တစ်ခါက ဆိုတာ တစ်ခါကပါပဲလေ ၊

ပြီးခဲ့တဲ့ ရုံးပိတ်ရက် တစ်ညနေ ၊

တစ်နေကုန် ဈေးသွား ချက်ပြုတ် လျှော်ဖွတ်ခဲ့ပြီးပြီမို့ အနားယူညနေခင်းအဖြစ် ရပ်ကွက်ထဲက ဆိုင်တစ်ခုမှာ ထိုင်ရင်း ဟိုတွေး ဒီတွေး ဟိုကြည့် ဒီကြည့်ပေါ့ ၊

အပေါင်းအဖော်တွေ ရောက်မလာသေးတော့ နားအေး ပါးအေးနဲ့ တစ်ကျိုက်မော့လိုက် ဆတ်သားခြောက်ကြော်တစ်ဖတ် ဝါးလိုက် ဇိမ်ကျနေတယ်ပဲ ဆိုပါတော့ ၊

အဲဒီအချိန်မှာ ဟိုး ပြည်လမ်းပေါ်ကချိုးဝင်လာတဲ့ လူ ၂ ယောက်ကို အကြည့်က အမှတ်တမဲ့ရောက်သွားခဲ့တယ် ၊

ဪ ငါ့သားပါလား လို့ တွေးမိချိန်မှာ သူ့ ဘေးက အမျိုးသမီးဟာ ဘယ်သူဆိုတာ သိလိုက်ပါပြီ ၊

ရေခြားမြေခြား တိုင်းတစ်ပါးက ပြန်ရောက်နေတဲ့ သားရဲ့ အမေပါ ၊ သားက အဖေလုပ်သူ ဒီမှာထိုင်တတ်မှန်းသိလို့ တန်းကနဲ ဝင်လာပါတယ် ၊

အဖေကြီး မုန့်ဘိုးပေး တဲ့ ၊ ဒါ သူ့ရဲ့ မပျက်မကွက်သော ထုံးစံ ညနေမုန့်ဘိုးပါ ၊ အများကြီးလည်း မဟုတ်ပါဘူး ၊ ပုံမှန် ၃၀ဝ ၊

ကျနော် ထုတ်ပေးလိုက်တော့  အမေနဲ့ ခဏလိုက်သွားဦးမယ်ဆိုပြီး သူ့အမေဆီ ပြန်ထွက်သွားပါတယ် ၊

အဲဒီ အချိန်မှာ သူ့အမေနဲ့  ဖျတ်ကနဲ အကြည့်ချင်းဆုံမိပါတယ် ၊ တစ်ခဏလေးပါ ၊

လွန်ခဲ့တဲ့ ၃ – ၄ နှစ်က ပုံစံအတိုင်း သူ မပြောင်းလဲ သလို ကျနော်ကလည်း ဒီအတိုင်း ၊

သူ့ စိတ်ထဲ ဘာရှိမလဲ မသိပေမယ့် ကျနော့်စိတ်ထဲမှာတော့ ဘာမှကို မရှိတော့တာပါ ၊

ဘာကြောင့်လဲ ?  ပြီးခဲ့ပြီပဲလေ ၊ တစ်ချိန်က မောင်ရေ လှိုင်ရေ ဆိုတဲ့ စကားလုံးတွေဟာ ကွာရှင်းစာချုပ်နဲ့အတူ ကျန်ရစ်ခဲ့ပြီပဲ ၊

အခုအချိန်မှာ သူလည်း လွတ်လပ်သူ ကိုယ်လည်း လွတ်လပ်သူပဲ ၊

ကိုယ့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ်စီနဲ့ ကိုယ့်လမ်း ကိုယ်လျှောက်နေကြသူတွေပဲ ၊

ဘယ်သူကမှ ရိုက်နှက်ပေးစားတာမဟုတ်ခဲ့တဲ့ ဒီဇာတ်လမ်းကို ကျနော်တို့ကပဲ ကျေနပ်စွာနဲ့ The End ဆိုတဲ့ ပြီးပါပြီ ပြည်ဖုံးကားကို ကိုယ်စီချခဲ့ကြတာပဲလေ ၊

