ဗုဒ္ဓဂါယာ က မုစလိန္ဒာအိုင်..

နွေဦးMay 3, 20132min33712
မဟာဗောဓိစေတီ
မဟာဗောဓိစေတီ

မုစလိန္ဒာအိုင်
မုစလိန္ဒာအိုင်PANO_20130425_172040

 

Exif_JPEG_PICTURE

 

 

မုစလိန္ဒာအိုင်
မုစလိန္ဒာအိုင်

“မုစလိန္ဒာအိုင်မှာ ပြန်လည်ဆုံမယ်ဟောတဲ့ဗေဒင်..မယုံသော်လည်းစိတ်ပြေတယ်.. ဘုရားမှာ စနေဒေါင့်ပန်းလှူမယ်..”ဆိုတဲ့ မြန်မာပြည်သိန်းတန်ရဲ့ သီချင်းလေး ကြားပြီးထဲက မုစလိန္ဒာအိုင်ဆိုတာ မြင်ချင် ကြည့်ချင်နေတာပါ။ ဗုဒ္ဓဂါယာ ဘုရားဖူးရောက်သွားတော့လည်း မုစလိန္ဒာကန်ကိုတွေ့တော့ ဘယ်လိုကြည့်ကြည့် လှနေတယ်လို့ မြင်လို့ ကြည့်လို့မဝနိုင်အောင်ပါဘဲ ။

Exif_JPEG_PICTURE

ဒါပေမယ်လို့ပေါ့လေ….

မုစလိန္ဒာအိုင်မှာ ပြန်ဆုံကြမယ်ဆိုတာကိုစိတ်ဝင်စားမိတာပေါ့ ။ချစ်သူတွေချင်းကွေကွင်းကွဲကွာသွားကြရင် မုစလိန္ဒာပြန်ဆုံတွေ့ကြမယ်ပေါ့..။

ဘယ်ပုံ ဘယ်နည်းနဲ့များတွေ့နိုင်မလဲ.. အရင် ဇာတ်လမ်းလေးများရှိ ခဲ့ဘူးသလားပေါ့..။

အလွမ်းဇာတ်များ စိတ်ကူးနဲ့ ဒီသချင်းရဲ့အရသာကို ခံစားကြည့်မိပါတယ်…။

လုံးလုံးလျှားလျှားကြီး များတော့တာပါဘဲ..။ဒါပေမဲ့ သီချင်းရေးဆရာရဲ့ စိတ်ကူးဖွဲ့နွဲ့မှုကိုတော့လေးစားလောက်ပါရဲ့ ။

ဟိန္ဒူတွေရဲ့ အယူဝါဒ ကို မသိခဲ့ နားမလည်ခဲ့တော့စိတ်ကူးလေးတွေယဉ်လို့ပေါ့လေ..။

ဟိန္ဒူတွေရဲ့ အယူဝါဒအရ သေဆုံးပြီးတဲ့သူတွေရဲ့ ဝိဉာဏ်တွေဟာ မကျွတ်မလွတ်မချင်း မုစလိန္ဒာအိုင် ပါတ်ဝန်းကျင်မှာ နေကြရပါတယ် ။

မိသားစုတွေက ကုသိုလ်ကောင်းမှုတွေလုပ်ပြီး သူတို့ကို အမျှဝေပေးမှ ကျွတ်လွတ်ပြီး လိုရာကို သွားနိုင်ကြတယ်လို့ အယူရှိကြပါတယ် ။

ဒါကြောင့် ဟိန္ဒူတွေက မကျွတ်မလွတ်တဲ့သူတွေအတွက် တန်ဆောင်မုန်းလပြည့်ညမှာ အကျွတ်အလွတ် ဆုတောင်းပွဲတွေ လုပ်ပြီး သေလွန်သွားကြပြီးတဲ့ ဝိဉာဏ်တွေကို ကျွတ်အောင်လွတ်အောင် ဆုတောင်းပေးကြတယ်တဲ့ ။

ဒီအယူကမြန်မာတွှေဆီကူးလာပြီး အကျွတ်အလွတ်ပွဲတွေလုပ်တာတွေ့လာရတယ်..။

PANO_20130425_172438

နောက်ဆုံးတော့ မုစလိန္ဒာ အိုင်မှာ ဆုံကြမယ်ဆိုတာ  ရိုမီယိုနဲ့ ဂျူးလိယက်လို သေပြီးမှ ပြန်ဆုံဘို့ ပြောတာဆိုတော့ …မလွမ်းလောက်တော့ပါဘူးလေ…။

 

အားလုံးကို သတိရလျှက်…

နွေဦးရဲ့ ခရီးတခေါက် အမြင်ပါ။

 

