မနက်ဖြန်ဆိုတာ …

လူတိုင်း မနက်ဖြန်ဆိုတာ ကြုံတွေ့ဖူးမှာပါ။ မနက်ဖြန်ဆိုတာ ကျွန်တော် ဘယ်သောအခါမှ အဓိပ္ပါယ်ဖွင့်မဆိုတတ်သော အရာပါ။ ကျနော်ဟာ နိစ္စဓူဝ လုပ်ငန်းခွင်ထဲမှာ လည်ပတ်ရင်း ကျနော့်ရဲ့ မနက်ဖြန်တွေအတွက် ဝန်ထုပ်ဝန်ပိုး အပြည့်နဲ့ ဆက်လက်ရှင်သန်နေရသူပါ။ ကျနော့်မှာ အဖြေမရှိသော မနက်ဖြန်တွေကို ခက်ခဲစွာ (သို့) မသိလိုက်မသိဖာသာ(ဟန်ဆောင်ပီး) ကျော်ဖြတ်ခဲ့တဲ့ နေ့ရက်တွေ မနည်းတော့ပါဘူး။

နေ …….သာတဲ့တစ်နေ့မှာ ကောင်းကင်ဟာ ပြာလဲ့လဲ့ပါ

မရေရာတဲ့ နေ့တွေအတွက် ကျနော်ဟာ ကောင်းကင် မပြောနဲ့ မြက်ပင်တွေကိုတောင် အဖြေပုစ္ဆာ မတွက်အား

လေ ……လာတဲ့အချိန် သစ်ရွက်ခြောက်တွေ ကြွေကျသလို ရွက်နုတွေနဲ့ ရွက်ရင့်တွေက လှုပ်ခါကြပ်လိမ့်မယ်

သေချာတဲ့ လူ့ဘဝဆိုတာ သစ်ရွက်တွေနဲ့ နမူနာထားကြည့်ပေးပါ

ရေရာစွာ သေချာ စွဲမှတ်မိစေတာက

အနေလူ့ဘဝဆိုတာ အခြေပြုကျင့်မှု

အသေ…… သဘာဝတရားအောက် မရေရာ ငဲ့လင့်မှုတွေနဲ့အတူ

ဘဝရဲ့ မနက်ဖြန်ဆိုတာ ….. အတိုင်းဆမဲ့ ကွဲလွဲချက်တွေနဲ့အတူ ……။

ဘဝအစရယ်လို့ ယူမှတ်တဲ့အချိန် မသိနားမလည်ခြင်းတွေအတွက် ကျနော်ဟာ အလုပ်အကျွေးဘဝနဲ့ အစစအရာရာ သင်ယူမှတ်ခဲ့ဖူးပါတယ်။ အဲ့ဒီနေ့ကစ အိပ်မက်တွေ နေ့တိုင်းမက်တယ် ငါသာ …..ဆိုလျှင်……။ သေချာတဲ့ အယူအဆက အလုပ်အကျွေး(သို့) နောက်လိုက် (သို့) စတင်သင်ယူသူတယောက်ဟာ ဆုံးဖြတ်ချက်တွေ အတွက် ဝေကွဲစရာ နည်းပါးခဲ့သူမို့၊ သေချာစွာ ဆောင်ရွက်ခြင်းဖြင့် နောက်လိုက်ကောင်း တယောက်အနေနဲ့ မနက်ဖြန်အတွက် ဝန်ထုပ်ဝန်ပိုးတွေ မရှိခဲ့ပါဘူး …….။

မနက်ဖြန်ဟာ ……

သင်(သို့) ကျနော့်အတွက် မနက်ဖြန်ဟာ နေသာသာ မိုးရွာရွာ

လှမ်းလျှောက်ခဲ့မိဖူးတဲ့ အရာတွေအပေါ် အထူးတလည် မဖြစ်ရင်နေပါစေ ….။

နေပါစေ…။

နေပါစေ…။

နေပါစေ…။

နေသာသလို နေတတ်တဲ့ အမူအကျင့်ထက်စာရင်

သင် …. နေရာမှာ တာဝန်ကျေတတ်ရင်  …. မနက်ဖြန်ရဲ့ လေနုအေး လတ်လတ်ဆတ်ဆတ်ကို ဝန်ထုပ်ဝန်ပိုးမရှိ ရှူရှိုက်တတ်မည်ဟု လောကက ထင်မြင်ပေလိမ့်မည်။

Special thanks and refer to ….

Mya Thann Tint

Colonel Larry R. Donnithorne

Xin Xiaoji

 

 

 

 

12 comments

  • အရိပ်စစ်

    April 30, 2013 at 12:00 am

    လာမယ့် မနက်ဖြန်တွေထက် ကျော်လွန်ခဲ့တဲ့ မနက်ဖြန်တွေထဲမှာတော့ ဘာသိဘာသာတွေ များများနေတာ တွေ့ရရဲ့

  • lady mobile

    April 30, 2013 at 7:07 am

    မနက်ဖြန်ဆိုတာကို
    ဝင်ရောက်ဖတ်သွားပါတယ်…..

  • ဦးကြောင်ကြီး

    April 30, 2013 at 8:30 am

    မနက်ဖန်
    သရက်ခြံ
    အထွက်သန်
    ဘဝဂ်ညံ
    တပတ်စံ
    ဒလက်ပျံ
    ထညက်ဖန်
    လဖက်ငန်..

