အံစာတုံး ဟုခေါ်သည်။

ဇီဇီApril 29, 20131min23632

ဟိုနေ့က ဒီရွာထဲက အင်မတန် မျက်နှာများတဲ့ မောင်လေးတစ်ယောက် က လာပြီး ခိုင်းထားတာ တစ်ခုရှိပါတယ်။

(အဲလိုပဲ အသက်သာငယ်တာ။ ကျုပ်ကိုလည်း လေးစားရကောင်းမှန်းမသိကြဘူးရယ်။

ဟိုခိုင်း ဒီခိုင်းနဲ့။

လေးစားချင်စရာဆိုတော့လေ။ ဟီးဟီး)  :mrgreen:

 

သူ့ အကြောင်းလေးကို ကဗျာစပ်ပေးပါတဲ့။ ယုံကြည်စွာ ခိုင်းတာဗျ။

အဲလာနဲ့ ကျုပ်က ကဗျာဉာဏ်ဝေးပါကြောင်း တောင်းပန်တော့ ရေးချင်တဲ့ ပုံစံသာရေးပါတဲ့။ သူ့အကြောင်း သူ့ဟာသူ မရေးချင်လို့ပါတဲ့။

ိဒီလို စိတ်ချလက်ချ ပြောမှတော့ ရေးပေးမယ်ပေါ့။ ကတိပေးလိုက်ပါတယ်။

 

ဒါနဲ့ပဲ လိုချင်တဲ့ အချက်လေးတွေ အရင်စုဆောင်းရသေးတာပေါ့။

(သူများ ဦးနှောက် ဖောက်တာကို လှအောင်သုံးခြင်းဖြစ်၏)  :mrgreen:

 

အဲဒါတွေ မရေးခင် သူနဲ့ ကျုပ်ကြားက အကြောင်းလေးတွေ နည်းနည်း ရေးပါရစေ။

မျက်စိပြူးမသွားကြပါနဲ့ဗျ။ ရိုးရိုးသားသားအကြောင်းတွေပါ။

:kwi:

ကျုပ် ရွာထဲမဝင်ခင် တီချယ်ကြီး က သူ့ပို့(စ) ကို ကျုပ်ကို လင့်(ခ) ပေးကတည်း က အဲဒီ နာမည် ရ လုံးကြီးက အရင် စိတ်ထဲမှတ်မိတာဗျ။

နောက်တော့ ရွှေကြည် နဲ့ သူ နဲ့ မောင်နှမ အတွဲ ကို သတိထားမိတယ်။

အဲ! နောက်တော့ ကျုပ် ဖဘ ကို ဘယ်လို တွေ့လည်း မသိ …

ဖဘမှာ ရွာထဲက (အရင် အပြင်မှာမသိတဲ့လူတွေထဲမှာ) ဆို သူ က အရင်ဆုံး လာ အက်တာဗျ။

ထုံးစံအတိုင်း ကျုပ်က သူငယ်ချင်းအဖြစ် လက်ခံပြီးရင် သူတို့ ဓာတ်ပုံတွေ နံရံတွေပေါ် ဝင်မွှေလေ့ရှိတာကိုး။

အဲဒီမှာ သူ့ ကဗျာတွေ သွားတွေ့တာ။ ကျုပ် စိတ်ခံစားချက်တစ်ချို့နဲ့ တိုက်ဆိုင်တဲ့ စာသားလေးတွေ တော်တော်များများသွားတွေ့တယ်ဗျို့။

အမှန်အတိုင်း ဝန်ခံရရင်တော့ ကျုပ်က သူ့ကဗျာ စာသားတို့၊ခံစားချက်စကားလုံးတွေ ရဲ့ ပရိတ်သတ်ပါ။

နောက်တော့ ရွာထဲမှာလည်း လိုက် နောက်၊ ဖဘမှာလည်း လိုက် စ နဲ့ စ ခင်မင်ပါတယ်။

ကျုပ် အကြောင်းတွေလည်း ရွာထဲ ပို့(စ) မတင်ခင်၊ သူတို့.. ရွှေကြည်တို့.. အရင်ဆုံးသိတာပါ။ ဒါကို စကားမရှုပ်၊ သီတင်းမဖြန့်တဲ့ ကလေး ၂ ယောက်မို့ အချစ်ပိုရသေးတယ်။

:528:

 

နောက်…  သော်သော်( နန်းတော်ရာသူ) က ဖဘမှာ လူဇိုးများ အဖွဲ့ဖွဲ့တာနဲ့ အဖွဲ့လိုက် ပြောရင်းဆိုရင်း ရင်းနှီးမှုပိုလာတော့ ……….

ထပ်သိရတာက ဒီ ကလေးက အတော် စိတ်ခံစားချက်များတာပါ။ စိတ်လည်း ပျော့တယ်လို့ မြင်လာပါတယ်။

သူ စိတ်အားငယ်ရင် …

သူ ဝမ်းနည်းရင် …

သူ စိတ်ညစ်ရင် …

သူ စိတ်ဆင်းရဲ ရင် …

စတဲ့ စိတ် အကြောင်းပြချက် အမျိုးမျိုးနဲ့ အဖွဲ့ထဲက ထွက်ထွက်သွားလို့ လိုက်လိုက်ခေါ်ရတာ ခဏခဏပါ။    :buu:

 

သူ အရက် သိပ်မသောက်တတ်မှန်းမသိခင်ကဆို အမူးသမား စတိုင်နဲ့ လာလာ စကားပြောတာကို အဟုတ်မှတ်ပြီး ဆူပူမိသေး။ နောက်မှ သူ့အကြောင်းသိတာ။

တခါတခါ အချစ်ကိုသာ ခံစားတတ်တယ်…… သူသဘောကျတဲ့ ကလေးမကို စကား အရာက အစ ဘယ်လိုချဉ်းကပ်ရမှန်းမသိလို့ ကျုပ်က ဆရာလုပ်ရင်လည်း

“အင်းပါ၊ ဟုတ်ကဲ့၊ ကျနော်က မသိလို့” စတာတွေ ရေလဲသုံးပြီး နားထောင်ပါတယ်။

ပြီးမှ သူလုပ်ချင်ရာလုပ်ပါတယ်။။

အဲတော့ စိတ်ဆိုးပြီး “နင် အဲလောက် အူတူတူ၊ အတတ၊ ခပ်တုံးတုံး မနေနဲ့” လို့ ဝိုင်း ဆူလည်း

