Samsung ၏ တိုးတက်တီထွင်လာသော စိတ်ဖြင့်ထိန်းချုပ်နိုင်သည့် Tablets

Mr WorldWideApril 30, 20131min1365

ယနေ့ခေတ်  လူသားများအား ကွန်ပျူတာအသုံးပြုရာတွင် ခလုတ်နှိပ်ကိုင်တွယ် အသုံးပြုရန်မလိုပဲ စိတ်ကူးဖြင့်  ထိန်းချုပ်နိုင်သည့် ကိရိယာများအား လူကြိုက်များလာပါသည်။  ကိုရီးယား နာမည်ကြီးနည်းပညာဖြစ်သော Samsung မှ ထိုထက်ကျော်လွန်၍  တီထွင်ရန် ကြိုးစားနေပုံပေါ်ပါသည်။ Samsung အင်ဂျင်နီယာများ လက်ရှိတီထွင်နေသော စိတ်ဖြင့် ထိန်းချုပ်နိုင်သည့် ကိရိယာများကို ကျွန်ုပ်တို့ သိရှိလာတော့မည်ဖြစ်သည်။

            Texas, Dallas တက္ကသိုလ်မှ သုတေသနပညာရှင်များနှင့် Samsung အင်ဂျင်နီယာများ ပူးပေါင်းတီထွင်လိုက်သော mobile device များသည် လူသားတို့၏ စိတ်ဖြင့်ထိန်းချုပ်လာနိုင်ပါသည်။ မယုံကြည်နိုင်လောက်တဲ့ အဖြစ်အပျက်တစ်ခုပင်ဖြစ်သည်၊  အသုံးပြုသူသည် လျှပ်စစ်စီးနေသော အီလက်ထရုတ် (EEG monitors electrodes) ဦးထုတ်ဝတ်ဆင်ရန် လိုအပ်ပြီး ၎င်းသည်  ဦးနှောက်မှ လျှပ်စစ်အသွင်တုံ့ပြန်မှုများကို ငါးစက္ကန့်အတွင်း ဖန်သားပြင်ပေါ်တွင် ၈ဝ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိ တိကျမှန်ကန်သောနှုန်းဖြင့် အဓိပ္ပါယ်ဖော်ဆောင်ပေးပါသည်။

ယခုဆိုလျှင် သုတေသနပညာရှင်များသည် ပုံစံသစ်များကို အသုံးပြု၍ Samsung Galaxy Note 10.1 ကိုတီထွင်လျှက်ရှိပါသည်။ ၎င်းတို့၏ အတွေးအခေါ်စွမ်းအားကို အသုံးပြု၍ Samsung Galaxy Note 10.1 တွင် လူတို့၏ စိတ်ကူးဖြင့် application များအသုံးပြုခြင်း၊ ဂီတသီချင်းများ ဖွင့်ခြင်း/ရပ်ခြင်း၊ tablet ဖွင့်ခြင်း/ပိတ်ခြင်း နှင့် အခြားလုပ်ဆောင်မှုများ ကိုပြုလုပ်နိုင်ပါသည်။

လက်ရှိတွင် သုတေသနပညာရှင်များသည် ထိုကဲ့သို့ ဆန်းသစ်သော တီထွင်မှု ပုံစံအကောင်အထည်ဖော်ရန် များစွာသော သုတေသနပြုလုပ်မှုများ လိုအပ်နေဆဲဖြစ်ပြီး ကြိုးစားလုပ်ဆောင်လျှက်ရှိပါသည်။

 

Samsung-Working-On-Mind-controlled-Samsung-Galaxy-Note-10.1

 

Samsung Developing Mind Controlled Tablets

Now-a-days, gesture control devices that help people to be free from being physically ‘wired’ to their computers are getting popular. Korean tech giant Samsung seems to have been trying to go beyond that. We have come to know that engineers of Samsung are currently working on a device that can be controlled using the mind.

Source: http://thetechjournal.com/devrlopment/samaung-developing-mind-controlled-tablets.xhtml#ixzz2R9UGcmGI

ကျနော့်အင်တာနက်ပဲမကောင်းတာလား..ဘာမကောင်းမှန်းကိုမသိဘူး။ ပုံကထည့်လို့မရဘူး။ မနေ့က ပုံပဲပေါ်တယ်..စာမပေါ်ဘူး။ ဘာတွေမှန်းကိုသိဘူး

5 comments

  • kai

    May 1, 2013 at 1:22 pm

    အခုတော့အကုန်မြင်နေရပုံပါပဲ..။
    ဆာဗာတော်တော်လေးနေပါတယ်..
    ကလိဦးမယ်.. :kwi:

  • ဆူး

    May 1, 2013 at 1:43 pm

    ဒါကြီးသုံးဖို့ ဒီခမောက် ဆောင်းရမှာတော့ မနိပ်ဘူး..

    • kai

      May 1, 2013 at 3:15 pm

      ဂျပန်မှာ ဥုမ်ဂိုဏ်းဆိုတာရှိဖူးတယ်..
      တရားထိုင်..တရားမှတ်လုပ်ကြတာပါ..။ လေ့လာဖူးသလောက်.. အခုခေတ်မြန်မာဗုဒ္ဓဘာသာ.. တရားစခန်းဝင်.. တရားထိုင်ကြတာလိုပါပဲ..။..။
      အဲဒါ.. သူတို့ဂိုဏ်းဝင်တွေ.. တရားမှတ်ရင်..အရလွယ်အောင်.. ခေါင်းမှာအခုလိုအုပ်ဆောင်းတွေဆောင်းတယ်..။

      အံဒီအကြောင်းစိတ်ဝင်စားလို့.. ဂျပန်ကိုကြွလာတဲ့..ဆရာတော်ကြီးတွေဆီတောင်ချည်းကပ်မေးဖူးသေးတယ်..
      ဝိပဿနာရှုတာမှာ.. ဖြစ်ပျက်ကို.. စိတ်နဲ့ကြည့်မနေပဲ.. လက်တွေ့ကိုယ့်အသားကို.. အဏုကြည့်မိုက်ခရိုစကုပ်နဲ့ကြည့်
      အဲဒါကို.. တီဗီမှန်ပေါ်တင်ပြီး…အဆီတွေ..အသားတွေ..တဖွားဖွားနဲ့.. ဖြစ်ပျက်နေကြတာမြင်နိုင်တာကြည့်တရားမှတ်ရင်ဘာထူးသလည်း.. ပိုထိရောက်နိုင်သလားဆိုတာ မေးလျှောက်တာပါ…

      အမှတ်တရ.. :kwi:

  • Real အရှင် သခင် ဆရာ ကိုယ်တော် mobile

    May 1, 2013 at 9:53 pm

    နည်းပညာတွေကတော့ အံ့မခန်းပါလား……….
    မိုဘိုင်းဖုန်း နည်းပညာနဲ့ ပတ်သတ်ပြီး ခုလောလောဆယ်တော့
    Voice commands သုံးရတာကို နည်းနည်း နှစ်သက်မိတယ်………………
    ပုံထဲကလို ခမောက်ကြီးဆောင်းထားမှ ရမယ်ဆိုရင်တော့
    ဇယားရှုပ်လှတယ်……………….

  • ဦးကြောင်ကြီး

    May 2, 2013 at 10:26 am

    မောင်ခိုင်မာ
    ပေါင်ကိုင်လာ
    ကြောင်တိုင်တာ
    တောင်ပိုင်ညာ
    အောင်နိုင်စွာ
    ချောင်ထိုင်အာ
    ခေါင်ဆိုင်ရှာ
    နောင်ယိုင်မှာ..

Leave a Reply