သားနဲ့ပတ်သက်ရင် သူတို့ချင်း အွန်လိုင်းမှာ အဆက်အသွယ် ရှိသလို အခုလို ပြန်လာရင်လည်း လွတ်လပ်စွာ တွေ့ဆုံခွင့် ပေးထားတာပဲ ၊

သူနဲ့ကျနော်ကတော့ အခုအချိန်မှာ သူစိမ်းပြင်ပြင်ပါ ၊

တစ်ခါက ပတ်သက်ခဲ့ဖူးတာပဲဆိုရင် အဲဒီ အဓိပ္ပါယ်ဟာ အခု မပတ်သက်တော့ဘူးလို့ ညွှန်းဆိုနေတာ မဟုတ်ဘူးလား ? ၊

ရင်ခုန်ခြင်း စိတ်လှုပ်ရှားခြင်း ခံစားရခြင်း ကင်းလှခဲ့ပြီမို့   တစ်ခါက ဆိုတာ တစ်ခါက ပါပဲလေ ၊

 

6

14 comments

  • ကထူးဆန်း

    May 3, 2013 at 11:24 am

    အဟမ်း အဟမ်း
    တည်တည် မဟုတ် စပ်ဖြီးဖြီး နဲ့ ဆြာကြီးလုပ်ရရင် ……….
    ဆြာလေးကလည်း မတစ်ခါ နိုင်သေးလို့ ဒီစာလေး ရေးမိသလို..
    ex.. ကလည်း မပြတ် နိုင်လို့ သားနဲ့ ဖေဖေ ရှိမဲ့ နေရာလိုက်ခဲ့ ..
    သားကလည်း ပြန်စစေချင်လို့ ဖေဖေဆီ ခေါ်လာခဲ့တယ်လို့ ..
    သူများ ကိုယ်ရေးကိုယ်တာ ဝင်ပါတာ တော့ မဟုတ် ဒီစာလေးတက်လာလို့ ထင်တာလေး ဖြီးကြည့် တာပါ လို့ .. :hee:

  • Myo Thant

    May 3, 2013 at 11:35 am

    ဆရာကထူးဆန်း မှားတယ်

    မစ ရေးချ မစ ပါခင်ဗျာ

    နာစရာတွေများလွန်းလို့ ပြန်မတွေးပါ

    သားကလည်း စ မှာအလိုမရှိပါ

    တစ်ခါကသည် တစ်ခါကသာဖြစ်ပါသည်

  • surmi

    May 3, 2013 at 11:40 am

    စာတစ်ပုဒ်အဖြစ်ပဲ ယူဆပြီဖတ်သွားပါတယ် ။
    ဒါပေမယ့်အဲဒီလိုမြင်ကွင်းတွေတကယ်တွေ့ရရင် ကလေးဖြစ်သူကိုစာနာမိလွန်းလို ့
    စိတ်မကောင်းကြီးစွာဖြစ်ရတာပါ ။
    တကယ်တော ့ မိဘတွေရဲ ့အတ္တနဲ့ ကလေးရဲ့ဘဝ လဲခဲ့ရသလိုပါပဲ ။
    မိစုံ ဖစုံ နေခွင့်ရတယ်ဆိုတာ ကလေးတစ်ယောက်အဖို ့ ဆုလဘ်တစ်ပါးပါ။

    • surmi

      May 3, 2013 at 11:43 am

      ကိုယ်ရေးကိုယ်တာဖြစ်နေရင် ခွင့်လွှတ်ပါနော
      ကော်မန် ့ကို ဖျက်လို ့ရပါတယ် ကိုမျိုးသန့်ရေ …
      ကျနော်မသိလိုက်လို ့ပါ

      • Myo Thant

        May 3, 2013 at 12:23 pm

        ရပါတယ်ဆရာရယ်
        ကိုယ်ရေးကိုယ်တာဖြစ်ဖြစ် အကြောင်းမဟုတ်ပါ
        ဘယ်လိုမှဆက်မရလို့ဒီလိုဖြစ်တာပါ
        အတ္တဆိုတာထက်အားလုံးအဆင်ပြေဖို့ပါ
        ကလေးကလည်းအေးဆေးပါ
        ဒီလိုနေတာကအသင့်တော်ဆုံးမို့ပါ
        ဒီပို့စ်ရေးရတာက တစ်ခါကဆိုတာကိုပြချင်တာရယ်
        သဂျီးဆီကပွိုင့်လိုချင်တာရယ်ကြောင့်ပါ 🙂

