သက်ရှိများနေထိုင်နိုင်သောကမ္ဘာမြေနှင့်အလားသဏ္ဌာန်တူသည့်ဂြိုဟ်ကြီးနှစ်လုံးအားတွေ့ရှိခြင်း

Mr WorldWideMay 3, 20131min1020

Nasa မှသိပ္ပံပညာရှင်များသည် အလင်းနှစ် ၁၂၀ဝ အကွာအဝေးတွင် နေနှင့်သဏ္ဌာန်တူ ကြယ်ကြီး တစ်စင်းအား လှည့်ပတ်နေသောသက်ရှိများ နေထိုင်အခြေချနိုင်မည့် ကမ္ဘာနှင့်ဆင်တူသည့် ဂြိုဟ်ကြီးနှစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြသည်။
Kepler ရည်မှန်းချက် (Kepler ဆိုသည့် ဂြိုဟ်များလေ့လာရေး အာကာသယာဉ်အား Nasa မှ ၂၀၀၉ခုနှစ် မတ်လ ရ ရက်နေ့တွင် လွှတ်တင်ခဲ့သည်) ဖြင့် ရှာဖွေတွေ့ရှိမှုများကို စုစည်းလျက် ရှိသော  ဝီလျံ ဘိုရူ(စ်)က  ဦးဆောင်သည့် အေမက်(စ်) သုတေသနဌာန (Ames Research Center)  က ကယ်ပလာ- ၆၂  ခေါ် နေနှင့်သဏ္ဌာန်တူကြယ်အား လှည့်ပတ်နေသည့် ဂြိုဟ်ကြီး ၅ လုံးကို တွေ့ရှိခြဲ့ကသည်။

_67080314_67080313

၎င်းတို့အနက်မှ  ဂြိုဟ်ကြီး (၄) လုံးသည် ကျွန်ုပ်တို့ နေအဖွဲ့အစည်းအတွင်းမှ အသေးဆုံး ရေခဲပြင်ဂြိုဟ်ထက် အရွယ်အစားသေးငယ်ပြီး မိမိတို့ကမ္ဘာမြေထက် ကြီးမား၍ ၎င်းတို့ကို ကမ္ဘာအကြီးစားများ (Super-Earths) ဟု ခေါ်ဆိုနိုင်သည်။
`ဒီဂြိုဟ်တွေကို တွေ့ရှိမှုနဲ့ အတည်ပြုနိုင်မှုတွေဟာ ကျွန်တော်တို့ရဲ့ အရည်အသွေးနဲ့ အရင်းအမြစ်တွေကို ပေါင်းစပ်ပြီး လုံ့လစိုက်ထုတ်ထားမှုပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ကြီးကြီးမားမားရလဒ်တွေ ဖော်ထုတ်နိုင်ဖို့ သိပ္ပံ အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ကျွမ်းကျင်မှုတွေ လိုအပ်ပါတယ်ဓဟု ဘိုရူ(စ်)ကီမှ ပြောကြားခဲ့သည်။
၎င်းဂြိုဟ်များသည် ကျွန်ုပ်တို့ ကမ္ဘာထက် အချင်း ၁.၃ ဆ၊ ၁.၄ ဆ၊ ၁.၆ ဆ နှင့်၁.၉ ဆ ကြီးမားကြသည်။နောက်ထက်ဂြိုဟ်တစ်လုံးသည် အကြမ်းဖျဉ်းအားဖြင့် အင်္ဂါဂြိုဟ်နှင့် အရွယ်အစားတူညီပြီး ကမ္ဘာမြေ၏ တစ်ဝက်မျ အရွယ်အစားရှိသည်။ ကယ်ပလာ-၆၂ ကြယ်သည် ကဲ့(ပ်)လာ အဝေးကြည့်မှန်ပြောင်းမှ လေ့လာခဲ့သော ကြယ်တာယာ ၁၇၀၀၀ဝ အနက်မှ ကြယ်တစ်လုံးဖြစ်ပြီး ကျွန်ုပ်တို့နေ၏ ၆၉ ရာခိုင်နှုန်းထုထည်ရှိသည်။
ကမ္ဘာထက် အချင်း၁.၄ ဆနှင့် ၁.၆ ဆကြီးမားသော ဂြိုဟ်နှစ်လုံးသည် ယင်းတို့၏ ကြယ်အဖွဲ့အစည်းမှ ကြယ်ကို အသီးသီး လှည့်ပတ်နေကြသည်။ ၎င်းဂြိုဟ်နှစ်လုံးသည် ကျွန်ုပ်တို့နေမှ ရရှိသော အပူချိန်၏ ၄၁ ရာခိုင်နှုန်းနှင့် ၁၂ဝ ရာခိုင်နှုန်းကို ယင်းတို့၏ ကြယ်အဖွဲ့အစည်းရှိကြယ်များထံမှ အသီးသီးရရှိကြသည်။ ၎င်းဂြိုဟ်တို့၏ နေပတ်လမ်းကြောင်းများအရ ဂြိုဟ်မျက်နှာပြင်ပေါ်တွင် ရေကိုထိန်းသိမ်းထားနိုင်သော ပုံမှန်အပူချိန်ရြှိပီး သက်ရှိများနေထိုင်ရန် သီအီုရီ သဘောတရားအရ သင့်လျော်ကြောင်းတွေ့ရသည်။
သီအီုရီ သဘောတရားများအရ အကြီးစားကမ္ဘာများဖြစ်သော Kepler-62e နှင့် Kepler-62f ဂြိုဟ်နှစ်လုံးစလုံးသည် အစိုင်အခဲဂြိုဟ်ကြီးများအဖြစ်တည်ရှိပြီး ကျောက်တောင်များ သို့မဟုတ် ရေခဲပြင်တောင်တန်းများ တည်ရှိနေလိမ့်မည် ဖြစ်သည်။

