“အတိတ်ကပျော်ခဲ့သော အရိပ်တွေ ခုတော့ဖြင့် ရန်ကုန်ရယ်…….´´

ခင္ခMay 2, 20131min21518

အတိတ်ကပျော်ခဲ့သော အရိပ်တွေ ခုတော့ဖြင့်  ရန်ကုန်ရယ်…….´´

 

အမိတက္ကသိုလ် အဓိပတိလမ်းဆို သိကြသူရှိခဲ့ ရန်ကုန်တက္ကသိုလ်ရဲ့

တက်ရောက်စဉ်အချိန်ကာလကလို ရန်ကုန်ဟာပျော်စရာ မကောင်းတော့သလို၊

အပြုံးတွေပေါ်မှာ အသားအရောင်တွေ တံဆိပ်ကပ်လာတယ်

အပြုံးတွေပေါ်မှာ ဘာသာတရားတွေ တံဆိပ်ကပ်လာတယ်

ငါတို့အလှုမှာ မင်းတို့ မုန့်ဟင်းခါးလာစားကြတုန်းကလို

မင်းတို့ အိမ်မှာ ငါတို့ စမိုင်လာသောက်ကြတုန်းကလို

သူတို့ခရစ်စမတ်မှာ ငါတို့သီချင်းဝိုင်းဆိုကြတုန်းကလို

အဲလိုအချိန် အဲဒီအခြေတုန်းက တစ်ပျော်တပါး ဟေးလားဝါးလား ။

 

သူ့လမ်းကိုယ့်လမ်း တစ်ထီးတစ်နန်းဆန်ကာ သူ့နယ်ကိုယ့်နယ် ကြီးကျယ်ချင်လာ

သားရိုင်းတွေလို မာန်ထောင်ရန်စွာရှိခဲ့ကြကာ သမိုင်းကို မရိုင်းရိုင်းအောင် ဝိုင်းလောင်နေကြပါပေါ့

ခုတော့ရန်ကုန် အရင်လိုမဟုတ်တော့ပြီလေ အတိတ်ကအချိန်ကာလတစ်ခုစီဝယ်

စစ်ဖိနပ်အောက်ကလွတ်ဖို့ မင်းတို့ဗလီထဲ တို့များဝင်ပုန်းခဲ့ကြသလို

နံပါတ်တုတ်နဲ့လွဲဖို့ ငါတို့ဘုန်းကြီးကျောင်းထဲ မပ်းတို့ဝင်ကာပုန်းခိုနေခဲ့ကြသလို

အဲသလိုကပ်ဆိုးကြီးလောက်တောင် ပျော်စရာမကောင်းတော့ဘူးထင်

အတိတ်ကပျော်ခဲ့သော အရိပ်တွေ ခုတော့ဖြင့် ရန်ကုန်ရယ် …………………….။

 

 

( ဟိုမရောက်ဒီမရောက် အတွေးများဖြင့် …….. )

ဖတ်ရှု့သူများကျေးဇူးပါ။

ခင်ခ။

18 comments

  • ဦး ကျောက်ခဲ

    May 2, 2013 at 2:47 pm

    ဆရာခရေ
    အခုတော့ ၂ဘက်လုံးလွန်ခဲ့ကြပြီမို့….
    အတိတ်က လွှမ်းမိုးရဲ့သီချင်းလို “ပါးစပ်ရာဇဝင်လေး ဖြစ်ခဲ့ရပြီ” လို့ပဲ…..
    နောက်ကွယ်က ကြိုးကိုင် လှုံ့ဆော်ပေးတဲ့ ဆရာဒေဝဒတ်တွေကို မုန်းပါဘိ…
    :chee:

