အဲဒီတုန်းက သူ ပြန်သွားတော့မည်ဆိုပြီး မိတ်ဆွေများကို  တစ်ယောက်ပြီး  တစ်ယောက် လိုက်နှူတ်ဆက်နေသော်လည်း

သူမဆီကိုတော့ စကားတစ်ခွန်းမပြောနှင့် အကြည့်တစ်ချက်လောက်ပင် ရောက်လာခဲ့ပုံမပေါ်။နောက်ဆုံး သူ့အသံ  လုံးဝ

မကြားရတော့ဘူးဆိုကာမှ  သူမ တစ်ယောက်ထဲကို ချန်ကာ နူတ်မဆက်ပဲပြန်သွားတာ သေချာသွားခဲ့သည် ။

*  *  *  *  *

မတွေ့ရတဲ့ သုံးနှစ်အတွင်း ကိုကြီးကတော့ ဘာမှ မပြောင်းလဲ ။ခင်ရာဆွေမျိုး မိန်ရာ ဟင်းကောင်းဆိုသလို တနယ်တကျေးကနေ

လာပြီး အလုပ်လာလုပ်နေကြသူချင်းပီပီ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း မိသားစုတွေလို ရင်းနှီးချစ်ခင်ခဲ့ကြသည် ။အခုလို ပြန်တွေ့

ရတော့လည်း တကယ့်သွေးသား ရင်းချာ တစ်ယောက်ကို ပြန်တွေ့ရသလိုု ဝမ်းသာအဲလည်း ဖြစ်ရသည် ။

“  တွေ့ခဲ့တယ် ပုတုလေးရေ

ပုတုလေးက မေးနေတယ်လို့လည်း ပြောခဲ့သေးတယ် ”

ကိုကြီးက သူမကို ပုတုလေးဟု ချစ်စနိုးခေါ်တာက မပျောက်သေး။

“  ဘယ်သူတုန်း ဘယ်သူ့ကို မေးမိလို့ တုန်း ကိုကြီးရ…”

“       ဟာ…တကယ် မမှတ်မိဘူးလား…

ဟို တစ်ချိန်တုန်းကလေ  ပုတုလေးရဲ့ ချစ်ချစ်လေ..”

 

သူမ အပြေးအလွှားစဉ်းစားလိုက်မိသော်လည်း  နှူတ်က အဲဒီနာမည်ကို  ပြောထွက်ဖို့ တွန့်ဆုတ်နေမိပြန်သည် ။

“ ညီမလေး တကယ် မသိတော့ဘူးနော်..”

“ နေနေလေ..နေနေ ”

“  အော်..”

သူမ အသံလေး ရုတ်တရက် တိမ်ဝင်သွားခဲ့ ပြန်သည် ။  အေးစိမ့်စိမ့်ဖြစ်သွားသော အရိပ်အငွေ့တို့ကို

ဖယ်ထုတ်ပစ်ရင်း

“ ညီမလေး ချစ်ချစ်မဟုတ်ပါဘူး  ”

 

“   ကိုကြီးတို့ကတော့ ညီမလေးတို့ တစ်ခုခုပတ်သက်ခဲ့ကြတယ် မှတ်တာပဲ ”  ကိုကြီးက ဒီတစ်ခါတော့ လေးလေးနက်နက်

ပြောနေတာ ဖြစ်သည် ။

သူမကိုယ်တိုင်လည်း  မဟုတ်တာလုပ်ပြီး သည့် အခါတိုင်း တစ်စုံတစ်ခုကို မတတ်သာလို့ လိမ်ညာလိုက်ရသည့်အခါတိုင်း

ခံစားရသလို ကိုယ်စိတ်နှလုံးမှာ အေးအေးဆေးဆေး မဟုတ်ပဲ ကျန်ရစ်ခဲ့ရပြန်သည် ။

 

ဟို အတိတ်ဆီက သူက သူမကို  စမြင်မြင်ချင်း ရုတ်တရက် လန့်သွားခဲ့သည်တဲ့ ။

 

 

About အရိပ္စစ္

hninnu zin has written 23 post in this Website..