ကောင်လေးနဲ့ ကောင်မလေး —- နေ့စွဲပြဿနာ

etoneJuly 27, 20101min792

ကောင်မလေး မနက်ကတည်းက ကောင်လေးရဲ ့ မက်ဆေ့ချ်ကို စောင့်နေခဲ့တယ်… ဖုန်းကို ပဲ ထုတ်ထုတ်ကြည့်နေမိလို့ လမ်းကူးတာတောင် ကားမကြည့်ပဲ ကူးဖြစ်ခဲ့တယ်… တော်သေးတာက ကားရှင်းနေလို့ပေါ့… ကောင်လေးမနေ့က
ပြောထားတာက ဒီနေ့ သူတို့ ကျောင်းဆင်းရင် တွေ့ကြမယ်တဲ့… ကောင်လေးက ဒီလို အမြဲပြောနေကျပါ…
ဒါပေမယ့် အမြဲ ပျက်ကွက်တာချည်းပဲ… ဒီတော့ ကောင်မလေးလဲ ဒီတစ်ခါသိပ်မမျှော်လင့်ရဲဘူး…

ကျောင်းခန်းထဲရောက်လို့ စာသင်နေချိန်မှာလည်း ကောင်လေးဆီက ဘာအဆက်အသွယ်မှ မရခဲ့ဘူး… ကောင်မလေးဘက်က စပြီးဆက်သွယ်လည်းရပါတယ်… ဒါပေမယ့် ကောင်မလေးက မာနတစ်ခွဲသားနဲ့ သူကြင်မှ ငါကြင်မယ်ဆိုတဲ့
အစားထဲကလေ… ဒီလိုနဲ့ နေ့လည်စာ စားတဲ့ အချိန်မှာလား ဘာအဆက်အသွယ်မှ မရခဲ့ဘူး…

ကောင်မလေး အရင်နေ့တွေဆိုရင် ကောင်လေးက စာဂျပိုးမှန်းသိတော့ ဒီလောက်အထိ ကောင်လေးရဲ ့ အဆက်အသွယ်ကို မျှော်လေ့မရှိဘူး… ဒီနေ့ကတော့ သူတို့ နှစ်ယောက်ရဲ ့ လပတ်လည်လေ… သူတို့က လတိုင်းလတိုင်း
တန်ဖိုးထားပြီး ကျင်းပလေ့ရှိတဲ့ နေ့တစ်နေ့ပေါ့… ကောင်မလေးဘက်က ပိုပြီး အလေးထားတယ်ဆိုရင်
ပိုမှန်မယ်… အဲဒီနေ့ ရောက်ရင် သူမကပဲ အမြဲတမ်း စစပြီး သတိပေးတာ … ဒါပေမယ့် ကြာလာတော့
မတရားဘူးထင်လာပြီး ကောင်လေး စပြောမှပဲ သူမပြောတော့မယ်ဆိုပြီး စိတ်ဆုံးဖြတ်ထားတယ်…

ကောင်လေးဆီက အဆက်အသွယ်ကို သူမထပ်မမျှော်တော့ဘူး… ပြီးတော့ မနေ့ကလည်း သူတို့ ကျောင်း အပြီးတွေ့ မယ်ဆိုပြီး ချိန်းထားတာ ကောင်လေးဘက်ကပဲ စပြီး ပျက်ကွက်ခဲ့တယ်ဆိုတော့ ဒီနေ့လည်း ဒီအချိုးပဲ လာလိမ့်မယ်လို့
ကောင်မလေးထင်ထားတယ်… တကယ်တော့လည်း သူမထင်ထားသလိုပါပဲ ညနေ ကျောင်းဆင်းခါနီး ကောင်လေးဆီက
မက်ဆေ့ချ်ဝင်လာခဲ့တယ်… ဒီနေ့ လပတ်လည်နေ့မှန်းသူသိပါတယ်တဲ့ … ဒါပေမယ့်… သူဒီနေ့ ပရော်ဂျက်တွေနဲ့
ဒက်လိုင်း တွေနဲ့ ရှုပ်နေလို့ မနက်ဖြန်မှပဲ တွေ့တော့မယ်လို့ ကတိပေးပါတယ်တဲ့… အရမ်းချစ်ပါတယ်တဲ့…