    • ခင်ခ

      May 2, 2013 at 3:02 pm

      ဦးဆုံးလာရောက်မန့်ကာ ရှောင်လင်အဖွဲ့ဝင်မဟုတ်သော ဦးကျောက်ခဲကို ခင်ခမှ ကျေးဇူးပါဗျို့။
      မနေနီုင်လို့ ပိုစ့်သာတင်တာ မန့်သူရှိပါ့မလားလို့ ဒီပိုစ့်မှာ ခင်ခ ကနဦးမန့်သူမျှော်ခဲ့မိတယ်ဗျာ။
      တူယှဉ်တွဲနေကြတဲ့ လူသားတွေအတွက် ငြိမ်းချမ်းစေချင်တယ်ဗျာ။

  • kai

    May 2, 2013 at 3:24 pm

    ♪ ♬ ♭ ♮ ♯ ဘယ်သူမဆို♪ ♫ ♮ ♯ကိုယ်တန်ရာပဲရမယ်.. ♪ ♬ ♭ ♮ ♯
    ♪ ♫ ♬ ♭ ♮ ♯
    သီချင်းဆိုတာ… :kwi:

    • ခင်ခ

      May 2, 2013 at 3:52 pm

      သဂျီးရေ ပိုများရလေမလားလို့ပါဗျ

  • MaMa

    May 2, 2013 at 3:53 pm

    ကမာ္ဘနဲ့ချီပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ယှဉ်ပြီး မသိလို့ မပြောနိုင်ပေမယ့်…..
    ကိုယ်နေတဲ့ မြို့လေးမှာတော့ သူ့ဘာသာ သူကိုးကွယ်ပြီး လူမျိုးမရွေး ဘာသာမရွေး လူအချင်းချင်း ချစ်ချစ်ခင်ခင် ရိုင်းရိုင်းပင်းပင်း နေလာခဲ့ကြတာ မွေးကတည်းက ခုချိန်အထိပါပဲ။
    ကျန်တဲ့အပိုင်းတွေတော့ ကိုယ်တိုင်လည်း ဂဃနဏ မသိလို့ မပြောနိုင်/ချင်ပါ။ :buu:

    • ခင်ခ

      May 2, 2013 at 4:02 pm

      ဒါဆို အမ မမ တို့ နေတဲ့မြို့လေးက အေးချမ်းလှပါဘိနော်။
      အဲလိုဖတ်ရတာ သဘောကျမိတယ်ဗျ။

  • ကထူးဆန်း

    May 2, 2013 at 5:11 pm

    အဲ့ဒီ့ ချိန်ခါ အဲ့ဒီခါ က သူတို့ လူဦးရေ ဘယ်လောက်ရှိပါ့ ..
    ခုချိန် ခုခါ သူ့နယ် ကိုယ့်နယ်ကြီးကျယ်ချင်လာဆိုတော့ ..
    သမိုင်းမှာ ရိုင်းရအောင် ကိုယ်ကတော့ ဂရုမပြု နေခဲ့မိပြီးခဲ့ပြီ..
    နောက်လူတွေ မှာ ပိုမရိုင်းရအောင် သွေးမြေမကျနဲ့ နည်းလမ်း ရှာကြံ သုံးရပေတော့မည်။

  • မောင် ပေ

    May 2, 2013 at 6:41 pm

    ကျုပ် သူ ့အိမ် က ရေအိုးစင်မှာ ရေခပ်သောက်တုန်းက
    အပြီးမှာ ခွက်ကို ပြောင်အောင်ဆေးသွားတာကလား
    လေးခ သမိုင်းကိုကြည့်မှ ကိုယ့်သမိုင်းကို ပြန်မှတ်မိပါတယ်

  • နေဝန်းနီ

    May 2, 2013 at 9:17 pm

    သံသယ ပျောက်ပါစေ အမှန်းတရားရောက်ပါစေလို့ ဆုတောင်းနေရုံကလည်းလွဲပြီး ကျနော်လည်းမတတ်နိုင် …… ပါဘူးဗျာ

  • ဘဆွေ

    May 3, 2013 at 7:49 am

    နိဂိ မိ shared Moe Thway’s status update.

