“မုန်းသည်။´´

ခင္ခApril 29, 20131min19420

“မုန်းသည်။´´

 

ငယ်ဘဝကကျောင်းမှာ နှစ်သက်သူတစ်ယောက်ကို

ချစ်မိတဲ့အကြောင်း လိုက်ခါပြောတော့

သူကပြန်ဆို ရှိခဲ့ဘူးသည်

“နင့် ကို မုန်းသည်´´ ဟုဆိုပြီ။

 

ဆယ်တန်းစာမေးပွဲ ဖြေကာနွဲတော့

ထိုနှစ်ကျခဲ့ဆိုသောအခါ

နောက်နှစ်မကြိုးစား ဝေလေများရင်

အဖေပြောသည် “သား ကို မုန်းသည်´´ ဟုဆိုပြီ။

 

အိမ်ရှေ့ အခင်း မြေသလင်းဝယ်

အရိပ်ကကောင်း သဘောကောင်းမို့

ကလေးများစွာ စုစည်းကာသာ

ဆော့ခဲ့ကြတာ နှစ်လရှည်ကြာ၊

မနေ့ကတော့ ခေါင်းကကိုက်လို့

ကလေးတစ်သိုက် ဆော့ကာဆူပွက်

နားမခံလျှက်တော့

ထွက်ကာအော်မိ ဆော့တာရပ်၏

သို့သော်

ထိုကလေးများက ပြိုင်တူပြောသည်

“လေးလေးကြီးကို မုန်းသည်´´ ဟုဆိုပြီ။

 

ကြည့်ကာ ပီတိ ချစ်ကာညှိသည့်

ငယ်ချစ်ကလေး ဖခင်ဝေးနှင့်

အမြဲဆော့လာ ကလေးများစွာ

တူညီပြောခဲ့ “မုန်းသည်´´ တဲ့။

 

ထိုထိုပြောစကား “မုန်းသည်´´များက

အလိုမကျရွတ်သည့်စကား ဟုတ်လေသလား

တွေးထင်မိတာ အခါခါ……………။

 

( ခင်ခ၏ ဟိုမရောက် ဒီမရောက် အတွေးများဖြင့် ရေးခြင်းမျှသာ……)

ဖတ်ရှု့သူများကျေးဇူးနော်။

ခင်ခ။

20 comments

  • ဦး ကျောက်ခဲ

    April 29, 2013 at 3:30 pm

    မုန်းတယ်လို့ ဖုံးကွယ်ကာပြောပေမယ့်…
    အချစ်မပြယ်တာ ရင်ထဲမြင်နေရတာမို့…
    ပြုံးရယ်ကာ ကြည့်နေလိုက်ပါ့မယ်ကွယ်… ဟီ ဟိ
    :kwi:

    • ခင်ခ

      April 29, 2013 at 3:52 pm

      ကနဦး လာမန့်ကာ
      ကြည့်နေလိုက်သူ ဦးကျောက်ကိုမူ
      ကျေးဇူးတင်ကြောင်း ပြောကာလောင်းလို့
      အကျွန်ုပ်အနေနှင့် မမုန်း၍ကာ ပြုံးလျှက်သာ။

  • KZ

    April 29, 2013 at 4:04 pm

    ဂလိုပါပဲ။
    အလိုမကျရင် မုန်းတယ် အော်မိတတ်တာကတော့။
    တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို အလိုမကျရင် မုန်းတယ် လို့ အော်မိနေသေးတာ။
    စိတ်ထဲမှာ တကယ် အမုန်းတရားမရှိရင် မပူလောင်ပါဘူးရယ်။

    :hee:

    • ခင်ခ

      April 29, 2013 at 4:21 pm

      အဲ KZ ရေ ကိုယ့်ကိုယ်တော့ မမုန်းနဲ့လေ။
      ကျွန်တော်ဆို ကိုယ့်ကိုယ်ကို ဘယ်တော့မှမမုန်းဘူးဗျ ချစ်ပဲချစ်တာ။
      ဘာလို့လဲဆိုတော့ တစ်ယောက်မှ ကျွန်တော်ကို မချစ်ကြတဲ့အခါ ကိုယ့်တိုင်မဲတစ်ခုအဖြစ် ချစ်တဲ့သူရှိနေရအောင်လို့လေ။

  • သူကလေး

    April 29, 2013 at 4:08 pm

    အကိုခကိုမုန်းသည် .. ဟီးဟီးးးးး

    • ခင်ခ

      April 29, 2013 at 4:23 pm

      သူကလေးက
      မုန်းတယ်ဆိုလဲ
      ခင်ခကတော့
      ခင်မင်စွာနဲ့
      ပြုံးနေစဲပါလို့ ………။

  • Mr. MarGa

    April 29, 2013 at 4:12 pm

    ကလေးဘဝ ငယ်စဉ်က
    ဆူရင်ငေါက်ရင် တွေးခဲ့ပါသည်
    အဲဒီလူတွေ ငါမုန်းသည်
    သို့သော်ငြားလဲ ကြီးပြင်းလာသော်
    ပြန်လည်မှန်းဆ တမ်းတမိသည်
    ဘဝရှေ့လမ်း ဖြောင့်တန်းစေဖို့
    ဆူပါငေါက်ပါ ဆုံးမပါရန်
    :kwi:

    • ခင်ခ

      April 29, 2013 at 4:29 pm


      ဦးမာဃ ငယ်ဘဝဆိုတော့ သိကြားမင်း ပေါက်စနပေါ့နော်၊
      ဘယ်သူတွေက ဆူတာလဲဟင် ဘိုးတော်သိကြားလား၊ နတ်မင်းကြီးတွေကလား ကွယ်။

