ဖိအားကိုအသုံးပြု၍ကွဲစေသော ပေါင်းအိုးဗုံး၊သို့မဟုတ် Prssure Cooker Bomb

Mr WorldWideApril 29, 20131min1114

ဖိအားအတွင်းရှိ အရာဝတ္ထုများသည် ပေါက်ကွဲစေတတ်သည်ဟူသော အဆိုသည် ပို၍မှန်ကန် လာပေဦးတော့မည်။ ဖိအားသုံးပေါင်းအိုး  များသည် အစားအစာများအား ရေနွေးငွေ့ဖြင့် ကျက်သွားစေရန် ပေါင်းအိုးအတွင်းရှိ လေထုအပူချိန်ကို သာမန်အပူချိန်ပမာဏ ၂၁၂ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လွန်လာစေရန် ပြုလုပ်ပေးသည်။ ထိုသို့ ဖိအားသုံးပေါင်းအိုးတစ်လုံး၏ တိုးမြင့်လာသော အပူချိန်သည် ပေါက်ကွဲမှုစွမ်းအင်ကို ပို၍ကြီးမားအောင် စွမ်းဆောင်ပေးနိုင်ပေသည်။

    ဘော်စတွန်ဗုံးပေါက်ကွဲမှုတွင် အသုံးပြုခဲ့သလို ဖိအားသုံး ပေါင်းအိုးဗုံးအနေဖြင့် ပေါက်ကွဲယမ်းမှုန့်များမှ ထွက်ပေါ်လာသော ဓာတ်ငွေ့များကို လျင်မြန်သည့်နှုန်းဖြင့် ထုတ်လွှတ် ပြန့်ကျဲသွားစေနိုင်သည်။ေ လထုဖိအားအတွင်း၌လည်း  ၎င်းဓာတ်ငွေ့များကို အချိန်ကြာကြာစွဲမြဲနေအောင် ထိန်းသိမ်းထားနိုင်သည်။ ပေါက်ကွဲမှု၏ အကျိုးဆက်မှာ ဖိအားအသုံးမပြုဘဲ ပေါက်ကွဲထွက်ပေါ်လာသည့် ယမ်းမှုန့်များထက် ပို၍ဝေးကွာစွာ ပျံ့နှံ့ရောက်ရှိသွားစေခြင်းပင် ဖြစ်သည်။

    ထိုသို့ဆိုပါက ဤစိတ်ကူးအား မည်သည့်နေရာမှ ရရှိလာပါသနည်း။ ပြန်လည်အစကောက် ဖော်ပြနိုင် ဖို့ရန် ခက်ပေမည်။ အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဌာန Home Land Security ၏ ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်၌မူ အိနိ္ဒယနှင့် အယ်လ်ဂျီးရီးယားနိုင်ငံတို့ရှိ အမျိုးမျိုးသော အကြမ်းဖက်အဖွဲ့အစည်းများနှင့် သူပုန်အဖွဲ့များ အသုံးပြုခဲ့သော ဖိအားသုံးပေါင်းအိုးဗုံးများ အကြောင်းကို ဖော်ပြခဲ့ဖူးသည်။ ထပ်မံထွက်ရှိလာသည့် ၂၀၁ဝ ခုနှစ် အစီရင်ခံစာတစ်စောင်၌လည်း နယူးယော့ခ်၊ တိုင်းမ်စကွဲယား ဖြစ်စဉ်တွင် ခြိမ်းခြောက်အသုံးပြုခဲ့သည့် ဖိအားသုံးပေါင်းအိုးဗုံးအပါအဝင် နီပေါ၊ အာဖဂန်နစ္စတန် နှင့် ပါကစ္စတန် နိုင်ငံတို့တွင် အသုံးပြုခဲ့သည့် ဖိအားသုံးပေါင်းအိုးဗုံးများအကြောင်းတို့ကိုလည်း ထည့်သွင်းဖော်ပြခဲ့ဖူးပေသည်။

ဘော်စတွန်မြို့၊ မာရသွန်ပြိုင်ပွဲတွင် ဖောက်ခွဲရေးပစ္စည်းများ ထည့်သွင်းထားသော ဖိအားသုံးပေါင်းအိုးဗုံး ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး မကြာသေးမီက ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင်မူ ၎င်းဗုံးများ အကြောင်းနှင့် စပ်လျဉ်း၍ အယ်လ်ကေးဒါးတို့၏ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေခဲ့သော Inspire မဂ္ဂဇင်း၌ ဖိအားသုံးပေါင်းအိုးဗုံးဆိုင်ရာ အညွှန်းများပါဝင်ကြောင်း၊ သို့သော် ၎င်းဗုံးမှာ လွန်ခဲ့သည့် ၁ဝ စုနှစ်တစ်စုခန့်ကပင် ပေါ်ပေါက်ခဲ့သော ဗုံးဒီဇိုင်းတစ်ခုဖြစ်ကြောင်း အစီရင်ခံဖော်ပြထားသည်။  ၁၉၇၁ တွင် မထင်မရှားထုတ်ဝေခဲ့သည့် လက်ရေးမူဖြင့် ရေးသားထားသော တရားမဝင်စာအုပ်တစ်အုပ်၌မူ ဖိအားသုံးပေါင်းအိုးဗုံးများ ဖောက်ခွဲမှုဆိုင်ရာ ဆွေးနွေးထားမှုများ၊ ညွှန်ကြားချက်များအား သိရှိစေရန်ဖော်ပြထားသည်ကို တွေ့ရှိရသည်။

