘန်ဇီမာ တို ့ကတော့ ဒဏ်ရာအသေးစားလေးတွေ ရထားလို ့၊ ပါမယ် မပါမယ် မသေချာပါဘူး ။

အခု သည်ပို ့စ် ကို ရေးနေချိန်မှာ အာရှဘက် ပေါက်ဈေးဟာ ဒဲ့ ဖြစ်နေပါတယ် ။
ဂိုးဈေးကတော့ သုံးဂိုးဆိုရင် ၅ဝ အနိုင်ပါ ။

မနေ ့ညကတော့ ၊ ဂျာမန်ထိပ်သီး နဲ ့စပိန်ထိပ်သီး တွေ ့ရာမှာ ဂျာမန်ထိပ်သီး က ဂိုးအပြတ် နဲ ့နိုင်သွားလို ့၊ ဒီနေ ့ည ထပ်တွေ ့ဆုံမှုမှာ ၊ ဂျာမန်ကပဲ အသာစီးရဦးမလား ၊ ဒါမှမဟုတ် စပိန်ကပဲ အသာစီးရသွားမလားဆိုတာ စောင့်ကြည့်ရမှာပါ ။

ကျုပ် မောင်ပေ ရဲ ့ခန် ့မှန်းချက်ကိုတော့ ညကြမှ ပဲ ကွန်မင့် နဲ ့လာပြီး ရေးပြပါမယ် ။

******* အားလုံး အောင်မြင် ပျော်ရွှင် နိုင်ပါစေ *******

11 comments

  • ရာမည

    April 24, 2013 at 2:57 pm

    ဒီနှစ် ဖိုင်နယ်ကန်မည့်ကွင်းနဲ့
    ဘယ်နိုင်ငံမှာလည်းဆိုတာ သိချင်ပါတယ် ။
    အကြိုက်ကတော ့ သရေသို ့မဟုတ် ဒေါ့မွန်ပါ ။ဂိုးနည်းမယ်ထင်ပါတယ်

    • ဖိုင်နယ် ကန်မယ့် ကွင်းက
      ဝင်ဘလေ လို့ ပေါဒါဗျဲ …

      ပေဂျီး …
      မူးနေဘီ ထင်ဒယ် ..
      ဒေါ့မွန် ပွဲဂို ဘယ့်နှယ့် မာလာဂါ ပါလာရဒါဒုံး …
      နီဘဲ မူးလား နာဘဲ မူးလားဒေါ့ သိဝူး .. :mrgreen:
      ကျုပ်ကဒေါ့ ဒီပွဲ ရီးယဲယ် ဘဲ …

      • မောင် ပေ

        April 24, 2013 at 6:36 pm

        မူးတော့ မမူးသေးပါဘူး မဟာအံကြီးရယ်
        ဘယ်လိုလုပ် မှားရေးမိမှန်းမသိပါဘူးစ်

  • Foreign Resident

    April 24, 2013 at 3:53 pm

    ညက ဘိုင်ယန် နှင့် ဘာစီပွဲ မကြည့်ဖြစ်တာ နာတာပဲ ။
    ၄ – ဝ ဆိုတော့ ၊ အားရသကွာ ။

    ဒီနေ့ပွဲတော့ မော်ရင်ညို ကိုကြိုက်လို့ ရီးရဲပဲ အားပေးမှာပဲ ။
    လောင်းတော့ မလောင်းပါဘူး ။

    • ရာမည

      April 24, 2013 at 4:00 pm

      ဘောပွဲတွေက ပြဇတ်လိုပဲ
      အဖြေကကြိုရှိပြီးသား
      အောဂျာမန် လို ့ယူဆမိတယ်
      ဒါမှ ဒိုင်စားရမှာ

    • ဟာဟ …
      ဘဖောရေ ..
      အဲ့ဒီပွဲ ရေလည် ကြည့်လို့ အားရသဗျာ …
      ခါတိုင်း အမြင်ကတ်လောက်အောင် တစ်ဖက်သတ် စီးထားတတ်တဲ့ အသင်း ..
      ဒီပွဲမှာ ဖွတ်ချပ် ဖွတ်ချပ်နဲ့ …..
      ဒီပွဲမျိုး ကြည့်ဖို့ဆိုတာ လွယ်ဒါ မီဟုတ်ဝူး …

      http://www.footytube.com/video/bayern-munchen-barcelona-apr23-172889?ref=tchan_ov_vidgrid