  • ဦး ကျောက်ခဲ

    April 30, 2013 at 8:57 am

    မနက်ဖြန်လား…
    မနေ့ကအထိတော့ သူရှိနေတုံးပါ…
    ဒီနေ့ရောက်မှ နောက်တစ်နေ့ကို သူမျက်နှာများသွားတာ…

  • kyeemite

    April 30, 2013 at 9:12 am

    မင်္ဂလာပါ “ကရဲစီ”
    မနက်ဖြန်ရဲ့ လေနုအေး လတ်လတ်ဆတ်ဆတ်ကို တော့
    တဝကြီးရှုရှိုက်လိုက်ချင်မိပါရဲ့…
    ဒါနဲ့….Mya Thann Tint
    Colonel Larry R. Donnithorne
    Xin Xiaoji လူမျိုးမတူ သုံးယောက်လုံးကို ကိုးကားထားတာလားဗျ.. 🙄

    • ရဲစည်

      April 30, 2013 at 11:49 am

      To U Kyeemite;
      ဒီတပတ် အချိန်ရတုန်းလေး စာအုပ်၂အုပ်နဲ့ ရုပ်ရှင်တကား ကြည့်ဖြစ်တယ်။ ၃ခုလုံးက လူမျိုးမတူသလို ရေးထား ရိုက်ထားတာလဲ မတူဘူးဗျ။
      ဆရာမြသန်းတင့်ရဲ့ လမင်းကိုထံရံပေါက်မှကြည့်ခြင်း
      ဗိုလ်မှူးကြီး လာယ်ရီရဲ့ ခေါင်းဆောင်မှုစာအုပ်
      ရှောင်န်ရှင်န်းရဲ့ ဘဝအကြောင်းရုပ်ရှင်ကား ….။ အဲ့၃ခုပေါင်းပီး ရလာတဲ့ အတွေးလေးကို ချရေးကြည့်တာပါ။
      ကိုယ့်အကြောင်းကို အရင်ထက်ပိုသိလာသလိုဘဲ … 🙂
      ————————————————————————————————————————
      To Ko Amatmin;
      လေချွန်ကြည့်တဲ့ သဘောဗျ၊ ကိုယ့်လေချွန်သံကို ပီပီပြင်ပြင်နဲ့ ကောင်းကောင်းကြားရရင် ကျေနပ်မိတဲ့အဖြစ် …
      :harr:

  • amatmin

    April 30, 2013 at 9:46 am

    အနေလူ့ဘဝ ဆိုတာ အခြေပြုကျင့်မှု .. ဆိုပဲ..။
    ရေးထားတာ မိုက်ဒယ်ဗျာ..
    (ဘာသိလို့ ဘာတတ်လို့ မိုက်တယ်ပြောနေလည်း လာမမေးနဲ့ ကြိုက်လို့ မိုက်ဒါပဲ..)
    ကိုယ်တိုင်လည်း ဘဝရဲ့ နားမလည်နိုင်ခြင်း မျိုးစုံအတွက်..
    နောက်လိုက်ကောင်းအဖြစ်သင်ယူရင်း..
    သူသူ ငါ ငါ လူတကာအပေါ် နေသာမဲ့ မနက်ဖြန်တွေ ကျစေချင်မိသား. ။
    ဒါနဲ့ နေသာသလို နေတယ်ဆိုတဲ့ စကားနဲ့
    ကိုယ့်စာကိုယ်ရေး ကိုယ့်တေးကိုယ်ဆို ဆိုတဲ့
    စကားလုံးမျိုးက ဆင်တူဖြစ်လားမသိ ….
    :kwi:

  • KZ

    April 30, 2013 at 12:25 pm

    မနက်ဖြန် ဆိုတာ…
    မနက်ဖြန် ဆိုတာ…..
    မနက်ဖြန် ဆိုတာ…..
    မနက်ဖြန် ဆိုတာ…..
    .
    .
    .
    .
    ..
    .

    မေဒေး ရုံးပိတ်ရက်ပါ တကား။
    :kwi:

  • kai

    May 1, 2013 at 3:03 pm

    အခုမနက် ၁နာရီခွဲမို့… မနေ့ကဆိုတာ.. လွန်ခဲ့တဲ့တနာရီခွဲကပဲ..။
    အဲဒီတုံးက.. အခုအချိန်ဟာ..မနက်ဖြန်ပေါ့..
    အခုတော့..မနေ့..အတိတ်ဖြစ်ခဲ့ပြီ… :kwi:

  • မနက်ဖြန် ဆိုတာ …
    ဒီနေ့ မဟုတ်တာ သေချာပါတယ် …
    မနက်ဖြန် ဆိုတာ …
    သေခြင်းရဲ့ ကမ်းတဲ့ လက်တွေကို ဝဲလ်ကမ်း ရတာမျိုးပါပဲ။

  • မောင် ပေ

    May 2, 2013 at 7:15 pm

    မနက်ဖန် ဆိုတာ
    ဒီနေ ့နဲ ့သဘက်ခါ ရဲ ့ကြားရက်
    ကြားရက်ဆိုတာ
    စားတတ်မယ်ဆိုရင်
    စားဖို ့ရှာဖွေလုပ်ကိုင်ကြရမှာပါကလား

  • နေဝန်းနီ

    May 2, 2013 at 9:39 pm

    မနက်ဖြန် ကိုကိုလာခေါ်မယ်ဆိုလို့ စောင့်နေတာ မနက်ဖြန်ဆိုတာရှိမှမရှိပဲကိုးးးးးးးးး
    ဟိုတစ်နေ့က ခင်သန်းနု ပြောသွားတာ MRTV မှာလာတဲ့ဇာတ်ကားတဲမှာလေ…….. ဘာကားလဲတော့မသိဘူး ကတ္တီပါဖိနပ်စီး လို့ထင်တာပဲ………..။

Leave a Reply