“အဟဲ၊ အဟီး” နဲ့ စသည်ဖြင့် သနားအောင် လာလာ ရီပြရောဗျာ။ ခက်ဖူးလား။  🙂

 

ကဲပါ၊ စကားကြောမရှည်တော့ပါဘူး။

 

သူ့ အပေါ် ကျုပ် ထင်မြင်ချက်လေးက စ ရေးလိုက်ပါ့မယ်။

– သူ့ နာမည် အတိုင်း မျက်နှာမများရှာပါဘူးဗျာ။

– သူ ချစ်ရင် အတည် ခံစားပါတယ်။

– သူ့ကို ကွန်စာဗေးတစ်နည်းနည်း ကျ တယ်လို့ မြင်ပါတယ်။ အချစ်ရေးမှာ။

– အပြင်မှာ စကားမပြောဖူးတဲ့ အတွက် ဘယ်လိုတုန်းလို့ ထင်မြင်ချက်မပေးတတ်ပါဘူး။ ချက်တင်မှာ ပြောရသလောက် စကားပြော ရိုးသားပုံရပါတယ်။

– သူ့ စိတ်ခံစားချက်မြင့်ပါတယ်။

– ခုချိန်ထိ ခံစားချက်တွေကို သူ့ စိတ်ထဲမှာလည်း သိုသိပ်ထားနိုင်ပါတယ်။

(သူငယ်ချင်းကို လွှဲလွှဲချပြီး ကဗျာတွေ ရေးတာက လွဲလို့။)  :mrgreen:

– နှုတ်လုံပြီး ကူညီချင်စိတ်ရှိပါတယ်။

(အသည်းကွဲနေတုန်းခိုင်းမိရင်တော့ ပေါက်ကရတွေပြောလွှတ်တာပါ။)   :mrgreen:

– ကိုယ်ချင်းစာစိတ်လည်းတော်တော်များပါတယ်။

(သူများစိတ်ကို ကိုယ်စားဝင် ဝင် ခံစားလို့ ရလိုက်တဲ့ ကဗျာတွေကလည်း နည်းဘူးပဲ)   :mrgreen:

 

ဒါ ကျုပ်မြင်သလောက်ပြောတာပါ။

တခြား လူဇိုးများ မြင်သလောက် သူ့အကြောင်းလေးကို ကြည့်ရအောင်ပါ။

 

၁) ကျုပ် သူမသိအောင် လိုက်မေးတာ ရွှေကြည် က ပထမဆုံး ပြောပြပါတယ်။

အံစရာတုန်းက စိတ်ကူးယဉ်ဆန်တဲ့သူလို့ ကျနော်ကမြင်တယ်…

ကဗျာဆိုရင်အချစ်ကိုခံစားတာထက်အလွမ်းကိုခံစားတာမှာပိုပြီး ရသမြောက်တယ်…

နောက် ကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းတယ်…

အများကိုကူညီချင်စိတ်ရှိတယ်…

လေ့လာမှုအားကောင်းတယ်…

အများနဲ့ခင်ခင်မင်မင်နေချင်တယ်…

ဒါပေမယ့် သူကစကားပြောမတတ်ဘူး…

အင်း……….

ဂလောက်ပါပဲ!

~~~~~~~~~~ 

၂) ဒါက ဗုံဗုံ ရဲ့ ထင်မြင်ချက်ပါ။

အံစာက တစ်ကယ်တော်တဲ့ လူတစ်ယောက်လို့ထင်ပါတယ် ။

ရိုးသားပွင့်လင်းပြီး အားငယ်စိတ်နည်းနည်း ရှိတဲ့လူယောက်လို့လည်းထင်ပါတယ်။

ကိုယ့်အတွက် မဟုတ်တဲ့ ကိစ္စ မျိုးတွေမှာ အနစ်နာခံပြီး ကူညီတတ်တယ် စိတ်ထိခိုက်လွယ်တဲ့ လူတစ်ယောက်လို့လည်းထင်ပါတယ် ။

သူ့ကို  တစ်ကယ်ခင်ပါတယ် ။

ရိုးသားတယ် ။

ပွင့်လင်းတယ်။

ပျော် ပျော် နေတတ်တယ်။

အားလုံးလည်း သိကြပါတယ် ။ သူ့ကိုမခင်တဲ့ သူရယ်လု့ိလည်းမရှိပါဘူး။ ထာဝရအတွက် သူငယ်ချင်းကောင်းပါ။

 ~~~~~~~~~~

၃) ဒါက သူ့ အခေါ် ဖေပေါက် ရဲ့ အပြောပါခင်ဗျာ။

စာထဲမှာခပ်သွက်သွက်။

တစ်ခါသူနဲ့ကျနော့်ကြားမှာ ညိကြတာပေါ့။

ကျနော်ကဓါတ်ပုံမှာ စာတွေထိုးတာ မနှစ်သက် အရသာပျက်တယ်ပေါ့။

မနှစ်ကသင်္ကြန်ပုံလေးကျနော်ကအတင် သူကလက် အိုင်တီသမားဆိုတော့ တင်လာတဲ့ပုံကိုလက်ဆော့။

အဲဒီမှာ ကျနော်က ကွိုင်တာပေါ့။

ကျနော်အရေပါးတယ် လို့ဘဲဆိုပါတော့။

နောက်တော့ သူနဲ့ကျနော် အရင်ကထက်ပိုခင်သွားပါတယ်။

ရွာထဲမှာ… ချက်တင်မှာတွေ့ရင်အတော်သွက်ပါတယ်။

အများကြီးလဲ စကားပြောဖြစ်ကြတယ်။

ကျနော်က သူ့ကို ကျီးမင်းခြောက်ထောင့် လို့ခေါ်ပါတယ်။

နောက်တော့လဲ ဖေကြီးရေ သားကြီးရေ နဲ့နေကြတာ အခုထိ။

ဒါနဲ့ပဲ ပန်းတနော်ကိုသွားကြတော့ တစ်ယောက်တစ်ယောက်မိတ်ဆက်တော့

“အံစာတုံး”

ကွမ်းလေးတစ်မြုံ့မြုံ့ ချောင်ကပ်ပြီးအသံတိတ်ထိုင်နေပါတယ်။

ရွာထဲကလူနဲ့ မတူ တဲ့အတိုင်း။

နောက်တော့ ဖတ်ရွှေးရယ်လို့ ဖြစ်လာတော့ အလိုက်သိစွာနဲ့လူကြီးတွေရဲ့ အားနည်းချက် ကို နောက်ကွယ်ကအသံတိတ် ဆောင်ရွက်ပေးနေတာအခုထိပါဘဲ။

