အဘယ်ကြောင့်ဆိုသော်….. ( ၁ )

အရိပ္စစ္May 1, 20131min2169

အဲဒီတုန်းက သူ ပြန်သွားတော့မည်ဆိုပြီး မိတ်ဆွေများကို  တစ်ယောက်ပြီး  တစ်ယောက် လိုက်နှူတ်ဆက်နေသော်လည်း

သူမဆီကိုတော့ စကားတစ်ခွန်းမပြောနှင့် အကြည့်တစ်ချက်လောက်ပင် ရောက်လာခဲ့ပုံမပေါ်။နောက်ဆုံး သူ့အသံ  လုံးဝ

မကြားရတော့ဘူးဆိုကာမှ  သူမ တစ်ယောက်ထဲကို ချန်ကာ နူတ်မဆက်ပဲပြန်သွားတာ သေချာသွားခဲ့သည် ။

*  *  *  *  *

မတွေ့ရတဲ့ သုံးနှစ်အတွင်း ကိုကြီးကတော့ ဘာမှ မပြောင်းလဲ ။ခင်ရာဆွေမျိုး မိန်ရာ ဟင်းကောင်းဆိုသလို တနယ်တကျေးကနေ

လာပြီး အလုပ်လာလုပ်နေကြသူချင်းပီပီ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း မိသားစုတွေလို ရင်းနှီးချစ်ခင်ခဲ့ကြသည် ။အခုလို ပြန်တွေ့

ရတော့လည်း တကယ့်သွေးသား ရင်းချာ တစ်ယောက်ကို ပြန်တွေ့ရသလိုု ဝမ်းသာအဲလည်း ဖြစ်ရသည် ။

“  တွေ့ခဲ့တယ် ပုတုလေးရေ

ပုတုလေးက မေးနေတယ်လို့လည်း ပြောခဲ့သေးတယ် ”

ကိုကြီးက သူမကို ပုတုလေးဟု ချစ်စနိုးခေါ်တာက မပျောက်သေး။

“  ဘယ်သူတုန်း ဘယ်သူ့ကို မေးမိလို့ တုန်း ကိုကြီးရ…”

“       ဟာ…တကယ် မမှတ်မိဘူးလား…

ဟို တစ်ချိန်တုန်းကလေ  ပုတုလေးရဲ့ ချစ်ချစ်လေ..”

 

သူမ အပြေးအလွှားစဉ်းစားလိုက်မိသော်လည်း  နှူတ်က အဲဒီနာမည်ကို  ပြောထွက်ဖို့ တွန့်ဆုတ်နေမိပြန်သည် ။

“ ညီမလေး တကယ် မသိတော့ဘူးနော်..”

“ နေနေလေ..နေနေ ”

“  အော်..”

သူမ အသံလေး ရုတ်တရက် တိမ်ဝင်သွားခဲ့ ပြန်သည် ။  အေးစိမ့်စိမ့်ဖြစ်သွားသော အရိပ်အငွေ့တို့ကို

ဖယ်ထုတ်ပစ်ရင်း

“ ညီမလေး ချစ်ချစ်မဟုတ်ပါဘူး  ”

 

“   ကိုကြီးတို့ကတော့ ညီမလေးတို့ တစ်ခုခုပတ်သက်ခဲ့ကြတယ် မှတ်တာပဲ ”  ကိုကြီးက ဒီတစ်ခါတော့ လေးလေးနက်နက်

ပြောနေတာ ဖြစ်သည် ။

သူမကိုယ်တိုင်လည်း  မဟုတ်တာလုပ်ပြီး သည့် အခါတိုင်း တစ်စုံတစ်ခုကို မတတ်သာလို့ လိမ်ညာလိုက်ရသည့်အခါတိုင်း

ခံစားရသလို ကိုယ်စိတ်နှလုံးမှာ အေးအေးဆေးဆေး မဟုတ်ပဲ ကျန်ရစ်ခဲ့ရပြန်သည် ။

 

ဟို အတိတ်ဆီက သူက သူမကို  စမြင်မြင်ချင်း ရုတ်တရက် လန့်သွားခဲ့သည်တဲ့ ။

 

 

9 comments

  • ဦး ကျောက်ခဲ

    May 2, 2013 at 11:00 am

    အ ဟိ… သဂျီး စီးပွါးကို အခန်းဆက်ရေးပြီး တုတ်နဲ့ထိုးမယ့်သူပေါ်လာပြီ…
    ဦးကြီးကျောက်က တလေးတစားမန့်ပါမယ်ဆိုမှ…
    အင်ထရိုလည်းပြီးရော ရပ်သွားလို့ ” ရုတ်တရက် လန့်သွားခဲ့သည် ” ခညာ…
    :harr:

  • အရိပ်စစ်

    May 2, 2013 at 12:18 pm

    အဟိ..ဘယ်ရမလဲနော..တူများတွေ အခန်းဆက်ရေးတာ အားကျလို့ ဝင်ရေးတာ
    သဂျီး စီးပွားရေးကို တုတ်နဲ့ ထိုးဖို့ ရည်ရွယ်ပါဘူးတော်…ဓါးနဲ့ မိုးရုံတင်ယေးပါ…

  • surmi

    May 2, 2013 at 2:39 pm

    ဝဋ်ရှိသမျှ ခံရပေဦးမပေါ ့
    ဖတ်မိပြီဆိုမှတော ့ ကဲဗျာ …..ဆုံးအောင်စောင့်ဖတ်ပါတော ့မယ်
    အောင်မလေးးးးးး အနိစ္စ

    • အရိပ်စစ်

      May 2, 2013 at 6:26 pm

      အဲဂလိုသဘောကြီးလည်း မဟုတ်ပါဘူး
      စိတ်ထဲ စာရေးချင်နေပေမယ့် ချမရေးဖြစ်လွန်းလို့ ရေးဖြစ်အောင် အခန်းဆက်အနေနဲ့ ရေးမိတွားတာပါ…
      ဆုံးအောင် စောင့်ဖတ်ပေးမယ်ဆိုတဲ့ အတွက် ကိုင်ဇာ မေခလာပါရှင်….

    • အရိပ်စစ်

      May 2, 2013 at 6:27 pm

      ဟိဟိ..အဲလိုလည်း ဟုတ်ဘူးလေ
      မန့်တွားပေးတဲ့ အတွက် ကျေးကျေးနော်

  • ဗုံ ဗုံ

    May 2, 2013 at 3:48 pm

    မယ်နုသည် ဒီတစ်သက် ယောက်ကျားမရဘဲ အပျိုကြီး ဖြစ်လိမ့်မည်. အဘယ့်ကြောင့်ဆိုသော် ဖတ်ကောင်းမှ တို့လို့တန်းလန်း လုပ်ထားခဲ့သောကြောင့် ဖြစ်သည်။ .. :harr: :harr:

    • အရိပ်စစ်

      May 2, 2013 at 6:23 pm

      နင်ဂလည်း ဒါပဲ ပြောနေတာပဲ
      ဖတ်ကောင်းတယ်ဆိုတော့ ဆက်ရေးဖို့ အားနည်းနည်းရှိသွားပီပေါ့ကွယ်..
      ကျေးဇူးဂေါ်ဇီလာပါ တယ်ဂျင်းယေးး

  • Mr. MarGa

    May 3, 2013 at 11:48 am

    အင်း……ဘာပြောရမလဲ
    ဆက် စောင့်ကြည့်မှဇာတ်ရည်လည်မဗျ :hee:

Leave a Reply