“““ စေတနာဖြူ ရဲ ့ဒါန ”””

မောင် ပေMay 26, 20134min25213

296287_388020797979274_1061314989_n

ဓါတ်ပုံတွေကို ရိုက်ကူးသူကတော့ စေတနာဖြူပရဟိတအဖွဲ ့ဦးဆောင်သူ ကိုဇော်နိုင်ဝင်း ဖြစ်ပါတယ် ။
စေတနာဖြူအဖွဲ ့ကို သူဦးဆောင်ပြီး အားလုံးဝိုင်းဝန်းနေကြပါတယ် ။
အခုပို ့စ်မှာ သုံးထားတဲ့ ဓါတ်ပုံတွေ အားလုံး သူရိုက်ထားတာပါ ။
သူ ့ဆီကနေ ခွင့်ပြုချက် တောင်းပြီးမှ တင်ပါတယ် ။

ဒါကတော့ စေတနာဖြူ ပရဟိတ အဖွဲ ့အခုတစ်ခေါက် ၊ ရေလောင်း ယင်လုံ အာစီ အိမ်သာ ဆောက်လုပ် နေတဲ့ မှတ်တမ်း ဓါတ်ပုံလေးတွေပါ ။
နေရာကတော့ စဉ့် ကိုင် မြို ့နယ် / ဥယျာဉ်ငယ် ရွာ / မြောင်းဆုံငယ် အုပ်စု ၊ မာဃိန္ဒာ ကျောင်းတိုက် မှာပါ ။
အဲဒီက ကျောင်းထိုင်ဘုန်းကြီး ရဲ ့ ဖုန်းနံပါတ်ကတော့ ဝ၉၉၁၀၃၂၁၃ဝ ဖြစ်ပါတယ် ။

အခုလို မှတ်တမ်းဓါတ်ပုံတွေ တင်တာ ရွာထဲက လူတွေကို အလှူခံချင် လို ့မဟုတ်ပါဘူး ။
အဖွဲ ့ရဲ ့ မှတ်တမ်းပုံလေးတွေ ကို ပြချင်လို ့ပါ ။
စေတနာဖြူ အဖွဲ ့ဝင်တွေ ရဲ ့ စေတနာ သဒ္ဒါတရား ထက်သန်မှုနဲ ့ ၊ ၆လ ကို တစ်ကြိမ် သိန်း ဆယ်ကြီးပိုင်းမှသည် ရာဂဏန်းအထိ လှူခဲ့ပြီးပါပြီ ။
ဒါကတော့ စေတနာဖြူပရဟိတ အဖွဲ ့ရဲ ့ ဖေ့ဘုတ်လိပ်စာပါ ။

http://www.facebook.com/groups/418761751519966/

ခန် ့မှန်းစာရင်း
ခန် ့မှန်းစာရင်း
ယခင် အိမ်သာဟောင်းများ
ယခင် အိမ်သာဟောင်းများ
ဆောက်လုပ်နေသည့်ပုံစံ
ဆောက်လုပ်နေသည့်ပုံစံ
ဆောက်လုပ်ရန် ပစ္စည်းများ စတင် စုဆောင်း / ၁၇.၅.၂၀၁၃
ဆောက်လုပ်ရန် ပစ္စည်းများ စတင် စုဆောင်း / ၁၇.၅.၂၀၁၃
ဆောက်လုပ်ရန် ပစ္စည်းများ စတင် စုဆောင်း / ၁၇.၅.၂၀၁၃
ဆောက်လုပ်ရန် ပစ္စည်းများ စတင် စုဆောင်း / ၁၇.၅.၂၀၁၃
ဆောက်လုပ်ရန် ပစ္စည်းများ စတင် စုဆောင်း / ၁၇.၅.၂၀၁၃
ဆောက်လုပ်ရန် ပစ္စည်းများ စတင် စုဆောင်း / ၁၇.၅.၂၀၁၃
မိလ္လာကန် စဆောက်နေစဉ် / ၂၅.၅.၂၀၁၃
မိလ္လာကန် စဆောက်နေစဉ် / ၂၅.၅.၂၀၁၃
မိလ္လာကန် စဆောက်နေစဉ် / ၂၅.၅.၂၀၁၃
မိလ္လာကန် စဆောက်နေစဉ် / ၂၅.၅.၂၀၁၃
မိလ္လာကန် စဆောက်နေစဉ် / ၂၅.၅.၂၀၁၃
မိလ္လာကန် စဆောက်နေစဉ် / ၂၅.၅.၂၀၁၃

249052_382668858514468_167891415_n

969246_388025724645448_1775796330_n

296289_388021597979194_1392927926_n

579495_388026971311990_1012793459_n

431866_388022317979122_1472756338_n

တစ်ချိန်မှာ နိုင်ငံအတွက် တစ်တပ်တစ်အား ပါဝင်မယ့် ကလေးတွေ
တစ်ချိန်မှာ နိုင်ငံအတွက် တစ်တပ်တစ်အား ပါဝင်မယ့် ကလေးတွေ

