အရက်စွဲတယ်ဆိုတာဘာလဲ ?

အမေရိကမှာ အရွယ်ရောက်ပြီးသူ ၁၂ယောက် အနက် ၁ယောက်က အရက်ရဲ့ကျေးကျွန် သို့မဟုတ် အရက်မသောက်ရ မနေနိုင်တဲ့ ရောဂါစွဲကပ်နေကြပါတယ်တဲ့။

အရက်သောက်ခြင်းနဲ့ပတ်သတ်လို့ ပြသနာရှိနေခဲ့ပြီဆိုရင် ဘယ်လိုများ ပြောပြနိုင်မှာတဲ့လဲ ?

အဖြေက ရှင်ထင်တာထက် ပိုပြီးရိုးရှင်းကောင်းရိုးရှင်းပါလိမ့်မယ်

လွယ်လွယ်ပြောရရင်တော့ ရှင့်မှာ ဒီအတွက် မေးခွန်းမေးဖို့ဖြစ်လာပြီဆိုတာနဲ့ ပြသနာရှိနေပြီဆိုတဲ့ အဖြေမျိုးဘဲထွက်မှာပါ။ အကယ်ရွေ့ ရှင့်ဘဝထဲက တခြားလူတွေက ရှင့်ကို ပြသနာရှိနေပြီလို့ပြောလာခဲ့ရင်လဲ ဒါဟာ တကယ့်ပြသနာပါဘဲ။ ရှင့်အနေနဲ့ ဖြစ်လာမဲ့ဆိုးကျိုးတွေကို သိလျက်နဲ့ ဆက်သောက်နေအုံးမယ်ဆိုရင်တော့ ကြီးမားတဲ့ပြသနာရပ်တခုအတွက် အညွှန်းကိန်းဖော်ဆောင်မိတာမျိုးဖြစ်နေပါလိမ့်မယ်။

အရက်သောက်ခြင်းကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေကို တွေ့ကြုံခံစားဖူးသူ အများစုကတော့ လွယ်ကူရိုးရှင်းစွာဘဲ အရက်ဖြတ်လိုက်ကြပါတယ်။ အရက်သောက်ရာကနေ ကြုံတွေ့ရတဲ့ အရှက်ရစရာ သို့မဟုတ် သီးသန့်ပိုဆန်တဲ့ ထိခိုက်နာကျင်မှုတခုခုကြောင့် နောက်တနေ့ မနက်မိုးလင်းလို့ အိ်ပ်ယာနိုးတာနဲ့ ကိုယ့်ကိုယ်ကို ‘နောက်ဒါမျိုး လုံးဝမဖြစ်စေရဘူးလို့’ ရေရွတ်လိုက်ပြီး နောက်ဘယ်တော့မှ အရက်မသောက်ဖြစ်ဘဲ ကိစ္စပြတ်သွားတာမျိုးပါ။ ဘာပြသနာမှလဲ မတက်လိုက်ပါဘူး။

ရှင့်မှာသာ အဲဒီလို ပြသနာမျိုးဖြစ်နေခဲ့မယ်ဆိုရင်—ငါဘယ်တော့မှ မသောက်တော့ဘူး ဒါမှမဟုတ် ငါဒီလောက်မူးအောင် မသောက်တော့ဘူးလို့ရေရွတ်ကြည့်လိုက်ပါ—-ဒါပေမဲ့ ရက်အနည်းငယ်ကြာပြီးတဲ့နောက် ရှင်ကိုယ်တိုင် ဘယ်တော့မှမလုပ်တော့ဘူးလို့ ကျိန်ဆိုထားတဲ့ ကိစ္စကိုဘဲ ထပ်လုပ်မိနေတာမျိုးဖြစ်လာခဲ့ရင် ရှင်ဟာ အနည်းဆုံးတော့ အရက်ရဲ့ကျေးကျွန်အဆင့် အဆိုးဆုံးအဖြစ် အရက်စွဲခြင်းရဲ့ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။

အရက်ရဲ့ကျေးကျွန်ဆိုတာကို အဓိပ္ပါယ်ဖွင့်ပြရရင် အရက်ကို အန္တရာယ်ရှိလောက်အောင် သောက်သုံးခြင်း တနည်းအားဖြင့် အရက်စွဲခြင်းပြသနာ လို့ပြောနိုင်ပါတယ်။ ရှင့်အနေနဲ့ အရက်မသောက်ရ မနေနို်င်ဖြစ်တယ် မဖြစ်ဖူးဆိုတာက မေးခွန်းတခု၊ နောက်တခုက ရှင့်ကိုရှင် အရက်စွဲသူတယောက်လို့ ယုံကြည်နေပြီလား ဒါကနောက်တဆင့်မှမေးရမယ့်မေးခွန်း။
ရှင့်မှာ အရက်စွဲခြင်းပြသနာရှိနေပြီလို့ထင်လာရင် ကျွမ်းကျင်သူတွေနဲ့ စကားပြောပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူတာ စောင့်ကြည့်အကဲဖြတ်တာမျိုးတွေ လုပ်သင့်တယ်။ အွန်လိုင်းမှာတော့ ကိုယ့်ကိုယ်ကို အကဲဖြတ်စောင့်ကြည့်တာမျိုး လုပ်နိုင်တဲ့ တကိုယ်ရေ ရောဂါရှာဖွေစမ်းသပ်မှုနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေက ရှင့်ကိုအထောက်အကူပေးနိုင်တယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတယောက်လိုတော့ ဆေးကုသမှုပိုင်းဆိုင်ရာအကြံဉာဏ်မျိုး ပေးနိုင်မှာမဟုတ်ဖူး။

