Android ဖုန်း ဝယ် မယ့် သူများ အဝယ်မ မှားရအောင် ဖတ်ဖြစ်အောင် ဖတ်ကြပါ

Mobile HouseApril 30, 20135min1876

Android ဖုန်း ဝယ် မည့် သူများ အဝယ် မမှား ရအောင် Mobile House မှ မန်ဘာ များ အတွက် Mobile House Admin ကိုရဲရင့်အောင် မှ ရေးပေး လိုက် ပါတယ် ။

ဖုန်း တစ် လုံး ဝယ် ပြီး အနည်း ဆုံး ၆လ က နေ ၁ နှစ် ၂ နှစ် ထိ သုံး ကြပါတယ် ။ အဲ့ တော့ ဝယ်ပြီး တဲ့ အချိန် မှဟိုဟာ မရ ၊ ဒီဟာ မရ ၊ စက်က လေး ၊ ဟန်း ၊ နဲ့ စိတ်ညစ် ရတာ တွေ များ ပါတယ် ။ အဲ့ တော့ ကိုယ်ပေး တဲ့ ဈေး နဲ့ ရသင့် သလောက် မရ တာမျိုး တွေ ကြုံနေ ကြရပါတယ် ။

အကြောင်းတစ်ခုခု ကြောင့် ဖုန်း ပျက် ခဲ့ ပြီ ဆိုလျှင် ပြင် ဖို့ အတွက် လဲ ကြို မစဉ်းစား ပဲ ဝယ် ကြတာကြောင့် ပျက် တဲ့ ချိန်ကြ မှ ပြင်မရ လို့ ဒုက္ခ ရောက် ကြတဲ့ သူတွေ လဲ မနည်း ပါဘူး ။

အဲ့ တော့ Android ဖုန်း တစ်လုံး ဝယ်မည် ဆို ရင် ဘာတွေ ကြည့် သင့် လဲ ??

1. CPU speed

Brand များဖြစ် တဲ့ Sony , Samsung , HTC ,Huawei ,LG ,Moto စတာ တွေ က တော့ အချို့ ဆိုင်တွေ မှာ မေး နိုင်ပါတယ် ။ဆိုင်တိုင်း တော့ မသိကြဘူူး ပေါ့ ဗျာ ။ အဲ့ တော့ ကိုယ် ဝယ် ဖို့ ဆုံးဖြစ် ပြီး ရင်

Brand ထဲ က ဆို ရင် ဆိုင် မသွားခင် အရင် အောက်ကပေးထားတဲ့ လင့် မှာ ဝင် ရောက် ပြီး မိမိ ဖုန်း ရဲ့ အသေးစိတ် အချက် လက် တွေ နဲ့ CPU speed ကို လေ့ လာနိုင်ပါတယ် ။

အနိမ့် ဆုံး ဝယ်ယူ သင့် သည့် CPU speed က တော့ 800 ဖြစ်ပါတယ် ။ များလေ ကောင်းလေ ပဲ ပေါ့ ။

CPU speed 800အောက် နည်း လျှင် ဂိမ်း များ ဆော့ မရခြင်း၊ ထစ်ခြင်း များ ။ဖုန်း သုံး လျှင် လေးခြင်း ၊ဟန်း ခြင်း များ ဖြစ် ပါတယ် ။ တရုတ်ဖုန်း များ မှာ တော့ application တစ်ခု သွင်းပြီး မှ ကြည့် ရှု နိုင်မည် ဖြစ် သည် ။ဆိုင် တွေ က တရုတ်ဖုန်း တော့ မသိတာ များပါတယ် ။တကယ် လို့ ကြိုက်ပြီ ဝယ်မယ် သေချာ ပြီ ဆိုလျှင် CPU speed မေးပါ မသိ လျှင်  ဒီဆော့ဝ် သွင်းပြီး စစ် ကြည့် လိုက်ပါ ။ များသော အားဖြင့် ဈေး နည်း လျှင် CPU speed နည်းတက်ပါတယ် ။တရုတ် ဖုန်း တွေ ကတော့ တချို့ ဟာ က ဟန်ပြ ပဲ  ပါတာတွေ ရှိပါတယ် ။ ဘယ်ဖုန်း ဖြစ်ဖြစ် သုံးတာကြာ လျှင် တော့ CPU speed ကျ လာပါတယ် ။ Brand နဲ့ တရုတ် ဖုန်း မှာ ကွာ တာက တော့ China ဖုန်း တွေ က ၆လ လောက် အတွင်း မှ CPU speed ကျ သွားပါတယ် ။

ဥပမာ -ဝယ် ချိန်က ၈၀ဝ ဆိုပါတော့ ၆ လ အတွင်း 670 ,560 စသဖြင့် ကျ သွားတက် ပါတယ် ။

2. Internal storage

Internal storage က လဲ Android ဖုန်း တစ်လုံး အတွက် အရမ်း ရေးပါပါတယ် ။ အများ စု က မန်မိုရီ 8Gb ပါတယ် တို့ ၊ sd card 8Gb ဆိုဒ် လို့ ရတယ် ဆို တာ နဲ့ လုံလောက် ပြီ မှတ်နေ ကြပါတယ် ။

