မြသန္တာဖြူ

zaw winApril 25, 20131min2069

မြအဆင်းလို အေးမြကြည်လင်
အရာရာတွင် ငြိမ်းချမ်းလျက်ရှိပါစေ
သန္တာကျောက်တန်းလို
ပင်လယ်ရေလှိုင်း လေရဲ့ဒဏ်ကို
တည်ငြိမ်စွာ ကြံ့ကြံ့ခိုင်နိုင်ပါစေ
ဖြူစင်စိတ်ထား မေတ္တာပွားလျက်
လူ့ပတ်ဝန်းကျင် ကောင်းကျိုးချမ်းသာ
ပြုပါရစေ။

9 comments

  • ဦးကြောင်ကြီး

    April 26, 2013 at 7:57 am

    မြအဆင်းလို
    လှယမင်းပျို
    ခွအတင်းကိုယ်
    ရွမငြင်းဆို
    ညသတင်းခို
    ထကမြင်းဂျို
    ဖွတလင်းမှို
    ဝအသင်းဗိုလ်..

  • lady mobile

    April 26, 2013 at 8:50 am

    ဖြူစင်စိတ်ထားပြီး လူအများကို
    မေတ္တာထားနိုင်ရင်တော့ ကောင်းတာပေါ့နော်….

  • kyeemite

    April 26, 2013 at 1:21 pm

    မြသန္တာဖြူ
    လှမန္တလာသူ
    “က”ဟန်ပါတမူ
    ကြွ မာန်ပါသူ
    ငါ့ ပြန်လာယူ။ :kwi:

    • Mr. MarGa

      April 26, 2013 at 7:32 pm

      ဦးမိုက်ကို ဘယ်လာယူရမလဲ………တဲ့
      မေးနေသဗျ
      မီး………က :kwi:

      • TNA

        April 26, 2013 at 8:40 pm

        အီးပီစီမှာလာယူပါတဲ့။ ပုံးလေးနဲ့ထည့်ပေးလိုက်မယ်တဲ့။ ဓါတ်ကြိုးနဲ့ကိုင်ချင်လဲကိုင်သွားပါတဲ့။

      • kyeemite

        April 27, 2013 at 10:43 am

        ကာရံနဘေသဘောအရ စပ်လိုက်တာပါကွာ..
        လာယူချင်ရင်တော့ ဒါဘယ်ဘလက်ကလေးနဲ့တင်တောင်းမှ နော. :harr:

  • ကဗျာလေးက မိုက်သဗျာ .
    ခေါင်းစဉ်ကို ကြည့်ပြီး ဘာများလဲလို့ ဖွင့်ကြည့်လိုက်တာ ..
    မြ တစ်လုံး သန္တာ တစ်လုံး ဖြူ တစ်လုံးနဲ့
    ကဗျာတိုလေးကိုးဗျ ..
    အားပေးတွားဘာဒယ်ဗျာ …

  • zaw win

    May 1, 2013 at 5:11 pm

    မိတ်ဆွေများခင်ဗျား
    အခုလိုအားပေးကြတဲ့အတွက် အထူးကျေးဇူးတင်ရှိပါသည်။
    ကျွန်တော်ရဲ့ (23.3.2014) အသက်(60)ပြည့် အထိမ်းအမှတ်အဖြစ်
    အမှတ်တရစာအုပ် ထုတ်ဝေပါမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
    ကျေးဇူးတင်စွာဖြင့်
    မင်းသုတ
    17း00 P.M
    1.5.2013

Leave a Reply