ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံးသင်္ဘောအား သိပ္ပံဆိုင်ရာလုပ်ငန်းများအတွက် သမုဒ္ဒရာအတွင်း ပြန်လည်မောင်းနှင်ခြင်း

Mr WorldWideMay 2, 20131min1555

တိကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံးသင်္ဘောသည် သမုဒ္ဒရာအတွင်း၌ထပ်မံမောင်းနှင်ခဲ့ပါသည်။ ကိရိယာများစနစ်တကျ တပ်ဆင်ထားသော ၎င်းသင်္ဘောသည် မြောက်အမေရိက အရှေ့ဘက်ကမ်းရိုးတန်းနှင့် ဥရောပအနောက်ဘက်ပိုင်းတို့၏ ရာသီဥတုအပေါ် များစွာ သက်ရောက်မှုဖြစ်နေသည့် အတ္တလနိ္တတ် သမုဒ္ဒရာတွင်းရှိ ပါရှန်ပင်လယ်ကွေ့၏ ရေထုနှင့်လေထုကို စောင့်ကြည့်
လေ့လာရန် သိပ္ပံပညာရှင်အဖွဲ့အား တင်ဆောင်သွားမည်ဖြစ်သည်။ ရည်မှန်းချက်သည် ပုံမှန်ဖြစ်ပျက်နေသော ရာသီဥတုဖြစ်စဉ်ကို နားလည်ရန်ဖြစ်ပါသည်။
Turanor သည် ပြင်သစ်နိုင်ငံ La Ciocat မှ စတင်ထွက်ခွာမည်ဖြစ်ပြီး မြောက်အတ္တလနိ္တတ်ကို လေးလကြာအောင် ပတ်မည့် စူးစမ်းလေ့လာရေးခရီးဖြစ်သည်။ ယာဉ်၏ကိရိယာများသည် မြေထဲပင်လယ်ကို သင်္ဘောက ဖြတ်ကျော်သွားသည့်အခါ စမ်းသပ်မှုအချို့ကို ပြုလုပ်လိမ့်မည်ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ မျော်လင့်ထားသည့် ခက်ခဲသောအရာများသည် မီယာမီ၊ ဖလော်ရီဒါနှင့် ပါရှန်ပင်လယ်ကွေ့၏ အနောက် တောင်ဘက်အဖျားသို့ သင်္ဘောရောက်သည့်တိုင်အောင် စတင်တွေ့ကြုံရမည်မဟုတ်ပေ။
သင်္ဘောပေါ်တွင် ဂျီနီဗာတက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင် လေ့လာရေးဋ္ဌာနကြီး၏ ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ မစ္စတာ မာတင် ဘီနစ်စတန် ဦးဆောင်သောရူပဗေဒပညာရှင်များ၊ ဇီဝဗေဒပညာရှင်များနှင့် မိုးလေဝသပညာရှင်များ ပါရှိမည်ဖြစ်သည်။ လေ့လာရေးအဖွဲ့သည် Planet Solar Deep Water ဟု အမည်ပေးထားသော စီမံကိန်းနယ်အတွင်းရှိ ရေထုနှင့်လေထုကို စောင့်ကြည့်လေ့လာမည်ဖြစ်ပေသည်။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုထားသော်လည်း သင်္ဘောရှိ အာရုံခံကိရိယာများနှင့် သိပ္ပံပညာရှင်များ စုဆောင်းထားသည့် အချက်အလက်များကို ထိခိုက်ခြင်းမရှိနိုင်ကြောင်း သိရှိရသည်။
သဘောင်္ သည် မြောက်အမေရိက အရှေ့ဘက်ကမ်းရိုးတန်းတလျောက် မေလတွင် ဖြတ်ကျော်သွားမည်ဖြစ်ကာ အိုက်စလန်ကျွန်း၏မြို့တော် Reykjavik တွင် ရပ်နားမည်ဖြစ်ပြီး ဩဂုတ်လတွင် ယာဉ်ပေါ်မူတည်၍ Bergen နှင့် Norway သို့ နောက်ဆုံးအနေဖြင့် ခရီးဆက်မည်ဖြစ်သည်။ မိုင်ပေါင်း ၅၀ဝ ရှိ ခရီးဖြစ်ပြီး အတ္တလနိ္တတ်ကို ဖြတ်၍ပါရှန်ပင်လယ်ကွေ့၏ အဓိကနေရာအား ဖြတ်သန်းသွားမည်ဖြစ်ပေသည်။

Source:Geogia Tech ; Scientific Report Journal

5 comments

  • Myo Thant

    May 2, 2013 at 3:24 pm

    ဆရာရေ
    ဘာစာမှမတွေ့ရဘူးဗျာ

  • မောင်ခိုင်မာ (စမ်းချောင်း)

    May 2, 2013 at 3:44 pm

    oh my budda !!! :O

    • ရဲစည်

      May 3, 2013 at 2:27 am

      I think Buddha ….
      Aha …. :0)

  • MaMa

    May 2, 2013 at 4:39 pm

    စာဖတ်လို့ရပြီဖြစ်တဲ့အကြောင်းးးးးးးး :hee:

  • Myo Thant

    May 2, 2013 at 4:54 pm

    ( မိုင်ပေါင်း ၅၀ဝ ရှိ ခရီးဖြစ်ပြီး အတ္တလနိ္တတ်ကို ဖြတ်၍ပါရှန်ပင်လယ်ကွေ့၏ အဓိကနေရာအား ဖြတ်သန်းသွားမည်ဖြစ်ပေသည်။ )

    မိုင် ၅၀၀ဝ များဖြစ်မလားလို့

Leave a Reply