အိုဘယ့်….ကဗျာဆရာ

ကဗျာဆရာ ကဗျာရေးတယ်

တစ်ခါတစ်ရံ သံစဉ်ညည်းတယ်

အရင်က အဆိုတော်  ဖြစ်ချင်ခဲ့ပေမဲ့

ပရိတ်သတ်ဆီက လက်ခုပ်သံ

တောင်းရတဲ့ “လက်ခုပ်တောင်းစားအဆိုတော်”

ဘဝကိုတော့ မလိုချင်ခဲ့။

ကဗျာဆရာ

မင်္ဂလာဆောင်သွားခဲတယ်

အသုဘအိမ်မှာ တစ်ခါတစ်ခါ

ရီစရာ ပြောချင်ပြောတတ်တယ်

သဗ္ဗေသတ္တာ ကံမ္မသကာ ဆိုတဲ့ စကားကို

ဥပေက္ခာ ဆန်တဲ့ သဘောနဲ့

ဘယ်တော့မှမပြောခဲ့။

ကဗျာဆရာ တစ်ခါတစ်ခါ

မျက်စိမှိတ်ထားတတ်တယ်

 မထူးဆန်းတဲ့ မြင်ကွင်းတွေ

ရိုးမအီသွားစေဖို့အတွက်။

ကဗျာဆရာ  ခရိုနီဆန်တယ်

ဦးနှောက်နဲ့ လက်ပေါင်းပြီး

ခံစားချက်နဲ့ကလောင်ကို

နစ်နာစေခဲ့တယ်။

ကဗျာဆရာ တော်တော်သိတယ်

မသိတာဆိုလို့

အလိုက်မသိတာပဲ ။

ကဗျာဆရာ အမျိူးသိတယ်

အနောက်တခါးပွင့်ချင်နေတာကို

မြို့လယ်က တစိမ်းနဲ့ ပေါင်းမတိုက်ဘူး။

ကဗျာဆရာ မကြိုက်တာက

ဘယ်သူမှပြင်ပေးလို့မရတဲ့

စောက်ချိူးတွေကို။

ကဗျာဆရာ ဘဝမမေ့ဘူး

ကားအကောင်းစား ပေါ် တတ်စီးလည်း

ဆင်းခါနီးမှဖိနပ်ကို

ဘယ်တော့မှအသဲအသန်မရှာခဲ့ရဘူး။

ကဗျာဆရာ ခံစားချက် နုပြီး

ကြင်နာတတ်ပေမဲ့

ချစ်သူရှိတယ် ဆိုတဲ့

ကောလဟာလပင် မထွက်။

ကဗျာဆရာက စေတနာက

ကဗျာဖက်သူအတွက်

ဖတ်မိတာမှားပီ ဆိုတဲ့

နောင်တမဟုတ်။

ကဗျာဆရာ……ကဗျာဆရာ

                                                                                                                                                                   (လင်းဇော်ထက်)

။ (သည်းခံဖတ်ရူ့ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ)

8 comments

  • အရိပ်စစ်

    May 2, 2013 at 2:34 am

    စေတနာက ကဗျာဖတ်သူအတွက်
    ဖတ်မိတာ မှားပီဆိုတဲ့ နောင်တမဟုတ်..

    အဲဒီလို စေတနာကဗျာတွေ ရေးချင်ပေမယ့် တကယ်တမ်းထွက်ကျလာတဲ့ ကိုယ့်ကဗျာစာတွေကို
    မကျေနပ်နိုင်သေးဘူူး
    မေ့မေ့ နေတာလေးတွေ ပြန်သတိရလိုက်လို့ ကျေးဇူးပါ

  • ဦးကြောင်ကြီး

    May 2, 2013 at 10:34 am

    လင်းဇော်ထက်
    ဒင်းစော်ဖက်
    ရှင်းနော်ကပ်
    အင်းတော်ငှက်
    ကျင်းဖော်လှပ်
    ခွင်းပျော်ဓာတ်
    သင်းကြော်ဟပ်
    မင်းမျှော်နတ်..

  • kyeemite

    May 2, 2013 at 2:18 pm

    အိုဘယ့်…ကဗျာဆရာ
    အပျိုနဲ့ ဘာဘာညာ
    မငိုနဲ့ မကြာမကြာ
    ဆိုလှည့် ကဗျာသာ။

  • MaMa

    May 2, 2013 at 4:55 pm

    ကဗျားလေးကို ကြိုက်တယ်။
    သို့သော် မရေးတတ်ဘူး။

    ကဗျာမရေးတတ်ဘူး။
    သို့သော် သူများရေးတဲ့ကဗျာကိုတော့ ဝင်ဖျက်တတ်တယ်။ :kwi:

    (ကဗျာဆရာက စေတနာက
    ကဗျာဖက်သူအတွက်) ဆိုတော့ကာ……..
    ကဗျာဖတ်သူအတွက်ရော မပါဘူးလား။ :harr:

    • လင်းဇော် ထက်

      May 5, 2013 at 9:51 pm

      ကျေးဇူး ပါ မမ ကကြီး ပို သွားတယ် :hee:

  • အလင်းဆက်

    May 2, 2013 at 5:31 pm

    ကဗျာ ဆရာ
    တော်တော် သိတယ်
    မသိတာက အလိုက် မသိတာပဲ ဆိုတဲ့ စာသားလေး
    ကြိ ုက်တယ်

    🙂

Leave a Reply