တကယ် က Internal storage နှင့်Phone stoage or Memory storage နှင့် sd card storage ဆို ပြီး ၃ မျိူးပါတက်ပါတယ် ။များသော အားဖြင့် Internal storage နှင့် sd card storage နှစ်မျိုး တော့ ပါပါတယ် ။

အဓိက စစ်ရမှာ က internal storage ပါ ။ တခြား ဟာ တွေ က အရေး မကြီး ပါဘူး ။

Game တွေ သွင်း ရင် sd storage  ထဲ သွင်းသွင်း Phone stoage or Memory storage ထဲ  သွင်းသွင်း Internal ထဲ မှာ တော့ run ဖို့ အတွက်  ၃ပုံ ပုံ ၁ ပုံ လောက် တော့ နေရာ ယူပါတယ် ။

ဥပမာ – 3Mb game တစ်ခု ဆိုပါ တော့ sd ထဲကို သွင်း တယ် သို့ ပေ မဲ့ Internal storage ထဲ မှာ 1 Mb Run နေ တာ ကို တွေ့ ရပါမယ် ။

Internal storage စစ်ဆေး နည်း

2.3.x version တွေ မှာ

settings – SD card and Phone storage သို့ Phone storage သို့ storage ထဲဝင်ပါ ။ အထဲ မှာ sd card နှင့် Internal Phone Storage ဆို တာပါပါတယ် ။Internal storage ဆို တာကို ကြည့် ရမှာပါ ။ Available Space ကို ကြည့် ပါ ။သို့ Total Space ကို ကြည့် ပါ ။ဖုန်း အသစ်မှာ တော့ Available Space ကို ကြည့် လိုက်ပါ ။

4.0.x , 4.1 , 4.1.2 version တွေ မှာ

settings – storage ထဲဝင်ပါ ။ အထဲ မှာ sd card နှင့် Internal Phone Storage နဲ့ အချို့ ဖုန်း တွေ မှာ Phone storage or Memory Storage ဆိုပါပါတယ် ။Internal storage ဆို တာကို ကြည့် ရမှာပါ ။ Available Space ကို ကြည့် ပါ ။သို့ Total Space ကို ကြည့် ပါ ။ဖုန်း အသစ်မှာ တော့ Available Space ကို ကြည့် လိုက်ပါ ။

3. ဈေးနှုန်း

ဈေး က တော့ များလား နည်း လား ဆိုတာ ထက် မိမိ ဝယ်ယူ မည့် ဆိုင် က service ဘယ်လောက်ပြန် ပေး နိုင်လဲ ကြည့် ပါ ။ ဥပမာ – ၁ နှစ် အာမခံ မရတောင် ၃ ရက်အာမခံ တော့ ပေး ရပါမယ် ။ ၃ ရက် အတွင်း ချို့ ယွင်းချက် တစ်ခုခု တွေ့ ရင်ပြန်လည် လဲလှယ် နိုင် စေ ရန် အတွက် ပါ။ ကျွှန်တော် တို့ လဲ အာမခံ ၁ နှစ် မပေး ပါဘူး ။ဘာလို့ လဲ ဆိုတော့ ကျွှန်တော် တို့ ရတဲ့ အမြတ်က တစ်လုံး မှ ၂ ထောင် ၃ ထောင် မြတ် တာဖြစ် တဲ့ အတွက် အာမခံ ပေးဖို့ ဆို တာ မလွယ် ပါဘူး ။ ယခု ဆိုင် အများ စု ပေး နေတဲ့ အာမခံ ဆို တာ ကြုံ ဖူးသူ တိုင်း သိပါတယ် ။နည်းနည်း ပါးပါး လောက် ပျက်တာ လောက် ပဲ တာဝန် ယူပါတယ် ။ကျန် တာ က User false ပါ ပဲ ။ အဲ့ တော့ အာမခံ ပေးသည် ဖြစ် စေ မပေး သည်ဖြစ် စေ ၃ ရက် တော့ အာမခံ တောင်း ပါ ။ ပြီးတော့ မိမိ ဝယ် မည့် ဖုန်း က ဥပမာ samsung galaxy Y ဆိုပါတော့ 90000 လောက်ပေး ရတဲ့ ချိန်မှာ ရတဲ့ ဖန်ရှင် တွေ ။ ကင်မရာ 3 Mag , internal storage 512 , cpu 800 စသဖြင့် ပေါ့ တခြား ဖုန်း နဲ့ နှိုင်း ယှဉ် ကြည့် ပါ ။ ဥပမာ huawei မှာ 90000 ဝန်း ကျင် မှာ ကင်မရာ 5 Mag ရချင်ရမယ် , internal 1Gb ရရင်ရမယ် ,cpu ၁၀၀ဝ ဖြစ်ချင် ဖြစ်မယ် ။ အဲ့ လို မျိုး ချိန်ကြည့် ပါ ။ပြီး မှ နှစ်သက် ရာ ကို ဝယ်ယူ ပါ ။