ကဲဗျာ…
ဘာရယ် ညာရယ် မဟုတ်ပါဘူး ။
ဒီလိုမျိုး ကျောင်းတွေ တစ်နိုင်ငံလုံးမှာ အများကြီး ရှိနေပါတယ် ။
တစ်ချိန်မှာ ပညာခေတ်ဖြစ်ဖို ့အတွက် ၊ ကိုယ့်ဝန်းကျင်က မပြည့်စုံတဲ့ ကျောင်းများကို တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနိုင်ကြပါစေလို ့ ဆုတောင်းလိုက်ပါတယ်ဗျာ ။

*********************

13 comments

  • ဦးဦးပါလေရာ

    May 26, 2013 at 11:46 pm

    ချီးကျူးပါတယ်
    လေးစားပါတယ်
    သာဓုခေါ်ပါတယ်…။
    လှူမယ့်လှူ ၊ ဒီလို လိုလဲလိုအပ်၊ အကျိုးလဲများတဲ့ အလှူမျိုးကို ဇောင်းပေးပြီးလှူကြသင့်ပါတယ်။

  • padonmar

    May 27, 2013 at 12:36 am

    သာဓုပါ မောင်ပေရေ။
    ပျော်နေကြတဲ့ ကလေးတွေ သိပ်ချစ်ဖို့ကောင်းပါတယ်။
    ပြည်ပြည့်စုံစုံ ပညာသင်ခွင့်ရနိုင်ကြစေချင်ပါတယ်။

  • Foreign Resident

    May 27, 2013 at 6:55 am

    သာဓု သာဓု သာဓု ပါကွယ် ။

  • kyeemite

    May 27, 2013 at 9:12 am

    ကြားရတာ ဝမ်းမြောက်စရာပါဗျာ…
    စေတနာဖြူအဖွဲ့ရဲ့ ဒါနကို သာဓုခေါ်ပါတယ်..သာဓု သာဓု သာဓု ပါဗျာ

  • ဦးကြောင်ကြီး

    May 27, 2013 at 10:51 am

    စေတနာဖြူ
    ရေပါကူ
    ဆွေသဟာမူ
    နေဝါလှူ…

  • KZ

    May 27, 2013 at 11:04 am

    သာဓု
    သာဓု
    သာဓု

    :hee:

  • TNA

    May 27, 2013 at 12:43 pm

    ဝမ်းသာချီကျူးစရာပါ။ ဒီလိုအဖွဲ့လေးတွေများများပေါ်လာဖို့ဆုတောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ပရဟိတလုပ် တယ်ဆိုတာ အများအပြောဆိုခံပြီးကိုယ်ကျုးိစွန့်ရတာမို့ သာဓုခေါ်သွားပါတယ်။

  • e tone

    May 27, 2013 at 4:31 pm

    မြင်ရတာ မင်္ဂလာရှိလိုက်တာ ကိုပေရေ ။
    စာနာစိတ်ကင်းမဲ့ ပြီး အတ္တကို ဦးစားပေး လှုပ်ရှားရုန်းကန်နေရတဲ့ လူတန်းစားတွေများတဲ့ ခေတ်ထဲ .. အခုလို အဖွဲ့လေးတွေ ပေါ်လာပြီး ၊ တတ်နိုင်တဲ့ ဘက်က အထောက်ပံ့အဖြစ် ပရဟိတ လုပ်ကြတာ ဝမ်းသာစရာပါပဲ ။
    သဒါ္ဓတရား မခေါင်းပါးတဲ့ လူတွေ ၊ ပိုများလာပါစေ … ။

  • Ma Ei

    May 27, 2013 at 4:46 pm

    မောင်ပေ က ဒီလိုလဲဖြစ်တာပဲကိုး…
    အဖွဲ ့ရဲ ့ မှတ်တမ်းပုံလေးတွေ ကြည့်လို့
    ဝမ်းသာပီတိဖြစ်ရပါတယ်…
    စေတနာဖြူပရဟိတ အဖွဲ့အောင်မြင်ပါစေ…

  • အရီးခင်လတ်

    May 27, 2013 at 4:49 pm

    တစ်နိုင်ငံလုံးမှာ အဲလို အိမ်သာဟောင်း တွေ အားလုံးအစား ယင်လုံ အိမ်သာတွေဆောက်ပေးနိုင်ရင် ကျန်းမာရေး အရပါ အားဖြည့်ပြီးသားဖြစ်မှာ။
    သာဓု၊ သာဓု၊ သာဓု ပါ မောင်ပေ နဲ့ စေတနာဖြူ အဖွဲ့ရေ။

  • Ma Ma

    May 28, 2013 at 10:22 am

    စေတနာဖြူ စိတ်တူလူငယ်တွေကို လေးစားပါတယ်။

  • kyaw hteik

    May 30, 2013 at 10:54 pm

    ယခုလို လိုအပ်​​သော​နေရာ​တွေလှူတဲ့အတွက်​ နှစ်​ဦနှစ်​ဖက်​ အကျိုးရှိ​သောအလှူဖြစ်​​သော​ကြောင်​့
    သာဓုခေါ်ပါတယ်​။ဆထက်​တပိုး လှူနိုင်​ကြပါ​စေ။

Leave a Reply