ဒဏ်ရာများနှင့် ဧရာဝတီ

၁၃ ရက်နေ့ မနက် အိပ်ယာနိူးနိူးခြင်း ယောက်ဖတော် ( အစ်မ ယောင်္ကျား ) ဆိုင်ကယ်နဲ့ ရွှေကူရဲ့ လူအစည်ဆုံးဆိုတဲ့ လဘက်ရည်ဆိုင်ကို ထွက်ခဲ့ကြတယ် ၊

မစားရတာ ကြာလှပြီဖြစ်တဲ့ မိုးတားစတိုင်လ် မုန့်တီကို ၂ ပွဲဆက် စားပြီးသကာလ မြစ်ကမ်းပါးကိုရောက်ဖြစ်ခဲ့တယ် ၊

ဪ ဧရာဝတီဟာ ကော်ဖီရောင်ပေါက်နေရှာပြီပဲ ၊

ထိန်းသိမ်းမှု ညံ့ဖျင်းလှလို့ အရင်က ကမ်းပါးနဲ့လည်း တခြားစီ ဖြစ်ခဲ့ပြီပဲလေ ၊

အရင်က ကျနော်တို့ နေခဲ့တဲ့အိမ်နဲ့ မြစ်ကမ်းပါးဟာ ပေ ၅ဝ ကျော် ကွာပေမယ့် ပြိုပျက်မှုတွေကြောင့် အခုဆို ၁၅ ပေလောက်ပဲ ဝေးပါတော့တယ် ၊

ကွန်ကရစ်ကျောက်စီ နံရံတွေနဲ့ ရေအားကိုထိန်းဖို့ ပြင်ဆင်ထားပေမယ့် ရေကြမ်းမယ့် မိုးတွင်းမှာ စိတ်ချရပါ့မလား ဆိုတာ မေးစရာပါ ၊

လွန်ခဲ့တဲ့ ရ နှစ် ၈ နှစ်လောက်က သိပ်လှခဲ့တဲ့ ရွှေကူကမ်းပါးဟာ ပျက်စီးခြင်း ၅ ပါးကြားမှာ အကျည်းတန်သွားရှာပါပြီ ၊

တစ်ချိန်က သုံးရေတင်မက သောက်ရေအတွက်ပါ အားကိုးခဲ့ရတဲ့ ရေပြာစိမ်းကြည် ဧရာဝတီဆိုတာ ပုံပြင်ဖြစ်ခဲ့ရပြီပဲလေ ၊

စည်းကမ်း မရှိ ရွှေတူးတာက အစ လူတကာနှိပ်စက်တာ ခံနေရတဲ့ ဧရာဝတီဟာ

( ဟို သီချင်းထဲကလို ) ရာဇဝင်ထဲမှာသာ သတို့သမီး အပြင်မှာတော့ ဖါသာသာမြစ် ဖြစ်နေရပါပေါ့လားကွယ် ၊

 

photo1243_001

18 comments

  • အရှင် သခင် ဆရာ ကိုယ်တော် mobile

    April 27, 2013 at 1:48 pm

    ဘဂျီး ကို/ ဦး မျိုးသန့်ကလည်း……
    သတိုးသမီးဆိုတိုင်း… တခမ်းတနား သတိုးသမီးဝတ်စုံကြီး ဝတ်ထားတာလို့
    သွားမြင်လို့မရပေဘူး…….. သတိုးသမီးဆိုတာ အမျိုးအမျိုး အဖုံဖုံရှိလေတယ်……
    ဖာသာသာပဲ ဖြစ်နေတာကို ဖာသာပဲဖြစ်နေကြောင်း ပြောနေလို့……
    ဖာသာသာ ကနေ ဖာထက်နိမ့်တဲ့ အနေအထားကို ရောက်ဖို့ပဲ ရှိပါတယ်……
    ဘယ်လိုလုပ်ရင် ဖာသာသာကနေ ဂုန်သရေရှိ တော်ဝင်သတို့သမီးဖြစ် လာနိုင်မလဲဆိုတာလေးတွေ…
    နီးစပ်ရာ ဆက်စပ်ရာ လူတွေက ဝိုင်းဝန်းကြိုးပမ်းသင့်ကြောင်းပါ……

  • Myo Thant

    April 27, 2013 at 1:57 pm


    ဆိုလိုချင်တာက သတို့သမီးဆိုတာ ပျိုမျစ်နူနယ် အလှကြွယ်မယ်
    ဟိုဟာကတော့ လှချင်လှမယ် ၊ ဒဏ်ချက်မကင်းဘူးလေကွယ် ၊