4. ပြုပြင် လို့ ရမရ

ဒါ လဲ အရေး ပါပါတယ် ။ဖုန်း ကိုင် ပြီ ဆို မှ တော့ ပျက် မှာ ပါပဲ ။ ပျက် ရင် ပြင် မရ ရင် ဘာ လုပ် မလဲ 3,4 သောင်းတန် က ထား ပြင် လဲ မတန် ဘူး ။ ၁ သိန်း ကျော် တွေ ဆို   တော့  ၂၀၀၀ဝ လောက် ထိ ပြင် လို့ သင့် သေးပါတယ် ။အဲ့ တော့ ပြင် ဖို့ အတွက် အပိုပစ္စည်းလာမလာ ၊ ဆော့ဝ် ပိုင်း ဆို လဲ ရေးရမရ စ တာ တွေ ကို ဆိုင် မှ မဝယ် ခင် မေး ပါ ။အချို့ ဆိုင် တွေ က ရောင်းရပြီး ရော မလိမ့် တပတ် ပြောတက်ပါတယ် ။ဒီမှာ ရလား မရ ရင် ကော ဆို ပြီးသေချာ မေးပါ ။၅သောင်း အောက် ဝယ် မယ် ဆို ရင် တော့ ၁၀၀၀ဝ အောက် ပျက် တာ လောက် ပဲ ပြင်သင့် တဲ့ အတွက် အပို ပစ္စည်း မလာလဲ ကိစ္စ မရှိပါဘူး ။ Touch ဖြစ်ဖြစ် LCD ဖြစ်ဖြစ် တရုတ် Android ဖုန်း က လာ ရင် ၁၅၀၀ဝ နှင့် အထက် ဈေး ရှိပါတယ် ။

5. အထွေထွေ

အထွေထွေ ဆိုတာ ကတော့ Wifi ,bluetooth , 3G internet , လိုင်းကောင်းမကောင်း စသဖြင့် ပေါ့ ။ ဒါ တွေက တော့  သိပ်တော့ အရေး မပါပါဘူး ။ စစ် ချင် ရင် တော့ စစ် ကြည့် ပါ ။

ကဲ Android ဖုန်း သုံး မည့် Mobile House မန်ဘာ များ ၊ မိတ်ဆွေ များ ဒါ လေး တွေ ကို စစ်ဆေး ပြီး ဝယ် ယူသင့် ပါတယ် ။

6 comments

  • S@i S@i Fin K@i

    April 30, 2013 at 8:26 pm

    Nothing but just a nice post. Cheers bro !!!!

  • Real အရှင် သခင် ဆရာ ကိုယ်တော် mobile

    April 30, 2013 at 9:17 pm

    တစ်လုံး မှ ၂ ထောင် ၃ ထောင် မြတ် တာဖြစ် တဲ့ အတွက်
    ဆရာသမားဆီကနေ တရုပ်ဖုန်းလေးတွေ လိုချင်လို့ မေးကြည့်တော့လည်း
    ပစ္စည်းပြတ်နေဆိုပဲ………..
    ဒီတော့ ဆရာသမား ဆိုင်မှာရောင်းတဲ့ဈေးနဲ့ ၂ ထောင် ၃ ထောင်ခွါပြီး….
    ကျုပ်ကပဲ ဖုန်းတွေပြန်သွင်းရင် ကောင်းမလားလို့ စဉ်းစားမိတယ်…..
    ကျုပ်လည်း ၁ ထောင်၊ ထောင့်ငါးရာလောက်ပဲ မြတ်မှာပါ……….

    • Mobile House

      April 30, 2013 at 10:02 pm

      ဆိုင် မှာ ရောင်း တာက လက်ဆောင် ပေး ရတာ တွေ ရှိ တယ် လေ ကွယ် ……..

  • uncle gyi

    May 1, 2013 at 10:20 pm

    ဖုန်းဆိုင်အတော်များများကဝယ်သူမဝယ်ရသေးခင်
    ပြောလိုက်တာများ
    ဝယ်ပြီးတခုခုဖြစ်လို့သွားပြန်ပြလို့တော့ရောင်းသူကသူနဲ့မဆိုင်တော့ဖူး
    သွားပေတော့ဆားဗစ်
    ဆားဗစ်ကပြောသမျှခေါင်းငြိမ့်ပေတော့
    မြန်မာ့အာမခံ

  • kyeemite

    May 2, 2013 at 1:18 pm

    ဖုန်းအကြောင်းကောင်းကောင်းမသိသေးတဲ့သူတွေအတွက်အကျိုးရှိတဲ့ပို့စ်လေးပါ..
    ကျေးဇူးပါ

  • မောင် ပေ

    May 5, 2013 at 9:22 pm

    အခု ဆော့ဖ်ဝဲလေး တစ်ခု တွေ ့ထားတယ်
    မိုဘိုင်းကဲ တဲ့
    mobile care
    တက်စ်ကီလာ
    လော့ခ်
    ဗိုင်းရပ်စ် စကင် နဲ ့သတ်တာ
    ဘက်အပ် ဒေတာ
    ဂိမ်းစပိဒ် အပ်
    ဘလက်လစ်
    အိုဗျာ တော်တော်လေး သုံးလို ့ကောင်းတယ်

Leave a Reply