လေးစားစရာ စိတ်ဓါတ်နဲ့ ချစ်ခင်စဖွယ်စိတ်ထားကို ပိုင်ဆိုင်သူလို့

ကျနော်ကတော့ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလ ကျနော်ရန်ကုန်လာတော့ သူနဲ့ကျနော် တွေ့ဖြစ်ပါတယ်။

လုလင်အိမ်ရှေ့က လက်ဖက်ရည်ဆိုင်လေးမှာ။

အတော်ကြာကြာစကားပြောဖြစ်ကြ…ပိုပြီးချစ်ခင်ခဲ့ကြပါတယ်။

အရင်ကရန်ဖြစ်ခဲ့ဘူးပေမယ့် အခုထိ စိတ်ချင်း ရင်းနှီးသူနှစ်ယောက်ဖြစ်နေပါပြီ။

သူ့ကို မိန်းမရှာပေးမယ်လို့ ကတိပေးဘူးပါတယ်။

ခက်တာက တူမတွေကလဲကုန်ပြီ။

ကိုယ်တိုင်ကလဲ လူမဖြစ်။

အဲတော့ ကတိလဲမပျက်ရအောင် သူ့အတွက်မွေးစားသမီးတစ်ယောက် အမြန်ရှာမှဖြစ်ပေတော့မယ်ဗျာ။

ခင်သော

ကိုပေါက်

~~~~~~~~~~ 

၄) ဒါက အမတ်မင်းရဲ့ အမြင်ပါဗျာ။

ကွမ်းတမြုံမြုံနှင့်ခပ်ပြုံးပြုံးနေတတ်တဲ့ သူ့ကို ကျနော် အတော်သဘောကျခင်မင်သည်..။

စကားနည်းပီးအမှားကင်းအောင်နေတတ်သောစရိုက်ပေမဲ့ လေးနက်သော အတွေးများပေးတတ်ခြင်းကို လေးစားသလို….

အထူးခြားဆုံးအဖြစ် ကိုယ်စီကိုယ်ငှ မလွတ်ကင်းနိုင်သော ဝန်တိုမစ္ဆရိယစိတ် ကို သူ့ထံမှာ မတွေ့ရ ..။

ထိုအချက်ကြောင့်ပင် အန်ဇာတုံးကို ချစ်ခင်လေးစားရသော ညီ်အဖြစ် သတ်မှတ်ထားမိပါ၏ ..။

သူ့ပကတိအရှိအတိုင်း အန်ဇာတုံးပင်ကိုယ်စရိုက်ကိုမပြောင်းလဲဘဲ. လိုချင်သောအရာဆန္ဒ ပြည့်ဝစေဖို့ သူ့ကိုယ်စားလည်းမျှော်လင့်. နေပါကြောင်း. ……

ချစ်ခင်ခြင်းဖြင့်.

အမတ်မင်း.

 ~~~~~~~~~~

၅) ဒါက ဟောင်ကောင်ကျွန်းက ဦးကျောက်ရဲ့ သူ့နဲ့ ပတ်သက်တဲ့ အတွေ့အကြုံပါ။

ဦးကျောက် ကျောင်းသားဘဝကွင်းဆင်းရတုံးက မောင်အံစာရဲ့ ဇာတိရွာကိုရောက်ဖူးတယ်။

ဒီလူ့အဒေါ်တွေနေမှာပေါ့ ပြောင်းရိုးကိုညာကြွေးဖူးတာမို့ သေသေချာချာသတိထားမိတာက စ တာပါပဲဗျာ။

မန်းဂဇက်ထဲမှာ ဒီလိုပဲ စကြနောက်ကြဆိုတော့၊ ဒီလူအပြင်မှာလည်း စကားပြောကောင်းမယ်ထင်ထားတာ မန်းဂဇက်ပွဲမှာလူချင်းဆုံမှ ကွမ်းမြုံပြီး ပြုံးစေ့စေ့လုပ်နေတဲ့ မဆလခေတ်က ဆဋ္ဌဂံ ၂၅ပြားစေ့မျက်နှာပိုင်ရှင်ဖြစ်နေတယ်ခင်ဗျ။

 မောင်မင်းကြီးသား သူရာရည်လေးဝင်ရင် စကားဖောင်လောက်အောင်ပြောတဲ့ စာကလေးမူး မူးမယ်ထင်တာ၊ လူပါး… အာဆွတ်ရုံသောက်ပြီး လူလည်လုပ်ရော၊

 နှလုံးသားရေးရာ ဆွေးနွေးမှ စည်ဘီယာ တစ်ခွက်ကုန်အောင်သောက်တယ်။

ခရီးသွားတုံး နွေခေါင်ခေါင် ပူပူအိုက်အိုက်မှာ စောင်ခြုံအိပ်တဲ့ခင်ဗျားကိုတော့ ဆလံကြီး ၃ခါသတယ်ဗျို့…

