Chrystalline နှင့် ဦးကြောင်ကြီး မနက်ဖြန်တွေ့မည်…

ရှာရာပိုဗာကြောင်ကြီး နိုင်သွားပါပြီခင်ဗျာ.. နှစ်ပွဲပြတ်နဲ့ ဖြစ်ပါတယ်။ ပထမဆုကြေးငွေ ဒေါ်လာ ၁၂၅၀၀ဝ အပြင် ဒေါ်လာသိန်းကျော်တန် ၉၁၁ ပိုရှေးပြိုင်ကားကိုပါ ရရှိသွားပါတယ်…။ မနှစ်ကလည်း ရှာရာလေးပဲ အနိုင်ရရှိ ဗိုလ်စွဲခဲ့တာပါ။ ဦးကြောင်ကြီးကတော့ ပြောထားတဲ့အတိုင်း ငှီးလျောင်း ငှီးလျောင်း… ပျားရည်ဆမ်းခရီး ခရစ်စတယ်လေးနဲ့  😳

မနက်ဖြန် နံနက် ၈နာရီ စတူးဂတ်မြို့မှာ (ယူအက်စ်အရှေ့ဖက်ခြမ်း စံတော်ချိန်)  ပြုလုပ်မည့် ပိုရှေးဒဗလျူတီအေ ကမာ္ဘ့တင်းနစ်ပြိုင်ပွဲ WTA Porsche Tennis Grand Prix ဗိုလ်လုပွဲတွင် အမေရိကန်နိုင်ငံတွင် နေထိုင်သူ ရုရှားမလေး ဖြူဖွေးဖွေး ရွှေရောင်ရေဆေးငါး တတုံးတခဲ နုနုထွတ်ထွတ် အပျိုဆင် ရှာရာပိုဗာကြောင်ကြီး နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နိုင်ငံရေးမှူး ဗိုလ်မှူးကြီး ခရစ်စတယ်လိုင်း၏ အမျိုးလည်းဟုတ် ဖေးဗရိတ်ဖြစ်သူ နလီဂျီးတို့ ဆုံတွေကြမည်။ လက်ရှိချံပီယန် ရှာရာပိုဗာကြောင်ကြီး ရှုံးနိမ့်လျင် ခရစ်စတယ်လိုင်းလေး စိတ်တိုင်းကျ ကြောင်ကြီးအား ကင်လိုကင် ဖုတ်လိုဖုတ် ချက်လိုချက် ကြော်လိုကြော် ပြုနိုင်ပြီး စိန်ခေါ်သူ နလီဂျီး ရှုံးနိမ့်လျင် ခရစ်စတယ်လိုင်းဂလေးအား ဦးကြောင်ကြီး အရှင်လတ်လတ် ကိုက်စားမည်ဟု အသိပေး ကြေငြာသည်။ အနိုင်အရှုံး အဖြေကို မနက်ဖြန် update လုပ်ပေးမည်ဖြစ်ပြီး ရွာပိတ်သပ်အား တလက်စတည်း အောင်သေအောင်သားစားသောက် ယဇ်ပူဇော်ပွဲသို့ ချစ်ကြည်ရင်းနှီးစွာ ဖိတ်စာပို့ပါသည်။

ဂျိုုင်းမွှေးအလှ ဝိုင်းငေးကြ
ဂျိုုင်းမွှေးအလှ ဝိုင်းငေးကြ

8 comments

  • lady mobile

    April 28, 2013 at 5:05 pm

    ကြောင်ကြီးပီပီ ကြွက်မွှေးတင်မဟုတ်ဘူး
    ဂျိုင်းမွှေးပါ ငေးနေတာပေါ့
    ဟဲဟဲဟဲ……

  • မောင် ပေ

    April 28, 2013 at 7:33 pm

    အမှန်အတိုင်း ပြောရရင်
    ဂျိုင်းမွှေး ကို အရင်မရှာကြည့်မိဘူးရယ်ပါ
    တစ်ကယ်ပါ
    ( စကားမငရုတ် ပုံ အရမ်းသေးတာပဲ )

  • ဦး ကျောက်ခဲ

    April 28, 2013 at 8:21 pm

    ကံဆိုးပါတယ် Chrystalline ရယ်၊ ရှာရာပိုဗာ နှစ်ပွဲပြတ်နဲ့ နိုင်သွားပြီ…
    တောက်စ်… ဒါ CIA ကြောင်ဇိုးကြီး သက်သက်အနိုင်ကျင့်တာ….
    သီးမခံနဲ့… မာယာနဲ့ဖျာရောင်းပြီး၊ လက်ပံတောင်းတောင်က ရဲတွေလက်ကို အပ်လိုက်ပါ…
    :harr: အား ဟိ

    • ရာမည

      April 29, 2013 at 10:35 am

      ဪ…
      ဦးကြောင်ကြီးက CIA ကအေးဂျင့်ကိုး !!!!
      ကြောက် ကြောက် ကြောက်ပါပြီဗျ
      :mrgreen:

  • Crystalline

    April 28, 2013 at 8:57 pm

    ဟိုအန်တီဒေါ်သွက်သွက်ဝင်းကို နောက်ကွယ်မှကြိုးကိုင်သူက ဦးကြောင်ဖြစ်နိုင်တယ်.. :harr:

  • ဦးကြောင်ကြီး

    April 28, 2013 at 9:32 pm

    ငှီးလျောင်း ငှီးလျောင်း.. ရှလွတ် ရှလွတ် ပလပ် ပလင် ဂျွတ် ဂျပ် ဂွတ် ဂတ်… ခွီးဂရား မီ.. ညောင်း… ခွီး.. ကျွတ်..ပလပ် ပလပ်.. ရှလွတ် ဂျွတ်… အားပါးပါး ကောင်းမှကောင်း :harr:

  • Mr. MarGa

    April 29, 2013 at 7:38 pm

    ဦးကြောင် လူဇိုး
    သေချာတာမှ လုပ်တာ :harr:

  • TNA

    April 29, 2013 at 10:56 pm

    အူးကြောင်နာများနေပါအုံးမယ်။ သေချာစဉ်းစားပါအုံး။ ကိုယ်နစ်နာမယ့်ကိတ်စတွေသိပ်မလုပ်နဲ့လေ။

Leave a Reply