ပို့စ် မတင် ကွန်းမန့်မရေးသူ ဘလက်ချော …။

black chawMay 1, 20131min38832

ဟိုတုန်းက မပြိုကွဲသေးခင် ဆိုဗီယက် ပြည်ထောင်စု ကြီးရဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပိုဒ် (၁၂) မှာ
ဖေါ်ပြထားတာလေး နည်းနည်း ကိုးကားခွင့်ပြုကြပါခင်ဗျာ…။

“အလုပ်မလုပ်သောသူသည် အစာစားရလိမ့်မည်မဟုတ်”

အဲဒီလိုကြီးကို အတိအလင်း ဖေါ်ပြထားခဲ့တာနော် ကိုကို…။
ရှင်းပါတယ်…။
အစာစားချင် အလုပ်လုပ်…
အလုပ်မလုပ်ရင် အစာမစားရ…
ချဉ်ပေါင်ဟင်း နဲ့ စားရမှာလား…။ ဝက်သားဟင်းနဲ့ စားရမှာလား…။
အဲဒါကတော့ ကိုယ့်ဒေါသနဲ့ကိုယ်…။ ကိုယ့်သဘောကိုယ်ဆောင်…။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ အပိုဒ် ၁၁ ကလည်း ဒီလိုဆိုထားပြန်ပါတယ် ကိုကို…။

“ဆိုရှယ်လစ် စီမံကိန်းအရ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည့်အခါ
အလုပ်လုပ် နိုင်သော သူတိုင်း မိမိလုပ်နိုင်သော အလုပ်ကို လုပ်ကြရမည်”

တဲ့…။
ဟုတ်တာပေါ့…။
ဘလက်ကြီးတို့လို ဆိုက်ကားနင်းနိုင်တဲ့လူက ဆိုက်ကားနင်းပေါ့…။
လုံမလေးတို့လို ပဲပြုတ်ရောင်းနိုင်တဲ့လူက ပဲပြုတ်ရောင်းပေါ့…။
အံစာတုံးတို့လို နူးညံ့တဲ့လက်ဖဝါးပိုင်ရှင်တွေက မာဆတ်ခန်းကိုသွားပေါ့…။
မပဒုမ္မာတို့လို ဆရာဝန်တွေက ဆေးကုပေါ့…။
ကိုမိုက်တို့လို အင်ဂျင်နီယာတွေက တိုက်တာတံတားမြို့ပြတွေ တည်ဆောက်ပေါ့…။
ကမ်းဝေးတို့လို ကဗျာဆရာတွေက ကဗျာရေးပေါ့…။
ဟုတ်ဘူးလား…။
သူ့နိုင်ရာတာဝန်ကို ထမ်းကြရမယ်ပေါ့…။
ထမင်းစားတဲ့အခါ ချဉ်ပေါင်ဟင်းနဲ့လား ဝက်သားနဲ့လားဆိုတဲ့ ကိစ္စက သိတ်အရေးမကြီးလှပါဘူး…။
အေးလေ အဲဒီ အရေးမကြီးတာလေးကပဲ ဆိုရှယ်လစ် စံနစ်ကြီးကို ချောက်ထဲ ဆွဲချသွားခဲ့တာပဲ မဟုတ်ဘူးလားဗျာ…။
လူတွေရဲ့ ဆန္ဒဆိုတာမျိုးကလည်း လစ်မစ် ရှိတာမျိုး မဟုတ်ဘူးခင်ဗျ…။
အဲဒီ လစ်မစ်မရှိတဲ့ လူတွေရဲ့ ဆန္ဒတွေကို လစ်မစ်လုပ်ဖို့ ကြိုးစားတဲ့ စံနစ်ကြီး ကျဆုံးသွားတာ ဘာဆန်းသလဲ ကိုကိုရယ်…။
ထားလိုက်ပါ…။
လိုရင်းကိုသွားရအောင်…။
ဆိုတော့…။
မန်းဂဇက် ဆိုတဲ့ ကျွန်တော်တို့ရွာထဲမှာလည်း