  • မင်းမင်း

    April 27, 2013 at 2:05 pm

    လုပ်သင့်တာ။ပြင်သင့်တာ။သင့်တာတွေကနှစ်ပေါင်းမနည်းတော့ဘူးဆိုတော့ လက်ရှိအစိုးရလဲ ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးနဲ့ နိုးနိုးတွေကပြန်များလာရော။အဲဒီလိုများဖြစ်နေသလားမသိပါဘူးခင်ဗျား။

    • Real အရှင် သခင် ဆရာ ကိုယ်တော် mobile

      April 27, 2013 at 2:15 pm

      အစိုးရမှာ လုပ်ဖို့ တာဝန်ရှိဆိုပေမယ့်လည်း………
      လက်သည်ချည်းပဲ အားကိုးနေလို့ မဖြစ်ပြန်ပါဘူး………..
      လက်သည်လည်း သူစွမ်းသလောက် သူတတ်သလောက်ပါပဲ…..
      ဗိုက်ခွဲမွေးပေးနိုင်တဲ့ ဆရာသမားမျိုးနဲ့ ကြုံကြိုက်သူ ဆိုရင်တော့လည်း….

  • kai

    April 27, 2013 at 3:46 pm

    ဧရာဝတီကို ကယ်တင်ပါဆိုပြီး.. ဝိုင်းအသေသတ်ကြကတည်းက.. ကျုပ်ပြောခဲ့တယ်..
    သဘာဝတရားဆိုတာ.. လူသားက.. ထိုင်ကြည့်နေခြင်းဖြစ်.. ကယ်တင်ခြင်းမည်တာမဟုတ်..

    ဧရာဝတီရဲ့.. ရေဝေရေလဲသစ်တောကြီးတွေပြုန်းကုန်ပြီ..
    ကမ္ဘာပူနွေးလာလို့.. ဟိမဝန္တာတောင်ကြောကနှင်းတွေ..ပျော်ကျကုန်ခမ်းခြောက်ကုန်ပြီ…
    ရွှေတူး.. ကျောက်တူးကြတာကြောင့်.. ဧရာဝတီရဲ့ရေတွေညစ်.. ကမ်းပါးမြေတွေ.. ပျော်ကျ..ဖျော်ချခံခဲ့ရပြီ..
    ဒါကို ထိုင်ကြည့်နေလို့မရတာသေချာတယ်..။

    သာမန်အားဖြင့်..
    ဧရာဝတီတလွှားမှာ. ရေကာတာဆောက်ပြီး.. ရေချိုတွေကိုဆည်ရမယ်..
    ရေကာတာနဲ့ဆည်ထားတဲ့..စွမ်းအင်တွေအလဟဿမဖြစ်အောင်.. လျှပ်စစ်ထုတ်ရမယ်..
    ကမ္ဘာ့နိုင်ငံတွေသုံးခဲ့..သုံးနေ..သုံးဆဲပုံသေနည်းကို.. အဝှာဗမာတွေ.. ကိုယ်ပြည်နယ်အရေးကျော်.. ကချင်ပြည်နယ်အခွင့်ကိုနင်း.. ဆန္ဒာတွေပြကြတော့… ကချင်နဲ့စစ်ဖြစ်တာပဲ.. ကျန်ရစ်ခဲ့သပေါ့..

    အင်း..
    ဧရာဝတီကို.. တကယ်(တကယ်) ကယ်တင်ကြပါ..။
    ဆည်ဆောက်ပါ..။ ရေချိုကို လူစွမ်းအားနဲ့… ထိန်းချုပ်ပါ..။
    လျှပ်စစ်ထုတ်ပါ…။

    • pazflor

      April 27, 2013 at 7:55 pm

      ဆည်ဆောက်တိုင်း ကောင်းမယ်၊မကောင်းဘူးဆိုတာတော့ အင်ဂျင်နီယာသမားတွေ တွက်ချက်လေ့လာပြီးမှ သိနိုင်မှာပါ။
      ဒါပေသိ သောင်တူးတာတို့၊ ရေထိန်းနံရံ ဆောက်ခြင်းတို့ကတော့ မဖြစ်မနေလုပ်ရမယ်ထင်ပါတယ်။

  • မောင်တင့် တယ်

    April 27, 2013 at 4:26 pm

    ဧရာဝတီကို ကယ်တင်မယ်ဆိုရင်..
    ဘာတွေလိုအပ်မလဲ..
    ဘာတွေလုပ်ရမလဲ.. ဆိုတာပဲ..စဉ်းစားစေချင်ပါတယ်..(သူများကိုမတွေးပဲ.. ကိုယ်တစ်ယောက်တည်းဆိုရင်)
    ရန်ကုန်တိုင်း ကနေပြီး.. ဧရာဝတီ တိုင်းထဲကို..စကားလုံးတွေနဲ ့..
    ကုူညီနေလို ့မဖြစ်ဘူးထင်ပါတယ်..