အွန်လိုင်းမှာ ရှာတွေ့နိုင်တဲ့ တချို့ အချက်အလက်တွေကိုကြည့်ပါ

Alchol Abuse Screening Quiz

မေးခွန်း အခု၂ဝလောက် ဖြေလိုက်ရုံနဲ့ ရှင်အရက်သောက်နေတဲ့ ပုံစံက အန္တရာယ်ကင်းရဲ့လား၊ စွန့်စားခန်းဝင်သလိုဖြစ်နေပြီလား၊ အန္တရာယ်ရှိနေပြီလား ဆိုတာကို သိနိုင်ပါလိမ့်မယ်။ စမ်းသပ်မှုနဲ့ ပတ်သတ်လို့ကတော့ အမေး အဖြေအားလုံး ပေါက်ကြားမှာလဲ မဟုတ်သလို ဘယ်သူမှလဲမသိတဲ့ပုံစံမျိုးနဲ့ မှတ်တမ်းတင်တာလဲရှိမှာမဟုတ်ဘဲ ရှင့်တယောက်ထဲအတွက် သီးသန့်ဖြစ်မှာပါ။ ကိုယ်ရေးအချက်အလက်တွေကို ဖေါ်ထုတ်နိုင်တဲ့ ပုံစံမျိုးဆန်တဲ့ မေးခွန်းတွေမေးမှာမဟုတ်ပါဘူး။

AA’s 12 Questions

ဟုတ်တယ် မဟုတ်ဖူး ၂မျိုးဘဲဖြေရတဲ့ မေးခွန်း ၁၂ခု ကတော့ A.A. နဲ့ရှင့်အခြေနေကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး ရှင့်မှာ အရက်စွဲခြင်းနဲ့ ပတ်သတ်လို့ ပြသနာအကြီးကြီး ရှိနေပြီဆိုရင်လည်း မချွင်းမချန်ထုတ်ပြပါလိမ့်မယ်။

CAGE Questionnaire

အမေရိကန်စိတ်ပညာရှင်အသင်းက ဖန်တီးလိုက်တဲ့ မေးခွန်းလေးခုကတော့ ကျွမ်းကျင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းနဲ့ပတ်သတ်လို့ လူနာရဲ့ အရက်သောက်သုံးမှုပမာဏအပေါ် စောင့်ကြည့်အကဲဖြတ်ဖို့ လိုမလို လျင်လျင်မြန်မြန် ဆုံးဖြတ်ချက်ချပေးမှာဖြစ်ပါတယ်။

Short Alcohol Tests

အရက်စွဲခြင်းပြသနာတွေကို လျင်မြန်စွာ ရှာဖွေဖေါ်ထုတ်ပေးမဲ့ အခြားသော စမ်းသပ်ချက်တွေကတော့ MAST, the AUDIT, the FAST စတာတွေ အပြင် မြောက်မြားစွာရှိနေပါသေးတယ်။

ရှင့်မှာသာ အရက်စွဲခြင်းပြသနာကြုံတွေ့နေရပြီး အဲဒီအတွက် တခုခုလုပ်ချင်တယ်ဆိုရင် ကမ္ဘာလောက်ကြီးတဲ့ အကူအညီတွေ ရှာတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ ရှင့်ရဲ့ကျန်းမာရေးနဲ့ပတ်သတ်တဲ့ အကြံပြု စောင့်ရှောက်နေသူဆီ အရင်ဆုံးဆက်သွယ်ပြီး ရှင် ဘယ်လောက်ပမာဏထိ အရက်သောက်နိုင်တယ်ဆိုတာကို ရိုးရိုးသားသား ဖွင့်ပြောဖို့လိုပါလိမ့်မယ်။ ရုတ်တရက် အရက်ဖြတ်ခြင်းဟာ နောက်ဆက်တွဲ ရောဂါလက္ခဏာတွေကို ခံစားရစေမှာဖြစ်ပြီး သိပ်မသိသာတဲ့အခြေအနေကနေ အသက်အန္တရာယ်ဖြစ်စေတတ်တာမျိုးထိ ကြုံနိုင်ပါတယ်။

အန္တရာယ်ကင်းတဲ့ အရက်သောက်ခြင်း ဆိုတာဘာလဲ ?

(ဆက်ရန်)

By Shwe Ei
ရှာဖွေစုဆောင်းဝေမျှသည်။
26th April 2013

About Shwe Ei

Shwe Ei has written 44 post in this Website..