ပို့စ်မတင် ကွန်းမန့် မရေးသူတွေ အစာမစားရ

ဆိုတဲ့ ဥပဒေမျိုး ရှိလာနိုင်ပါသလား…။
ဥပမာ ကျွန်တော့် ကိုပဲ ကြည့်ဗျာ…။
ရွာသူရွာသားတွေ ပွင့်လင်းလွတ်လပ်စွာ ငြင်းခုံဆွေးနွေးမှု ဖြစ်စေမယ့် ပို့စ်တွေ ကိုလည်း
မတင်…။
(March မှာ တစ်ပုဒ်မှ မတင်ဖြစ်…။ April မှာ ၂ ပုဒ် ပဲ တင်ဖြစ်…။)
သူများတွေ ပင်ပင်ပန်းပန်း တင်တဲ့ ပို့စ်တွေမှာလည်း ကွန်းမန့်တွေ မပေးဖြစ်…။
(ပို့စ်တွေဖတ်ဖို့ အချိန်မရလေတော့ ကွန်းမန့်ပေးဖို့ကတော့ တော်တော်ကြီးကို ဝေးနေခဲ့ပါပြီ…)
ရှင်းရှင်းပဲ ပြောကြပါစို့ရဲ့…။
အဲဒီအတွက် ကျွန်တော် လိပ်ပြာမသန့် ပါဘူးခင်ဗျာ…။
ဆိုတော့…။
ဆိုဗီယက် ပြည်ထောင်စုကြီးမှာတော့
“အလုပ်မလုပ်သောသူသည် အစာစားရလိမ့်မည်မဟုတ်”
တဲ့…။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကတော့
“အလုပ်လုပ် နိုင်သော သူတိုင်း မိမိလုပ်နိုင်သော အလုပ်ကို လုပ်ကြရမည်”
တဲ့…။
ကျွန်တော်တို့ မန်းဂဇက်မှာရော

ပို့စ်မတင် ကွန်းမန့်မရေးသူတိုင်း ရွာသားဖြစ်ခွင့်မရှိ

ဆိုတာမျိုး ဖြစ်လာနိုင်ပါသလား…။
နည်းနည်း ဦးနှောက်စားကြည့်ရအောင်ပါဗျာ…။

32 comments

  • ချစ်စ/ဆရာ

    May 1, 2013 at 7:04 pm

    ထောက်ခံပါတယ်ဗျို့

  • ဦး ကျောက်ခဲ

    May 1, 2013 at 7:27 pm

    ကိုကြီးဘလက်…
    ဦးဇင်းလူထွက်ပြီး ပဒူအုံဒုတ်နဲ့ထိုးပြန်ပြီ…
    ရွာသူရွာသားချည်း ဖတ်စေချင်ရင် မန်ဘာအုံးသီးလုပ်လို့ရတာပဲ…
    ခုလည်း ရွာသားမဟုတ်ရင် မန့်လို့မှ မရတာ…
    သဂျီးက သပုရိသနွယ်ဝင်အားလုံးဖတ်စေချင်လို့ ရွာစည်းရိုးဖွင့်ပေးဖူးတာ…
    မေ့လေရော့သလား ကိုကို… အား ဟိ
    :harr:

  • weiwei

    May 1, 2013 at 7:40 pm

    မန်ဘာ တစ်သောင်းကျော်ရှိတယ်လို့ စာရင်းရှိထားတဲ့ ရွာကြီးလေ ..
    ကိုဘလက်ပြောသလိုသာဆိုရင် ရာဂဏန်းတောင် ရှိပါတော့မလား … :kwi:

  • အရီးခင်လတ်

    May 1, 2013 at 7:48 pm

    ဒီမိုကရေစီပါဆိုမှ ဘယ့်နှဲ့ဖြစ်ပြီး ဆိုရှယ်ပြန်လစ်ချင်ရတာတုန်း ကဘချောရယ်။
    အများကို မထိခိုက်ဘဲ ငြိမ်ငြိမ်လေးဖတ် နေတာမို့ သူကြိုက်ရာသူလုပ်ခွင့်ရှိသင့်ပါတယ်မဟုတ်လား။
    သူများကို ပုတ်ခတ်ထိခိုက်ဖို့ အတွက်Post တင်တာ၊ မှတ်ချက်ပေးတာက ပိုပြီး မဆိုးပေဘူးလား။
    😛

    • Nyo Win

      May 2, 2013 at 11:32 am

      ထောက်ခံပါဧ။် အရီး…..ကျွန်တော် က အများကို မထိခိုက်ဘဲ
      ငြိမ်ငြိမ်လေးဖတ်နေ သူတွေထဲ က တစ်ဦး ပါ။ း) း)

  • အရိပ်စစ်

    May 1, 2013 at 8:40 pm

    တစ်ချို့ပိုစ်တွေများဆို ဖတ်ပီး ဘာမန့်ရမှန်း မတိလို့ မမန့်ခဲ့ရတာတွေ အများကြီးပဲ
    ပိုစ့်တင်တာလည်း နည်းတဲ့ တိမီးတို့လို ရွာသူလေးတွေ အတွက်တော့ စိုးရိမ်ဖွယ်ရာ ရှိလာပါကြောင်းးးးး

  • အလင်းဆက်

    May 1, 2013 at 9:10 pm

    ပိုစ့်မတင် ကွန်မန့်မရေးသော… သူ…များ….အများအပြား…ရှိနေပါသည် ။
    အင်နှင့်အားနှင့် ရှိနေပါသည် ။
    သူတို့ကိုယ် သူတို့လည်း..ဂဖက်ရွာသားအဖြစ်… ခံယူပြိး.ဂဇက်ကို ချစ်မြတ်နိုးစွာ..
    စောင့်ကြည့် နေပါသည် ။

    သူတို့သည်ကား..အခြားမဟုတ်….
    စာဖတ်သူများ…ပင် ဖြစ်ပေတော့သည် ။

    (တွေးမိတာလေး ဝင်ပေါတာပါ )
    🙂

  • နေဝန်းနီ

    May 1, 2013 at 9:45 pm

    ပို့စ်လည်းတင်ပါတယ် ကွန်မန့်လည်းရေးပါတယ် ဘယ်သူကိုမှလည်းမပုတ်ခတ်ပါဘူး တိုက်လည်းမတိုက်ခိုက်ပါဘူး ရွာသာဖြစ်ခွင့်ကိုတော့ မပိတ်ပါနဲ့ကိုဘလက်ရယ် ကျော့်မှာ ဒီရွာလေးပဲ ရှိတာ …………။

  • blackchaw

    May 2, 2013 at 6:55 am

    @ ချစ်စ/ဆရာ ;
    ထောက်ခံသွားတဲ့အတွက် ကျေးဇူးပါ ကိုချစ်စရာ/ချစ်ဆရာ ရေ…။
    :mrgreen:

    @ ဦးကျောက်ခဲ ;
    ဘယ့်နှယ့် ပဒူအုံ ဒုတ်နဲ့ ထိုး ဖြစ်ရပြန်တာတုန်း ကိုကျောက်ရယ်…။
    ဘယ်သူ့ကိုများ တိုက်ခိုက်မိလျက်သား ဖြစ်ရပြန်ပါသလဲ…။
    ကိုယ့်ကိုယ်ကို ပြန်တိုက်ခိုက်တဲ့ ပို့စ်ပါခင်ဗျာ…။
    ကျွန်တော်က ပို့စ် လည်း မတင်နိုင်ဘူး…၊ ကွန်းမန့်လည်း မရေးနိုင်ဘူး…။
    ဒါကြောင့် ဒီပို့စ်ကို ရေးပြီး ခင်ဗျားတို့ကို မေးရတာပါ…။
    ဆိုဗီယက် ခေတ်ကို ပြန်သွားမလား…။
    မဆလ ခေတ်ကို ပြန်သွားကြမလား ရယ်ပေါ့…။
    အစ်မ မခင်လတ်ပေးတဲ့ ကွန်းမန့် က ကျွန်တော် ဆိုချင်တာနဲ့ ကွက်တိပါပဲဗျာ…။
    :mrgreen:

  • kyeemite

    May 2, 2013 at 9:27 am

    ဟိုတုန်းက မပြိုကွဲသေးခင် ဆိုဗီယက် ပြည်ထောင်စု ကြီးရဲ့
    ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကိုတောင်ကိုးကားထားတာဆိုတော့
    ဘယ်ကများရှာရှာဖွေဖွေ တွေ့လာပါလိမ့်ဆိုပြီး…အံ့ဩမိပါရဲ့ဗျာ…
    ရဲဘော်ဘလက်ရေ…မကြာမကြာ ပို့စ်လေးတင်ပြီး ရွာကို မျက်နှာလာပြနေသေးတာကိုပဲ
    ကျေးဇူးတင်ပါတယ်…သံယောဇဉ်မကုန်သေးတာပေါ်လွင်တာပေါ့လေ..နော့ :hee:

  • ဦး ကျောက်ခဲ

    May 2, 2013 at 9:28 am

    ကျန်း… ကျန်း… ကိုကိုဘလက် လူဇိုး…
    ခေါင်းစဉ်ကို ပြန်ပြင်လိုက်တော့… မောင်ကျောက်မန့်ထားတာ လွဲကုန်တာပေါ့…
    :kwi:

  • surmi

    May 2, 2013 at 11:00 am

    အဲဒါကြောင် ့ ဒီနေ ့အမှီ တစ်ပုဒ်တင်လိုက်တာ 🙂
    အလကားနောက်တာပါဗျာ
    ကျနော်လည်း ရောက်တသ်ခါမရောက်တလှည့်နဲ့ဝေးနေတာကြာပေါ့
    ဒါပေမဲ့ သံယောဇဉ်ဆိုတာကလည်း ……..
    ကိုဘလက်ရေ
    အမှောင်ကွယ် ချောင်ကွယ်ပြီး အားပေးနေတာပါဗျို ့

  • surmi

    May 2, 2013 at 11:06 am

    ပြောဖို ့ကျန်ခဲ့လို ့ …..
    ရွာထဲမဝင်တာကြာလို ့လားမသိဘူး
    ရာထူးတိုး သွားတာခုမှသိတယ်
    :harr:
    အမှန်တော ့ သဂျီးမင်းမျက်စိမှားပြီး တိုးလိုက်တာ
    ဒီလိုပို ့စ်တွေအရင်က မန် ့လို ့ရဘူးဗျ

  • မကြည်ပြာ

    May 2, 2013 at 11:41 am

    အွမ်း သတိပေးသူရှိမှ ထ ထလုပ်တတ်တဲ့ အကျင့်ရီး ပြင်အူးမှဘာလေ :byae:

  • ကြည်ဆောင်း

    May 2, 2013 at 12:36 pm

    ပိုစ်မတင်ဘဲ မန့်ဘဲမန့်သူများကရော….?????????????
    :bar:

  • ပို.စ်မတင်ကော့မန်.မပေးသူများ မသောက်ရ ဆို ပိုကောင်းမလားလို………
    တချို.က ပို.စ်လဲမတင် မန်.လဲမမန်.ဘဲ…….သောက်တာကျတော့ သောက်တယ်……..ဟွန်.မုန်းထာ..