အား ဟိ

ဦးကျောက်

~~~~~~~~~~ 

၆) ဒါက ဦးဆာမိရဲ့ သဘောထား

*** ဒို ့နှစ်ယောက်***

ရွာထဲကိုမဝင်ခင်ကတည်းက စာတွေကိုဝင်ဖတ်ရင်း

ရွာထဲကလူတွေကို သိကျွမ်းရင်းနှီးပြီး အားကျလာမိတယ် ။

ရွာထဲက နံမည်လေးတွေက စွဲဆောင်မှုရှိတယ်လေ …။

ရေးတဲ့စာတွေ ပေးတဲ့ မှတ်ချက်တွေကလည်း တစ်ယောက်တစ်မျိုးစီ ရှုမငြီးစရာပါ ။

ဒီလိုအရောင်အသွေးစုံလှ တဲ့ စာပန်းခင်းထဲမှာ ပြန်မထွက်နိုင်အောင ် တစ်ဝဲလည်လည်နဲ့ နောက်ဆုံး မန်ဘာဝင်ဖြစ်တဲ့အထိပါပဲ။

ထူးခြားလှတဲ ့ ရွာသူားတွေရဲ ့နာမည်ထဲမှာ ကျနော်နဲ့ မရှေးမနှောင်း မန်ဘာဖြစ်လာသူကတော ့ “အနန္ဒစကြ်ာဝဠာ မဟာရာဇာအံစာတုံး ” တဲ ့ ။ သူ ့စာတွေဖတ်ကြည် ့ရင်း ဂဇက်အပေါ် ထားရှိတဲ ့ သူ ့စေတနာတွေကို တွေ ့ရတယ် ။

ကျနော်က ကော်မန် ့အရေးနဲတော ့ သူ ့စာတွေမှာ သိပ်မရေးဖြစ်ဘူး ။

တကယ်တော ့ ကျနော် ့ကိုသူမသိခင်ကသူ ့ကိုသိနေခဲ့တာပါ ။

ယနေ ့ပို ့စ် ကိုလည်းသူပြုစုခဲ ့သလို….

ရွာရဲ ့ သန်းကောင်စာရင်းကိုလည်း သုပြုစုခဲ ့တာမို ့ရွာအတွက် ပေးဆပ်သူဆိုရင်မမှားပါဘူး ။

သူ စာတွေအများကြီး ရေးခဲ ့ပါတယ် ။ ကျနော်အကြိုက်ဆုံးပို ့စ်ကတော ့ “ဦးကပ်စီး” ပါ ။

အမှတ်တရအနေနဲ ့ပြောရရင် ကျနော်ရဲ ့ စတုတ္ထမြောက်ဆုံခဲ ့ဖူးတဲ ့ရွာသားတစ်ယောက်ပါပဲ ။

ကလေးတစ်ယောက်လို လွတ်လပ်ပေါ ့ပါးစွာ ရယ်ပြုံးတတ်တဲ ့ ဒီကောင်လေးကို အမြဲတန်းပဲ ပြုံးပျော်နေစေချင်ပါတယ်။

ရွာအတွက်သူပေးဆပ်သလို …….

သူ ့ချစ်သူအတွက်လည်း ပေးဆပ်ရင်း …..

တစ်နေ ့နေ ့ တစ်ချိန်ချိန်မှာ တစ်ခုခုတော ့ ပိုင်ဆိုင်နိုင်ပါစေ လို ့ဆုတောင်းရင်း …………..

တခါက…

မောင်ဆာမိ

 ~~~~~~~~~~

၇) ဒါက မွန်မွန့် ခင်မင်မှု စကားပါ။

သူငယ်ချင်းကောင်း တစ်ယောက်ပါ…

အရမ်းရိုးသားပြီး စိတ်ကောင်းရှိတယ်…

အနေအေးသလောက် စိတ်ရင်းက ပျော်တတ်တယ်…

ဒါပေမယ့် တစ်ခါတစ်ခါကျတော့ သူအနေအေးတာက အူတူတူနဲ့… ဟီး….

ဒါမယ့် အူတူတူနဲ့ပဲ လိုအပ်တဲ့အကူအညီတွေ အကုန်ပေးတဲ့ လူတော်ဖြစ်နေပြန်ရော…

ပြောချင်တာကတော့ ဒါပါပဲရှင်…”

 ~~~~~~~~~~

၈) ဒါက သူနဲ့ ငြင်းဖော်ငြင်းဖက် သိကြားမင်းက ပြောတဲ့ သူ့အကြောင်းပေါ့။

အံစာတုံး..

သူ့ကို ပထမဆုံး သတိထားမိတာက သူတင်တဲ့ မန်းဂဇက် မန်ဘာများစာရင်းမှာ။

အဲဒီအချိန်က ရွာထဲကို ဝင်လိုက်ထွက်လိုက် လုပ်နေချိန်ပေါ့

ဒါကြောင့် အဲဒီစာရင်းမှာ မပါခဲ့ဘူး

အောက်ကနေပဲ စာရင်းသွင်းခဲ့ရတယ်။

အဲဒါကတော့ ပထမဆုံး သတိထားမိချိန်ပဲ။

နောက် အရင်နှစ်ပိုင်း ရွာထဲကို ပုံမှန်ဝင်ဖြစ်ချိန်၊ ပို့စ်တွေ ပုံမှန်တင်ချိန်မှာ

အွန်လိုင်းတိုက်ပွဲ စတင်ခဲ့တယ်လို့ပဲ ပြောရမလား

ပို့စ်တိုင်းနီးပါးမှာ နှစ်ယောက်သား အနိုင်မခံ အရှုံးမပေး ပြောကြတော့တာပဲ။

ကိုယ်တိုင်တောင် သတိမထားမိဘဲ နောက်ပိုင်း လူမမြင်ဘဲ အဲဒီ အပြောတွေနဲ့ တဖြည်းဖြည်း ရင်းနှီးလာတာပါပဲ။

ပိုမို ခိုင်မြဲမှု ဖြစ်အောင် ဖန်တီးပေးလိုက်တာကတော့ မန်ဘာတွေ့ဆုံပွဲမှာပေါ့လေ။

သူ့အကြောင်းကို ကိုယ့်အမြင်နဲ့ကိုယ် ပြောကြည့်ရမယ်ဆိုရင်

လိုအပ်နေတဲ့အချိန်မှာ တတ်နိုင်တဲ့ဘက်က ပေါ်လာပြီးတော့ ကူတတ်တယ်။

လူဟန်အေးသလောက် လက်အတော်သွက်တယ်(စာရိုက်တာကိုပြောတာ)

အမှတ်ထင်ထင် ရှိနေမိတဲ့ဟန်ကတော့ မထီတရီ အပြုံးပေါ့

သူ့ခမျာ တစ်ခုခုပြောရင် ပြုံးပဲပြုံးနိုင်ရှာတာကိုး ကွမ်းငုံထားတော့

အဲဒီအချက်ကပဲ လက်သွက်မှုကို ဖြစ်စေတယ်လို့ ပြောရတော့မှာပေါ့။ (အခုနောက်ပိုင်းတော့ ဘယ်လိုလာမယ်မသိဘူး)

သူဟာ…….

လူမမြင်ရမှ စကားပိုသွက်တတ်သူ၊

အပြင်ဟန်နဲ့ အွန်လိုင်းပုံစံ တခြားစီဖြစ်နေသူ၊

ကဗျာတွေ တပုံတပင်နဲ့ ပျော်မွေ့နေတတ်သူ၊

သည်းထိတ်ရင်ဖိုနဲ့ စုံထောက်ဝတ္ထုတွေကို စိတ်ဝင်စားတတ်သူ၊

သူတတ်နိုင်တဲ့ တစ်ထောင့်တစ်နေရာကနေ ဘယ်သူမှမသိအောင် ကူညီပေးချင်တတ်သူ၊

ဒါတွေကတော့ တွေးမိသမျှ ပုံရိပ်တစ်ချို့ပေါ့။

တစ်ချက်တည်း ခြုံပြောရမယ်ဆိုရင်

လူပုံအေးအေးနဲ့ မထင်တာတွေ လုပ်ပြတတ်သူ……….

လို့သာ…………………..

