ကြီးမိုက် နဲ့ ပန်း(ကိုပေါက် နောက်လိုက်ကြည့်ခြင်း) …Flower Story

Normal
0

false
false
false

MicrosoftInternetExplorer4

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Times New Roman”;
mso-ansi-language:#0400;
mso-fareast-language:#0400;
mso-bidi-language:#0400;}

ဒီနှစ် ရန်ကုန်မှာ ပိတောက်ပန်းတွေ မပွင့်ပါဘူး..(အချို့နေရာ နဲနဲမှာတော့ ပွင့်လား

မဆိုနိုင်ပါဘူး) ..သေချာတာက ပိတောက်ပန်းတွေ ဝေနေအောင်မမြင်ရတာပါပဲ…

ဘယ်မြင်ရမလဲ…မိုးမှမရွာတာ… မိုးရွာမှသာပွင့်နိုင်ရှာတဲ့ ပိတောက်ပန်းလေ..

သနားစရာ ပန်းပိတောက်ရယ်ပါ…

ပိတောက်ပင် အားလုံးလိုလို မွေးထုတ်ပီးသား အဖူးလေးတွေကို

ပွင့်နိုင်ဖို့ အတွက် မရေရာမသေချာတဲ့ မိုးနတ်မင်းကြီးကို စောင့်နေကြလေရဲ့…

အချို့ပိတောက်ဖူးတွေဆို မပွင့်ရပါပဲလျှက် အဖူးလိုက်ကြွေကျကုန်လေပြီ…

သနားလိုက်ပါဘိတော့…ကိုယ်စွမ်းကိုယ်စ မရှိလိုက်လေခြင်း……

အဲဒီကစ ကျုပ်အတွေးတွေပွား ခဲ့ရတာလေ…ကျုပ်စဉ်းစားတယ်…

ကျုပ်ဆိုတဲ့ ကြီးမိုက်က ပန်းလေးတွေကို နှစ်သက်မြတ်နိုးတဲ့ ၊ ပန်းပွင့်လေးတစ်ပွင့် သဘာဝအတိုင်းကြွေကျတာကို

လွမ်းမောခံစားနေတတ်တဲ့  ခပ်ပျော့ပျော့   ခပ်နုနု

ကောင်တစ်ကောင်တော့မဟုတ်ပါဘူးဗျာ..အဲဒီလိုလွမ်းမောခံစားတတ်အောင်လည်း

ဘဝအခြေအနေက အခွင့်အရေးမပေးခဲ့ဘူး ဆိုကြပါစို့ရဲ့..

ကျုပ်ဆိုတဲ့ကောင်က  နေရောင်ပြင်းပြင်းအောက်မှာ အစားကြမ်းကြမ်းတွေဝါးမျိုရင်း

နေထိုင်ကြီးပြင်းခဲ့ရတဲ့…ကျောက်ခေတ် လူသားလိုကောင် တစ်ကောင်ပါ…

ကျုပ်ဘဝမှာ ပြန်စဉ်းစားကြည့်လိုက်ရင်…အဆင်ပြေတယ်  သက်တောင့်သက်သာဖြစ်တယ်ဆိုတဲ့  အချိန်တွေဆိုတာ မရှိခဲ့သလောက်ပါပဲ…

ဒါပေမဲ့…ကျုပ်ဆိုတဲ့ကောင်က ဘယ်သူ့မှအားကိုးတဲ့ကောင်မဟုတ်ဘူး…

ကျုပ်အခက်အခဲ့တွေ့..ဒုက္ခရောက်နေလဲ ဘယ်လူ့ကိုမှ စောင့်မျှော်အားကိုးခဲ့တာမဟုတ်ဘူး…

ကျုပ်ဖြတ်သန်းခဲ့ရတဲ့လက်တွေ့ဘဝအတွေ့အကြုံအရ…ကိစ္စတိုင်း ပြဿနာတိုင်း

ကိုယ်တိုင် ကိုယ်စွမ်းကိုယ်စနဲ့ ချည်း ဖြေရှင်းကျော်လွှားခဲ့ရတာပါပဲ…

အကျပ်အတည်းအခက်အခဲတွေကိုခါးစည်းခံတယ်..ရုန်းကန်ကြိုးစားတယ်

အချိန်တန်တော့အနိုင်ရတာပါပဲ…

ဒုက္ခကိုမကြောက်တတ်တဲ့ ကောင်ကို `ဒုက္ခ´က ဒုက္ခကြာကြာမပေးနိုင်ပါဘူး

သူပဲလက်လျှော့ပြီး…ကျုပ်ကိုအနိုင်ပေးရတာပဲ….

