မသိခြင်းများ

လူကေလးMay 2, 20131min35310

သင်္ကြန်တရားစခန်းဝင်တုန်းက ရေးထားခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်။ နားလည်သဘောပေါက်သလောက်ကို ရေးထားခြင်းဖြစ်ပါတယ်။ ပါဠိ ထည့်ရေးဖို့ သိပ်မသိတာကတစ်ကြောင်း၊ အမှားများမှာ စိုးတာကတစ်ကြောင်းမို့ အဝိဇ္ဇာ လို့ ပေးမဲ့ ခေါင်းစဉ်တောင် မသိခြင်းများ လို့ ပြန်ပေးထားပါတယ်။ ကဗျာကို ဝိုင်းဖတ်ဝေဖန်ပေးကြတဲ့ တရားစခန်းအတူဝင် ယောဂီ သူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

 

“မသိခြင်းများ”

အသိမဲ့လုပ်ရပ်တစ်ခု

သင်္ခါရကိုပြုခဲ့လို့

ငါမဟုတ်တဲ့လူ

ပုံစံမျိုးစုံပြုပြီး

ဒီခန္ဓာကိုပိုင်ဆိုင်ခဲ့တာ

နင်သိရဲ့လား။   ။

 

ပိုင်ဆိုင်တဲ့ခန္ဓာ

လိုချင်တာကိုသူတောင့်တ

အဟုတ်မှတ်ပြီး နင်ဖြည့်ဆည်း

ငါမဟုတ်တဲ့ “ရုပ်”.. ဟန်ဆောင်နေတာ

နင်သိရဲ့လား။    ။

 

ရှည်လွန်းတဲ့နင့်ဆုတောင်းက

နောင်ဘဝကောင်းစားရေးတဲ့လား

ဘယ်ခန္ဓာ ဘယ်မှာဆိုက်လို့

ဘယ်ကပ်နဲ့ ကြုံလေမတုန်း

မကြောက်မရွံ့.. နင်မို့ဆုတောင်းဝံ့။    ။

 

ဆန္ဒကို မလွန်ဆန်

ဒီပျော်စရာ တဒင်္ဂ

သာယာမှုခဏတာ

မရှိတာကို ခံစားလို့

ထပ်ပြီးတော့ မသိဦးမတဲ့

မိုက်တွင်းကလည်း နက်ဦးမယ်ဆိုရင်ဖြင့်

ရှည်ဦးမယ်ကွယ့် ဒီသံသရာ

စံစားဦးဟဲ့ ဒီဒုက္ခ

နင့်ဘဝအတွက် အမှန်ငြိမ်းရာ

ဝေးလွန်းပေစွ။     ။

 

 

လူကလေး

 

 

10 comments

  • ခင်ခ

    May 2, 2013 at 3:56 pm

    အင်း လူကလေးရေ
    အနိစ္စ အနိစ္စ…….
    ဒုက္ခ ဒုက္ခ…..
    အနတ္တ အနတ္တ…….
    ( လက်ကလေးနောက်ပစ်ယှက်ကာ
    ခေါက်တုန့်ပြန်လို့ လှမ်းလျှောက်နေရင်း ရွတ်လိုက်မိပေ၏)

    • လူကလေး

      May 2, 2013 at 4:13 pm

      ခခ လည်း ပေါက်နေပြီပေါ့.. (တရားသဘောကို ဆိုလိုပါတီ)

  • သူကလေး

    May 2, 2013 at 4:30 pm

    လူကလေးမသိခြင်းများပေါ့နော်
    ဟွင်း … တရားစခန်းဝင်တာတောင်မှ မရအရ ကဗျာစပ်လိုက်သေးတယ်
    “ဆန္ဒကို မလွန်ဆန်

    ဒီပျော်စရာ တဒင်္ဂ

    သာယာမှုခဏတာ

    မရှိတာကို ခံစားလို့

    ထပ်ပြီးတော့ မသိဦးမတဲ့

    မိုက်တွင်းကလည်း နက်ဦးမယ်ဆိုရင်ဖြင့်

    ရှည်ဦးမယ်ကွယ့် ဒီသံသရာ

    စံစားဦးဟဲ့ ဒီဒုက္ခ

    နင့်ဘဝအတွက် အမှန်ငြိမ်းရာ

    ဝေးလွန်းပေစွ။ ။”

    ဒီစာသားလေးတွေလည်းကိုယ့်ဘာသာပြန်မှတ်ပီး သတိနဲ့ဆင်ခြင်နော် 😀

    • လူကလေး

      May 2, 2013 at 4:46 pm

      အယ် .. ငါ့ကို ပြန်ထုတယ်ဟ.. ထိသဟေ… :kwi:

  • TNA

    May 2, 2013 at 5:33 pm

    တရားတွေကျပီး ကဗျာတောင်ထွက်လာသဟ။

  • kyeemite

    May 3, 2013 at 11:50 am

    မသိခြင်းများ
    ရှိ အငြင်းပွား
    အသိယွင်းမှား
    ကလိရင်းကစား
    သတိသွင်းထား။ 🙄 :ha:

  • နင် .. ဆိုဒါ …
    ဘူ့ကို ကြောဒါဒုံးဟင်င်င် .. 🙄 🙄
    ငါတွေ နင်တွေ ဆို သက္ကာယဒိဋ္ဌိ ကင်းဘူးဆို …
    အခု နင် နင် လို့ ပေါနေဒေါ့ ကောင်းဝူးးပေါ့ …
    ဒီဒေါ့ …
    နောက်ခါ နင်လို့ သုံးနဲ့ …
    You လို့သုံး သိရား … ဟီးး :mrgreen:
    ကိုယ့်ကိုယ်ကို လည်း ငါ လို့ သုံးနဲ့ …
    အီစကို (သို့) အီဖေကို လို့ သုံး .. သိရား … :mrgreen:

  • သူကြီး

    May 14, 2013 at 6:05 pm

    အမှန်တိုင်းပြောရရင် ကဗျာလေးကို သဘောကျမိတယ်။
    အကယ်၍ ပို့စ်ပိုင်ရှင်ကို မည်သူ မည်ဝါ ဘယ်ပုတ်ဂိုမှန်း
    မသိခဲ့ပါမူ ပိတကတ်သုံးပုံကို မန်မိုရီကတ်ထဲထည့် ဆောင်ထားသည့် ပုတ်ဂိုများလားဟု ထင်မိမည်အမှန်ပါ။

  • လူကလေး

    May 14, 2013 at 6:12 pm

    ကဗျာ ကြိုက်တယ်ဆိုလို့ ကျေးဇူးပါဗျို့

    သိသလောက်သာရေးထားခြင်းဖြစ်ပါတယ် … ဒါပေမယ့်လည်း မလုပ်နိုင်ပါဘူး..
    အပြင်မှာတော့ ကဗျာနဲ့ လုံးလုံး မဆိုင်သူအဖြစ် နေထိုင်လျက်ရှိပါဂျောင်း

  • အလင်းဆက်

    August 5, 2013 at 9:25 pm

    သေကြောင်းတွေ ကြံနေကြတယ်….

    လို ့…
    ဟောခဲ့တဲ ့…
    မိုးကုတ်ဆရာတော်ကြီးရဲ ့..တရာစကားကို သတိရသွားတယ် ။

    ————-

Leave a Reply