“ဘယ်ကဖုန်းလဲ      ဇွဲ………..”

“မင်းသူငယ်ချင်း  လွန်းသွေး  လမ်းကူးမှားလို ့     ယဉ်ထိမ်းရဲတွေ   ဖမ်းထားတယ်တဲ ့………အဲ ့ဒါ      သူ ့ကို   လာရွေးပါတဲ ့…………….”

“ဒီကောင်က    မအူမလည်နဲ ့ဆိုတာ့   ………  ဖြစ်တော့မယ်လို ့    ထင်သား……..ထင်တဲ့အတိုင်းပဲ        အခုတော့  ဖြစ်ပြီ…….”

“တော်ပါကွာ      အပြောပါနဲ ့တော့    သက်ပိုင်ရယ်……….သူ ့အကြောင်းလဲ   မင်းသိရဲ ့သားနဲ ့     ဘယ်တုန်းကများ   လည်လည်ကွယ်ကွယ်ရှိလို ့လဲ………ငါသွားရွေးလိုက်အုံးမယ်……..”

“အေး   မြန်မြန်သွား………..ပြီးရင်   လိုက်လာခဲ ့တော့……..”

“အေး………….”

သက်ပိုင်ကိုနုတ်ဆက်ပြီး    အပြေးလေးတစ်ပိုင်းနဲ ့    တက္ကစီငှားလိုက်လေသည်။      သူတို ့သူငယ်ချင်းသုံးယောက်တည်းမှာ     လွန်းသွေးက        အနေအအေးဆုံး    အဆင်းရဲဆုံး …      ခင်တာ   သိပ်မကြာသေးပေမဲ ့ညီအစ်ကိုအရင်းတွေလို        ချစ်ကြသည်။     အခုတော့    မမျှော်လင့်ပဲ      ကြားရသည့်  သတင်းက     နားမချမ်းသာစရာပဲ  ဖြစ်နေလေသည်။ဘာပဲဖြစ်ဖြစ်      လွန်းသွေးက   သူတို ့အပေါ်ဆို       ငွေရေးကြေးရေးနဲ ့မကူညီနိုင်ပေမဲ ့       လူအင်အားနဲ ့တော့      ဘယ်အချိန်ဖြစ်ဖြစ်     ကူညီခဲ ့တဲ ့သူလေ………..ဘယ်လိုအခက်အခဲတွေပဲ     ရှိရှိ  သူငယ်ချင်းတွေကို   ပျှော်ရွှင်အောင်    အမြဲလုပ်ပေးနေစမြဲလေ။   စိတ်ထားအလွန်ကောင်းတဲ ့     သူငယ်ချင်းကို     အခုတော့         ယဉ်ထိမ်းရဲစခန်းမှာ    သွားရွေးရတော့မည်။

“ကဲ      ဘယ်လိုဖြစ်တာလဲ     လွန်းသွေး…….ကြားမဲ့ကြားတော့လဲ   နားမချမ်းသာစရာပဲကွာ…..ပြောပါအုံး………..”

“ပြီးရင်ပြောပါ့မယ်ကွာ…..ုအခုတော့   ငါ့ကို     ငါးထောင်နဲ ့    မြန်မြန်ရွေးပေတော့ကွာ………ငါမနေချင်တော့ဘူး………”

“ဟ      ငါးထောင်လောက်တောင်   မင်းမှာ  ပါမလာဘူးလား……….”

“မပါလို ့ပေါ့ကွာ………..လိုင်းကားစီးဖို ့    နှစ်ရာပဲ    ငါ့မှာ   ပါလာတာလေ………..လိုင်ကားလဲ   မစီးလိုက်ရပါဘူးကွာ………………..”

“အစ်ကို       ကျွန်တော်တို ့       သွားလို ့ရပြီလား…………”

“ရပြီညီလေးတို့         နောက်တစ်ခါဆိုတာ   မဖြစ်ပါစေနဲ ့ကွာ……..ဆင်ချင်ပေါ့……ဟုတ်ပြီလား………”

“ဟုတ်ကဲ ့အစ်ကို……….”