ပီးတော့ အဲဒီ `ဒုက္ခ´ ဆိုတဲ့ကောင်ဟာ…အခြားခပ်ညံ့ညံ့ တစ်ယောက်ကိုဒုက္ခပေးဖို့

လစ်ထွက်သွားတော့တာပါပဲ…..ဒါပေမဲ့ သတိတော့ထားနေရတယ်ဗျ…သူအပီးထွက်သွားတာ

မဟုတ်ဘူး…ကျုပ်အားနည်းချိနဲ့  သတိမေ့လျှော့တဲ့အချိန်ကို တိတ်တိတ်လေးစောင့်ကြည့်နေတာ… လစ်တာနဲ့ နောက်တစ်ခါဝင်လာတာပဲ…

ဒါကတော့ကျုပ် ဘဝနဲ့ ယှဉ်ပီးနားလည်ခဲ့ရတဲ့ `ဒုက္ခ´ ဆိုတဲ့`စုတ်ချွန်း´တစ်ကောင်အကြောင်းပါ…..

ဟားဟားဟား….လို့ ရွာသူားတွေရီနေပြီလးမဆိုနိုင်ဘူး…

ကြီးမိုက်တစ်ယောက်ရူးသွားပြီလား…မူးနေတာလား…

ဘာတွေပြောနေတာလဲ….

ဘာမှမဟုတ်ပါဘူး ရွာသူရွာသားအပေါင်းတို့ရေ…

အဲဒီ`ပန်းပိတောက်´အကြောင်းကို စဉ်းစားရင်း ပေါ်လာတဲ့…

ကြီးမိုက်ရဲ့အတွေးစလေးတွေ ချရေးနေတာပါ…….ချရေးနေရင်း..

အဆုံးမသတ်နိုင်ဖြစ်နေတဲ့ ..ကြီးမိုက်ရဲ့အတွေးတွေကို…

အဆုံးသတ်ပေးနိုင်မဲ့ အဖြစ်အပျက်ကလည်း ပေါ်လာရပြန်ပါတယ်…

အဲတာကတော့ တခြားဟုတ်ပါရိုးလား…

ထုံးစံအတိုင်း ပိတ်ရက် တနင်္ဂနွေနေ့မှာ…အမေ့အိမ်ရှိရာ မင်္ဂလာဒုံကို

မနက်စောစောအသွား…လမ်းမှာတွေ့ရတဲ့….စိန်ပန်းပင်တွေပါပဲ…

ပန်းနဲ့ စတဲ့ အတွေး…ပန်းနဲ့ပဲ ..ပြန်အဆုံးသတ်လိုက်ရတယ်ဆိုပါစု့ိ..

 

ဟုတ်ပါတယ်….ပိတောက်ဖူးတွေခမြာ

ပွင့်ဖို့အတွက် မရွာနိုင်သေးတဲ့ မိုးကိုမျှော်တုံးပါ..

ဒါပေမဲ့…စိန်ပန်းကတော့ ဘယ်သူ့မှမမျှော်..ဘယ်သူ့မှအားမကိုးပဲ

အချိန်တန်ရင်..ပူလောင်ပြင်းပြလှတဲ့ နေမင်းရဲ့အပူဒဏ်ကို အံတုပြီး

ကိုယ့်အားကိုယ်ကိုးပြီး ဝေနေအောင်ပွင့်ကြတာ…အားကျစရာပါ…

ဘာရယ်မဟုတ်..ဂဇက်မှာစာမရေးဖြစ်တာလည်းကြာပီ…

တနင်္ဂနွေနေ့ ကတော့ မိခင်ရှိရာ မင်္ဂလာဒုံကိုအသွား စိန်ပန်းပင်တွေ

ပင်လုံးကျွတ်ပွင့်နေတာတွေ့လို့ လှလွန်းတာရယ်…ကြိုက်လွန်းတာရယ်ကြောင့်

အထက်ကအတွေးလေးနဲ့အတူ ကြိုက်လွန်တာရယ်ကြောင့် ကားရပ်ရပ်ပြီး တကူးတကဆင်းရိုက်ဖြစ်ပါတယ်…

ရှုစားအားပေးကြပါအုံးဗျာတို့….  :kwi:

