မေမေ

ကာရံApril 29, 20131min1204

မေမေကျွေးခဲ့ဖူးတဲ့ ပဲပြုပ်ထမင်းဆီဆမ်းလေးကို

မှန်းဆလို့ ယနေ့ထိတိုင် တမ်းတနေဆဲပါ မေမေ

သားဆိုးနွဲတိုင်း အပြုံးအပျက်ဘဲ

နွေးထွေးတဲ့ ရင်ခွင်တစ်နေရာက

သားအတွက်တော့ အေးမြတဲ့

နေရာသစ်လေးတစ်ခုပါ မေမေ

ညအိပ်ရာဝင်တိုင်း ပြောတက်တဲ့ မေမေ့ရဲ့

ပုံပြင်အဆန်းလေးတွေကလေ

သားအတွက်တော့ နိုးမထချင်တဲ့ မနက်ခင်းလေးပေါ့

မေမေရေ သားအသက်တွေဘယ်လောက်ကြီးကြီး

မညည်းမငြူ ပြုစုတက်တဲ့ မေမေရဲ့ ချစ်မေတ္တာတွေကြားမှာ

သားလေး ပျော်မွှေ့ချင်ပါသေးတယ်

သံသရာခရီးရှည်ကြီးထဲမှာ ကြင်လည်နေရတဲ့

သားတို့ရဲ့ အမေ့အိမ်လေးကိုတော့

ဘယ်တော့မှ မမေ့နိုင်တဲ့ ကာရံကဗျာလေးဖြစ်နေမယ်ဆိုရင်

မေမေရေ အစဉ်နွေးထွေးတဲ့  ချစ်မေတ္တာတွေကြားမှာ

သားလေမြတ်နိုးခွင့် အစဉ်သာပိုင်ဆိုင်နေပါတော့မယ်

                 ပိတောက်မိုး

4 comments

  • Mr. MarGa

    April 29, 2013 at 8:09 pm

    ကိုရင့်ကဗျာ ဖတ်ပြီးတော့
    အမေ ကျွေးတဲံ ပဲပြုတ် ဆီဆမ်းကို သတိရသွားတယ်
    လွမ်းတယ်ဗျာ :byae:

  • padauk moe

    April 29, 2013 at 8:22 pm

    မေမေ့ မေတ္တာရိပ်အောက်မှာ အစဉ်အေးချမ်းနိုင်ပါစေနော်

  • အရိပ်စစ်

    April 29, 2013 at 8:30 pm

    အမေ့ကို စိတ်ချမ်းမြေ့အောင်ထားနိုင်ပီး အမေ့ရဲ့ မေတ္တာရိပ်အောက်မှာ မြတ်နိုးခွင့်တွေ အစဉ်ပိုင်ဆိုင်တဲ့ သားလေးတစ်ယောက်ဖြစ်ပါစေလို့
    ဆုတောင်းပေးပါတယ်နော်

  • lady mobile

    April 30, 2013 at 7:21 am

    ကဗျာလေးကိုဖတ်ပြီးတော့
    အမေ့ကို လွမ်းလိုက်တာ….

Leave a Reply