 

    ဖိအားသုံးပေါင်းအိုးဗုံးများနှင့်ပတ်သက်၍ ရှည်လျားသည့်နောက်ခံသမိုင်းကြောင်းနှင့် အသုံးပြုပုံ အမျိုးမျိုးတို့ကို တွေ့နိုင်သည်။အိန္ဒိယနိုင်ငံ၌ ကက်ရှ်မီးယားနှင့် ပတ်သက်သော အကြမ်းဖက်အုပ်စုများ ဖြစ်သည့်အိန္ဒိယကွန်မြူနစ် (Maoist )တို့အနေဖြင့် ၎င်းဗုံးအား အသုံးပြုခဲ့ဖူးသည်။ ၂၀၀ဝ ခုနှစ်တွင်မူ ပြင်သစ်နိုင်ငံရှိ အယ်လ်ဂျီးရီးယန်း အကြမ်းဖက်အုပ်စုတစ်ခုက ဖိအားသုံးပေါင်းအိုးဗုံးကို အသုံးပြု၍ခြိမ်းခြောက်ခဲ့ပြီး ယခုနှစ်ဇန်နဝါရီလ ဂရိနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဖိအားသုံးပေါင်းအိုးဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်စဉ်ကိုလည်း အကြမ်းဖက်သမားများ၏ လုပ်ရပ်ဟု မှတ်ယူထားသည်။ ဖိအားသုံးပေါင်းအိုးဗုံးတစ်လုံး ပြုလုပ်ရန် အသုံးပြုသည့် ပစ္စည်းများအနေဖြင့် ဈေးကြီးမြင့်ခြင်း မရှိသကဲ့သို့ တန်းဝင်ရှားပါးပစ္စည်းများလည်း မဟုတ်သည့်အပြင် ပြုလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်များမှာလည်း ပေါပေါများများ ရရှိနိုင်ပေသည်။ ထို့ကြောင့် ဖိအားသုံးပေါင်းအိုးဗုံး များနှင့် ပတ်သတ်၍ မည်သည့်အုပ်စုမဆို အသုံးပြုကြသည့် တိုက်ခိုက်မှုသွင်ပြင်တစ်ရပ်အဖြစ် ပြောစမှတ်ပြုကြပြီး အမေရိကန်စစ်သာများကမူ ကျည်ဆန်များကိုသာ အသုံးပြုတတ်ကြသည်ဟု ပြက်ရယ်ပြုကြပါသည်။
 

တိုက်ခိုက်မှုဖြစ်စဉ်အပြီး ထောက်လှမ်းတွေ့ရှိရမှု အဖြေများနှင့်အတူ နားလည်လာသည်မှာ ၎င်းဗုံးအား နေရာတိုင်းတွင် တွေ့ရှိရခြင်းမှာ ဗုံး၏ (ပြုလုပ်ရလွယ်ကူသော) ပင်ကိုယ်သဘောသဘာဝကြောင့် ပင်ဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်သည်။

Source:http://www.popsci.com/technology/article/2013-04/how-does-pressure-cooker-bomb-work-infographic

4 comments

  • Mr. MarGa

    April 29, 2013 at 6:29 pm

    အလွယ်တကူ ပြုလုပ်နိုင်တဲ့ အကြောင်းကြောင့်
    ဒီဗုံးတွေကို ပိုလို့ အသုံးများလာတဲ့ ပုံပါလားနော်

  • TNA

    April 29, 2013 at 9:47 pm

    Hand Made Home Made ဗုံးတွေဆိုတော့ ကြောက်စရာ စိုးရိမ်စရာပါပဲ။ လူဆိုးတွေဆိုတာ ကောင်း တာတွေသာ အတုခိုးဖို့ ခက်မယ် မကောင်းတာကတော့အတုခိုးကြတာမြန်တယ်ဆိုတော့။

  • lady mobile

    April 30, 2013 at 7:52 am

    ဗဟုသုတ ရစေတဲ့အတွက်
    ကျေးဇူး….

Leave a Reply