ယဉ်ထိမ်းရဲအရာရှိ   အစ်ကိုကြီးကိုနုတ်ဆက်ပြီး        သူတု ိ့နှဏ်ယောက်   ထွက်လာပြီး     အအေးဆိုင်တစ်ဆိုင်ကို  ဝင်ထိုင်လိုက်လေသည်။

“ကဲ     လွန်းသွေးမှာကွာ     ဘာသောက်မလဲ          ငါတာ့   အရမ်းပူအိုက်နေပြီ………..မင်းကော…….”

“ငါလဲ    အရမ်းပူနေပြီ       ……………………”

“အဲ ့ဒါဆို  မှာကွာ       …………..”

“အင်း”

“ကဲ  ပြောစမ်းပါအုံး   မင်းရဲ ့အဖြစ်အပျက်လေးကို      …………..”

“အဟွတ်…..အဟွတ်………ဘယ်လိုဖြစ်တာလဲကွာ       မင်းကလဲပြောပါ့မယ်ဆိုမှ    အတင်းကိုမေးနေတော့တာပဲ     အအေးတောင်    နင်တယ်…………”

“ဖြည်းဖြည်း  သယ်ရင်း    နင်ပြီးသေသွားရင်      ငါ့ကို   အမူလာပတ်နေအုံးမယ်…….ဖြည်းဖြည်းပြော……….”

“ဒီလိုကွ………..ငါအိမ်ပြန်မယ်ဆိုပြီး        ကော်ဖီဆိုင်က   ထွက်လာတာ    လမ်းမှာ     ကောင်မလေးတစ်ယောက်ကို      ကောင်လေးတစ်ယောက်က     စကားလိုက်ပြောနေတာကိုတွေ ့တယ်ကွ….”

“အဲ ့ဒါ   ဘာစမ်းလို ့လဲ…….”

“နေအုံးကွာ    ဖြတ်ဖြတ်မပြောနဲ ့………ငါပြောတာကိုဆုံးအောင်နားထောင်အုံး………….”

“အေး       ပြော………”

“သူတို ့က     ရိုးရိုးတန်းတန်းစကားပြောတာ   မဟုတ်ဘူးကွ………ငါ့စိတ်ထင်      ကောင်မလေးက      မကြိုက်ဘူးထင်တယ်………လွယ်အိတ်နဲ ့  ကောင်လေးကို   ရိုက်တယ်ကွ………ကောင်လေးကလဲ  ပေပြီး   ဆက်လိုက်တယ်ကွ……………”

“မင်းက     လိုက်ကြည့်တာလား………”

“ဟ   ဘာလို ့လိုက်ကြည် ့ရမှာလဲ…………..သူတို ့နှစ်ယောက်နဲ ့       ငါသွားနေတဲ ့   လမ်းနဲ ့က     လမ်းကြောင်းသင် ့နေတာကိုး…………အဲ ့ဒါကြောင် ့  မြင်ရတာပေါ့………..”

“အင်း      ဆက်ပြော       အဖမ်းခံရတဲ ့ကိစ္စနဲ ့      ဘယ်လိုပါတ်သတ်လဲ………”

“ပြောမယ်လေကွာ………….ငါ့  အနားရောက်လာတော့    ကောင်မလေးက   တော်တော်ချစ်ဖို ့ကောင်းတယ်ကွ…….”

“ဟေ…………ဘုရားမလို ့     ငါ့ကောင်ကြီးပါးစပ်က      မိန်းကလေးတစ်ယောက်နဲ ့ပါတ်သက်ပြီး       ချစ်ဖို ့ကောင်းတယ်လို ့ပြောလိုက်တာ    ဒီတစ်ခါပဲ   ကြားဘူးသေးတယ်…….”

“ငါ  အဟုတ်ပြောတာကွ    ဇွံဲမာန်ရဲ ့     မြင်ရတဲ ့  တစ်ခဏမှာတော့     အရမ်းကို   မှင်သက်သွားတယ်……..ရင်လဲ     ခုန်တယ်ကွ……….”

“ဟ    ညွှန်းလိုက်တာကွာ……….တော်တော်ချစ်ဖို ့ကောင်းလား…………”

“အင်း…….ခဏနေအုံး  ဆက်ပြောမယ်……….”

