နောက်ဆုံး ကဗျာ ……။

+++++++++++++++++++++++++++++++++++

 

ကမ္ဘာမှာ နေသာတဲ့ တစ်နေ့ …

“သူမ” ကို စတင် တွေ့ခဲ့ရသည် …

မြင်မြင်ချင်း ချစ်ခဲ့မိပါသည် ……….။

 

ရင်ထဲမှာ မိုးချိန်းသံတွေ ကြားရတဲ့အချိန်က

စည်းချက် မညီတဲ့ နှလုံးသားနဲ့

သူမ ထံ ချစ်သဝဏ်လွှာ ပါးခဲ့သည် ……။

 

လေနုအေးလေး တိုက်ခတ်တဲ့ နေ့က

သူမနဲ့ တွေ့ခွင့်ရခဲ့သည် ….

ဇွန်းတပ်ပြီး ပျော်ခဲ့သည် ……။

 

ရင်ထဲမှာ ကုလားဘုရား လှည့်တဲ့နေ့က

သူမ ထံ ဟန်ပန်မပါတဲ့ စကားနဲ့

တုံးတိတိ ချစ်ရေးဆိုခဲ့ ….

“ချစ်လို့” ……. တဲ့ ……။

 

ဒီလိုနဲ့ ….

ဒီလိုနဲ့ …….

နေသာတဲ့ ရက်တွေ ရှိခဲ့ …

မိုးတွေလည်း ရွာတတ်ခဲ့ …

နှင်းတွေလည်း ကျခဲ့ …

အိုဗျာ .. အစုံ ပလုံပေါ့ဗျာ …….။

 

ဒီလိုနဲ့ …….

ဒီလိုနဲ့ ………….

{{ဟို အရူးခန်းကိုတော့ ဖြတ်}} ………။

 

ဒီလိုနဲ့ …….

ဒီလိုနဲ့ ………….

နောက်ဆုံး …

ဘက်မမျှတဲ့ ချစ်ခြင်းတရားကို

ဥပက္ခာပြုဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ် …

ကြာရင် ငါ သေလိမ့်မယ် ….။

 

ဒီလိုနဲ့ …….

ဒီလိုနဲ့ ………….

သူမကို ခပ်ပါးပါး ပဝါစလေးနဲ့ သိမ်းထုပ်လို့

နှလုံးသားရဲ့ ထောင့်လေးနားမှာ

ခပ်ဖွဖွလေးသာ ထားလိုက်တော့တယ် …

“မင်းကို ရူးလောက်တဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ဖူးတယ်” ………။

 

+++++++++++++++++++++++++++++++++++

+++++++++++++++++++++++++++++++++++

19 comments

  • ဦး ကျောက်ခဲ

    May 2, 2013 at 8:49 am

    ဟီ ဟိ လှော်ပေးလိုက်မယ်…
    “မင်းကို ရူးလောက်တဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ဖူးတယ်” ………ဆိုတော့
    မေးပါရစေ….
    “အခုရော ရူးမတတ် ချစ်သေးရဲ့လားဟင်..ဟင်” … အား ဟိ
    :harr:

    • surmi

      May 2, 2013 at 9:39 am

      အချစ်ဦးမဟုတ်ခဲ ့ပေမယ် ့
      အချစ်ရူး ရူးခဲ ့သူပါ ခင် …….. ။

      ခင် မသိပေမယ် ့
      ခင် သိစေဖို ့ရည်စူး
      ကဗျာတွေနဲ့ရူးခဲ့
      သန်းကောင်ကျော်ညဥ့်နက်ထဲ
      အိမ်မက်တွေနဲ့ရူးခဲ့
      အိပ်ရာဝင် အိပ်ရာထ
      အတွေးများနဲ့ရူးခဲ့
      အပေါင်းသင်းတွေကြား
      သတင်းစကားတွေနဲ့ရူးခဲ့
      ……
      ……
      ……………………… ရူးခဲ ့…….။

      ခင်မမြင် ခင်မသိလို ့
      ခင်သိစေဖို ့ရည်မှန်း
      လှမ်းမိတဲ့မေတ္တာပန်း
      မနွမ်းချင်ဘူးခင်ရယ်
      အချစ်ဦး မဟုတ်ခဲ့ပေမယ့်
      အချစ်ဆုံးဖြစ်ခဲ့တာမို ့
      မခင်လို ့ဘဲပစ်ပစ်
      မကြင်လို ့ဘဲပစ်ပစ်
      စိတ်ကူးနဲ့တောင်မဝေးရက်ဘူး
      ဒီတစ်ပွဲမှာတော ့
      ခင်ရယ်……. ရင်ကွဲပက်လက် ….။ ။