ကောင်မလေးက ဒီလို ဖြစ်မယ်မှန်း အစကတည်းက ရိပ်မိနေပေမယ့်… ဒေါသတော့ဖြစ်မိတယ်… ကောင်လေးဆီဖုန်းကောက်ဆက်ပြီး ပြဿနာရှာလိုက်တယ်… ကောင်လေးကို အပြစ်တင်တယ်… ထွက်ပေါက် အမျိုးမျိုးရှာပြီး ဒေါသထွက်လိုက်တယ်…
သူမပြောချင်ရာပြော ဒေါသထွက်ချင်သလိုထွက်နေတာကို ကောင်လေးက မဟုတ်ပါဘူး… ဆိုတဲ့ စကားတစ်ခွန်းထဲနဲ့ပဲ
ဖြေရှင်းတယ်… ကောင်မလေး ပြောလို့ ဝလို့ ဖုန်းချလိုက်ပြီးမှ… ကောင်မလေး စိုးရိမ်မိတယ်…
ကောင်လေးဘက် က ဘယ်လောက်ပဲ ပျက်ကွက် ပျက်ကွက် သစ္စာမဖောက်သ၍ သူမ က ကောင်လေးကို မဆုံးရှုံးချင်ဘူးလေ…
ဒီတော့ သူမခုနက သူ့ကို အော်ဟစ်ကျိမ်းမောင်းခဲ့တာတွေကို ထေမိအောင် … အရမ်းချစ်ပါတယ်
ဆိုတဲ့ မက်ဆေ့ချ်လေးကို ကောင်လေးဆီပြန်ပို့ခဲ့တယ်…

ဒါပေမယ့် သူမက ကောင်လေးကို ဒေါသထွက်နေတုန်းပဲ… စိတ်လိုက်မာန်ပါလုပ်လို့ ဆုံးရှုံးမှာကြောက်လို့သာ အလျှော့ပေးချင်ယောင်ဆောင်ခဲ့တာ စိတ်ကတော့ဆိုးတုန်းပဲ… ဒါကြောင့် ကောင်လေးကို သူမဘက်ကစပြီး
အဆက်အသွယ် မလုပ်ဘူး… ကောင်လေးက အဆက်အသွယ်လုပ်မှပဲ စကားပြန်ပြောတယ်… ဒါပေမယ့် သူမဒီလိုလုပ်တာလည်း
အရာတော့ မရောက်ပါဘူး… ကောင်လေးက သိမှမသိပဲကိုး…

နောက်နေ့လည်း ကောင်မလေးဘက်ကစပြီး ကောင်လေးဒီနေ့ တွေ့မယ်လို့ ကတိပေးထားတဲ့ အကြောင်းတွေကို ဘာမှ အစမဖော်သလို မျှော်လည်း မမျှော်လင့်တော့ပဲ ကျောင်းက စောစောပြီးတဲ့ အတွက် ကျောင်းနားက ဘက်စ်ကားဂိတ်ကို
နေပူကျဲကျဲထဲ လမ်းလျှောက်လာခဲ့တယ်… ဒီအချိန်မှာ ကောင်လေးဆီက ဖုန်းဝင်လာတယ်… ဘယ်မှာလဲလို့
ကောင်လေးက မေးတော့ ကောင်မလေး ကျောင်းနားမှာပဲ ရှိတာသိတာနဲ့… အပြင်မှာ နေအရမ်းပူနေတယ်တဲ့…
ကျောင်းထဲပြန်သွားပြီး ကျောင်းမှာ စောင့်နေပါတဲ့…

ကောင်မလေးကလည်း အံ့ဩသွားတယ်… ဘာလို့လဲဆိုတော့ ကောင်လေးက ကောင်မလေးရဲ ့ ကျောင်းကို တော်ရုံတန်ရုံလာခဲတာကိုး… ကောင်လေးရဲ ့ အိမ်နဲ့ သူမကျောင်းနဲ့ နဲနဲဝေးတာက တကြောင်း… စာဂျပိုးဆိုတော့ စာမလုပ်ရတဲ့
မိနစ် စက္ကန့်တိုင်းက အချိန်ကို ဖြုန်းတီးတာနဲ့တူတယ်လို့ မှတ်ယူထားတာက တကြောင်းကြောင့်
သိပ်မရောက်လာဖြစ်ဘူး… ဒီနေ့တော့ လာမယ်ဆိုတော့ သူပြောတဲ့အတိုင်း ကျောင်းထဲပြန်ဝင်ပြီး
အေးအေးဆေးဆေး ထိုင်စောင့်နေလိုက်တယ်…

နောက် တစ်နာရီလောက်နေတော့ ကောင်လေး ရောက်လာခဲ့တယ်… နေပူထဲမှာ ပြေးလာရတဲ့ ပုံပဲ ချွေးတရွှဲရွှဲနဲ့ ဟောဟဲဟောဟဲကို ဖြစ်လို့… လက်ထဲမှာလဲ ညစာပါလာတယ်ဆိုတော့ သူတို့ ကျောင်းမှာပဲနေဖြစ်မယ့်
သဘော… သူတို့ နှစ်ယောက် ချိန်းတွေ့ လိုက်ရင်လည်း ကောင်လေးရဲ ့ ကျောင်း ဒါမှမဟုတ်… ကောင်လေး
အိမ်နားက လိုင်ဘရေရီ… လိုမျိုး စာလုပ်လို့ ရတဲ့ နေရာတွေမှာချည်းပဲလေ… ကောင်လေးက အမြဲစာလုပ်ချင်နေတာကိုး…
ကောင်မလေးကလဲ ရုပ်ရှင်ကြိုက်သမားဆိုတော့ အလိုက်သင့်ပဲကောင်လေး အလိုကိုလိုက်လိုက်တယ်…
သူစာလုပ်နေတုန်း သူမလဲ သူမလက်ပ်တော့ပ်ထဲက ရုပ်ရှင်တွေထိုင်ကြည့်နေလို့ ရတယ်လေ… ကောင်လေးကလဲ
သူမကို စာလုပ်ဖို့ပြောပါတယ်… သူမကိုက မလုပ်ချင်တာ…

