ဆက်ပြီး..

အိမ်မက်ထဲမှာ ပန်းတစ်ခင်းပျိုးတယ်…

အိမ်မက်ထဲက ပြန်အထွက်မှာ…

သေသေချာချာ.. ရိတ်သိမ်းခဲ့တယ်..

တစ်လမ်းဝင်…တစ်လမ်းထွက်…

ရာသီတွေကို..မြည်းစမ်းကြည့်ခဲ့တယ်…

လတ်တလောတော့ … အပူအအေး

မမျှတတာပဲ ခံစားမိနေတုန်း..

မျှော်လင့်မိတာ တစ်ခုပဲရှိတယ်…

မျှော်လင့်နေတာတွေ…အပျက်အစီးမရှိ..

ဆက်ပြီးမျှော်လင့် နေတတ်ဖို ့ပဲ…။    ။

ကျေးဇူးတင်ပါသည်….။

3 comments

  • အရိပ်စစ်

    April 27, 2013 at 8:55 pm

    မျှော်လင့်နေတာတွေ..အပျက်အစီးမရှိ
    ဆက်ပြီး မျှော်လင့်နိုင်ပါစေလို့
    ဆုတောင်းေးပါတယ်နော်

    သို့ပေမယ့်ကားးးး
    မျှော်ရင်လင့်တတ်တာကိုတော့ တတိယပေးပါနော်…

  • lady mobile

    April 28, 2013 at 8:30 am

    စပါးတွေရိတ်သိမ်းခဲ့တာလားဟင်…..

  • Mr. MarGa

    April 29, 2013 at 7:30 pm

    ဆက်ပြီးမျှော်လင့်
    အတော်အသင့် ဆင်ခြင်
    မြင်မြင်ရာတော့ မလွမ်းလောက်ပါဘု

Leave a Reply