မှားနေတဲ့ ကောင်းကင်ထဲ / ခပ်ညံ့ညံ့တိမ်တွေ ပျံသန်း / လန်းဆန်းချင်ယောင် ဆောင်နေမှတော့….

alinsettApril 29, 20131min16412
မှားနေတဲ့ကောင်းကင်
မှားနေတဲ့ကောင်းကင်

၁ ။ ။ မှားနေတဲ့ ကောင်းကင်ထဲ..

ခပ်ညံ့ညံ့ တိမ်တွေ ပျံသန်း…

လန်းဆန်းချင်ယောင် ဆောင်နေမှတော့……

၂ ။ ဟုတ်လိမ့်နိုးနိုး….အတွေးတွေနဲ ့….

ကိုယ့်ကို ကိုယ် ခွဲ စိတ်ကြည့်တော့လည်း…

ကြည့်စမ်း….

ငါ့ရင်ထဲ… မိုးခါးတွေ…ရွာနေတယ် ။

၃ ။ ။ အလင်းမဲ့တဲ ့ မနက်ခင်း….

ခပ်ပြင်းပြင်းလေး..လျှောက်တဲ ့ခြေသံတွေနဲ ့…

ငါ့ဆီ..ရောက်လာတယ် ။

၄ ။ ။ မလွမ်းလောက်ပါဘူး ….

ဟောဒီ ကောင်../ ဟောဒီ ချောက် ကမ်းပါးစွန်းမှာ…

ရပ်..နေတယ် ။

ဖြေဆေး တစ်ဖက်… အဆိပ်ခွက် တစ်ဖက် ကိုင် ဆွဲ ထားပေမယ့်…

မလွမ်းလောက်ပါဘူး ။

၅ ။ ။ ဇာတ်သိမ်း မပါတဲ ့ဝတ္ထုတစ်ပုဒ်နဲ့….

ရနံ ့ မပါတဲ ့ အရက်တစ်ခွက်……တော့….

ရော..သောက်လိုက်ချင်သေးရဲ ့….။

၁ ။ ။ မစခင်… ဆုံးရတာလား….

မဆုံးခင်… စရတာလား…

ဘယ် အမေးကိုမှ မဖြေပါနဲ ့…

မုဆိုးတစ်ယောက်ရဲ ့ သားကောင်လား…

သားကောင် တစ်ကောင်ရဲ ့မုဆိုးလား….

ဘာရဲ ့ဘာလဲ…….

ဘယ် အမေးကိ်ုမှ မဖြေပါနဲ ့ကွယ်…..။

၂ ။ ။ စနစ်တကျ လွှဲဖယ် ထားပြီးသား…ကံတရားနဲ့လူ….

လှလှပပ ကျဆုံးဖို့ပဲ..လိုတော့တယ် ။

၃ ။ ။ သွားခွင့် ပြုပါ ။

သွားခွင့်..မပြုဘူး..ဆိုရင်တောင်….

သွားခွင့်တော့ ပြုပါ ။

၁ ။ ။ မှားနေတဲ ့ကောင်းကင်ထဲ….

ခပ်ညံ့ညံ့ တိမ်တွေ ပျံသန်း…

လန်းဆန်းချင်ယောင်ဆောင်နေမှတော့….

…………………………

သွားခွင့် မပြု ဘူး..ဆိ်ုရင်တောင်…

သွားခွင့်တော့…ပြုပါတော့….။

သွားခွင့်မပြုဘူးဆိုရင်တောင် သွားခွင့်တော့ ပြုပါ ။
သွားခွင့်မပြုဘူးဆိုရင်တောင်
သွားခွင့်တော့ ပြုပါ ။

$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$

လေးစားစွာဖြင့်

အလင်းဆက်

27 . 4 .2013 . 11 း55 am

12 comments

  • Mr. MarGa

    April 29, 2013 at 7:39 pm

    အေးပါကွယ်……….
    သွားနိုင်ပါပြီ :mrgreen:

  • Mr. MarGa

    April 29, 2013 at 8:03 pm

    ချစ်တုဝေလေးကို ဦးမာဃနဲ့ စိတ်ချလက်ချသာ ထားခဲ့ပါကွယ် :mrgreen:
    နောက်ဆံတင်းစရာ မလိုဘူးနော် သိလား :mrgreen:

  • အလင်းဆက်

    April 29, 2013 at 8:10 pm

    အူးမာဃ အတွက်..
    ဆိုက်ကားနင်းတဲ ့ ချစ်သုဝေ.ကို ပဲ..
    ထားခဲ့မယ် ။

    အဆိုတော်ကောင်မလေးကိုတော့..
    ခေါ်သွားမယ် ။

    ဟက်ဟက်
    :kwi:
    :kwi:

  • Mr. MarGa

    April 29, 2013 at 8:23 pm

    ဘယ်လို
    ဆိုက်ကားနင်းတဲ့ ချစ်သုဝေလေးကို ခေါ်သွားမယ် ဟလား
    ကောင်းပါသကွယ်……..
    သေသေချာချာ စောင့်ရှောက်လိုက်နော် :harr:

  • အရိပ်စစ်

    April 29, 2013 at 9:11 pm

    ရင်ဘတ်ကြီးနဲ့ ဖတ်သွားပါတယ်
    တိမီးနားလည်တယ်နော် နားလည်သလောက်ခံစားရတာလည်း ကောင်းဘူး
    ကဗျာလေးတကယ် ကြိုက်တယ်

  • သူကလေး

    April 30, 2013 at 8:46 am

    သွားပါတော့ … ဆွဲမထားရက်ဘူး ….( အဟိ ဝင်ညှော်တာ )

  • kyeemite

    April 30, 2013 at 11:16 am

    ကောင်းကင်မှားတာကိစ္စမရှိဘူးကွ
    “လူ” ကမမှားဖို့အရေးကြီးတယ်ဟေ့… :harr:

  • TNA

    April 30, 2013 at 3:38 pm

    သွားဘာဂွယ် သွားဘာ။ ရဘားဒယ်။ မတားလိုဘာ မတားလိုဘာ

  • ရွှေ ကြည်

    April 30, 2013 at 7:21 pm

    နံပါတ်လေး အပိုဒ်လေးအကြိုက်ဆုံးပဲ

    လွမ်းခွင့်မပြုဘူးဆိုတောင် သွားခွင့်ရှိတယ် ငါ့မောင် သွားပေတော့ လှည့်မကြည့်နဲ့ :mrgreen:

  • ရွှေ ကြည်

    April 30, 2013 at 7:22 pm

    နံပါတ်လေး အပိုဒ်လေးအကြိုက်ဆုံးပဲ

    သွားခွင့်မပြုဘူးဆိုတောင် သွားခွင့်ရှိတယ် ငါ့မောင် သွားပေတော့ လှည့်မကြည့်နဲ့ :mrgreen:

  • အလင်းဆက်

    May 1, 2013 at 8:48 pm

    ဖတ်ရှု ခံစားကြသူများအားလုံးကိူ…
    လေးစားစွာ .ချစ်ခင်
    ကျေးဇူးတင်လျက်ပါ….လို ့။
    🙂

Leave a Reply