စားကြမယ်၊ လှူကြမယ်။

ဇီဇီApril 30, 20132min25125

မိတ်ဆွေတို့ ရုံးဆင်းတော့ မယ် မှတ်တယ်။
ခဏလေးပါ ဗျ။ ဒီမှာ ပြောစရာ တစ်ခုရှိနေလို့ပါ။
မနက်ဖြန် ရုံးပိတ်တယ်ဟုတ်။
ဟိုဟို ဒီဒီ သွားမဲ့ အစီအစဉ်လေးများရှိရင် လမ်းညွှန်ချင်လို့ပါ။

 

 

 

 

 

 

 

 

 

(မေလ ၁ ရက် ဗုဒ္ဓဟူးနေ့) မနက်ဖြန်ကို ……

လာခဲ့ သိလား……… :mrgreen:
အချိန် –  ၁ဝ နာရီခွဲလောက်
နေရာ –   ပြည်သူ့ရင်ပြင်မှာ
အစားအသောက် – ကိုရီးယား ကင်ဘတ် လို့ ခေါ်တဲ့ ရေညှိထမင်းလိပ်လေးများ မစားချင်ကြဘူးလား။
ဈေးနှုန်း – တစ်ဘူးကို ကျပ် ၁၀၀၀ ထဲနဲ့အရသာ ရှိရှိလေး စားရမှာနော့။

ပြီးတော့ ကုသိုလ်ကလည်း ရဦးမှာဗျာ။ လူရွှင်တော် ကုသိုလ် ဟုတ်ဘူးနော်။ တွန့်မသွားကြနဲ့။  :mrgreen:
ဘာလို့တုန်းသိလား။
ဒီမှာ ဓာတ်ပုံ ကို ကြည့်လိုက်။ စာကို ဆုံးအောင်ဖတ်ပေးပါဗျ။

 

Dozen plus 2x5 Vinyl

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သဘောပေါက်သွားပြီ ဟုတ်။
ဒီမှာ ရသမျှ အမြတ်ကို တပြားမှ မယူ အကုန်ပြန်လှူမဲ့ အစီအစဉ်လေးပါဗျာ။
စားတဲ့ လူတွေ ကုသိုလ်လည်းရ ဝမ်းလည်း ဝ ပေါ့။
ဒါပဲနော်။ တစ်ယောက်တည်း ကုသိုလ် ရချင်လို့ တစ်ယောက်တည်း ကြိတ်ပြီး သွားမစားပါနဲ့။
နီးစပ်ရာ အပေါင်အသင်း ရောင်းရင်းတွေကိုလည်း လက်တို့ပေးပါဦး။
ကျုပ် တောင် သွားအားပေးချင်တာဗျာ။ လေယာဉ် လက်မှတ်ဖိုးမတတ်နိုင်လို့ဗျ။
သီတင်းသဲ့သဲ့ကြားတာကတော့ လာစားတဲ့ ပျိုမေတွေကို ရှိတဲ့ လူပျိုကြီးတစ်ယောက် မဲဖောက်မယ်ဆိုလားဗျ။

ရောင်းမဲ့ ကလေးမတွေကလည်း အပျိုချောချောလေးတွေပါဗျ။
လက်ရာ ဘယ်လောက်ကောင်းသလည်း ဆိုတာလည်း အဲ့ဒီ မှာ ရှိတဲ့ အကိုကြီးကိုသာကြည့်လိုက်။ အဲလို လက်ရာကောင်းတွေ စားပြီး အဲလိုဖြစ်နေတာ။

:harr:

ကဲပါလေ။ အတည်လေး ပြောပါဦးမယ်။

သူကြီးခွင့်ပြုချက်နဲ့ လိုဂိုလေးယူသုံးခွင့်ရလို့ ဒါဇင်ပလပ်(စ) အွန်လိုင်း မန်ဘာ အဖွဲ့သားများကလည်း ကျေးဇူးတင်ကြောင်းပြောလိုပါတယ် တဲ့။

မုန့်တွေကိုလည်း ကျန်းမာရေးနဲ့ အညီ၊ လူမျိုးဘာသာမရွေးစားလို့ ရတဲ့ ပါဝင် ပစ္စည်းတွေ သုံးထားပါတယ်။