  • mobile

    April 24, 2013 at 7:24 pm

    ဘရာစီယာဒေါ့မန် နှင့် ယီရဲမက်ဒရစ် တို့ယှဉ်ပြိုင်ကစားကြမယ့် ယနေ့ညပွဲစဉ်ကို
    ကျုပ်ကတော့ ဒေါ့မွန် ကြိုက်သဗျာ…………
    အုပ်စုတွင် ယှဉ်ပြိုင်ခဲ့စဉ်က ဒေါ့မွန်ကွင်းမှာ ရီရဲက =60 ပေးခဲ့တာပါ။
    အခုဟာက ဒဲ့ပတ်ချာလည်ဆိုတော့ဂါ… ဒိုင်တွေအနေဖြင့်လည်း
    နာမည်ကြီး ရီရဲလ်ဖက်ကနေ =20 လောက်တော့ အရှဒိုင်ပေါက်ပေါက် မပေါက်ပေါက်
    ဖွင့်မယ်နဲ့တူတယ်… ဒီတော့ ဒေါ့မွန်သမားက ပြားစွန်းအချောင်ရသပေါ့………
    ဗမာငွေ နှစ်ထောင်ဖိုးလောက်တော့ ဒေါ့မွန်ဖက်ကနေ အေားလိုက်အုံးမယ်ဗျာ….
    xxxxxxxxxxxxxxxxxxx
    ယမန်ညက ပွဲစဉ်မှာတော့ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက
    ဘာစီလိုနာကို နှစ်သက်နေတာ…..ဈေးအနေအထားက သာမာန်ထက် ပိုနေတယ်ထင်လို့
    ဇဝေဇဝါဖြစ်ပြီး ဘာစီလည်းမချရဲ ဘိုင်ယံလည်း မချရဲဖြစ်နေတာ………
    နောက်ပိုင်းမှာ ကယ်တင်ရှင် လုံမဂလေး၏ အော်ဖာအရ ဘိုင်ယန်မြူးနစ်ကို
    မျက်စီမှိတ်ဆွဲထည့်လိုက်တာ….

  • မောင် ပေ

    April 24, 2013 at 9:02 pm

    ဒီနေ ့ည ဈေးအနေအထားကတော့ လုံးဝ ရေခဲတုံးပါပဲ
    မနေ ့တုန်းက လဲ ဒဲ ့အနေအထား ၊ နေ ့လည်တုန်းက အခု ပို ့စ်ကို ရေးတော့လဲ ဒဲ့အနေအထား
    ညပိုင်းဈေးမှာ
    ရီးရဲ ဘက်ကနေ ၁ဝ ပတ်ချာလည် ပါးပါးလေး အရှုံး ဖွင့်လာတာဟာ ၊ အိမ်ရှင် အောက်ကြေး လက်မနှေး နဲ ့လို ့တိုက်တွန်းနေသလို ပါပဲ ။
    သည်ပွဲအတွက်
    ကျုပ် မောင်ပေ့ စိတ်ကြိုက်ရွေးခြယ်မှုကတော့
    ရီးရဲမက်ဒရစ် သရေ အောက်ထစ် ကန်နိုင်မယ်လို ့ယုံကြည်မိပါတယ် ။
    အနိုင် ဆိုရင်လဲ ခြေစွမ်းပိုသာတဲ့
    “““ ရီးရဲမက်ဒရစ် ”””

  • uncle gyi

    April 24, 2013 at 11:20 pm

    ဘားစီထက်ရီရယ်ကအကုန်သာပါတယ်
    ဘားစီလိုတွက်လို့မဖြစ်ပါဖူး
    မော်ရင်ဟိုကိုအားပေးရမှာပါ

    • အရှင် သခင် ဆရာ ကိုယ်တော် mobile

      April 26, 2013 at 6:32 am

      အန်ကယ်ဂျီးပြောတာမှန်ဒယ်……
      ဘာစီက ၄-ဝ နဲ့ရှုံးတယ်…
      ရီရဲလ်က ၄-၁ ဆိုတော့ တစ်ဂိုးပြန်သွင်းနိုင်တယ်…..

  • we R one

    April 25, 2013 at 10:51 pm

    လောလောဆယ်တော့… ၄-၁ နဲ ငါ့အသည်းလေး အသည်းကွဲနေလေရဲ့… 🙁

Leave a Reply