အဝါရောင်နဲနဲဖေါက်နေတဲ့စိန်ပန်းအလှ
(၁) အဝါရောင်နဲနဲဖေါက်နေတဲ့စိန်ပန်းအလှ
စိန်ပန်းနီနီ
(၂) စိန်ပန်းနီနီအဆုပ်လိုက် အခဲလိုက်

 

 

နေရောင်ကိုအံတုပြီးပွင့်နေတဲ့ပန်း
(၃) နေရောင်ကိုအံတုပြီးပွင့်နေတဲ့ပန်း
ဒါလေးကလည်းတစ်မျိုးလှပ..အရွက်တောင်မတွေ့ရ
(၄) ဒါလေးကလည်းတစ်မျိုးလှပ..အရွက်တောင်မတွေ့ရ
လာပီဗျို့..အနီနဲ့ အဝါပြိုင်ပွဲ(အလှ)
(၅) လာပီဗျို့..အနီနဲ့ အဝါအလှပြိုင်ပွဲ
အဝါရောင်လွင်လွင် စိန်ပန်းပင်
(၆) အဝါရောင်လွင်လွင် စိန်ပန်းပင်(ပြည်လမ်း၊ ၈မိုင်ခွဲနားမှာ)
နဲနဲကပ်ပြီးကြည့်ရအောင်
(၇) နဲနဲကပ်ပြီးကြည့်ရအောင်
မလှဘူးလား
(၈) မလှဘူးလား

ကိုင်း..ကိုင်း…ရေးချင်ရာတွေလည်းချရေးပီးပြီ

တင်ချင်ရာပုံလေးတွေလည်းတင်လိုက်ပြီ…

နောက်မှတွေ့ကြအုံးမယ်လေ…ပျော်ပျော်ပါးပါးပေါ့..

အားလုံးကိုခင်တဲ့

လမ်းဆက်လျှောက်နေတဲ့..

ကြီးမိုက်။

၃၀-၄-၂၀၁၃

 

 

 

 

 

 

 

 

 

26 comments

  • Myo Thant

    April 30, 2013 at 9:21 am

    ကိုမိုက်က ဒါမျိုးလည်း ရသကိုး

    လှတယ်ဗျာ

  • weiwei

    April 30, 2013 at 9:36 am

    စနေနေ့က သန်လျင်ဘက်ရောက်တော့ စိန်ပန်းပင်ကြီးတွေ နီရဲနေတာ တွေ့ခဲ့တယ် ..
    ဓါတ်ပုံရိုုက်ချင်ပေမယ့် ကင်မရာမပါသွားခဲ့ဘူး … ဖုန်းကင်မရာနဲ့က အဝေးကဟာကို ရိုက်လို့သိပ်မကောင်းဘူး ..
    ကျွန်မကတော့ စိန်ပန်းအနီရဲရဲတွေကို အရမ်းကြိုက်တယ် …

  • ဦး ကျောက်ခဲ

    April 30, 2013 at 9:37 am

    အကိုမိုက်ရေ… ဒီအရပ်မှာဖြင့်
    ပိတောက်လည်းမရှိ… ငုလည်းမရှိ…
    စိန်ပန်းထင်လို့ သေချာကြည့်မိမှ…
    ချယ်ရီတဲ့လေ…

  • kyeemite

    April 30, 2013 at 9:48 am

    ကျုပ်တို့ လမ်းထိပ်မှာ ပိတောက်ပင်အကြီးကြီးရှိသဗျ…ခုထိမပွင့်သေး
    အဖူးလေးတွေတချို့တောင်ကြွေကုန်ပြီ..အဲဒါကိုတွေ့ပီး
    အတွေးပွားမိတာပါ…
    တကယ်တော့ ရွှေရတုပို့စ်ကို ရွှေဝါရောင်ပန်းပိတောက်နဲ့တင်ချင်တာဗျ..
    ခုတော့ ပိတောက်အစား…စိန်ပန်းနီ၊ စိန်ပန်းဝါနဲ့ပဲ ကျေနပ်လိုက်ရတယ်…
    ကိုမျိုးသန့်၊ မဝေ၊ ဦးကျောက် တို့ကို ကျေးဇူးနော.. :528:

  • Novy

    April 30, 2013 at 10:05 am

    ဦးမိုက်ရေ..စိန်ပန်နီနဲ့ဝါ တွေကိုအားပေးသွားတယ်
    မေမြို့မှာတော့ စိန်ပန်ပြာတွေပါတွေ့ခဲ့တယ်ဦးမိုက်ရေ
    စိန်ပန်ပြာတွေကိုလည်းသဘောကျပါကြောင်း