  • Myo Thant

    April 27, 2013 at 4:31 pm

    ဧရာဝတီတိုင်းထက် ဧရာအစ ကချင်မြေမှာကိုက
    ပျက်ချင်တိုင်း ပျက်နေတာ ၊

  • မောင် ပေ

    April 27, 2013 at 7:04 pm

    သဘာဝတရားတွေ ပျက်ဆီးလာပုံ
    တောတွေပြုန်း ၊ မြစ်တွေကော
    အိုဗျာ…. ဆက်မတွေးရဲတော့ပါဘူး ကိုမျိုးသန် ့ရေ
    ကိုယ့်မျိုးဆက်အတွက် ပြစရာတော့ ကျန်ကောင်းပါရဲ ့

  • pazflor

    April 27, 2013 at 7:52 pm

    တလောက ပျင်းတာနဲ့ ဒလဘက်ကူးတဲ့ သဘောင်္အသွားအပြန်စီးတယ်၊ ဟိုဘက်ကမ်းရောက်တော့ လူတွေ လုယက်ဆင်းသွားကြ၊ သဘောင်္ကုန်းပတ်ပေါမှာ အမှိူက်တွေ မြင်မကောင်အောင်ပွကြဲလို့။
    မြစ်ထဲမှာလည်း အမှိူက်တွေ။
    ပတ်ဝန်းကျင်ကောင်းဖို့ဆို လူတွေရဲ ့ အသိစိတ်ဓါတ်တွေ ပြောင်းဖို့ လိုမယ်ထင်ပါတယ်။
    အခုရှိနေတဲ့ လူကြီးတွေကတော့ တော်တော်ကို အရိုးစွဲနေပြီ၊ လူငယ်တွေကလေးတွေကစပြီး အသိစိတ်ဓါတ်ကောင်းကောင်း သွင်းပေးရမယ်ထင်ပါတယ်။
    ဒါမို့ ပညာရေးကိုလည်းအားပေးကြရမယ်လို့ထင်ပါတယ်။

  • lady mobile

    April 28, 2013 at 9:32 am

    ဝေဖန်တာကတော့လူတိုင်းဝေဖန်တတ်တာပဲ
    ကိုယ်ကိုယ်ကိုတိုင်ကရော သူမျုားနိုင်ငံထဲကလူ
    တစ်ယောက်လိုစည်းကမ်ရှိရဲ့လားဆိုတာ စဉ်းစာပြီးမှဝေဖန်ပါ
    အပြစ်တင်ပါ ကျမအပါအဝင်အပေါ်က လူများ
    (သူများနိုုင်ငံက လမ်းတွေပေါ်မှာ အမှိုက်မြင်ချင်လို့မြင်ရတာမဟုတ်ဘူး
    ကိုယ့်နိုင်ငံက အမှိုက်မပြစ်ရဆိုတဲ့ ဆိုင်းပုဒ်ဘေးမှာ အမှိုက်တွေနဲ့ )

    • pazflor

      April 28, 2013 at 10:41 am

      တိုးတက်စေချင်ရင်တော့ ဝေဖန်ရမှာဘဲခင်ဗျ။
      personal မပါတဲ့ ဝေဖန်မှူ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှူ ့မျိုးဆို ကောင်းတယ်လို့ထင်ပါတယ်

      • lady mobile

        April 28, 2013 at 4:58 pm

        နိုင်ငံကို တိုးတက်စေချင်တာကတော့ လူတိုင်းပဲ
        ခင်ဗျားကတော့ နိုင်ငံအတွက်မပြောနဲ့ ကိုယ်ပတ်ဝန်းကျင်အတွက်
        ဘာတွေလုပ်ပြီးလို့လဲကိုယ်ကိုယ့်ကိုအရင်ပြန်သုံးသပ် ဒါပဲ ။။။။

        • pazflor

          April 28, 2013 at 7:53 pm

          ဟုတ်ကဲ့ ကျွန်တော်ပတ်ဝန်းကျင်မှာတော့ အမှိူက်တစ်ခုလိုမဖြစ်အောင်နေပါတယ်။
          ကောင်းမယ်ထင်တာမျိုးတွေ့ ရင် personal မပါဘဲ အပြုသဘောဘက်ကနေ ဝေဖန်ပါတယ်။