“အေး…….အရှိ်န်တက်လာပြီ……”

“ငါနဲ ့ကျော်ပြီး   တော်တော်လေးဝေးသွားတော့      ကောင်မလေးပြောလိုက်တာ    ကြားလိုက်ရတယ်ကွ………..ရှင်ဘယ်လိုဖြစ်နေတာလဲတဲ ့    ကျမ    စိတ်တိုလာပြီတဲ ့………..ငါလဲ    ပြန်လှည့်ကြည် ့မိတယ်ကွာ………….အဲ ့အချိန်မှာ      ကောင်မလေးက      ကောင်လေးရဲ ့ရင်ဘတ်ကိုဆောင့်တွန်းလိုက်တယ်ကွ………..ကောင်မလေးရဲ ့လွယ်အိပ်ထဲက     တစ်ခုခုထွက်ကြတာကို  ငါတွေ ့လိုက်ရတယ်ကွ……..ဘာလဲဆိုတာတော့   ငါလဲ  သေချာမသိဘူး……….ကြည့်နေတုန်း     ကောင်မလေးက    လမ်းဖြတ်ကူးသွားတယ်လေ…….ကောင်လေးကလဲ   လမ်းဆက်ရှောက်သွားတယ်………..”

“အဲ ့ဒါနဲ ့   ဘယ်လိုဖြစ်ပြီး     မင်းက   အဖမ်းခံရတာလဲ………”

“ပြောမယ်လေကွာ………ဘာ  ထွက်ကြကျန်ခဲ ့လဲ  ဆိုတာ   သိချင်တာနဲ ့      ငါလဲ    အဲ ့ဒီနေရာကို    ရှောက်သွားလိုက်တယ်…….”

“ဘာတွေ ့လဲ……..”

“ကျောင်းသားကတ်……..ငါတို ့တက်နေတဲ ့     ဒဂုံတက္ကသိုလ်က      ကျောင်းသားကတ်………”

“ဟင်…….အဲ ့ဒီတော့………”

“အဲ ့ဒီတော့   ဘာဖြစ်ရမှာလဲ…………ငါလိုက်ပေးတာပေါ့………….”

“ပေးပြီးပြီလား…….”

“ဘယ်လိုလုပ်ပေးရအုံးမှာလဲ………..အဖမ်းခံလိုက်ရတယ်လေ…………..”

“အမ်……ငါ့ကို  ပြစမ်းအဲ ့ဒီကောင်မလေးရဲ ့ကျောင်းသားကတ်……………..”

“အေး………………………ဟာသွားပြီ………..”

“မင်းကို  ပြခိုင်းတာလေ………….ဘာက   ထပြီး  ဘယ်ကိုသွားတာလဲ………”

“ကျောင်းသားကတ်………..ယဉ်ထိမ်းရဲစခန်းမှာ  ကျန်နေခဲ ့ပြီ………သွားယူမှ ဖြစ်မယ်………..”

“လုပ်ချလိုက်ပြန်ပြီကွာ………မြန်မြန်သွားမယ်………”

“မင်းငါ့ကိုမေ့လိုက်တော့……..မျှော်လင့်ချက်ထားတာ   မှားပြီပေါ့………”

“ခဏနေအုံးကွ     ဖုန်းလာနေလို ့……….ဟဲလို…”

“ဟေ့ကောင်     မင်းမလာသေးဘူးလား………ဘာလုပ်လို ့   အဲ ့လောက်ကြာနေရတာလဲ……..”

“လာနေပါပြီကွာ……….မင်းကလဲ”

 

“လာနေပြီဆို   မြန်မြန်လာ……….”

“အေးကွာ………………………………………”

“လွန်းသွေး        မင်းတစ်ယောက်တည်း   သွားယူလိုက်တော့ကွာ       ဖြစ်တယ်မလား……..”

“ဖြစ်ပါတယ်       ဘယ်သူဆက်တာလဲ      ”

“ငပိုင်လေ…..showကြည် ့မလို ့လေ…….မင်းလိုက်လာခဲ ့မလား     ငါတို ့နှစ်ယောက်စောင့်နေမယ်……..”

“မလိုက်တော့ဘူးကွာ……….အိမ်မှာက    အဒေါ်တစ်ယောက်တည်း   အဲ ့ဒါကြောင် ့ပါ……..”

“အေးကွာ….အဲ ့ဒါဆို  ငါသွားတော့မယ်    ……….မနက်မှ    ကျောင်းမှာတွေ့ကြမယ်………”

“အေး………..”

 

 

About lin naing

lin naing has written 13 post in this Website..