    Moe Thway

    “ရန်ကုန်ကပျော်စရာမကောင်းတော့ဘူး”

    ရန်ကုန်ကပျော်စရာမကောင်းတော့ဘူး
    အပြုံးတွေပေါ်မှာ အသားအရောင်တွေတံဆိပ်ကပ်လာတယ်
    အပြုံးတွေပေါ်မှာ ဘာသာတရားတွေတံဆိပ်ကပ်လာတယ်
    ငါတို့အလှုမှာ မင်းတို့ မုန့်ဟင်းခါးလာစားတုန်းကလို
    မင်းတို့ အစ်မှာ ငါတို့ စမိုင်လာသောက်တုန်းကလို
    ဟိုကောင်တွေ ခရစ်စမတ်မှာ ငါတို့သီချင်းဝိုင်းဆိုတုန်းကလို
    ရန်ကုန်ကအဲ့လိုပျော်စရာမကောင်းတော့ဘူး
    သူ့လမ်းကိုယ့်လမ်း တထီးတနန်းဆန်ချင်တဲ့
    ခွေးဝဲစားတွေလို…
    သူ့နယ်ကိုယ့်နယ် ကြီးကျယ်ချင်တဲ့
    သားရိုင်းတွေလို
    သမိုင်းကို မရိုင်းရိုင်းအောင် ဝိုင်းဟောင်နေကြတာ
    ရန်ကုန်ဟာ အရင်လိုမဟုတ်တော့ပါဘူးကွာ
    စစ်ဖိနပ်အောက်ကလွတ်ဖို့ မင်းတို့ ဗလီထဲငါတို့ဝင်ပုန်းသလို
    နံပါတ်တုတ်နဲ့လွဲဖို့ ငါတိုု့ဘုန်းကြီးကျောင်းထဲ မင်းတို့ဝင်ပုန်းသလို
    အဲ့သလိုကပ်ဆိုးကြီးလောက်တောင် ပျော်စရာမကောင်းတော့ဘူး
    ရန်ကုန်ကပျော်စရာမကောင်းတော့ဘူးကွာ

    မိုဃ်းသွေး.

    Like · · Share · Wednesday at 17:30 via Mobile ·

    Nga Htet likes this.

    .

  • kyeemite

    May 3, 2013 at 9:11 am

    နိုင်ငံသားတိုင်း အေးချမ်းစွာ အခွင့်တူစွာ နေထိုင်လုပ်ကိုင်နိုင်ကြပါစေ…
    ဒီနေရာမှာ..ဒီဗွီဘီ က ဆောင်းပါးကောက်နှုတ်ချက်လေးဖေါ်ပြချင်ပါတယ်…

    မြန်မာပြည်ထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွား မပေါ်ပေါက်ဖို့ဆိုရင် လုံခြုံရေးအင်အား တိုးမြှင့်ချထားရုံ၊ ပုဒ်မ ၁၈၈ နေဝင်မီးငြိမ်း အမိန့်ထုတ်ရုံ၊ မီးသတ်ကားတွေ အဆင်သင့် ပြင်ထားရုံ၊ ရပ်ကွက်တိုင်း ကင်းစောင့်ရုံ လောက်နဲ့ မလုံလောက်ပါဘူး။ အမုန်းတရားကို ဖြစ်ပေါ်စေတဲ့ ဟောပြောမှု၊ စည်းရုံးမှု၊ လှုံဆော်မှုတွေကို ထိထိရောက်ရောက် တားမြစ်ဖို့ လိုပါတယ်။ ဒါကို အားပေးအားမြှောက်ပြုမှုတွေ၊ ထပ်ဆင့် ဖြန့်ဖြူးမှုတွေနဲ့ ငွေကြေးထောက်ပံ့ပေးမှုတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ ဒါတွေကို မလုပ်ကိုင်ခဲ့ရင်တော့ မြန်မာပြည်ဆိုတာ ထိတ်လန့်ကြောက်ရွံ့ဖွယ် အခြေအနေအောက်မှာ နေထိုင်ရတဲ့၊ အကြမ်းဖက်မှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ တိုင်းပြည်အဖြစ် ကျဆင်းသွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

    by တိုင်းကျော် (ဒီဗွီဘီ)