အမြတ်ငွေကိုလည်း ဒါဇင်ပလပ်(စ) ရဲ့ လမ်းကြောင်းနဲ့ အညီ ပညာရေးအတွက် လှူဒါန်းမှာဖြစ်ပါတယ်။

ထပ်မံပြီး အားဖြည့် လှူဒါန်းချင်တယ်ဆိုရင်လည်း မုန့်စားရင်း လှူခဲ့နိုင်ပါတယ်။

ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ စကားစပ်မိလို့ လှူဒါန်းချင်ရင်တော့ ပါဝင်တဲ့ ဖုန်းနံပတ်တွေကို ဆက်နိုင်ပါတယ်လို့။

 

အောက်မှာ ပြထားတာကတော့ ထမင်းလိပ်မှာ ပါဝင်ပစ္စည်းလေးတွေပါ။
အရသာသိချင်ရင်တော့ သွားစားလိုက်ပါနော်။
နည်းသိချင်ရင်တော့ ကိုယ်တိုင် လုပ်ကိုင်တဲ့ မမလှလှများကို သွားစားတဲ့အချိန်မေးကြည့်လိုက်ပါ။

ကျေးဇူးတင်ပါတယ်။

 

43 2 1 kimbap

25 comments

  • KZ

    April 30, 2013 at 5:02 pm

    အဟမ်း။

    ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ……

    (အဲလေ ယောင်လို့)

    ဒါဖတ်ပြီးမှ ရုံးဆင်းပါ…….

    :harr:

    • မကြည်ပြာ

      May 1, 2013 at 8:31 am

      ရုပ်ရှင် အရမ်းမိုက် အဲလေ ပို့စ်ရေးတာ အရမ်းမိုက်တယ်လို့….ဟိ :mrgreen:

  • Myo Thant

    April 30, 2013 at 5:03 pm

    မမလှလှတွေရှိတယ်ဆိုတော့

    သွားမယ်

    စားမယ်

    လှုမယ်

    ကောင်းကောင်းလေး ကိုခေါ်ပြီးသွားမယ်

  • ရွှေ ကြည်

    April 30, 2013 at 6:23 pm

    ဟိုက် ကြော်ငြာကတော့ဂွတ်တယ်ဗျို့ အားပေးချင်ပါတယ်ဗျာ..။
    အခုတော့ရှယ်ပေးရင်းနဲ့ပဲ အားပေးရတော့မှာပဲ။
    ကူအော်ပေးမယ်…………” ဟောဒီအပိုင်းက မနက်ဖြန် ၁ဝ နာရီခွဲ ပြည်သူ့ရင်ပြင်မှာထူးခြားဖြစ်စဉ်ရှိမယ်တဲ့ဗျို့ ” သွားလိုက်ကြဦးးးး :harr:

  • တညင်သား

    April 30, 2013 at 6:43 pm

    ဓာတ်ပုံ ကို ကြည့်လိုက် ဟုတ်…. ဘာမှမမြင်ရဘူး ဒါဇင်ပလပ် မန်ဘာ ဈေးရောင်းပွဲတော်ပဲ ဆိုပါစို့ဟုတ်.. အန်တီက အဲဒီမှာ ရှိနေမှာလား …….

  • lady mobile

    May 1, 2013 at 10:13 am

    အပျို လူပျိုတွေကြေငြာချင်တာလား
    အလှုအတွက်ဖိတ်တာလား
    ဘာလဲမသိလို့ပါကွယ်…..

  • Crystalline

    May 1, 2013 at 1:18 pm

    မခိုင်ဇာကြော်ငြာပုံအရမ်းမိုက်..ဒါပေမယ့်အချိန်ကအရမ်းကပ်လွန်းလားလို ့..၅ဗူးနဲ ့အထက်ဆိုရင် Free Delivery Service တွေဘာတွေမရှိဘူးလားဟင်.. 🙂

  • kai

    May 1, 2013 at 2:54 pm

    အဲလောက်ကပ်ပြီးကြော်ငြာတော့.. အဆင်မှမပြေပါ့မလားလို့..
    ဆိုတော့…
    ဘာထူးသလည်း သိချင်လို့ပါဗျို့..

