ချစ်သူက ဒဿ ကိုယ်က လက္ခဏာ

ကာရံApril 27, 20131min1377

မင်းလေးအပြုံးများအောက်မှာ ငါကျဆုံးနေခဲ့တာ အခုဆို

လက်ချိုးရေဖို့တောင်အတော်ခက်နေပြီ

ချစ်သူရေ မင်းနှုတ်ခမ်းကထွက်အန်လာတဲ့ မာနလေးတွေက

ကိုယ့်အတွက်တော့ အေးငြိမ့်တဲ့တေးသွားလေးတွေပါကွာ

သိသင့်ပါတယ်ချစ်သူ ကိုယ်အပြစ်မယူမိတာက

မြတ်နိုးတဲ့ ရင်ထဲက အရိုင်းပန်းလေးပါ

ယဉ်သွားအောင်ထိန်းပေးချင်တာ မင်းနဲ့တွေ့မှ

ဖြစ်တည်လာတဲ့ အဖြူအောင်မေတ္တာလေးတွေပါတောင်းတတိုင်းမပြည့်တက်တဲ့ ကိုယ့်ရဲ့အမူအကျင့်က

လူမိရင်လေ မုန်းမိမှာတောင်စိုးကြောက်မိပါရဲ့

ငါ့နှလုံးသားလေးနိုးမထခင်မှာဘဲ တစ်မျိုးချစ်စရာ

ဟန်လေးတွေက မင်းဖန်ဆင်းပေးနေရော့သလား

အချစ်ဆိုတာ အဖန်အမျိုးမျိုးရှိပေမယ့်

ပေးဆပ်ခြင်းနဲ့ ချစ်တက်တဲ့ ကိုယ့်ရဲ့အကျင့်ကို မင်းလေးဘာကြောင့်များ

အမုန်းတွေပေးနေရော့သလဲကွယ်

အတွေ့လေးတစ်ကွေ့ရယ်မှ မထိတွေ့လိုက်ရသေးခင်

ပြစ်ပေးလိုက်တဲ့ မာနတွေက ငါ့အတွက်တာ့ အတားအဆီးတစ်ခုပါ

နေတက်ပါပြီလေ ကျေနပ်သွားမယ့် မင်းလေးရဲ့ ရင်ထဲက ခါးသီးမှုတွေအောက်မှာ

ငါ့နှလုံးသားလဲ အပြုံးများပွေ့ပိုက်ရင်း မင်းလက္ခဏာလို အဝေးကနေဘဲ

ချစ်နေပါတော့မယ် ဒဿလိုအပြုံးများပိုင်တဲ့ မင်းလေးရဲ့ အမုန်းတရားတွေအောက်မှာ

ကို်ယ်လေရှင်သန်ရင်းနဲ့………………

                                                ပိတောက်မိုး

7 comments

  • အရီးခင်လတ်

    April 28, 2013 at 1:15 am

    လက္ခဏ လုပ်ပါကွယ်။
    တော်ကြာ ဒဿ ကနေ လက္ခဏာ ကြည့်ခိုင်းနေဦးမယ်။ 😛

  • lady mobile

    April 28, 2013 at 7:42 am

    နောက်တစ်ယောက်မတွေ့သေးခင်ပေါ့…..

  • တိမ်မည်း

    April 28, 2013 at 1:22 pm

    ကျုပ်သိသလောက်က ရာမ နဲ ့ ဒဿ ဇာတ်လမ်းက …..
    လက္ခဏ က ရာမ ညီတော်…………
    ချစ်သူ ဒဿ ကိုယ်က ရာမ ဆို နဲနဲ ဟုတ်မလားလို ့……………
    သိပ်တော့ နားမလည်ဖူးရယ်…. :kwi:
    သိတာလေးနဲ ့ ရမ်းတုတ်ကြည့်တာပါလို ့…. :harr:
    ဒါမှ မဟုတ် ကဗျာ ခေါင်းစဉ် ပျက်မှာ ဆိုးလို ့ လက္ခဏကို သုံးတာဆိုရင်တော့…..
    ဆောဒီးဗျို ့……

  • ဦး ကျောက်ခဲ

    April 28, 2013 at 1:41 pm

    အ ဟီး… ဦးကျောက်တို့ ခေတ်တုံးကတော့…
    ဒဿ… မျက်နှာများတဲ့သူ…
    (တနည်း… ဓာတ်သ… ကောင်မလေးတွေကြား ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ကောင်)
    ရာမ… “ရာ” လိုက်တာနဲ့ (သူရည်ရွယ်လိုက်တာနဲ့) အ “မ” ခံလိုက်ရတဲ့… မောင်ကံဆိုး
    လက္ခဏ… (လက်ခဏ) လက်ထဲရောက်ရင် ခဏပဲခံတဲ့ကောင်… လူညံ့… အား ဟိ
    :harr:

  • ချစ်သူက ဒဿ ကိုယ်က လက္ခဏ
    ဆိုတော့ မောင်ပု တို့လို ပုလင်းခြင်းရိုက်တဲ့ ဇာတ်လမ်းတွဲ မှတ်သွားတာဗျာ။

  • မောင် ပေ

    April 28, 2013 at 7:37 pm

    ဘီလူး နဲ ့မင်းသား မန်းတူမန်း ဇါတ်လမ်း လိုလို ပါကလား
    ခေါင်းစဉ် ကို ဖတ်ပြီး ကောက်ချက်ချမိတာပါ
    ဟီဟိ

  • Mr. MarGa

    April 29, 2013 at 7:40 pm

    ချစ်သူရေ မင်းနှုတ်ခမ်းကထွက်အန်လာတဲ့ မာနလေးတွေက
    ကိုယ့်အတွက်တော့ အေးငြိမ့်တဲ့တေးသွားလေးတွေပါကွာ

    အဲဒီစာသားကိုတော့ ခိုက်မိသဗျာ :hee:

Leave a Reply