fbပေါ်ကကြွေလွင့်သွားတဲ့ပန်းလေးတစ်ပွင့်……ဒိုင်ယာရီ

silver heroMay 1, 20131min1203

g2

ပင်မြင့်ထက်မှာစံမြန်းခဲ့တဲ့………….ပန်းလေးရေ။
ညှာတံဆိုတာခိုင်ခံ့တဲ့သဘာဝမရှိပေမယ့်…….
တန်ဖိုးထားတတ်သူတွေအလယ်……..ဖူးငုံစအရွယ်မှာ
ဆံကေသာထက်ခံ့ညားထည်ဝါခွင့်ရတယ်လေ……….။
မြူကင်းစင်တဲ့ရာသီမှာ………..လေရူးပွေတတ်တာ
မင်းမသိလို့လား………….ပန်းကလေးရယ်။
မာယာထောင်ချောက်တွေပြည့်နေတဲ့အလယ်မှာ
သရုပ်မှန်မရှိ ၊ သဏ္ဍန်မသိဘဲ……
ရူးသွပ်မိုက်မှား…….ယုံစားလိုက်သတဲ့လား………ပန်းလေးရယ်။
ဆင်ကန်းလို့…တောတိုးတာမိုက်မှားတယ်လို့မဆိုသာပေမယ့်
ဉာဏ်မျက်စိကန်းပြီး…..အမှောင်ကမ္ဘာကိုတိုးဝင်သူကို..
မိုက်မှားလေခြင်းလို့…..မပြောရက်တော့ပါဘူး…ပန်းလေးရယ်။
ကံကိုယုံပြီးဆူးပုံနင်း ၊အယုံလွယ်တတ်သူရဲ့
နောက်ဆုံးရလာဘ်က……….ကြွေလွင့်နင်းခြေခံရခြင်းတဲ့လား……။
လှည့်စားဆွတ်ခြွေခြင်းမှာ……ဝိဉာဉ်မဲ့..မြေခသွားရှာတဲ့….
ပန်းကလေး………….ကောင်းရာဘုံမှာဖူးပွင့်နိုင်ပါစေ။

g4

3 comments

  • TNA

    May 1, 2013 at 10:34 pm

    အောင် ဘယ်တူများဆုံးပါးသွားတာလဲလို့။ ပန်းကလေးတပွင့်ကြွေလွင့်သွားတာကိုး။

  • ဦးကြောင်ကြီး

    May 2, 2013 at 10:07 am

    ပန်းပွင့်ကြွေ
    နန်းမြင့်မြေ
    ရမ်းတင့်နေ
    လှမ်းစွင့်ခြွေ
    လွမ်းခွင့်ဖွေ
    ကြမ်းလွင့်ဝေ
    ဗွမ်းအင့်ရေ
    ချမ်းရှင့်မေ..

    • မောင် ပေ

      May 5, 2013 at 8:42 pm

      ဖမ်းပင့်စေ
      ပန်းပွင့်ကြွေ
      နမ်းဖြင့်ငွေ
      စမ်းကျင့်ဖွေ
      သမ်းရင့်ဗွေ

Leave a Reply