~~~~~~~~~~ 

 ကဲ။

ပိတ်သတ်ကြီးလည်း သူ့ အပေါ်မြင်တဲ့ အမြင်နဲ့ ခင်မင်မှုတွေ ကို အားမနာတမ်း နိပ်ကွပ် (အဲလေ) ပြောကြားသွားနိုင်ပါတယ်လို့။

:kwi:

 

နောက်ဆုံးရထားသော သီတင်းအရ …….
မန်းလေးတွင် အံ/မာ/ဗုံ တွေ့ကြရာ အံစာမှ မန်းလေး နာရီစင်ကြီးအား ဘုရားမှတ်၍ ဦးချမည်လုပ်သောကြောင့် မနည်းတားထားရသည်တဲ့။
ဘုရားကြီးသို့ လိုက်ပို့အပြီး သိကြား၏ ဘာညာဘာညာအအေးဆိုင်တွင် အအေးသောက်ကြသည် ဆိုလား။
မိဗုံ မှ တစ်ဆင့် မွန်မွန် ဆီ ရောက်သော သီတင်းဖြစ်ခြင်းကြောင့် အသေးစိတ် သိလိုက သူတို့ ၂ ယောက်ကို မေးမြန်းကြပါကုန်။

:harr:   :harr:  :harr:

 

32 comments

  • Mr. MarGa

    April 29, 2013 at 9:03 am

    ဂျီးဒေါ်ဆွိ…………………….
    စာလုံးပေါင်း မှားနေတယ်
    နာရီစင်ဗျ
    နာရီစဉ် မဟုတ်ဘူး
    ကျန်တာတော့ နောက်ပိုင်းမှ အခြေအနေအရ ဆက်မန့်မယ်
    ဒါ လောလောလတ်လတ် ဆရာလုပ်ထားတာ :harr:

    • နင်ကတော့လေ …
      အမြဲတမ်း ဆရာလုပ်ဖို့လောက်ပဲ …
      လူက ကြည့်တော့ အငယ်ဆုံး ….
      ပြောလိုက်တဲ့ စကားက မိုးလောက်ကြီး ….
      နောက်ခါ မှတ်ထား … ကြီးတဲ့လူတွေကို ဆရာ လာမလုပ်နဲ့ …
      ရန်စဒါ .. ဟီးဟီး … :mrgreen:

  • Myo Thant

    April 29, 2013 at 9:18 am

    ကျနော်ကတော့ ရွာသူ ရွာသားတွေထဲမှာ ကိုပေါက်နဲ့ပဲ အပြင်မှာ ဆုံဖူးပါသေးတယ် ၊

    ( မနက်ဖြန် ၃ဝ ရက်နေ့မှာ ကိုကြီးမိုက်နဲ့တော့ ဂျပ်ဆင်ရှေ့မှာ ဆုံဖို့ အကြာင်းရှိပါတယ် ၊

    ဖုန်းနဲ့ ချိတ်ထားရုံပါ

    ၊ ဘယ်သူတွေပါဦးမလဲတော့ မသိပါ ၊ ကိုဘလက်ချောတော့ ပါမယ်ဆိုလား )

    ထားပါ ၊

    ကိုအံစာကိုတော့ ( ယနေ့ပို့စ် ) တွေနဲ့တင် သူ့အားထုတ်မှုကို လေးစားတယ် လို့ ဆိုပါရစေ ၊

    • လေးစားတယ်လို့ ဆိုပါရစေ … တဲ့ …
      ဟီဟိ … :mrgreen:
      အကြောင်း မသေးသေးလို့ပါ ဥမျိုးသန့်ဂျီးရာ …
      ကျုပ်က ခင်ဗျားကို ပြန်လေးစားရမှာဗျ …
      ဘာဖြစ်ဖြစ် လာအားပေးသွားလို့ ရှဲရှဲပဲဗျို့ …

  • ဗုံ ဗုံ

    April 29, 2013 at 9:40 am

    အဟမ်း…. မန်းလေးနာရီစင်ကြီးအား ဘုရားမှတ်၍ ဦးချမည်လုပ်သောကြောင့်မဟုတ် .. အမှန်တစ်ကယ်ဆောင့်ကြောင့်ထိုင်၍ ရှိခိုးသွားပါကြောင်းးး ဘယ်လိုမှ ပြောလို့ဆိုလို့မရပါကြောင်း .. သူကပြောပါသေးသည်။ ဒီမှာ . သဂျားနဲ့ မိဗုံ ငါကရန်ကုန်မှာနေတယ်ဆိုပေမယ့် အညာသားစစ်စစ်ပါကွ . ဘယ်တော့မှ ဘုရားတရားမမေ့ဘူး ဟု ပြောဆိုကာ နာမောတသ အစချီလျှက် နာရီစင်ကြီးအား ဦးသုံးကြိမ်ချသွားပါသည်။ ထို့နောက် စစ်ကိုင်းတံတားပေါ်မှ အဖြစ်အပျက်ကို နေ့လည်မှ ဆက်၍ရေးသားပါမည်။ ပို့စ်တစ်ပုဒ်စာ ဖြစ်မည်ထင်ပါသည်။ ယနေ့နိုင်ငံပိုင်သတင်းစာတွင်လည်း ပါကောင်းပါလာနိုင်သည်။ စောင့်မျှော် အားပေးကြပါကုန်….. :mrgreen: :mrgreen:

    • Mr. MarGa

      April 29, 2013 at 9:47 am

      အဟမ်း……..အဟမ်း
      စစ်ကိုင်းတံတားပေါ်မှ အဖြစ်အပျက်ကို ဆက် ဖွရမယ် ဆိုရင်ဖြင့်
      တံတားပေါ်ရောက်သည်နှင့် ဗုံတစ်လုံးခမျာ တုန်တုန်ရီရီဖြစ်လာပြီး
      ဒူးပါ မခိုင်တော့သည့် အဖြစ်ကို ရောက်သွားပါသောကြောင့်
      ထို့ထက် အခြေအနေမဆိုးခင် အမြန် တွဲခေါ်လာခဲ့ရပါကြောင်း……… :mrgreen:

  • GaviaGirl

    April 29, 2013 at 9:52 am

    အွန်.. နာ့စာက အနည်းဆုံးပဲဟ… ဒါမယ့် အဲ့ထက်ပိုမရေးတတ်တော့ဝူး… မဆဲဝူးမို့လားဟင်င်..အံစရာ.. :mrgreen:

    အဟမ်း..ဒေါ်ဗုံဗုံရဲ့ ပို့စ်ကို မျှော်နေပါမည်… ဒန်..တန့်..တန်….

