အချစ်စိမ်းစိမ်း

အရိပ္စစ္April 25, 20131min14810

မျှော်လင့်ဖူးပါရဲ့လား

သက်ဝင်ယုံကြည်မူ့ ယိုင်နဲ့နဲ့လေးမှာ

အချစ်က ဖျားနာဖို့ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး

သူ တိုက်ကျွေးတဲ့ ဆေးခါးခါးတွေထဲ

ပဲတင့်သံ တိုးတိုးလေး ကြားမိသလိုလည်း ရှိပါရဲ့

အဲဒီနေရာက  အပျော်တွေဟာလည်း

အသက်ဝင်ချင်မှ ဝင်ပါလိမ့်မယ်လေ…။      ။

 

အရိပ်စစ်

10 comments

  • lady mobile

    April 26, 2013 at 8:56 am

    ခံစားနေရတာလားဟင်
    စိတ်မကောင်းပါဘူးဟယ်
    နာဘာကူညီမလဲ အကူအညီလိုရင်ပြောလေ…..

  • အရိပ်စစ်

    April 26, 2013 at 12:04 pm

    ဟိဟိ….ကျေးဇူးပါချင့်

  • ဗုံ ဗုံ

    April 26, 2013 at 12:26 pm

    ဘယ့်နှယ် မယ်နုရယ် နင့်ဟာက ချစ်ဖြင့် မချစ်ရသေးဘူး စိမ်းရတယ်လို့ မခံစားနိုင်ဘူးဟဲ့ :mrgreen: :mrgreen:

    • အရိပ်စစ်

      April 26, 2013 at 5:39 pm

      ဂလိုပါပဲဟာ..ကုသိုလ်ကံက ဂလိုပဲ
      ဟင့်..ရွှတ်..ဖတ်..နိုချင်လာပီနော်

      • အဲ့ဒီ နှပ်ချေးတွေ ..
        ဗုံဗုံ နဖူးမှာ မကပ်စေနဲ့နော် … :mrgreen:

        ရိပ်လေးရဲ့ ခံစားချက် ကဗျာစုလေးကို
        အားပေးသွားပါတယ်တဲ့ဗျားးး

  • သူကလေး

    April 26, 2013 at 2:06 pm

    မိုက်တယ် စစ်ရေ
    တိုတိုလေးပေမယ့် ရင်ထဲထိသွားတယ်

    “ အဲဒီနေရာက အပျော်တွေဟာလည်း

    အသက်ဝင်ချင်မှ ဝင်ပါလိမ့်မယ်လေ…။ ။”

  • ခင်ခ

    April 26, 2013 at 4:03 pm

    အချစ်ချိုချို ရော မခံစားခဲ့ဘူးလားကွယ်၊
    အချစ်စိမ်းစိမ်း တစ်ခါတည်း တန်းဖြစ်တာလားဟင်။

  • Mr. MarGa

    April 26, 2013 at 7:21 pm

    ကလေးရယ်……..
    အသက်မဝင်ရင် အသက်ဝင်အောင် လုပ်လိုက်လေကွယ်
    ဒါလေးများ…………. :mrgreen:

  • မောင်တင့် တယ်

    April 27, 2013 at 3:42 pm

    နားတောင်မလည်လိုက်ဘူး..
    ဒါပေမဲ့..ကဗျာ အမျိုးအစားကို ကြိုက်တယ်

Leave a Reply