    သစ်ထူးလွင်က ဒီဆောင်းပါးလေးလည်း ဖတ်သင့်ပါဂျောင်းးးး
    http://www.thithtoolwin.com/2013/05/blog-post_2861.html?utm_source=BP_recent#.UYMikUqqrFw

  • အလင်းဆက်

    May 3, 2013 at 12:30 pm

    ဟုတ်ပါ့
    ခုတော့ဖြင့် ရန်ကုန် ရယ်
    အဲ ခုတော့ ဖြင့် ဗမာပြည် ရယ်

  • Mr. MarGa

    May 3, 2013 at 1:27 pm

    နှစ်ပေါင်းများစွာ တည်ဆောက်လာခဲ့တဲ့ ယုံကြည်မှုတွေ
    နှစ်ပေါင်းများစွာ တည်မြဲခဲ့တဲ့ ချစ်ကြည်ရင်းနှီးမှုတွေ
    ဘာမှမကြာတဲ့ အချိန်ကလေးအတွင်းမှာ
    ဘေးက သွေးထိုးသူတွေကြောင့်
    ပျက်စီးသွားတာကတော့
    ဘယ်လို ပြောရပါ့မလဲနော်

  • ရန်ဂုန်သည် လူလည်း ပေါအိ …
    လူညိုးလည်း စုံအိ …
    တောင်မငေး အလှပဂေးဒွေလည်း ပေါအိ …
    တိုနန့်နန့်ဒွေလည်း ပေါအိ …
    ညက်လုံး ပြူးစရာ အတိ … ကွိကွိ … :mrgreen:
    ဥခင်ခဂျီးရာ …
    လူဂျို ပြန်လုပ်ပလိုက်ဘာ …
    အိုက်ဒါဆို ပျော်စရာ ကောင်းတွားလိမ့်မယ်ဂျ … :mrgreen:
    လဂါးစဒါနော် …

    • ခင်ခ

      May 4, 2013 at 11:01 am

      ကိုအံစာတုံးရေ အချိန်တွေကို နာရီလက်တံနောက်ပြန်လှည့်လို့ရသလိုမျိုး လှည့်ရရင်ဖြင့်……။
      ကိုအံစာတုံး ပေးတဲ့အကြံကောင်းသဗျလို့ …..။

  • surmi

    May 4, 2013 at 11:22 am

    အဟမ်းးး ရှောင်လင်မဟုတ်ဘူး 🙂
    ဝူတန်တောင်က အညတရ ….. အဲ အဲ သိုင်းစာအုပ်နဲ့မှားသွားပြီ 🙂
    ဆိုတော ့ ….ဖွဘုတ်မှာလည်းတွေ့လိုက်တယ်
    ဒီမှာလည်း မနေ ့ကတွေ့တယ်
    ရွာအဝင်ခက်နေလို ့…
    အဲ ဒါ သဂျီးကြောင် !

    • ခင်ခ

      May 4, 2013 at 12:11 pm

      ကိုဆာမိရေ ဖွဘုတ်က ဘော်ဘော်က လှမ်းက ခင်ခ ကိုရှယ်ပေးရင်း
      မင်းရွာမှာလည်း ကြိုက်ရင်ရေးပါလားဆိုလားလို့ ဖတ်ပြီးခံစားပလိုက်တာ ခိုက်သမို့
      တစ်ချို့ရွာအနေနဲ့ ဖတ်သူတွေအတွက် ရိုင်းသွားမှာဆိုးလို့ နည်းနည်းကြည့်လှအောင်ပြင်ဆင်ကာ တင်လိုက်တာလေ။
      တကယ်လည်း တစ်ချိန်ချိန်မှာတော့ တစ်ခုခု လေဘူးဗောင်းကြီး တင်းကာပေါက်သလို ဖြစ်တော့မလား ရယ်လို့ ဟိုမရောက်ဒီမရောက် အတွေးရှိနေပြီလေ။

Leave a Reply