    • ရွှေ ကြည်

      May 1, 2013 at 3:08 pm

      ဟုတ်ပါတယ်ဗျို့ အခြေအနေလေးများ သိချင်ပါတယ်

    • KZ

      May 1, 2013 at 3:24 pm

      Last 1 hour, ခုန က ရတဲ့ သီတင်းအရတော့ ကျန်နေသေးတယ်တဲ့။
      ဟုတ်တယ်ဗျ။
      သူတို့က ပို့(စ) တင်ဖို့ပြောတော့ စလုံး ၆ နာရီ။
      ကျနော် တိုက်ပင် နှေးလို့ တင်တော့ စလုံး ရ နာရီ။
      နောက်ကျတယ်ဗျ။
      :buu:

      အလှုအတွက်မို့ ကံကောင်း၊ ရောင်းကောင်းစေချင်ပါတယ်ဗျာ။
      :hee:

      • etone

        May 1, 2013 at 7:36 pm

        ပထမအကြိမ် ရန်ပုံငွေ ရှာဖွေပွဲ အောင်မြင်ပြီးစီးခဲ့ပါသည်….
        စိတ်ပူပေးခဲ့ကြသူများ
        ကြော်ငြာပေးခဲ့ကြသူများ
        ကိုယ်တိုင်လာရောက်အားပေးခဲ့ကြသူများ
        ကူညီလုပ်ကိုင်ပေးခဲ့ကြသူများ
        သဂျီး မမခိုင်ဇာ နှင့်တကွ ကျေးဇူးတင်ထိုက်သူများ အားလုံးကို
        ဒါဇင်ပလက်စ်မှ အထူးပင်ကျေးဇူးတင်ရှိပါသည် ….

        info@dozenplus.org

      • amatmin

        May 1, 2013 at 7:39 pm

        ဒေါ်ဆွိ. ဆုတောင်းပေးတဲ့ ဆန္ဒပြည့်သွားပါပီလို့ လာပြန်ပြောပြရင်း.
        လူကိုယ်တိုင် လုပ်အားမပေးနိုင်ပေမဲ့ ဒါဇင်ပလပ်စ်မင်ဘာအနေ နဲ့
        တတ်နိုင်တဲ့ဖက်ကနေ ကျေးဇူးပြု ကူညီပေးတဲ့အတွက်.
        ကျေးကျေးကြီးပါလို့.
        ပျော်ရွှင်ကံကောင်းခြင်းတွေ ဒိထက်မက ရပါစေ ဗျ. 🙂

    • TNA

      May 2, 2013 at 5:05 pm

      ထူးပီလားသဂျီးရယ်။ သဂျီးကရွာမချဲ့လို့ နှောင်းမှသိတဲ့ အခါလွန်မိုးဖြစ်တွားဘာဂျောင်း။

  • padonmar

    May 1, 2013 at 3:47 pm

    မမ၊ပန်ပန်၊ပဒုမ္မာတို့ နွေးသီး မင်္ဂလာပွဲက အပြန် ဈေးဦးသွားဖောက်ခဲ့ကြပါတယ်။
    စားလို့ ကောင်းကြောင်း ထောက်ခံပါတယ်။

    • ရွှေ ကြည်

      May 1, 2013 at 6:34 pm

      ဝိုး ကောင်းတယ်ဗျို့အားကျမိပါရဲ့ ကိုယ်တိုင်ကိုယ်ကျ အားပေးချင်ပါတယ်ဗျာ

  • အရီးခင်လတ်

    May 1, 2013 at 5:27 pm

    လှူရင်း စားရင်း ကုသိုလ်လဲရ ဝမ်းလဲဝ ဒီလို ဒါနမျိုး ကို လာပြီး အားပေးချင်ပါဘိ ဒါဇင်အပေါင်း တို့ရေ။
    သူကြီး ဖြစ်စေချင်တာကို စပြီး အကောင်အထည်ဖော်ပြနိုင်တာလို့ ထင်ရင်မှားသွားမလား။

    တကယ်တော့ ဒီလိုမျိုး ပုံစံ နဲ့ Fund ရှာတာ ပရော်ဖက်ရှင်နယ် ပုံစံ ပြဖို့လိုလာတာ မို့ အများကြီး ဂုဏ်ယူမိပါတယ်။
    လူတွေကတော့ အတော်ပင်ပန်းမယ်။
    ပျော်ဖို့လဲကောင်းမှာပါ။
    ပိုပြီး အောင်မြင်တိုးတက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