    မပါတာမှတမ်းတနေတဲ့
    (ငယ်ငယ်ထဲ့ကမိုက်တဲ့)
    ငယ်မိုက်-နိုဗွီ

  • Ma Ei

    April 30, 2013 at 10:17 am

    မိုက်လိုက်တာ…
    စိန်ပန်းအနီ၊လိမ္မော် တွေထက်
    စိန်ပန်းဝါဝါပိုလှနေသလိုဘဲ…

  • KZ

    April 30, 2013 at 11:20 am

    လှပါတယ်ဗျို့။
    စိန်ပန်း နီ
    စိန်ပန်း ဝါ
    စိန်ပန်း ပြာ (ရှမ်းပြည်မှာ ပိုပေါတယ်။)
    အကုန်ကြိုက်။
    အပင်ပေါ်ထက် ကြွေနေတာ ပိုကြိုက်သဗျ။
    ငယ်ဘဝ ဒီ လို အပင်တွေ က ပိုပေါသလားပဲ။
    လွမ်းသွားတယ်။
    :hee:

  • ရဲစည်

    April 30, 2013 at 11:59 am

    ရာသီပန်းတွေ အခါမှီ ပွင့် မပွင့်ထက်
    မင်းရင်ထဲ ချိန်ခါမှီ ထာဝရပန်း အစဉ်ပွင့်နိူင်ဖို့အရေး
    ကြင်ခွင့် မဆိုင် အဝေးကနေ ကိုယ်ဆုတောင်းပေးပါတယ်လေ ….. အဟတ် … လွှတ်ဂွတ်
    တိန် … ၆ပလုပ်တုတ်
    အူးမိုက်ကို ဒါမျိုးဂျီး မန့်မိတော့ ဖလား … ဖလား
    :kwi:

  • ကျနော်ကတော့ နံပါတ်(2)နဲ့(5)ကိုကြိုက်တယ်။
    စိန်ပန်း ပေမယ့် နည်းနည်းလေးစီကွဲတဲ့ မျုးိစိတ်ကွဲတွေအများကြီးရယ်။
    ကျနော်မှာလည်း တင်စရာ စိန်ပန်းတွေရှိပါသေး၏။
    နောင်များမှ…………………………

    • kyeemite

      May 3, 2013 at 2:12 pm

      အမှန်ပဲကိုပေါက်ရေ..အရောင်တွေကိုစုံလို့…
      လိမ္မော်ရောင်လည်းတွေ့..
      ဝါတာတာလဲတွေ့…
      နီကျင်ကျင်လည်းတွေ့…ပါ၏။
      ကွဲပြားအောင်လုံးဝ ဝါနေတာကိုပဲရိုက်တင်လိုက်တာ…
      ခင်မင်လေးစားလျှက်…

  • TNA

    April 30, 2013 at 3:37 pm

    ( ၂ ) ကို ကြိုက်တယ်။ ( ၃ ) ကိုကြိုက်ပေမဲ့နဲနဲဝါးနေသလိုပဲ။ ဘာပဲဖြစ်ဖြစ်လေးပေါက်နောက်အမှီလိုက်နိုင် ပါကြောင်း။

  • MaMa

    April 30, 2013 at 4:58 pm

    စိန်ပန်းတွေ အရောင်စုံကြိုက်တယ်။

    ရန်ကုန်ရှု့ခင်းက ဓာတ်ကြိုးတွေ မလွတ်တာ စိတ်ညစ်စရာကောင်းတယ်။

    အပေါ်ဆုံးတစ်ပုံကလွဲပြီး ဓာတ်ကြိုးလွတ်အောင်ရိုက်ထားတဲ့ပုံတွေ လှတယ်။ :kwi:

  • ရွှေ ကြည်

    April 30, 2013 at 7:15 pm

    အူးကြိုက်မီးရေ စိန်ပန်းကို ရွှေကြည်က အရမ်းသဘောကျတာ ငယ်ငယ်ကဆို စိန်ပန်းပင်အောက်မှာ မောင်နှမတွေစုထိုုင်ပြီး သူ့အပွင့်အောက် ကအစိမ်းရောင် အဖတ်လေးတွေကို လက်သည်းနဲ့ ခြစ်ပြီးရင် လက်သည်းမှာကပ်ပြီး လက်သည်းရှည်လုပ်ဆော့ကြတာ။
    ပွင့်ဖတ်တွေကလည်းကြွေလို့ အရမ်းသဘောကျတာ အူးကြိုက်မီးပြောတာလေးသဘောကျသဗျာ
    နေဘယ်လောက်ပူပူ အံတုပွင့်တယ် ဆိုတာလေ
    ဘာပဲပြောပြောဗျာ ပိတောက်ကိုတော့ အကြိုက်ဆုံး 😆

