ခွင့်
——————————————
နဂါးခေါင်းဘယ်ဘက်လှည့်လဲမသိ
အဲဒီနေ့တွေ ငါ့အတွက်ပြဿဒါးဖြစ်တယ်
တစ်ပါးရင်ထက် ပိုခံစားတတ်တဲ့ ….
ကျွန်မပိုင်တဲ့ ထိုအရာလေးက
ကျွန်မကိုငိုတတ်စေခဲ့သလား…..
အသက်ရှူတိုင်း လွမ်းတယ်ဆိုတဲ့စိတ်နဲ့
ညထူထူတွေထဲဖြတ်ခဲ့ရတယ်
အများအတွက်တော့ ခပ်ပါးပါးတဲ့…..
တစ်ကိုယ်တည်းရေတွက်မိတယ်
များလှတဲ့ရက်တွေပါလား။
မျှော်လင့်ခြင်း တနင့်တပိုးနဲ့
အတ္တတွေ လေပူထဲမှုတ်ထုတ်ပစ်ခဲ့ရတယ်။
ပြက္ခဒိန် မော့ကြည့်ခဲ့တိုင်း….
တိတ်တဆိတ်ရေရွတ်မိတယ်
ဒီနှစ် ခွင့်ပြန်လာရပါစေ ။
အခက်ကြုံတော့
ရတက်ပုံလို့
ခွင့်ပြန်လာပါရစေ
ဒီနှစ်လေတဲ့
ပျော်စေချင်လို့
ဌဲ့ညာပေးမယ်
သဘောတော်အတိုင်း
ရှိစေတော့။
Was this answer helpful?
LikeDislikeဟူးးးး
ခဏခဏ သက်ပြင်းတွေချ
ရင်တွေ မောရတော့ …
လူကလည်း သေလုမတတ်ပေါ့ …
“………
တစ်ပါးရင်ထက် ပိုခံစားတတ်တဲ့ ….
ကျွန်မပိုင်တဲ့ ထိုအရာလေးက
ကျွန်မကိုငိုတတ်စေခဲ့သလား…..
……”
ကိုကိုအံ အားပေးတွားဒယ် သူဂလေးရယ် …။
Was this answer helpful?
LikeDislikeတိုတိုအံ အားလာပေးတာနဲ့ အားတွေတောင်ရှိလာဘီ .. ဟီးဟီး
ဒါနဲ့ ဘာလို့ သက်ပြင်းတွေချနေတာလဲဟင်
Was this answer helpful?
LikeDislikeသက်ပြင်း ဆိုတဲ့ အရာက …
ခပ်လွယ်လွယ်နဲ့ ကျလာတတ်တဲ့ အရာမှ မဟုတ်တာပဲ သူလေးရယ် ..
ဒီကဗျာရဲ့ အချို့သော အကြောင်းအရာများနဲ့ တိုက်ဆိုင်လွန်းနေလို့ပါ …
ဒါကြောင့် … ရင်ထဲ မောလာလို့ …
ဟူးးး ခနဲ .. သက်ပြင်း မှုတ်ထုတ်လိုက်တာပါကွယ် ….
Was this answer helpful?
LikeDislikeခွင့်ပြန်လာရပါစေ..တဲ့လား
လာစေဗျား…လာစေ :hee:
Was this answer helpful?
LikeDislikeလာဘီဂျာ လာဘီ …
Was this answer helpful?
LikeDislikeခွင့်မရလဲ ဘာဖြစ်လဲ အပြီးသာပြန်ခဲ့လိုက်သူကလေး :harr:
Was this answer helpful?
LikeDislikeအော်ကဗျားလေးဖတ်ပြီး မျက်ရည်တောက်တောက် ကျရပါလားအေ…….တနားထာ…
လာလာ သူတို.မပေးလဲ နာပေးမယ့်… နာမှာ ခွင့်တွေကို အများကြီး ကျန်တေးတယ်…… ၁၅ရက်လောက်လာယူလှည့်……….အာဟိ
Was this answer helpful?
LikeDislikeခစ်ခစ် … တကယ်တော့ တကယ်တော့ .. သူကလေးကပြန်ချင်တာမဟုတ်ဖူး…
တခြားလူကို ပြန်လာစေချင်တာလေ .. ဟီး
Was this answer helpful?
LikeDislikeမျှော်နေတဲ့သူ ပြန်လာပါစေလို့
ဆုတောင်းပေးလိုက်တယ်နော်……
Was this answer helpful?
LikeDislikeပြန်မလာရင် မရဖူးလားဟင်……….
:buu:
Was this answer helpful?
LikeDislikeကောင်းပါတယ်…
Was this answer helpful?
LikeDislikeနီခွင့်ယူတော့ .. နာ့ကို ဝိုင်းအနိုင်ကျင့်ကြတယ်ဟဲ့..
ခွင့်မပေးဘူး .. ပြန်နဲ့.. ဒါပဲ..
Was this answer helpful?
LikeDislikeသူကလေးရေ…………
ဦးမာဃ လာချင်ပေမယ့်
ခွင့်က မပေးဘူးကွယ့်
ဝမ်းနည်းပါတယ်ကွယ်…………
Was this answer helpful?
LikeDislikeဟုက်မယ်………
နတ်သမီးတွေရဲ့….
အဝတ်အစားတွေ လျှော်ရအုံးမယ်ဆို့ပဲ…………..
နတ်ပြည်မှာက အဝတ်လျှော်စက်တို့… အိမ်ဖော်တို့က ရှိတာမဟုက်တော့…
နတ်သမီးတွေရဲ့ အဝတ်အစားတွေ ဘာရီဘာရ ကိစ္စတွေကို နတ်သားတွေကပဲ
လုပ်ပေးရလေသတဲ့…………….
Was this answer helpful?
LikeDislikeမောလိုက်တာကွယ်….။
တာဝေးအပြေးသမားလို ….
အရာရာ..ချွေးဒီးဒီးကျ….
ရင်နဲ ့ရေးတာကို…
ရင်နဲ့ပဲ..ခံစားလို ့….
Was this answer helpful?
LikeDislike