ကောင်လေး ကောင်မလေးဘေးဝင်ထိုင်တော့ မေးတယ်… ဒီနေ့ ဘာနေ့လဲ သိလားတဲ့… ဒါနဲ့ကောင်မလေးက အဲဒါမနေ့တုန်းက ပြောရမယ့် စကားလို့ ပြောတော့… ကောင်လေးက… မဟုတ်ဘူးတဲ့ ဒီနေ့က မှတကယ့် အထိမ်းအမှတ်နေ့တဲ့…
ဒီလိုနဲ့ ကောင်မလေးနဲ့ ကောင်လေး စကား အခြေအတင် ရန်ဖြစ်ကြပါတော့တယ်…

အမှန်က ကောင်လေးက ကောင်မလေးကို စပြီး ရည်းစားစကားပြောတဲ့နေ့က ၁၄ရက်နေ့… ကောင်မလေးက ကောင်လေးက အဖြေပြန်ပေးတဲ့နေ့က ၁၃ရက်နေ့ သောကြာနေ့… ကောင်မလေးက ၁၃ရက်နေ့ကို နှစ်ပတ်လည်နေ့ / လပတ်လည်နေ့
အဖြစ်ထားတာ ကြိုက်တယ်… ဘာလို့လဲဆိုတော့ ကောင်မလေးက အဲဒီနေ့လေးကို ထူးထူးခြားခြားနေ့လေးလို့
ထင်လို့ အဲဒီနေ့က တချို ့လူတွေက နိမိတ်မကောင်းဘူး လို့ထင်တဲ့ Friday the 13th
လေ… ပြီးတော့ ကောင်မလေး အဖြေပေးလို့ သာ သူတို့ နှစ်ယောက်ရည်းစားဖြစ်ရတာဆိုပြီး ကောင်မလေးက
အဲဒီနေ့လေးကို သတ်မှတ်ချင်တာ…

ဒါပေမယ့် ကောင်လေးကတော့ အဲဒီနေ့က ၁၃ ဖြစ်တဲ့အတွက် မယူသင့်ဘူးထင်ပြီး ၁၄ရက်နေ့ကိုပဲ သူတို့ နှစ်ယောက်ရဲ ့ ချစ်သူများနေ့ အဖြစ်ထားချင်တာ… ပြီးတော့ သူက ချစ်တယ်ဆိုတဲ့ စကားစပြောလို့သာ သူတို့
နှစ်ယောက် ချစ်သူဖြစ်ဖို့ အကြောင်းဖန်လာတာဆိုပြီး ကတ်သီးကတ်သပ်ပြောတယ်… အင်း… ဒီပြဿနာကတော့
သူတို့ နှစ်ယောက် လတိုင်းလိုလို စကားများရတဲ့ အကြောင်းအရာတစ်ခုပေါ့လေ… ဘယ်သူမှန်လဲတော့
အခုထိ သေသေချာချာ မဆုံးဖြတ်ရသေးဘူး ဆိုပဲ… သူတို့ကို ကူညီလိုက်ကြပါဦးနော်…

2 comments

  • juttue.gyi

    April 29, 2011 at 10:30 am

    သူ့တို့နှစ်ယောက်ရဲ့အဖြစ်က ရယ်ချင်စရာတော့ကောင်းသား သူ့တို့နှစ်ယောက်ရည်စား ဘယ်လိုဖြစ်သွားတယ် ဆိုတာသိချင်သား

  • nozomi

    April 29, 2011 at 11:12 am

    ကြားဖူးတာလေး တစ်ခုရှိရဲ့..လူတစ်ယောက် အသက်ကြီး မကြီးကို ဘယ်လိုသိနိုင်လဲဆိုတော့….
    ခေတ်ပေါ်သီချင်းတွေ မကြိုက်တော့ ရင်……….
    ခေတ် ရဲ့ ဝတ်စား ဆင်ယင်မှုအပေါ် မှာ မစီးမျောနိုင်တော့ရင်….
    အချစ်ဝတ္ထု လေးတွေကို စိတ်မဝင်စားတော့ရင်..
    ……………………………….
    ……………………………….
    အသက်ကြီးလာပြီတဲ့

    ကျွန်တော်လဲ ကိုယ့်ကို ကိုယ် အခုမှ အသက်ကြီးမှန်းသိလိုက်ရပြီ

Leave a Reply