  • အရီးခင်လတ်

    May 1, 2013 at 5:36 pm

    ပုံတွေက လှတယ်ဗျို့။
    ကျုပ် နေခဲ့တဲ့ အထက်တန်းကျောင်းရှေ့မှာ လဲ စိန်ပန်းပင်ကြီးရှိတယ်။
    စာမေးပွဲရက်တွေမှာ စိန်ပန်းတွေ ရဲရဲတောက် ပွင့်နေတာ။
    ပြီးတော့ ကျောင်းပိတ်ချိန်။ လွမ်းစရာပေါ့။
    အမှန်တော့ မလွမ်းပါဘူး။
    ပျော်လွန်းလို့။

  • ဦးကြောင်ကြီး

    May 2, 2013 at 9:53 am

    နောက်ကလိုက်
    အောက်စနှိုက်
    ပေါက်လှကိုက်
    ကြောက်ပါ့ဗိုက်
    တောက်ပသိုက်
    မောက်ဝပိုက်
    ဂေါက်ထရိုက်
    သောက်ဂွဆိုက်..

  • khin phone

    May 2, 2013 at 11:39 am

    ဟုတ်ပါတယ် ဦးမိုက်ရယ်။ ပိတောက်က ကမ္ဘာမြေကို သူ့ရဲ့ ရနံ့ နဲ့ အလှဆင်ပေးတယ်ဆိုပေမယ့် အချိန်တိုတောင်းတာရယ်.. မိုးကိုမျှော်ပြီးပွင့်ရတာရယ်ကြောင့် အားမရပါဘူး…။

    စိန်ပန်းတွေလှတာကိုတော့ ငယ်ငယ်ကတည်းက သတိထားမိပါတယ်။ တောင်ကုန်းပေါ်မှာ ခြံနဲ့ ဝန်းနဲ့ နှစ်ထပ်တိုက်လေး တစ်လုံး… ခြံဝင်းထဲက စိန်ပန်းပင်က အရွက်တွေချပြီး နီနီရဲရဲပွင့်နေတာများ သိပ်ပန်းချီဆန်တယ် လို့ ခံစားခဲ့ဘူးပါတယ်…။

    လမ်းဘေးဝဲယာမှာ စီတန်းပြီးပွင့်နေတဲ့ မင်္ဂလာဒုံက စိန်ပန်းနီနီရဲရဲ တွေကိုမြင်တော့လဲ လမ်းလေးက ပန်းတွေနဲ့ ကဗျာဆန်လိုက်တာလို့…. သဘောကျခဲ့ဘူးပါတယ်။

    အဲ… ငုတွေကို မြင်ရတဲ့အခါကျတော့ လှလိုက်တာ..ဆိုပြီးဖြစ်ပြန်ရော..။ ယဉ်ယဉ်လေးနဲ့ လှတဲ့ မြန်မာကြိုက် အရောင်လေးနဲ့ ပင်လုံးကျွတ် တွဲရရွဲ ပွင့်နေပုံလေးက မခို့တရို့ နဲ့ မဟာဆန်တာ လား၊ မြန်မာဆန်တာလား မပြောတတ်အောင်ကို လှတယ်လို့ ခံစားရပါတယ်။ မွှေးရနံ့ မရှိတာလေးက လွဲလို့ သူရဲ့ လှပတဲ့ အရောင်လေးနဲ့ နွေရဲ့ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ ဝေဝေဆာဆာ ပွင့်နေတာလေးကို ကြည့်ပြီး ရန်ကုန်၊ မန္တလေး အမြန်လမ်းတလျှောက် လမ်းဘေး ဝဲယာမှာ စိုက်လိုက် ရရင် ကောင်းမှာပဲလို့ တွေးကြည့်ဘူးပါတယ်…။

    • kyeemite

      May 3, 2013 at 2:05 pm

      တကူးတက ဝင်အားပေးပြီး
      ကွန်မန့်လေးနဲ့ အားပေးတာ ရှဲရှဲပါ..ခင်ဖုန်းရေ
      :mrgreen:

      ရန်ကုန်၊ မန္တလေး အမြန်လမ်းတလျှောက် လမ်းဘေး ဝဲယာမှာ စိုက်လိုက် ရရင် ကောင်းမှာပဲလို့ တွေးကြည့်ဘူးပါတယ်…။

      ကောင်းလိုက်တဲ့စိတ်ကူးလေး…စိုက်နိုင်ရင်အင်မတန်ကောင်းတာပေါ့ဗျာ…
      လှပီး မျက်စိပသာဒဖြစ်တာပေါ့…ခုတော့ အမြန်လမ်းတလျှောက်နေပူပြင်ကြီးပဲရှိတယ်…
      တခြား အပင်တွေစိုက်နေတာတော့တွေ့တယ်..ငယ်သေးလို့ပါ

  • surmi

    May 2, 2013 at 2:53 pm

    စိန်ပန်းမြင်တိုင်းမျက်ရည်ဝိုင်းတယ်….
    ရေလှိုင်းတွေဘောင်ဘင်ခတ်ပြီလေ…..
    ဟဲ ဟဲ ဘာရယ်မဟုတ်ပါဘူးသီချင်းဆိုကြည် ့တာပါ
    ဒါကြောင် ့လည်း သွားလေရာ ကင်မရာတစ်လုံးပါသကိုး
    ပုံတွေအကြောင်းမပြောတော ့ဘူးဗျာ
    ပုံတွေထက် ဒုက္ခဒဿနကို ပိုကြိုက်သွားလို ့ ….

    • kyeemite

      May 3, 2013 at 1:45 pm

      ကိုရင်ဆာမိက မြင်တတ်သား..
      ကျနော့ ဒုက္ခဒဿန ကိုကြိုက်တယ်ဆိုလို့ အားနဲနဲရှိသွားပီဗျာ…
      သင့်ခရုပါဗျို့… :hee:

  • မောင် ပေ

    May 2, 2013 at 7:04 pm

    စိန်ပန်း
    ပိန်ရမ်း
    ထိန်နမ်း
    တိမ်စမ်း
    ဂိန်မန်း
    အိမ်လမ်း
    လိမ်ကန်း

  • နေဝန်းနီ

    May 2, 2013 at 10:03 pm

    ကိုမိုက်ရယ်……… ကျနော်တို့မှာကျတော့ ရင်ခုံသံနုနုလေးတွေ ကြွေလွင့်ရတာ မျှော်လင့်ချက် နုနုလေးတွေ ပျောက်ကွယ်ရတာ ပိတောက်ဖူးလေးတွေထက်ဆိုးပါတယ်ဗျာ……..။

    • kyeemite

      May 3, 2013 at 1:50 pm

      ဆရာနေ တို့က ကဗျာဆြာလို့မပြောရဘူး…တယ်နုတာကိုးဗျ..
      ကြွေလွင့်သွားတဲ့ ရင်ခုံသံနုနုလေးတွေ၊ ပျောက်ကွယ်ခဲ့ရတဲ့ မျှော်လင့်ချက် နုနုလေးတွေ
      ပြန်ရှင်သန်လာမှာပါ….
      ကျနော်လည်းမပွင့်တဲ့ပိတောက်ကို မလွမ်းတော့ပါ
      ရဲရဲတောက်ပွင့်နေကြတဲ့စိန်ပန်းကိုပဲ အားကျနေတော့မယ်ဗျို့… :gee:

  • Mr. MarGa

    May 3, 2013 at 11:52 am

    စိန်ပန်း…………………
    ဘယ်လိုအရောင်မျိုးနဲ့ပဲ ရှိနေပါစေ လှတယ်
    ငယ်ငယ်က ဝတ်ဆံတွေကို ထုတ်ပြီး ဆော့တာ ပြန်လွမ်းမိတယ် :mrgreen:

  • မယ်ဘုတ်

    May 3, 2013 at 12:32 pm

    စိန်ပန်းအဝါ က အပြင်မှာ အရမ်းလှတယ်ဗျ .. ကြိုက်တယ် :hee:

  • kyeemite

    May 3, 2013 at 1:36 pm

    ကျနော့ရဲ့ ပို့စ်လေးကိုဝင်ရောက်ကြည့်ရှုအားပေးပြီး
    ကွန်မန့်လေးများချီးမြှင့်ကြသူ ရွာသူားအပေါင်းအား
    ကြီးမိုက်မှ အထူးကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း။ :hee:

Leave a Reply