    အခုပို.စ်တင်ပြီး အဆိုတင်သွင်းတဲ့ အမတ်မဲမဲကြီး မိုက်ရင် ချိန်းပွဲသောက်မလား ဗျာ……ကဲ….

    • kyeemite

      May 2, 2013 at 2:51 pm

      ရွှေတိုက်ပြောတာထောက်ခံတယ်ကွာ…

      ပို့စ်မတင် ကွန်းမန့်မရေးသူတိုင်း အရက်သောက်ခွင့်မရှိ၊ တိုက်ခွင့်သာရှိသည်။

      :harr:

  • Myo Thant

    May 2, 2013 at 1:30 pm

    အနော်ကတော့ ကိုဘလက်ကို စိန်မခေါ်ရဲတော့ပါ ၊

    ဘာကြောင့်လဲ မမေးနဲ့ဦး

    ဖြေရဲသေးဘူး

    🙂 🙂 🙂

  • ဆူး

    May 2, 2013 at 3:20 pm

    ဒို့ အရေး ဒို့ အရေး..
    ပိုစ်တော့ တင်ဖူးတယ်..
    ကွန်မန်းတော့ ရေးဖူးတယ်
    ဒါပေမဲ့.. တခါတလေ မဝင်ဘူး
    တခါတလေ ဝင်တဲ့ အခါ ရန်တွေ့ပြီး ပြန်ထွက်သွားတယ်။

  • cobra

    May 2, 2013 at 3:37 pm

    လေး ဘလက်ကလဲ ကျွန်တော်တောင်လန့်လာပြီ
    အဲ့လိုတော့မလုပ်ပါနဲ ့ ပို့စ်တော့တင်ချင်ပါတယ်
    အရင်ကလို မတွေးနိုင်တော့တာ ခက်တယ်
    အသက်ကလည်းကြီးနေပြီဆိုတော့…
    တခါတလေ ကိုယ့်ကိုယ်ကိုတောင်မယုံတော့ဘူး အရင်က cobra မှဟုတ်သေးရဲ့လားလို့

  • TNA

    May 2, 2013 at 5:21 pm

    လန့်ထာ ဘဘ ဘလက်ရယ်။ အသာလုပ်ပါကွယ်။ များဒို့လဲ ပိုစ့်နဲတယ်။ သဂျီးရွာမချဲ့လို့ပဲလား။ ကွန်နက်ရှင်မျက်နှာသာမပေးလို့ရယ်လားတော့မသိ မန့်ဖို့တောင် တော်တော်ခက်ခဲနေတဲ့ကာလ များဖြစ်ပါတယ်။ မတော် များဒို့ကိုသဂျီးပွိုင့်လျော့မွှ ဒွတ်ခ ဘဘဘလက်ရေ။

  • ရဲစည်

    May 3, 2013 at 2:34 am

    ဆိုဗိယက်ခေတ် …
    မဆလခေတ်ထက်
    အာဏာရှင်စစ်အစိုးရခေတ်ကို ပြန်သွားပေးပါဗျို့
    ဘာာာာာာာာာာာာာာ ……. ။
    စာမကောင်းတာ မလိုချင်ဘူး … post ထဲ စာပါတာဘဲ လိုချင်တယ်
    မလုပ်နိူင်ဘူးလား …. ဟွင်း …ဟွင်း
    အသေထွက်နဲ့ အရှင်ထွက် ကြိုက်တာရွေး …
    :harr:

    နီဂျဇေသတည်း

  • ဦးဦးပါလေရာ

    May 3, 2013 at 12:45 pm

    လူတွေရဲ့ ဆန္ဒဆိုတာမျိုးကလည်း လစ်မစ် ရှိတာမျိုး မဟုတ်ဘူးခင်ဗျ…။
    အဲဒီ လစ်မစ်မရှိတဲ့ လူတွေရဲ့ ဆန္ဒတွေကို လစ်မစ်လုပ်ဖို့ ကြိုးစားတဲ့ စံနစ်ကြီး ကျဆုံးသွားတာ ဘာဆန်းသလဲ ကိုကိုရယ်…။

