နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိန္ဒိယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ယနေ့မနက်အစောပိုင်းတွင် ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီသို့ အလှူငွေ အမေရိကန်ဒေါ်လာ ၁ သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ယမန်နေ့ နေ့လည်ပိုင်းက ဗုဒ္ဓဂါယာသို့ ရောက်ရှိလာခဲ့ပြီးနောက် ညပိုင်းတွင် ဘုရားပေါ်၌ ဓမ္မစကြာသုတ်များ ရွတ်ဆိုခဲ့ကြပြီး ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့သည် ငွေရောင်ပုဝါများ ဆင်မြန်းထားသည်။

ဗုဒ္ဓဂါယာသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး (ဓာတ်ပုံ - getty image)

ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကြာမြင့်မည့် ယခုခရီးစဉ်၏ ပထမဦးဆုံးအဖြစ် ဗုဒ္ဒဂါယာသို့ လာရောက်ခြင်းဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ဗုဒ္ဓဂါယာရှိ မြန်မာကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်ကြီး ၂၇ ပါးကို နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဦးဆောင်သည့်အဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၈၀ ၀န်းကျင်ပါဝင်ပြီး သူရရွှေမန်းနှင့် ဇနီး၊ သီဟသူရ တင်အောင်မြင့်ဦးနှင့် ဇနီးတို့အပါအ၀င် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းစသည့် ၀န်ကြီးအများအပြား ပါဝင်ကြောင်း သိရသည်။

ဗုဒ္ဓဂါယာမှတဆင့် ဗာရာဏသီသို့ ယနေ့ညနေပိုင်းသွားရောက်ကာ ထိုမှတဆင့် နယူးဒေလီသို့ ခရီးဆက်မည်ဟု ကြားသိရကြောင်း ဗုဒ္ဓဂါယာရှိ မြန်မာသံဃာများက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်အပေါ် နယူးဒေလီမြို့ရှိ မြန်မာအတိုက်အခံ ၄၀၀ ကျော်က ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည် ၂၀၀၄ ခုနှစ်က တကြိမ် အိန္ဒိယနိုင်ငံသို့ လာရောက်ခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်သည်။

About True Faith

True Faith has written 70 post in this Website..

မွေးနေ့က ၂၀.၆.၁၉၈၆ ။အရပ်က ၅ ပေ၆လက္မ၊ နေတာက New Delhi, India.