  • Myo Thant

    April 29, 2013 at 4:53 pm

    လေးလံလှသော ကိုးနတ်ရှင်ကို မုန်းသည်

    ခဏ ခဏ ဒုက္ခပေးသော အီးပီစီကို မုန်းသည်

    ပလက်ဖောင်းပေါ် တက်ရောင်းသော လှည်းတန်းဈေးသည်တွေကို မုန်းသည်

    လှည်းတန်းမီးပွိုင့် မမိ မိအောင်မောင်းသော ဒရိုင်ဘာတွေကို မုန်းသည်

    ၅ဝ ပြန်မအမ်းသော စပယ်ယာတွေကို မုန်းသည်

    မုန်းသည် မုန်းသည် မုန်းသည်

  • တိမ်မည်း

    April 29, 2013 at 5:17 pm

    ဟိုမရောက် ဒီမရောက် ဖတ်တွားပါဒယ် လေးခင်ခရေ…….
    မုန်းတော့ မမုန်းတက်ပါဖူး……………
    မုန်းဖို ့ မေ့နေတယ်…………..
    အဲ့ဒီလို ပဲ ချစ်ဖို ့ မေ့နေတယ်………….
    :harr:

  • Hnin Hnin

    April 29, 2013 at 6:07 pm

    “မုန်းတယ်” ဆိုတာ အမှတ်တမဲ့လည်း ဖြစ်နိုင်သလို၊ တဒင်္ဂလည်း ဖြစ်နိုင်သလို၊
    ထာဝရလည်း ဖြစ်သွားနိုင်ပါတယ်။

    ၆နှစ်လောက်တုန်းက ဆီးပင် ခိုးတက်တိုင်း အသံပြဲကြီးနဲ့မဆီမဆိုင် အမြဲလှမ်းအော်
    တိုင်တတ်တဲ့ အိမ်ဘေးက အန်တီကြီးကို မုန်းမှမုန်းပဲ။
    ”ဟဲ့..အဝင်းရေ..နင့်သမီးတော့ ဆီးပင်ထိပ်ဖျားပေါ် ရောက်နေပြီဟေ့။ ကြည့်ကြပါဦး ” တဲ့။
    ဒါကတော့ ”ငယ်မုန်း” ။ :mrgreen:

    • ခင်ခ

      April 29, 2013 at 9:15 pm

      အလွန်ကို သတိရနေမိပါတယ် မနှင်းနှင်းရေ။
      ခင်ခပိုစ့်မှာ ဝင်ကာမန့်လို့လည်း ဝမ်းမြောက်ခြင်းများစွာဖြင့် ကျေးဇူးပါနော်
      ကျွန်တော် မမုန်းဘဲ အမြဲခင်တဲ့ထဲမှာ မနှင်းကတော့ မပါမဖြစ်ပေါ့ဗျာ။

  • အရိပ်စစ်

    April 29, 2013 at 6:23 pm

    မုန်းသည်ဆိုတော့ ချစ်ခဲ့သေးသည့် သဘောရကား
    ဖြေသာဖွယ် နည်းနည်းတော့ ရှိပါကြောင်းးး

  • နေဝန်းနီ

    April 29, 2013 at 8:26 pm

    မုန်းသည် ချစ်သည်
    ဤနှစ်လီအား
    အတူခံစား
    နေ့ရက်များ
    ကျော်သွား အရိပ်တွေလည်း
    ရှည်လျား…………။

  • uncle gyi

    April 29, 2013 at 11:06 pm

    အမုန်းဘယ်ကလာလိုက်စစ်လိုက်တော့
    ကိုယ့်အလိုမပြည့်
    လိုချင်စိတ်များနေလို့အမုန်းကဝင်လာတာ
    အလိုနည်းအောင်လျော့နိုင်ရင်ဖြင့်
    အမုန်းကိုလည်းအမှန်လျော့နိုင်မှာပ
    ိုကိုခရယ်

  • lady mobile

    April 30, 2013 at 7:13 am

    မုန်းမုန်းမုန်း မုန်း ဖို့ခက်တယ်ချစ်လေး
    သီချင်းကိုသတိရလို့ပါ……

  • Ma Ei

    April 30, 2013 at 3:03 pm

    မန်းဂဇက် ဖွင့်လိုက်တိုင်း ပို့စ်အသစ်တွေ့ရတယ်…
    ဖတ်လိုက်တိုင်းလဲ စေတနာကိုသိ၊ရင်ကိုထိတယ်…
    ရေးတတ်နိုင်လွန်းတဲ့ ကိုခင်ခကို ပြောလိုက်ပါမည်…မုန်းသည်…

  • ရွှေ ကြည်

    April 30, 2013 at 8:01 pm

    လေးခင်ခရေ မုန်းတယ်ဆိုတာ ပြန်ချစ်နိုင်ပါသေးတယ်ဗျ
    စိတ်မကုန်ဖို့အရေးကြီးးတယ် ရွှေကြည်ကတော့ ရွာထဲမှာဘယ်လောက်ပဲငြင်းကြခုန်ကြပါစေ ဘယ်သူ့ကိုမှမမုန်းကြောင်းးးးးးးးး :harr:

  • မုန်းသည် …
    အားလုံးကို မုန်းသည် …
    တစ်ယောက်မကျန် အကုန်လုံးကို မုန်းသည် …
    ရှိရှိသမျှ သက်ရှိ သက်မဲ့ တွေကို မုန်းသည် ….
    ကျုံးကျုံးပြီးသာ အော်လိုက်မည် …
    “… မုန်း …. သည် …”
    ဟီးဟီး … :mrgreen:

Leave a Reply