  • kyeemite

    May 3, 2013 at 11:44 am

    အဟမ်း အဟမ်း..(ကထူးဆန်းထံမှငှားသုံးသည်) :hee:
    အဲ့..နေ့က များသွားတယ်မဟုတ်လား..ပီးတော့ KTV မှာ
    တစ်ယောက်ထဲသွားပြီး ရင်ဖွင့်လိုက်သေးတယ်ထင်တယ်…ဟဲဟဲ
    ခင်လို့စတာပါဗျာ… :hee:

    • Myo Thant

      May 3, 2013 at 12:28 pm

      တစ်ယောက်ထဲတော့ သွားမဆိုချင်ပေါင်
      အဟဲတော်တဲ့ ကိုဘလက်နဲ့ဆိုရင် တော်သေး 🙂
      အဆွေးသီချင်းကတော့ ရည်းစားတောင် မထားတတ်သေးတဲ့
      အချိန်ကတည်းက ကြိုက်ခြင်းဖြစ်ပါ၍ အထင်မလွဲပါရန် 🙂

  • မယ်ဘုတ်

    May 3, 2013 at 12:01 pm

    တစ်ခါ က ဆိုတာ တစ်ခါက ဆိုတော့ နှစ်ခါ ဖြစ်မလာတော့ဘူးဆိုတဲ့ ..
    သဘောပဲနေမှာ … :kwi:

  • Mr. MarGa

    May 3, 2013 at 12:42 pm

    တစ်ခါက ဖြစ်ပါသည်
    တစ်ခါက ဖြစ်တာကြောင့်
    တစ်ခါကလို ဖတ်လို့
    တစ်ခါက ရယ်လို့သာ မှတ်သွားပါကြောင်း :mrgreen:

  • မောင် ပေ

    May 3, 2013 at 7:48 pm

    စိတ်ညစ်စရာကောင်းတဲ့အချိန် ဆို ကေတီဗီ မှာ တစ်ယောက်ထဲ သွားထိုင်တာ
    တော်တော်စိတ်ပြေတယ်ဗျ

  • အတိတ်တွေက မှုန်ဝါးပေမယ့် …
    ငါတို့ နှစ်ဦး ဇာတ်လမ်းမှာ
    အချို့နေရာက အကောင်းအတိုင်း ရှိနေဆဲပါပဲ …
    ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက် ..
    အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတဲ့ …
    ဘာညာသာရကာ နေကြာကွာစိ ….
    ဟီး .. ပို့စ်လေး ဖတ်ရင်း ဒီသီချင်းလေး သတိရတွားရို့ဘာ …
    ဟုတ်ဘာဒယ် …
    တစ်ခါက ဆိုတာ တစ်ခါကပါပဲ …
    ကိုယ့်ရဲ့ မန်မိုရီထဲ ထင်ကျန်နေဆဲ ဖြစ်ပေမယ့် …
    ဒီလိုပါပဲပေါ့ဗျာ … သိဒတ်ဒေါ့ဝူးးးး

  • ခင်ခ

    May 4, 2013 at 11:55 am

    တစ်ခါတုန်းက အကြောင်းတွေဟာ စာရေးချင်သူတွေအတွက်
    ကိုယ်တိုင်ရေးပုံတူတွေ ဖြစ်စရာပါဟုလို့ဘဲ………။

  • ဦးကြောင်ကြီး

    May 10, 2013 at 10:21 am

    တခါက
    ပဏှာပွ
    ရာဂ
    ပြာချ
    ငါကွ
    ထှာပြ
    ကာမ
    နာစွ..

  • ရွာစားကျော် မင်းနန္ဓာ

    May 10, 2013 at 10:40 am

    အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလား..
    နှောင်းခဲ့တဲ့ သစ္စာရှင်ကြီးရယ်… ပေါ့ဗျာ

Leave a Reply