  • kyeemite

    April 29, 2013 at 10:01 am

    မဟာရာဇာအံစာတုံး …
    လူတော်လေးပါ
    အင်တာနက်မှာ ပေါက်ပေါက်ဖေါက်သလောက် အပြင်မှာစကားနည်းပါတယ်
    တတ်ထားတဲ့ပညာနဲ့ အများအကျိုးအတွက်ရော ဂဇက်အတွက်ပါ အကူအညီမတောင်းခင်ကတည်းက
    သူ့အသိနဲ့သူကူညီနေတာအားလုံးအသိပါလေ
    အပြင်မှာတွေ့ဖူးတော့ ကျနော့ညီငယ်နဲ့ ရုပ်ကချွတ်စွတ်တူနေပါရော….
    ဒါကြောင့်ညီအရင်းလေးလိုချစ်ပါ၏။

  • ခင်ခ

    April 29, 2013 at 10:45 am

    မဟာရာဇာ အံစာတုံး လို့ ထိုသူသည် ဂဇက်ရွာ၌ သူ့ကိုယ်သူ နာမအမည်မှည့်ခေါ်ခဲ့သည်။
    ဒါကြောင့် ကျွန်ုပ်က ကျွန်ုပ်ပိုစ့်တွင် မန့်လာသည့်အခါ ကိုမဟာရာဇာအံစာတုံး ………. လို့ နာမအမည်ခေါ်ကာ မန့်ချက်များကို ပြန်ကြားဆွေးနွေးလေသောအခါ ဦးခင်ခ ကြီးက ကျွန်တော်ကို အဲလိုခေါ်တော့ တစ်မျိုးကြီးဘဲဗျတဲ့။ ဒါနဲ့ဘဲ ကျွန်ုပ် ကိုအံစာတုံး ဟုပြောင်းလဲခေါ်ခဲ့ရတာ မှတ်မှတ်ရရ ပါဘဲ။
    အဲလိုဖြစ်တဲ့အချက်လေးပေါ် ခင်ခအတွေးအရ ကောက်ချက်တစ်ခုတော့ချမိပါတယ် ကိုအံစာတုံးဟာ ဟိတ်ဟန် မလုပ်တတ်သော စိတ်ရင်းပွင့်လင်းကောင်းမွန်နိုင်သူ ဟု ပင်ဖြစ်လေသည်။

  • ရာမည

    April 29, 2013 at 11:06 am

    တော်တော်ကြည်နူးမိပါတယ်
    ဒီရွာရဲ ့မေတ္တာကို သိမ်းပိုက်နိုင်သူကိုအံစာတုံးကိုလေးစားမိပါတယ် ။
    မခိုင်ဇာရဲ ့စိတ်ကူးနဲ့ဖွဲ ့စည်းတတ်ပုံကိုတော ့မချီးကျူးဘဲမနေနိုင်ပါ ။
    နောက်ရေးမည့်အကြောင်းအရာများကိုလည်းမျှော်နေပါမယ်

  • lady mobile

    April 29, 2013 at 11:28 am

    ဒီရွာလေးထဲမှာ ခင်မင် ရင်နှီး ချစ်ခင် ပျော်ရွှှင်
    နေကြတာပျော်စရာကြီးပါပဲ….

  • တိမ်မည်း

    April 29, 2013 at 12:07 pm

    ကျုပ်များ ရန်ကုန်မှာ အမြဲရှိလို ့ကတော့ အံ့စာတုံးကို အင်တာဗူးပီး စာတတန် ပေတတန် အကြောင်းလေး ရေးပေးချင်ပါတယ်ဂျာ…..
    မြိုင်ဇာကို ရောက်နေတော့ ဂဇက် ရွာသားများနဲ ့ ဆုံချင်သော်လည်း ဆုံနိုင်ဖူးရယ်……..
    ဘာပြောပြော အခုလို တွေ ့ဆုံတာလေးတွေ ကြားသိရတော့ ဝမ်းသာပါရဲ့ဂျာ………
    :kwi:

    • ရာမည

      April 30, 2013 at 10:59 am

      ကိုတိမ်မည်းလည်းရန်ကုန်ပြန်ရောက်ရင်ပြောလေဗျာ
      အိုင်တီကဖီးမှာထိုင်ပြီး နွား အကြောင်းလေး ဆက်ပြောချင်လို ့
      :kwi:
      အလကားနောက်တာပါဗျာ စိတ်ဆိုးပြီးကျုပ်အကောင့်ကိုလည်း
      မဟက် ပါနဲ့ဦး ။ အိုင်တီသမားတွေကိုလေးစားပါတယ်ဗျာ
      တကယ်ကြုံရင် တကယ်လက်ဘက်ရည်တိုက်ပါ့မယ် :mrgreen:

      • တိမ်မည်း

        April 30, 2013 at 12:18 pm

        အိုင်တီကဖီးဆိုတာ ဘယ်နားမှာလဲဟင်…..
        နွားအကြောင်းတော့ ပြောချင်ဖူးရယ်…..
        သူများဟက်ဖို ့စိတ်ဝင်စားရအောင် ကျုပ်က Black or Grey Hacker မဟုတ်ရပါ….
        ဒါပေမယ့် White Hacker ဖြစ်အောင်တော့ ကြိုးစားနေပါတယ်…. :harr:
        ရိုးရိုး လက်ဘက်ရည်တော့ စိတ်မဝင်စားဖူးဂျာ…… :mrgreen:

  • သူကလေး

    April 29, 2013 at 12:13 pm

    သူများတွေထင်တာနဲ့ သူကလေးထင်တာ တော်တော်များများ ထပ်တူကျနေပါလား
    ဒါဆိုရင်တော့ သေချာတယ် အံစာတုံးဆိုတာ တကယ်ခင်ဖို့ကောင်းတဲ့ လူတော်လေးပဲဖြစ်ရမယ် ငှဲငှဲ …

  • Crystalline

    April 29, 2013 at 1:44 pm

    မင်းသားပျောက်နေတယ်….အပြင်မှာမတွေ ့ဘူးပေမယ့် ဓါ့ပုံအရတော့ ရိုးသားအေးဆေးစိတ်ကောင်းရှိမယ့်ပုံပါ.. စာတွေနဲ ့ရွာထဲလုပ်ဆောင်ချက်တွေအရတော့ အတွေးအခေါ်ကောင်း..စေတနာကောင်း..ထက်မြက်သူ တစ်ယောက်ဖြစ်မယ်လို ့ယူဆရပါတယ်..

