နှောင်းအတိတ်ပန်းချီ

ကာရံApril 29, 20131min1274

ပင်ယံထက်ပန်း လှမ်းရန်အခူးခက်

ပြိုမလိုမိုး အငြိုးနဲ့ရွာ

ရင်ခွင်အလည်နွေ ခြောက်သွေ့နှလုံးသား

အပြုံးများအကြွေ အမုန်းတရားဝေခဲ့

အချစ်ပြိုသည့်မိုး နှစ်လို့သည့်ရနဲ့ကြွယ်

အနမ်းမဝေတဲ့ ဆောင်းလေပွေရှုး

နှောင်းအတူ လျှောက်လှမ်းဖူးခဲ့

ခရေလမ်းလေးလဲ အကြွေပန်းများ

ဖူးပွင့်ဝေဆာ အဖြေရှာလေတော့

ငါလေချစ်တာ သူသိပါစေတော့

 ပိတောက်မိုး

4 comments

  • Mr. MarGa

    April 29, 2013 at 8:11 pm

    အချစ်ပြိုသည့်မိုး နှစ်လို့သည့်ရနံ့ကြွယ်
    အနမ်းမဝေတဲ့ ဆောင်းလေပွေရူး

    အဲဒါလေးတွေကို ကျုပ် အမှတ်ထင်ထင် ဖြစ်မိပါတယ်။

  • padauk moe

    April 29, 2013 at 8:18 pm

    ကျေးဇူတင်ပါတယ်ဗျာ ခံစားချက်ခြင်းတူရင် ပျော်ရွှင်နိုင်ပါစေနော်

  • အရိပ်စစ်

    April 29, 2013 at 9:40 pm

    ကဗျာလေးက လှတယ်ဗျိုးးး

  • lady mobile

    April 30, 2013 at 7:15 am

    ချစ်တဲ့သူသိပါစေနော်…..

Leave a Reply