    ကိုချောရေ-
    ဒီပိုစ့်ရဲ့ဆိုလိုရင်းကို ကျွန်တော်နားလည်သလောက်က အပေါ်က စာသားလေးပါပဲ…
    အဲဒါလေးကိုပဲ အပြန်ပြန်အလှန်လှန်တွက်ကြည့်ရင်းနဲ့
    အဖြေလိုချင်သူတွေကလဲ အဖြေထုတ်နိုင်ကြပါတယ်……လို့

  • Mr. MarGa

    May 3, 2013 at 12:49 pm

    တိတ်တိတ်ကလေး ဖတ်ကာထွက်သွားမိတာက
    ရွာဝင်ခက်လို့ပါ (အပ်ကြောင်းထပ်နေပြီ အဟီး)
    တစ်ခါတစ်ခါကျ
    မန့်ချင်စိတ်ကလေးကလဲ ပျောက်တောက်တောက်( လူကလဲ ပျင်းတာကိုးဗျ)
    ရေးဖို့ကလဲ ပျင်း
    မန့်ဖို့ကလဲ ပျင်း
    ဒါကြောင့် တိတ်တိတ်ပုန်း ဖတ်နေတာဗျို့ :mrgreen:

  • မယ်ဘုတ်

    May 3, 2013 at 1:28 pm

    ” ပို့စ်မတင် ကွန်းမန့်မရေးသူတိုင်း ရွာသားဖြစ်ခွင့်မရှိ ” ကောင်းပါလေ့ ..
    မီးတို့လို ရွာသူတွေပါဘူးပေါ့နော် … :kwi:

  • blackchaw

    May 3, 2013 at 2:56 pm

    ကျွန်တော့် ပို့စ် မှာ ကွန်းမန့်ပေးသူအားလုံး ကျေးဇူးပါ ခင်ဗျာ…။
    ပို့စ်မတင်နိုင် ကွန်းမန့် မရေးနိုင်သူတွေ ကို တိုက်ခိုက်တဲ့ ပို့စ် လုံးဝ (လုံးဝ) မဟုတ်ပါ…။
    ပို့စ်မတင်နိုင် ကွန်းမန့် မရေးနိုင်တာ ကျွန်တော်လည်း အပါအဝင်ပါ…။
    အဲဒါတစ်ခုတည်းအတွက်နဲ့…
    ရွာသူား ဖြစ်ခွင့် မရှိတော့ဘူးလားရယ်လို့…
    မေးခွန်းထုတ်ထားတာပါ…။
    အရေးအသားညံ့လို့ လိုရင်းမရောက်တာ ခွင့်လွှတ်ကြပါ ကိုကိုတို့ မမတို့ရေ…။

    • kai

      May 3, 2013 at 4:15 pm

      ပို့စ်မတင် ကွန်းမန့်မရေးသူတိုင်း ရွာသားဖြစ်ခွင့်မရှိ

      မသိပါဘူး…
      မူလစာမှာ.. ရွာသားဖြစ်ခွင့်မရှိပဲဆိုတော့.. ရွာသူတွေကို.. ဒီရွာလူကြီး.. မျက်နှာလိုက်ထားတယ်ထင်လို့.. :kwi:

      • MaMa

        May 4, 2013 at 3:35 pm

        ကိုဘလက်ရဲ့ မြှုပ်ကွက်ကို သဂျီးက ဖော်ကောင်လုပ်နေတယ် :harr:

  • cobra

    May 3, 2013 at 3:52 pm

    အိန်းးးးးးးး
    ခုလို တောင်းပန်တော့လည်းခွင့်လွှတ်ရတာပေါ့လေ 🙂
    နောက်တာနော် လေးဘလက်
    ချစ်လို့စတာ