      ဘော်ဘော်ချင်းမို ့ ပွိုင့် ၂ဝ နဲ့ရေးပေးလိုက်တာ
      ကိုယ် ့ဟာကိုယ်တင်ရင် ၁၀ဝ လောက်ရမှာ
      သဘောပေါက် ။

      • ရွှေ ကြည်

        May 11, 2013 at 4:42 pm

        ဟိုက် ကောင်းလှချည်လား ကိုရင်ဆာမိ 😆

  • သူကလေး

    May 2, 2013 at 9:46 am

    သေတော့မသေပါနဲ့အုံး သေမယ်ဆို မချစ်နဲ့တော့
    ဘာလို့နောက်ဆုံးကဗျာလို့ နာမည်ပေးတာလဲဆိုတာအရမ်းသိချင်တာပဲ ….

  • ကြည်ဆောင်း

    May 2, 2013 at 10:06 am

    ရူးလောက်အောင်ချစ်တတ် မချစ်တတ်တော့မသိပေမဲ့ ချစ်တိုင်းတော့ရူးတတ်အုံးမယ် ထင်ပါရဲ့
    :harr:

  • kyeemite

    May 2, 2013 at 10:10 am

    ချစ်ကြပါ…ရူးကြပါ…
    ရူးနိုင်သူတွေ..ရူးကြပါ ရူးကြပါ
    ရူးပိုင်ခွင့်မရှိတော့ ကောင်းရတယ်…ကောင်းရတယ်ကွဲ့..အဟဲ့ အဟဲ့
    :harr:

  • နာလဲ ရူးလောက်အောင်ရှစ်ခဲ့ဘူးပါတယ်အေ………. အခုတော့ အရူးအမူးချစ်ခဲ့တော့…
    အံချာဒုံးရေ မိန်းခလေး ဒဲ့ဟေးးးးးးးးးးးးးးးးးးးးးးးးးးးး…

    ယောက္ခမ တောင်ချင်ပါက…
    မွေးစရိတ် ………. သိန်း၂၀..
    ကျွေးစရိတ်… မွေးသည့်နေ.မှ အရွယ်ရောက်သည်အထိ သိန်း ၁၀၀
    အထွေထွေစရိတ်….. သိန်း ၃၀ဝ
    ဘာညာစရိတ်…….. သိန်း ၁၀၀..

    တင်တောင်း ဒါပဲ………
    မှတ်ချက်။ ။ FEC ဖြင့်လက်မခံပါ……..
    :kwi: :kwi:

  • အလင်းဆက်

    May 2, 2013 at 1:56 pm

    ဒီလိုနဲ့
    ဒီလိုနဲ့
    သူ့ကဗျာ မြစ်ကို
    ရူးလောက်တဲ့ နှစ်သက်ခြင်းနဲ့ ဖတ်လို့

    ဒီလိုနဲ့
    . . . .
    ချစ်သောအံ ရေးတဲ့ ကဗျာကို
    ချစ်ခင် လေးစားစွာ
    အီကွန်မန့် ကို ရေး လို့. . . . .

    🙂

  • ခင်ခ

    May 2, 2013 at 4:08 pm

    အချစ်ရူးက
    အပြစ်ထူးရင်
    အချစ်မူးဖြစ်သတဲ့။

  • TNA

    May 2, 2013 at 5:23 pm

    ဒီတယောက်ကိုရူးမလောက်ဆိုတော့ နောက်နောက်နောက်နောက် တစ်ယောက်တွေများဆိုရင်ကော။ အချစ်ဦးမို့ရူးမိတယ်။ အချစ်လယ်မို့ —————- အချစ်နှောင်းကျ ——————။ ကွက်လပ်ဖြည့်ပါ။

  • နေဝန်းနီ

    May 2, 2013 at 9:04 pm

    သတိ ချစ်ရင်မရူးနဲ့ ရူးရင်မချစ်နဲ့ အရူးအမူး အရူးအမူးနဲ့ ကြားတော့လည်း အရက်ဆိုင်ရောက်သွားကြတာချည့်ပဲ……..။

  • ရဲစည်

    May 3, 2013 at 11:51 am

    နေသာတဲ့ တစ်နေ့ …
    သူ အိပ်ယာမှ စတင် နိူးထခဲ့သည် …
    မျက်လုံးဖွင့်ဖွင့်ခြင်း ဆေးလိပ်သောက်ခြင် နေခဲ့သည်။

    မိုးချိန်းသံတွေ ကြားရတဲ့အချိန်က
    ဟန်ချက် မညီတဲ့ ခန္ဓာကိုယ်နဲ့
    နီးစပ်ရာ မြောင်းဘေး ဆီးသွားခဲ့သည်။