“ ကျွန်ုပ်တို့အဖွဲ့အနေနဲ့ နေနဲ့တူတဲ့ ကြယ်အဖွဲ့အစည်းရဲ့နယ်ပယ်အတွင်းမှာ ကမ္ဘာနဲ့တူတဲ့ ဂြိုဟ်တွေကိုတွေ့လိုက်ရတာဟာ အကောင်းဆုံးတွေ့ရှိမှု ဥပမာပါပဲဓ ဟု Carnegie  သိပ္ပံကျောင်းမှ အလန်ဘော့(စ်) (Alan Boss) ကအဆိုတစ်ခုတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
နေထက်ပိုမိုသေးငယ်ပြီး ပိုမိုအေးခဲသော ကြယ်၏ပတ်လမ်းတွင် တည်ရှိနေသည့် အကြီးစားကမ္ဘာကြီးဖြစ်သော Kepler-62e ဂြိုဟ်သည် ကမ္ဘာမှ အလင်းနှစ် ၁၂၀ဝ အကွာအဝေးရှိ Lyra  ကြယ်တာယာစု ပတ်လမ်းတွင်တည်ရှိပြီး ၁၂၂ ရက်တွင် တစ်ကြိမ်ကျပေါ်ထွက်လာတတ်ကာ ကမ္ဘာ၏အရွယ်အစားထက် ၆ဝ ရာခိုင်နှုန်း ပိုမို ကြီးမားသည်။
ဂြိုဟ်ပေါ်တွင် အစိုင်အခဲမျက်နှာပြင်လော၊ ရေမျက်နှာပြင်ကြီးလောဆိုသည်ကို သိပ္ပံပညာရှင်များ မသိရှိကြသေးပေ။ သို့သော်ယခုတွေ့ရှိမှုသည် ကမ္ဘာနှင့် အလားသဏ္ဌာန်တူသော အခြားကမ္ဘာတစ်ခုကို ရှာဖွေတွေ့ရှိနိုင်မှု အဆင့်သို့ နီးသထက်နီးလာနေပြီ ဖြစ်ကြောင်း အချက်ပြမှုပင် ဖြစ်သည်။

Source:www.indianexpress.com

ဒီနေ့အဖို့ ၂ ပုဒ်တော့ပြည့်သွားပီ။ ထပ်တင်လို့ရရင်တော့ကောင်းမယ်။ 🙂

(စည်းကမ်းအတိုင်းသည်သာ အကောင်းဆုံးဖြစ်သည်)