လွမ်းလို့

သူကေလးMay 2, 20131min24315

နာရီကြီးက တဂျောက်ဂျောက်မြည်နေတိုင်း လွမ်းတယ်…

နေလုံးကြီးက ဟိုပြေးဒီပြေးနဲ့ လွမ်းတယ်….

ထိုင်နေရင်လည်း လွမ်းတယ်….. ထပြန်တော့လည်း လွမ်းတယ်…..

အိပ်မရအောင်လည်း လွမ်းတယ်……

အိပ်ရာထ သွားတိုက်ရတိုင်းလည်း လွမ်းတယ်….

လမ်းဖြတ်ကူးတိုင်းလည်း လွမ်းတယ်…

ဟင်းကောင်းကောင်း မကောင်းကောင်း လွမ်းတယ်…

ရုံးသွားဖို့ taxi ငှားရင်းလဲလွမ်းတယ်

မတက်ချင်တက်ချင် သင်တန်းတက်ဖြစ်ရင်လွမ်းတယ်

အဖော်ကောင်းလို့ သင်တန်းလစ်ဖြစ်ရင်လဲလွမ်းတယ်

ဘော်ဒါတွေနဲ့ KTV သွားဆိုဖြစ်တိုင်းလွမ်းတယ်

အဒေါ်တို့အဖွဲ့နဲ့ စင်တင်ရောက်ဖြစ်တိုင်းလွမ်းတယ်

နင့်ဆီကိုဖုန်းလှမ်းခေါ်ဖို့ မဝံ့မရဲဖြစ်မိတိုင်းလွမ်းတယ်

နင်ယောင်ယမ်းပီး ငါ့ဆီ phone ခေါ်လာမလားနဲ့ (ငါ့ဖုန်းနံပါတ်ကိုနင်မသိပေမယ့်) လည်းလွမ်းတယ်

Starting Windows ဆိုတိုင်းလည်း လွမ်းတယ်…

Shutting down ဆိုလည်း လွမ်းတယ်…

အွန်လိုင်းတက်တဲ့အချိန်နင်မရှိတော့လွမ်းတယ်

ကွန်နက်ရှင် ဖုတ်လှိုက် ဖုတ်လှိုက် ကျနေတဲ့အချိန်လဲလွမ်းတယ်

နင်နဲ့သိတဲ နင့်သူငယ်ချင်းတွေနဲ့ချက်တိုင်းလွမ်းတယ်

နင့်အကြောင်းတွေ သူတို့လာလာပြောတဲ့အခါလဲလွမ်းတယ်

နင့် Blog ကိုလာလာကြည့်ရင်းနဲ့လွမ်းတယ်

နင်ဘယ်တော့ငါ့ FB profile လာလည်မလဲစောင့်ရင်းနဲ့လွမ်းတယ်

ရွာထဲဝင်ပြီး စာဖတ်တိုင်းလွမ်းတယ်

ရည်းစားတယောက်ထားမယ်ကြံတိုင်း လွမ်းတယ်

ရည်းစားအဟောင်းတွေအကြောင်းတိုက်ဆိုင်လို့သတိရတဲ့အခါ လွမ်းတယ်

မီးခလုပ် နိုပ်လို့ မီးပွင့်သွားရင်လည်း လွမ်းတယ်.. ပိတ်သွားရင်လည်း လွမ်းတယ်…

ဟာ… ဒီဟမ်းဖုန်းကြီးက ထမြည်ပြန်ပြီ.. လွမ်းတယ်…..

 

(တစ်ယောက်ယောက်ကို သတိရနေလို့ …)

15 comments

  • ဦး ကျောက်ခဲ

    May 2, 2013 at 10:48 am

    လွမ်းတတ်လိုက်တာ သူကလေးရယ်… ထောင့်ကိုစုံနေတာပဲ…
    တော်သေးတာပေါ့… ဗိုက်နာတိုင်းလည်းလွမ်းတယ် မဆိုသေးလို့…
    ဪ… အချဉ်ရည်များများနဲ့ အသုပ်စုံ အတူစားမိတာကို ပြောတာပါ… ဟီ ဟိ
    :harr:

    • သူကလေး

      May 2, 2013 at 11:14 am

      တကယ်တော့ လွမ်းတယ်ဆိုတာ အဲလိုမျိုးပဲမဟုတ်ဖူးလား ဦးကျောက်ခဲရာ
      စိတ်ထဲကနေ တစ်စုံတစ်ယောက်ကို အရမ်းလွမ်းနေပြီဆိုရင် ဘာလုပ်လုပ် သူ့အကြောင်းပဲခေါင်းထဲရောက်ရောက်လာတတ်တာလေ …toilet ထဲဝင်နေတဲ့အချိန်တောင် လွမ်းရင်လွမ်းနေအုံးမှာ
      သိစိတ်ကရော မသိစိတ်ကရော .. လွမ်းလို့ရတယ်လေ… 😀

      • ဦး ကျောက်ခဲ

        May 2, 2013 at 11:24 am

        အူးလေးကျောက် သေသင့်တာကြာပါပြီကွယ်…
        အလွမ်းရဲ့ နတ်သမီးနဲ့ တွေ့နေပြီ… ဟီ ဟိ

        • သူကလေး

          May 2, 2013 at 11:40 am

          ်သေပါနဲ့ အူးလေးကျောက်ရယ်
          ခုတလော သေချင်တဲ့လူတွေသိပ်များနေလို့
          အလွမ်းရဲ့နတ်သမီးလည်းမဟုတ်ပါဘူး …
          တကယ်လို့များ လွမ်းမယ်ဆို အဲလိုလွမ်းကြမှာဘဲစ်လို့ တွေးကြည့်တာပါ :kwi:

      • အရိပ်စစ်

        May 2, 2013 at 6:45 pm

        သူကလေး လွမ်းတာကို ခံဂျားပေးလို့ ရပါတယ်ကွယ့်
        သွားတယ် လာတယ် စားတယ်သောက်တယ်သာ တခါတခါ သတိမကပ်မိတာ
        လွမ်းတာကို တော့ အမှတ်မှတ်စရာတောင်လိုဘူး အလိုလို တိနေတော့တာ…ဟိ

  • surmi

    May 2, 2013 at 12:19 pm

    မနက်မနက် လာလာအော်တဲ့ ကျီးကန်းကြီးကိုလွမ်းတယ် ….
    တစ်မတ်ဘိုးဝယ်ရင် တစ်ဆုတ်ကြီးရတဲ့ပဲကြီးလှော်ကိုလွမ်းတယ် ….
    ၁၅ပြားတန် ရှောက်သီးဆေးပြားကိုလွမ်းတယ်…..
    ရုပ်ရှင်ရုံ ရှေ ့ဆုံးတန်းကို ၅မူး နဲ ့ကြည် ့ခွင့်ရတာလွမ်းတယ် ……
    ကောင်မလေးတွေ ရှပ်အင်းကျီပွပွနဲ ့ထမီတိုတိုဝတ်တာလွမ်းတယ် …..
    တောင်ငူဆောင် ကန်တင်းက ၁ကျပ်ခွဲတန် သံဗူးဖျော်ရည်ကိုလွမ်းတယ်…..
    အနောက်ရိုးမက သစ်တောကြီးတွေကိုလွမ်းတယ် ….
    ပန်းဆိုးတန်း စာအုပ်အဟောင်းပုံတွေမှာ အလကားဖတ်ခဲ့ရတာလွမ်းတယ် …….

    ဪ …..ဘာတွေလျောက်ပြောနေမိပါလိမ် ့…..
    ငါတော်တော် အိုသွားပြီပဲ ….

  • ခင်ခ

    May 2, 2013 at 12:55 pm

    ဪ သူကလေးရယ်
    လွမ်းလွန် လွန်း လို့ ကွယ်
    လွမ်းမှ လွမ်းတတ် ပါပေတယ်
    မလွမ်းပို လို့တောင်း ခေါ်ရမလိုနော်။

    • သူကလေး

      May 2, 2013 at 4:28 pm

      ရွာသူငယ်ချင်းတွေက သူကလေးအကြောင်းတွေသိနေပီမို့
      ချစ်လို့ကွယ် စကြတဲ့အခါ အလွမ်းသမားလေးဖြစ်နေရ .. မလွမ်းပို လွမ်းပို လွမ်းပို :kwi:

  • kyeemite

    May 2, 2013 at 2:30 pm

    တစ်ကျပ်ဖိုးဝယ်ရင် ၄ လိပ်ရတဲ့ဒူးယားစီးကရက်ကိုလွမ်းတယ်
    ဘတ်စ်ကားခပေးဖို့ဆောင်ထားရတဲ့ ဗိုလ်ချုပ်ပုံနဲ့ အကြွေစေ့လေးတွေကိုလွမ်းတယ်
    ကားသစ်တွေချည်းပြပြီး ရုံဝင်ခ ၇၅ပြားသာပေးရတဲ့ တိုင်းခန်းမ ကိုလွမ်းတယ်
    တစ်ပုလင်း ရကျပ်သာပေးရတဲ့ မန်းလေးဘီယာ အေးအေးလေးကိုလွမ်းတယ်
    ပိတ်စဝယ်ပီး ပြေးပြေးချုပ်ရတဲ့ ရက်ချိန်းမမှန်တဲ့ အပ်ချုပ်ဆိုင်တွေကိုလွမ်းတယ်
    အော်…ကိုရင်ဆာမိလိုပဲ…ငါလည်း တော်တော် အိုသွားပြီပဲ …. :kwi:

  • လူကလေး

    May 2, 2013 at 3:04 pm

    ခုလေးတင် .. အလိမ်ဇယား ဖတ်လိုက်တာ..
    နောက်တပုဒ်က အလွမ်းဇယား ဖြစ်နေပါပေ့ါလား..

    ငါ့ကို လွမ်းတာတော့ မဖြစ်လောက်ပါဘူးလေ..

    များလည်း လွမ်းနေတယ် အမိ.. :kwi:

    • သူကလေး

      May 2, 2013 at 4:31 pm

      များကဘူ့ကိုလွမ်းရပြန်ဒါတုန်းစ်
      ရိုက်ခံရတော့မယ်နော် ဟင်းးးးးးး

  • နေဝန်းနီ

    May 2, 2013 at 9:44 pm

    ဆေးလိပ်တိုသွားတဲ့အချိန်လဲလွမ်းတယ်
    မီးခြစ်မေ့လာတဲ့အခါလည်းလွမ်းတယ်
    မီးချစ်ကျောက် ထည့်တဲ့အခါလည်းလွမ်းတယ်
    ဂက်စ်ကုန်ခါနီးရင်လည်းလွမ်းတယ်…။
    ဆံပင်တွေရှည်လာရင်လည်းလွမ်းတယ်…။
    ဖိနပ်ပျောက်သွားတဲ့အခါလည်းလွမ်းတယ်။
    တို့လွမ်းတာက အင်တာနက်ဆိုင်မှာ မျက်စေ့အညောင်းခံပြီး ကုန်သွားတဲ့ပိုက်ဆံတွေကိုလေ………။

  • အမငီးး
    သူညားဒွေများ ပေါ ပေါ ဂျင်ဝူးး
    ဂယ်ဘဲ …
    လွမ်းဘဲ .. လွမ်းဒတ်လွန်းဒယ် …
    တားဒို့ လွမ်းဖို့လည်း ချန်ဘာအုံး ….
    ဒီဂမှာ လွမ်းမို့ဟာဂို …
    သူလွမ်းဒါနဲ့ ကိုယ်လွမ်းမှာတောင် ဘယ်ပျောက်တွားမှန်း သိဒေါ့ဝူး … :mrgreen:

  • မောင် ပေ

    May 4, 2013 at 8:54 pm

    လွမ်း…. လွမ်း…. လွမ်း…. လွမ်းလိုက်ကြပါစို ့
    ဝေးဟေးဟေး
    ွှအရင်တုန်းက အာဗွားပေးခဲ့ဖူးတဲ့ မှတ်မိသမျှ ရည်းစားတိုင်းကို လွမ်းလို ့

  • ရွှေ ကြည်

    May 4, 2013 at 9:08 pm

    အင်းးးးး အခုဒီပို့စ်ကိုဖတ်နေရင်းလည်း လွမ်းတယ် ကွယ် :mrgreen:

Leave a Reply