    လေနုအေးလေး တိုက်ခတ်တဲ့ နေ့က
    သူ စွပ်ကျယ်နှင့် လမ်းထွက်ခဲ့သည်။
    ကြက်သီးတွေ ဖြန်းဖြန်းထခဲ့သည် ……။

    လမ်းထဲမှာ ကုလားဘုရား လှည့်တဲ့နေ့က
    သူ ဟန်ပါပါနဲ့ မီးနင်းခဲ့သည်။
    ဆွဲဆွဲငင်ငင် အော်ခဲ့ရ …. အဘာာားးးး ..။
    “ပူလို့” ……. တဲ့ ……။

    ဒီလိုနဲ့ ….
    ဟိုလိုနဲ့…
    နေသာတဲ့ ရက်တွေ မူးခဲ့ …
    မိုးရွာထဲလည်း မူးခဲ့ …
    နှင်းတွေထဲလည်း လဲကျခဲ့ …

    ဒီလိုနဲ့ …….
    ဟိုလိုနဲ့ …….

    ဟိုလိုနဲ့ …….
    ဒီလိုနဲ့ ………….
    နောက်ဆုံးမတော့
    ဘက်မမျှတတဲ့ သောက်ခြင်းတရားကို
    ဥပက္ခာပြုဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ် …
    ကြာရင် ငါ သေလိမ့်မယ် ….။

    ဒီလိုနဲ့ …….
    ဟိုလိုနဲ့ ………….
    ပုလင်းကို ခပ်ပါးပါး စက္ကူနဲ့ သိမ်းထုပ်လို့
    အိမ်ခန်းရဲ့ ထောင့်နားလေးမှာ
    ခပ်ဖွက်ဖွက်လေးသာ ထားလိုက်တော့တယ် …

    “မင်းကို ရူးမတတ် ချစ်ခဲ့ဖူးလို့ အရူးတယောက်လို အရက်သောက်ခဲ့ဖူးတယ်” ………။
    ကံကောင်းလို့ မသေတာ :harr:

  • မောင် ပေ

    May 3, 2013 at 8:04 pm

    နောက်ဆုံးကဗျာ
    မျောက်ကတုံးလာ
    ပေါက်မရှုံးဖာ (ဖာ=ထန်းခေါက်ဖာ ဘာညာ)
    သောက်သုံးတစ်ရာ

  • အခုလို လာရောက် အားပေးတွားဂျဒဲ့ …
    အားကိုဂျီး၊ အားပျိုငေး ဒို့ အားလုံး အလုံးဂို ….
    ကျေးဇူး အထူး x 900000 x 900000 x … တင်ရှိပါဂျောင်းးးး

    အချိန်မီ ရီပလိုင်း မလုပ်နိုင်သည့်အတွက် ခွေးလွှတ်ဂျစေလိုဘာဂျောင်းးး

    ပုံ/
    ပရော်ဖက်ဒါ
    ဒေါက်တာ မဟာရာဇာ
    အနန္တစကြဝဠာ မောင်မောင်အံစာ

  • လင်းဇော် ထက်

    May 10, 2013 at 10:55 pm

    သူမကို ခပ်ပါးပါး ပဝါစလေးနဲ့ သိမ်းထုပ်လို့

    နှလုံးသားရဲ့ ထောင့်လေးနားမှာ

    ခပ်ဖွဖွလေးသာ ထားလိုက်တော့တယ် (နှလုံးသားရဲ့ ထောင့်လေးနားမှာဆိုတော့ နေရာလွတ် ရှိသေးတယ်ပေါ့ နောက် ၃ယောက်စာလောက် :harr:)

    • တိန် !!!
      ဟေ့လူ လင်းဇော် …
      အိုက်ဒီလိုတွေ လျှောက်တွေးရဘူးလေဂျာ …
      နှလုံးသားထောင့်ဆိုဒါ ဟို …
      အနက်ရှိုင်းဆုံးလို့ ယူဆရဘာမယ် … ဟီး ဟီး … :mrgreen:

  • GaviaGirl

    May 11, 2013 at 12:57 pm

    အခု မရူးတော့ဘူးဆိုပါတော့… ဟီး…. ရွာသာကြီးက လက်မှတ်ပေးလိုက်ပီလား.. :kwi:

  • jujuma

    May 11, 2013 at 1:46 pm

    ချစ်ရင်တော့ ရူးလိုက်ကျဒါ….
    အရူးတောင်သူ့တို့ကို မမှီဘူး …
    နောက်ဆုံးတော့ ကဗျာ အဖြစ်နဲ့ပဲ ဇာတ်သိမ်းးသိမ်းးးး …. :kwi:

  • ရွှေ ကြည်

    May 11, 2013 at 4:45 pm

    ဪ အရူး အရူး အရူး :mrgreen:

Leave a Reply