  • တိမ်မည်း

    April 28, 2013 at 1:57 pm

    ကျုပ်အနေနဲ ့ ဧရာဝတီ ကို ကယ်တက်ဖို ့ထက်…
    ဧရာဝတီ ဘေးနားနေတဲ့ သူတွေကို ကယ်တင်ဖို ့ ပိုမို အရေးကြီး တယ်လို ့ ထင်ပါတယ်……
    သဂျီးရဲ့ ရေကာတာ ဆောက်သင့်တဲ့ ဆိုတဲ့ အမြင်ကို ဝေဖန်အကြံပြုရမယ်ဆိုရင်ဖြင့်……..
    အစိုးရနဲ ့ ကချင်ဟာ လက်ထပ်သင့်ကြောင်း….
    လက်ထက်တယ်ဆိုတာ ၁ အပေါင်း ၁ မဟုတ်ပါ…. ဝ.၅ အပေါင်း ဝ.၅ ကိုသာဆိုလိုပါတယ်….
    နင့်ဘက်ကနဲနဲလျှော့ ငါ့ဘက်က နဲနဲလျှော့ပေါ့……….
    အရင် အစိုးရစနက်နဲ ့ တရုတ်နဲ ့ ပေါင်း ဒေသခံ တွေ ကို ဂရုမစိုက်ဖူး…..
    နင်တို ့ဘာသာ သေသေ ရှင်ရှင် အချိုး မျိုးနဲ ့ကတော့….
    နတ်ပြည် ခုနှစ်ထပ် လူပြည့်လာဆောက်ပေးရင်တောင် ဒါဟာ ငရဲပြည်နဲ ့ မခြားဖူးလို ့ ပြောမှာပဲ……….
    ဧရာဝတီ ကိုပဲ ကယ်တာလို ့ပဲပြောပြော…..
    ကမာ္ဘကြီး ကိုပဲ ကယ်တာလို ့ပဲပြောပြော……
    တခုခု လုပ်တိုင်းမှာ ဆုံးရှုံးသွားတာရှိသလို မြတ်လာတာတွေလည်း ရှိပါတယ်……
    သေချာတာတခုကတော့ ဧရာဝတီ ကို အမြဲမကယ်နိုင်ဖူးဆိုတာပါပဲ……….
    နောက်ဆုံးတော့ သဂျီးပြောသလို ရေအားလျှပ်စစ် မထုတ်ရင်တော့ အမြတ်တခုခုတော့ ထုတ်ရမှာပဲ……
    စကားပုံရှိပါ့… ဘာတဲ့… ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်တဲ့…….
    ကောက်ရိုးပုံစောင့် တဲ့ခွေးတော့ မဖြစ်စေနဲ ့ပေါ့ကွယ်……….
    အရာအားလုံးက တချိန်ကျရင် ပျက်မှာပဲ….. ဒါကို ဘယ်လို လှလှ ပပ ပျက်မလဲဆိုတာပဲ အရေးကြီးပါတယ်…..
    အရာအားလုံးက ဖြစ်သမျှ အဆိုးကြီး မဟုတ်သလို… အကောင်းကြီးလည်း မရှိပါဖူး……
    ဧရာဝတီ ကို ပျက်စီးအောင် လုပ်နေတဲ့ သူတွေဆိုတာ ဧရာဝတီ ကနေ အကျိုးအမြတ်ရနေတဲ့သူပါ….
    ဒါကို အစိုးရကနေ ပတ်ဝန်းကျင် ထိမ်းသိန်းရေးဆိုပီး အခွန်စည်းပီး ဧရာဝတီ ကို ထိန်းသိမ်းမယ်ဆိုရင် မဖြစ်နိုင်ဖူးလား…….
    စဉ်းစားကြည့်တာပါ…. ဆုံးရှုံးမှူထဲက အမြတ်များရမလားလို ့……… :harr:

    ခင်လျက်
    တိမ်မည်း

  • ဧရာဝတီကို
    ဖျက်ဆီးခွင့်ပေးသူနဲ့ ဖျက်ဆီးချင်သူတွေ့တဲ့အချိန်
    မသိနားမလည်သူများရဲ့လက်ထဲရောက်တဲ့အခါမှာတော့
    အများမြင်တွေ့ရတဲ့အတိုင်းပါဘဲ။.

  • Mr. MarGa

    April 29, 2013 at 7:33 pm

    လောလောဆယ်မှာတော့
    သူ့ကို ကယ်ဖို့အတွက် လုပ်နေတာတွေကို တစ်ချက်ပြန်တွေးသင့်တယ်
    ကယ်ဖို့ လုပ်နေတာတွေက ပိုလို့ ပျက်စီးစေတာတွေလဲ ဖြစ်လာတတ်တာမို့လေ

  • နေဝန်းနီ

    April 29, 2013 at 9:47 pm

    မွေးသဖခင် ရှိတုန်းက ဆဲတဲ့စကားတစ်ခွန်းရှိတယ်….။ သူခိုးလကောင်းမှန်းမသိ လုပ်တယ်တဲ့………..။ ခုလည်း……………..

Leave a Reply