ရွှေမြင့်မိုရ် ပြိုမှာစိုး

ကာရံApril 30, 20131min1033

poem8

မိဘဟူသည် မြတ်ဆရာမည်သို့

ထိန်းကျောင်းပဲ့ပြင် ငါတို့ရင်တွင်း

လိမ္မာစေကြောင်း အစဉ်ပြုပြင်

ချော့တစ်ခါ ချောက်တစ်လှည့်

စိတ်ရိုင်းဟန်သွင်း ပြုသည့်ပမာ

သားတို့ရင်မှာ အစဉ်သာတည်း

နေဝင်ချိန်တန် အိုမင်းမစွမ်း

အားအင်ကုန်ခမ်း နွမ်းသည့်ပမာ

သားတို့ချစ်ခရီး ပေးစွမ်းသည်သို့

ချစ်မဝသေးခင် ပြိုလုသည့်ကမ်း

လှိုင်းဂယက်ထန်စွာ ရှိုက်ခက်သည့်အလား

ခွဲခွာမှုသည် သားတို့ရင်မှာ

မချိသာတည်း ရင်မှဖြစ်ပေါ်

ချစ်ခြင်းတရား အကြင်နာများသည်

ဆုတောင်းမှုပြု ငါးဖြာဝတ်ဖြင့်

ဦးခိုက်ရှစ်ခိုး

ရွှေမြင့်မိုရ် ပြိုမှာစိုးတည်း

                   ပိတောက်မိုး

3 comments

  • kai

    May 1, 2013 at 3:38 am

    မိုးပိတောက်ကိုကိုခင်ဗျား..

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

    စည်းကမ်းအရမို့.. ပို့စ်တခုကို မနက်ဖြန်ပို့လိုက်ပါတယ်…
    မနက်ဖြန်မှာ.. မင်န်ဘာကိုတာအရ.. ပို့စ် ၁ခုသာတင်လို့ရပါမယ်နော…

  • lady mobile

    May 1, 2013 at 10:22 am

    မိဘကျေဇူးကိုသိတဲ့သားလေး
    ဒီထက်မကအောင်မြင်ပါစေကွယ်…

  • အရိပ်စစ်

    May 1, 2013 at 11:55 am

    မိဘကျေးဇူးဆပ်နိုင်သည့် သားလှလိမ္မာလေး ဖြစ်ပါစေလို့….

Leave a Reply