    • KZ

      April 29, 2013 at 1:53 pm

      မင်းသားက မန်းလေးသွားတယ်။
      ဒီနေ့ ညမှ ပြန်လာမှာ။
      သူမရှိတုန်း ပြောချင်တာတွေ ပြောလို့ရအောင်။ ရေးချင်တာတွေ ရေးလို့ရအောင်၊ စပလိုက် ဖြစ်အောင် တင်ထားတာ။ ဟီးဟီး။
      :mrgreen:

      • ခင်ခ

        April 29, 2013 at 2:25 pm

        မကြာခင်အချိန်ကဘဲ မန်းမှာတွေ့တုန်း သတင်းပေးလိုက်တယ်၊
        KZ တစ်ယောက်တော့ ဖွနေလေရဲ့လို့။

  • မယ်ဘုတ်

    April 29, 2013 at 3:16 pm

    တွေ့ဖူးတယ် အပြင်မှာ .. ခဏခဏ ပဲ
    လူကတော့ ခပ်အေးအေးပဲ ….
    ရွာထဲမှာ သာ ဖလန်းဖလန်း နဲ့ အပြင်မှာ သူမဟုတ်သလိုပဲ
    လူအေးလို့တော့ ထင်ရတာပါပဲ ဒါပေသိ ရေခဲတုံးလိုအေးနေရင်တော့ဖြင့် …
    လူတော်လေး တစ်ယောက်ပါဆိုရင် ရှက်များနေမလားမသိ … :kwi:
    ကွမ်းတမြုံ့မြုံ့နဲ့ ရေငုံနှုတ်ပိတ်နေလေတော့ … အတွင်းစိတ်ကိုမြင်နိုင်ပါဘူးအေ …

    သူများနဲ့ မတူအောင် မန့်ကြည့်တာပါ.. ချိတ်ချိုးပါနဲ့ နော် .. :hee:

  • P chogyi

    April 29, 2013 at 5:27 pm

    အဲဒီအံဇာတုန်းက
    မတုန်မလှုပ်နဲ့
    အန်ဇာတုန်းလို
    ခွက်ထဲထည့်မွှေခေါက်ပြစ်ချင်တယ်

  • TNA

    April 29, 2013 at 6:16 pm

    အံစာတုံးဆိုလို့ကားအကြောင်းပြောတော်မယ် ဒေါ်ခိုင်ဇာတော့ ကားပွဲစားလိုင်းပြောင်းပြီမှတ်တာ။ လက်သတ်စပ်တော့ ခြောက်ညက်နှာဂိုး။ ခြောက်ညက်နှာ။ ကောင်းပါတယ်အေ သဘောပြောဘာဒယ်။ ရွာထဲကလူငယ်လေးတွေကို သဘောကျ ပါတယ်။ အသက်နဲ့မမျှအောင် ကိုယ်ကျွမ်းကျင်ရာအပိုင်းမှာတကယ့်ဆရာတဆူတွေပါပဲ။ ဒီဆိုဒ်ထဲမဝင်ခင် တခြားဆိုဒ်တွေဝင်ဖူးသေးတယ်။ ဒီမန်းဂေဇက်လောက်လေးနက်တာမတွေ့ရဘူး။ လူကြီးတွေကလဲ သူတို့အတွေ့အကြုံပိုင်း လေးတွေ လူငယ်လေးတွေကလဲ သူတို့လုပ်ငန်းတွေမှာကျွမ်းကျင်ပိုင်နိုင်မှု့တွေနဲ့ အတွေးအခေါ်လေးနက်တဲ့ လူငယ်လေးတွေရှိလို့ သဘောကျခဲ့မိပါတယ်။ အဲထဲမှာ မောင်အံဇာလဲပါပေါ့။

  • အရိပ်စစ်

    April 29, 2013 at 6:50 pm

    တခြားဆိုဒ်တွေနဲ့ မတူတာတော့အမှန်ပါပဲ ဒီဆိုဒ်ထဲ ရောက်ရင်တခွိခွိနဲ့ပဲ ရယ်နေရတော့တာ
    တင်သမျှပို့စ်တွေကိုလည်း အားလုံးက တလေးတနက် ဝိုင်းဆွေးနွေးပေးကြတာကို အကြိုက်ဆုံးပဲ
    ကိုမဟာအံစာတုံး ကိုလည်းစာတွေ ကဗျာတွေ အရေးကောင်းမယ့် အပြင် ရုပ်ချောသဘောကောင်းမနောကောင်းလေးဖြစ်ပီး
    တွေ့ရင် မုန့်ဝယ်ကျွေးမယ်လို့လည်း သေချာပေါက် အကဲခတ်မိပါကြောင်းး

  • ယ့နေ့လည် ဆယ်နှာနာရီခန့်တွင် 73လမ်းပေါ်တွင်ရှိ XXXXXXXXXXXXXXXXXXX
    လက်ဖက်ရဆိုင်တွင် ဇာခင်ပေါက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပခဲ့ပါကြောင်း။
    သတင်းအကျယ်မှာ
    …………………………………………………….
    ……………………………………………………………………..
    ………………………………………………………………………..