  • ပိုစ်မတင် ကော်မင်းမပေး ဝင်ဖတ်သူတွေရှိတာအမှန်ပါဘဲ။
    ဒါပေမယ့်အရင်လို ပိုစ်တစ်ပုဒ်ကို လူဘယ်နှစ်ယောက်ဝင်ကြည့်တယ်ဆိုတာဖော်ပြပေးရင်
    အဆင်ပြေမယ်ထင်ပါတယ်။
    တစ်ချိုုပိုစ်တွေက ဝင်တော့ ကြည့်မယ် ကော်မင်းမပေးခဲ့တော့ ပိုစ်တင်သူမှာ အားငယ်စရာဖြစ်မယ်ထင်ပါတယ်။
    အဲ ရွာထဲကို ကျောခိုင်းသွားကြတဲ့ လူဟောင်းလူကောင်းကြီးတွေအများကြီးရှိတယ်ဆိုတာကိုတော့
    သတိပြုသင့်ပါတယ်။
    ရွာတစ်ရွာမှာ ရေးသူ ဖတ်သူ ပုံတင်သူ ပုံကြည့်သူ အချုိုးညီနေမှ စည်ကားတယ်လို့ယူဆပါတယ်။
    ကိုဘလက်ချောအတွက်ကတော့ ရွာထဲမှာ အိမ်တစ်လုံးအပြီးဆောက်ထားပေးပြီးသားပါဗျ။
    လူချစ်လူခင်ပေါတာကိုး။
    လူချင်းတွေ့မှလေပေါပါအုံးမည်။

  • ကိုရင်စည်သူ

    May 4, 2013 at 6:16 pm

    ဘယ်ခေတ်ဖြစ်ဖြစ်ဗျာ အလုပ်လုပ်မှ အူစိုရအောင် စားရတာပါပဲ။
    မြန်မာပြည်မှာ ဦးနုဒီမို၊ မဆလ၊ နအဖ၊ အခု ပြောင်ဒီမို အကုန်လုံး
    မြန်မာပြည်သူားတွေ အလုပ်လုပ်ပြီး မတန်တဲ့ဝင်ငွေနဲ့ လုပ်စားနေရတာပဲ..။
    ထိုင်နေတဲ့သူတောင် လုပ်နိုင်တဲ့လူတွေက တဖက်လှည့် ကျွေးထားနေရတာပဲ…။
    အလုပ်မလုပ်တဲ့လူတွေများနေခြင်းကလည်း အလုပ်လုပ်တဲ့လူတွေကို
    ပိုအလုပ်လုပ်စေတဲ့အတွက် အလုပ်လုပ်နေခြင်းလို့ ယူဆတဲ့အတွက်.. :mrgreen:
    ပို့စ်မတင် ကွန်မန်းမရေးသူများဟာလည်း တဖက်ကနေ ရေးသူ မန်းသူတွေကို
    ပိုအလုပ်လုပ်စေတဲ့အတွက် ရွာသားဖြစ်ခွင့်ရှိတယ် ယုံကြည်ပါတယ်…။ :mrgreen:
    ဖီလိုဆိုဖီမောင်စီ..

  • ကျန်း .. ကျန်း ..
    ကျုပ်ကို မာဆတ်ခန်း ပို့နေဒဲ့ လူဂျီးး
    ခုမှ တွေ့မိဒယ် .. ဟာဗျဲ .. ဟာဗျဲ … :mrgreen:

    ပို့စ်မတင် ကွန်မန့် မရေးသူ ရွာသား ဖြစ်ခွင့်မချိဘူး ဆိုဒေါ့ ..
    ရွာဒူဒေါ့ ဖစ်ခွင့် ချိဒါပေါ့ …
    ဒီဒေါ့ … တီတီဘလက်လို့ ခေါ်ရမားဟင်င် … 🙄 :mrgreen:
    ချစ်ရို့နောက်ဒါနော် ဥဘလက်ဂျီး …

Leave a Reply