g2

ပင်မြင့်ထက်မှာစံမြန်းခဲ့တဲ့………….ပန်းလေးရေ။
ညှာတံဆိုတာခိုင်ခံ့တဲ့သဘာဝမရှိပေမယ့်…….
တန်ဖိုးထားတတ်သူတွေအလယ်……..ဖူးငုံစအရွယ်မှာ
ဆံကေသာထက်ခံ့ညားထည်ဝါခွင့်ရတယ်လေ……….။
မြူကင်းစင်တဲ့ရာသီမှာ………..လေရူးပွေတတ်တာ
မင်းမသိလို့လား………….ပန်းကလေးရယ်။
မာယာထောင်ချောက်တွေပြည့်နေတဲ့အလယ်မှာ
သရုပ်မှန်မရှိ ၊ သဏ္ဍန်မသိဘဲ……
ရူးသွပ်မိုက်မှား…….ယုံစားလိုက်သတဲ့လား………ပန်းလေးရယ်။
ဆင်ကန်းလို့…တောတိုးတာမိုက်မှားတယ်လို့မဆိုသာပေမယ့်
ဉာဏ်မျက်စိကန်းပြီး…..အမှောင်ကမ္ဘာကိုတိုးဝင်သူကို..
မိုက်မှားလေခြင်းလို့…..မပြောရက်တော့ပါဘူး…ပန်းလေးရယ်။
ကံကိုယုံပြီးဆူးပုံနင်း ၊အယုံလွယ်တတ်သူရဲ့
နောက်ဆုံးရလာဘ်က……….ကြွေလွင့်နင်းခြေခံရခြင်းတဲ့လား……။
လှည့်စားဆွတ်ခြွေခြင်းမှာ……ဝိဉာဉ်မဲ့..မြေခသွားရှာတဲ့….
ပန်းကလေး………….ကောင်းရာဘုံမှာဖူးပွင့်နိုင်ပါစေ။

g4

About silver hero

silver hero has written 19 post in this Website..