    • ရွှေ ကြည်

      April 30, 2013 at 6:30 pm

      သတင်းအစုံအလင်မှာ လေးပေါက်မှ အံစာတုန်းအား နေရာချထားပေးရေးကို လေးခင်ခနှင့်တိုင်ပင်ရာ
      လေးခင်ခမှ ပလတ်စတစ်ခုံနှင့် နေရာချပါက ရာသီဥတုပူသဖြင့်သင့်တော်မည်မဟုတ်ကြောင်း၊
      လေးပေါက်မှလည်း သစ်သားခုံဖြင့်နေရာချပေးပါက မဝသောသူဖြစ်သဖြင့်ကြာရှည်မထိုင်နိုင်မည်စိုးသဖြင့်မသင့်တော်ကြောင်း၊
      ဆိုဖာ ဆက်တီဖြင့် နေရာချရန်မှာလည်းမရှိသောကြောင့်အဆင်မပြေကြောင်း အသီးသီးတိုင်ပင်ကြပြီးသကာလ နောက်ဆုံးတွင် မိခင်သဘာဝတရားကပေးသော မြေကြီးပေါ်တွင်
      နေရာချထားခြင်းကသာလျှင်အသင့်တော်ဆုံးဖြစ်ကြောင်း၊ ဆုံးဖြတ်ပြီး အစည်းအဝေးပွဲကိုရုတ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။ :mrgreen:

  • amatmin

    April 30, 2013 at 10:03 am

    ကျန်းးးး (cd: to KZ )
    တွေးတတ်.ရေးတတ်သူများကျတော့လည်း..
    အမှန်အတိုင်း မြင် ကြံ သိ ရေး တတ်ပဗျာ..။
    ကြော်ငြာမှန်း မသိအောင်ကိုလည်း ကြော်ငြာပေးတတ်သေး ရယ်..။
    ဒါကြောင့်လည်း ကြီးဒေါ်ဆွိဆီမှာ တပည့်ခံချင်သူများတာ နေမှာ..။
    :kwi:

    • KZ

      April 30, 2013 at 11:06 am

      ဟီး။
      ဒီ မောင်ဂလေးကို အကြွေးရှိထားလို့ပါ။
      အရမ်းကြီးတော့ မကြော်ငြာရဲပါဘူး။
      :kwi:

  • Ma Ei

    April 30, 2013 at 11:32 am

    အံစာတုံးဆိုတာ ခွက်ထဲထည့်ခေါက်သလို
    မန်းဂဇက်ထဲမှာ မွှေနှောက်နေပြီး….
    အပြင်မှာတော့ ခေါက်ချထားသလို
    ငြိမ်ရပ်သွားတဲ့ အမည်နဲ့ လိုက်တဲ့သူပေါ့နော်…

  • ရဲစည်

    April 30, 2013 at 12:18 pm

    ဗရာကြော်ပါ မဂျီးခိုင်ဇာ …..
    အနော်တော့ သူ့အကြောင်း သိပ်မပြောတတ်ဘူး ..။
    အနေအေးတာတော့မှန်တယ် … ကြောက်စရာကောင်းတဲ့ သွေးအေးသူတော့ မဟုတ်။
    လူတော်တယောက်ဘဲ ….. သူတတ်ကြောင်း တခါမှ ထုတ်မပြောဖူးဘူး။
    သူ့ကိုယ်ပိုင် ယုံကြည်ချက်အားမနည်းပါဘူး … ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြောင်း ထုတ်မပြတတ်သူ။
    နည်းနည်းတော့ ရှေးယိုးစွဲမှာပေါ့ …. ဆိုရှယ်စပ်စလူးဖြစ်သွားရင် အံစာတုံးက အံစာမ ဖြစ်သွားလိမ့်မပေါ့။
    ဘာဘဲဖြစ်ဖြစ် … အလွန်ခင်မင်စရာကောင်းသူပါ …
    ဖွဘုတ်က ဆြာအုပ်ရိုက်ထားပေးတဲ့ ညောင်ချောင်းသာ ဒတ်ပုံကတော့ အမိုက်စားဗျ … နိူင်ငံခြားမင်းသား နလန်ထခါစနဲ့ ခပ်ဆင်ဆင် … 🙂
    ဆိုတော့ … ဒါဗြဲ

  • ရွှေ ကြည်

    April 30, 2013 at 6:34 pm

    အဟွတ် သီးတောင်းသီးတယ် အစ်မဇာရယ် ဒီလိုကြီးရေးမယ်မှန်းသိရင် အများကြီးထပ်ပြောပါတယ် ပြောရမယ်ဆိုအများကြီး သူကလူထူးဆန်းဆိုတော့လေ ကိုယ့်မောင်မို့ပြောတာမဟုတ်ဘူးရယ် အရမ်းတော်တာ :mrgreen:
    အစ်မဇာက အချစ်ပိုတယ်ဆိုလို့ ဝမ်းသာသွားတာ သွားကိုဖြီးလို့ ပါးစပ်တောင်ပိတ်မရတော့ဘူး
    :mrgreen: :mrgreen: :mrgreen:

  • နေဝန်းနီ

    May 1, 2013 at 9:54 pm

    မျက်နှာ ၆ ဘက်ရှိသောသူကို အံဇာတုန်းဟုခေါ်ပါသည်….။ ကလေးများက နှစ်တုန်း သုံးသုံးလက်ထဲဆုပ်ကိုင် ၍ ပန်းကန်လုံးထဲပစ်ကာ အပွင့်ရေတွက် ကစားကြပါသည်….။ ထို့ကြောင့် အံဇာတုန်း ခမျာ ခဏခဏ ပန်ကန်လုံးထဲ ပစ်အထည့်ခံနေရပါသည်….။ …………………………………………………….

  • အဟမ်းး ဟမ်းး အဟွတ် .. :mrgreen:
    တားကို ခုလို ရေးပေးဒါ ကျေးဇူး အားဂျီးဘာ မမခိုင်ဇာ …
    တားကို ခုလို ဝေဖန်ပေးဂျဒါ လူဇိုးများ အားလုံးကို ကျေးဇူးအားဂျီးဘာ …
    တားတွက် ကွန်မန့်လေးနဲ့ ပေါဂျဒူဒွေကိုလည်း ကျေးဇူး အားဂျီးဘာ ..
    တားခုလို စာပြန်နောက်ကျဒါကိုလည်း ခွေးလွှတ်ဂျဘာ ..
    တား ပေါဂျင်ဒါဂဒေါ့ …
    တားကပေါ့နော် ..
    တားကလေ …
    တား .. တား .. တား .. တား …. :mrgreen:

  • မောင် ပေ

    May 5, 2013 at 7:44 pm

    ကျွန်ုပ် မောင်ပေ နှင့် အံစာတုံး ပထမဆုံး အခါတွေ ့တုန်းက ဆရာစံလမ်း က ရန်ကင်းကြေးအိုးဆိုင်
    ဒုခါတွေ ့တော့ ၊ မန်းတလေး က ဘီယာဆိုင်

Leave a Reply