ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မဟာဗောဓိစေတီသို့ ဒေါ်လာ ၁ သောင်း လှူဒါန်း

True FaithJuly 26, 20101min1549

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အိနိ္ဒယနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ယနေ့မနက်အစောပိုင်းတွင် ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီသို့ အလှူငွေ အမေရိကန်ဒေါ်လာ ၁ သောင်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ယမန်နေ့ နေ့လည်ပိုင်းက ဗုဒ္ဓဂါယာသို့ ရောက်ရှိလာခဲ့ပြီးနောက် ညပိုင်းတွင် ဘုရားပေါ်၌ ဓမ္မစကြာသုတ်များ ရွတ်ဆိုခဲ့ကြပြီး ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့သည် ငွေရောင်ပုဝါများ ဆင်မြန်းထားသည်။

ဗုဒ္ဓဂါယာသို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီး (ဓာတ်ပုံ - getty image)

ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကြာမြင့်မည့် ယခုခရီးစဉ်၏ ပထမဦးဆုံးအဖြစ် ဗုဒ္ဒဂါယာသို့ လာရောက်ခြင်းဖြစ်သည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးနှင့် အဖွဲ့သည် ဗုဒ္ဓဂါယာရှိ မြန်မာကျောင်းတိုက်တွင် ကျောင်းထိုင်ဆရာတော်ကြီး ၂ရ ပါးကို နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့သေးသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ဦးဆောင်သည့်အဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၈ဝ ဝန်းကျင်ပါဝင်ပြီး သူရရွှေမန်းနှင့် ဇနီး၊ သီဟသူရ တင်အောင်မြင့်ဦးနှင့် ဇနီးတို့အပါအဝင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းဇော်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းစသည့် ဝန်ကြီးအများအပြား ပါဝင်ကြောင်း သိရသည်။

ဗုဒ္ဓဂါယာမှတဆင့် ဗာရာဏသီသို့ ယနေ့ညနေပိုင်းသွားရောက်ကာ ထိုမှတဆင့် နယူးဒေလီသို့ ခရီးဆက်မည်ဟု ကြားသိရကြောင်း ဗုဒ္ဓဂါယာရှိ မြန်မာသံဃာများက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်အပေါ် နယူးဒေလီမြို့ရှိ မြန်မာအတိုက်အခံ ၄၀ဝ ကျော်က ယနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသည် ၂၀၀၄ ခုနှစ်က တကြိမ် အိနိ္ဒယနိုင်ငံသို့ လာရောက်ခဲ့ဖူးပြီး ယခုအကြိမ်သည် ဒုတိယမြောက်ဖြစ်သည်။

9 comments

  • Yin Nyine Nway

    July 26, 2010 at 9:26 am

    ဟေး..ငါတို့လဲပါတယ်
    အဲဒီပိုက်ဆံမှာ
    ပြီးရင်တော့ ပြန်မယူလောက်ပါဘူးနော်
    ခဏပဲဆို
    နာမည်ကြီး ထမင်းငတ်တာများနေလို့

  • cobra

    July 26, 2010 at 9:30 am

    ကောင်းလိုက်တာ…ဘယ်နိုင်ငံကမှလက်မခံရင်ပိုကောင်းတယ်..သူတောင်းစားကြီးကို…။

  • ghost

    July 26, 2010 at 5:50 pm

    သန်းရွှေ ကြီးရေ ဘုန်းကြီးတွေ သတ်ပြီး အဲဒီလို လှူလို့ နတ်ပြည်ရောက် မယ်ဆို ငရဲဘဲ သွားတော့မယ်
    ဆုံနေမှာစိုးလို့ပါ။ သူဘယ်ရောက်ရောက် သူရှိတဲ့နေရာ ငရဲထက်ဆိုးမှာ သေချာတယ်လေ။

  • Pyaung Gye

    July 26, 2010 at 7:11 pm

    ဘယ်ဘဝရောက်ရောက် ………………. တည့် …… ဆုံပါရစေလို၏
    ဒါမှ …………….. အစိတ်စိတ်အမွှာမွှာ လုပ် ရမှာ

  • zawana

    July 26, 2010 at 9:28 pm

    သာဓုခေါ်လိုက်ကြပါဗျာ။ သူကြီးအလှူ ရွာသားကောင်းမှုပေါ့။ သူ့ခမျာ သူရတဲ့ လခလေးနဲ့ မစားမသောက် ခြစ်ခြုတ်စုပြီး လှူဒါန်းရတာကို။

  • zawana

    July 26, 2010 at 9:30 pm

    ဓါတ်ပုံထဲမှာ ဦးသန်းရွှေခေါင်းမှာ မီးတောက်နေသလားလို့။ ဘုရား .. ဘုရား … ငရဲမီးများ ဟပ်နေသလား အရပ်ကတို့ရေ။

  • etone

    July 27, 2010 at 1:37 am

    ဘယ်က ဘုံးထားတာတွေပြန် လှူနေတာလဲ 😛

  • phantom

    July 27, 2010 at 11:08 am

    ကောင်းလိုက်တာ ငါတို့ပိုက်ပိုက်တွေနဲ့ သူက သူတော်ကောင်းကြီးလုပ်နေတယ် သူလှူချင်ရင် ဒေါ်လာ ၁ သောင်းမဟုတ်ဘူး ဒေါ်လာ သန်းပေါင်း ၁ သောင်းလှူလည်း သူ့ပိုက်ဆံမှမဟုတ်တာ ငါတို့ဆီက တရားဝင်ဓါးပြတိုက်ပြီး ယူထားတာ ကုသိုလ်တော့ရဦးမယ် ဟီး

  • kopainglay

    July 30, 2010 at 7:29 am

    ကျွန်တော်ကတော့ ဘယ် ဗေဒင် ဆရာကသွားခိုင်းလိုက်လဲဆိုတာကိုသိချင်တယ် သေချာတာကတော့ ဗေဒင် ဆရာတယောက်ကပဲသွားခိုင်းတာနေမယ် ငွေရောင်ပါဝါ ဆိုတာလဲ ဗေဒင်ဆရာကဆင်မြန်းခိုင်းတာနေမယ် ကျွန်တော်ကတော့ဗေဒင်ရှုထောင့်ကနေပြောတာပါ။

Leave a Reply