  • ဦး ကျောက်ခဲ

    May 1, 2013 at 5:42 pm

    သတင်းကောင်းပါခင်ဗျာ…
    အားလုံး အကုန်ရောင်းရပါသတဲ့…
    ချွေးနည်းစာနဲ့ အပင်ပန်းခံ လှုနိုင်သူများကို…
    သာဓု… သာဓု… သာဓု… ပါခင်ဗျာ

  • uncle gyi

    May 1, 2013 at 10:07 pm

    မအားတဲ့ကြားက
    အများအတွှက်တွေးလို့
    လုပ်အားဒါနနဲ့
    အလှူတွေပေးနိုင်အောင်
    တယောက်တလက်ဝိုင်းစုလို့
    ုလုပ်ကိုင်သွားကြပါသော
    ဒါဇင်ပလပ်အဖွဲ့
    အစဉ်ထာဝရစုစည်း
    အများကောင်းကျိုးဆက်လက်
    ဆောင်ရွက်နိုင်ပါစေကြောင်း
    တောင်းဆုချွေတယ်
    ကောင်းမှုဝေစေကွယ်

  • TNA

    May 1, 2013 at 10:33 pm

    ဟင့် ထုမှတိဒယ်တော့။ များနောက်ကျတွားတယ်။ မေ ၁ ည ၁ဝး၃ဝ မှဒါကိုဖတ်မိဒယ်။ ဟိုနေ့တွေက ဖတ်ချင်လွန်းလို့ဖွင့်နေတာ လုံးဝမပွင့်ပဲ ဒီညမှပွင့်ဒယ်တော့။ နောက်ကျတွားဘီ။ 🙁

    • surmi

      May 2, 2013 at 12:03 pm

      ကျုပ်လည်းခုမှဖတ်ရတယ်
      အဲဒါ သဂျီးကြောင် ့ !!!!!
      ဘာပဲဖြစ်ဖြစ် သာဓုပါဗျာ
      နောက်တစ်ခါ ကြ်ုပြီး သိရရင် ပိုကောင်းမှာပါ
      လာအားပေးမဟ်ဗျို ့

  • ဦးကြောင်ကြီး

    May 2, 2013 at 9:45 am

    အလှူဆော်
    ငါးခူကြော်
    လအူပျော်
    ဇမ္ဗူမော်..

  • kyeemite

    May 2, 2013 at 1:29 pm

    ကြားရတာဝမ်းသာပါတယ်..မနေ့ကတော့မသွားဖြစ်လိုက်ပါ…
    ဒါဇင်ပလပ်စ်အဖွဲ့သားအားလုံး စည်းလုံးညီညွတ်မှုကိုပြလိုက်တာပါပဲ
    ချီးကျူးပါတယ်ဗျာ…နောင်ဆထက်တပိုး လှူနိုင်တန်းနိုင်စေကြောင်းလည်း
    ဆုတောင်းပေးပါတယ်… 🙂
    ခင်မင်တဲ့…

  • ခင်ခ

    May 2, 2013 at 1:42 pm

    ဒါဇင်ပလပ်က ရဲ့ စတိုင်အသစ် ခြေလှမ်းစတာ ဒါပထမဆုံးဖြစ်မယ်ထင်ပါတယ်။
    အရင်တုန်းက လှုချင်သူတွေရဲ့ သဒ္ဒါနဲ့ပံပိုးမှု့တွေကိုသာ အခြေပြုလှုခဲ့ကြတာဘဲ သိခဲ့လို့လေ။
    ရန်ကုန်မှာမဟုတ် အညာမှာမို့ သွားရောက်ကာ အားမပေးဖြစ်ပေမယ့်
    တစ်စတစ်စ တိုးတက်ကာ အဖွဲအစည်း အလွန်ကြီးပြီး အောင်မြင်အဓွန့်ရှည်ပါစေလို့ ဆန္ဒမွန်ဖြင့်…။

  • မောင် ပေ

    May 5, 2013 at 8:27 pm

    အခုလို လှူဒါန်းရသော ကောင်းမှုကြောင့်
    ယောက်ျားအမြန်ဆုံး ရပြီး
    သာသာယာယာ ပျော်ပျော်ရွှင်ရွှင် ပဲ ဖြစ်ပါစေ

Leave a Reply