12 comments

  • ဦး ကျောက်ခဲ

    May 3, 2013 at 5:52 pm

    အကိုကြီး ကိုနွေဦး မင်္ဂလာပါခင်ဗျာ…
    ရွာထဲမှာမတွေ့တာကြာလို့ လူပျောက်ကြော်ငြာမလားစဉ်းစားနေတာ…
    အခုတော့ “မျှော်နေတုံး ကြော့ဆုံးလာချေပြီ” ပေါ့…
    အကိုကြီးက ဘုရားဖူး ခရီးသွားနေတာကိုး… သာဓု သာဓု သာဓုပါဗျာ…
    စကားစပ်လို့ပြောရရင် အဲဒီ သီချင်းနဲ့ မုစလိန္ဒာအိုင်ကို ဘယ်လိုမှသဘောမပေါက်ခဲ့တာ..
    အခုမှပဲ ရှင်းရှင်းလင်းလင်း နားလည်တော့တယ်…
    ကျေးဇူးပါ ခင်ဗျား….

    • နွေဦး

      May 4, 2013 at 10:51 am

      ဦးကျောက်ရေ..
      ပျောက်ဆို.. ဖေဖေါ်ဝါရီလဆန်းထဲက မအားလိုက်တဲ့အလုပ်
      စိတ်ပေါက်ပေါက်နဲ့ သင်္ကြန်အားရက်မှာ ခရီးသွားပါတယ် ပင်ပန်းလိုက်တာဗျာ..။
      ပြန်ရောက်တော့ တွေ့ထားမြင်ထားတာလေးတွေ မျှဝေပေးချင်တာနဲ့ ရွာထဲရောက်ရတာပါ..။
      ခုလည်း ဦးကျောက်စာကို ပြန်ရေးတုန်း အလုပ်ပေါ်လို့ တန်းလန်းကြီး ထပြေးရသေးတယ်.. ။
      အားလုံးကို ကျေးဇူးတင်ကြောင်း ..သီးခြားထပ် အကြောင်းမပြန်နိုင်ကြောင်းနှင့် နားလည်ပေးစေလိုကြောင်း… ဦးကျောက်မှတဆင့်…။
      ခင်တဲ့ နွေဦး ။

  • Mလုလင်

    May 3, 2013 at 10:40 pm

    အဲ့လိုကြီးလား . . . . . အဟီး ငယ်ငယ်တုန်းက ဂစ်တာ တလုံးနဲ့ တော်တော် ဆိုဖြစ်ခဲ့တာဗျ . . ခုတော့ လဲ ကို မျိုးသန့် ပါပဲ လေ . . . :harr:

    • Mလုလင်

      May 3, 2013 at 10:42 pm

      ကို မျိုးသန့် ရဲ့ ” တစ်ခါက ဆိုတာ တစ်ခါကပါပဲလေ ” ဆိုတဲ့ post ကို အထူးပြု တာပါဗျ။

      • Myo Thant

        May 4, 2013 at 3:35 pm

        အဲ အဲဗျာ

        အန်းနီးဝေး
        ကျေးကျေးပါ ကိုလုလင်ရေ

  • kyeemite

    May 4, 2013 at 9:38 am

    ပျောက်နေသူကြီး ကိုနွေဦး မင်္ဂလာပါခင်ဗျာ…
    ဗုဒ္ဓဂါယာဘုရားဖူးသွားတာက ဧပြီမှပါ..အဲဒီမတိုင်ခင်ကတည်းက ပျောက်နေတာနော..
    အပေါ်က မန့်တဲ့ လူဂျီးနှစ်ယောက် ပြောသလိုပဲ..
    အဲဒီ သီချင်းနဲ့ မုစလိန္ဒာအိုင်ကို ခုမှ သေချာသိပေတော့တယ်…
    ဟုတ်သဗျ…ဟိုလူနဲနဲယူသွင်း ဒီလူနဲနဲယူသွင်းနဲ့
    ကျုပ်တို့ဘာသာထဲမလဲ ..ဟိန္ဒူအယူဝါဒတွေ ပြည့်နှက်ပီး
    စိတ်ပျက်စရာအစွဲအလန်းကြီးမှုတွေ ဖျောက်မရအောင်ဖြစ်နေကြပြီဗျ.. 🙄
    အင်း..ဘာတွေလျှောက်ပြောနေမိပါလိမ့်….
    ဗုဒ္ဓဂါယာပုံလေးတွေနဲ့အတူ ရွာပြန်လာတာကြိုဆိုပါတယ်ဗျာ… :hee:

  • အော့ … ဟော် …
    မုစလိန္ဒာအိုင် မှာ ပြန်ဆုံမယ်ဆိုတာ ဂလိုကိုးဂျ …
    အစွဲအလန်းဂလည်း ကြီးဂျဘာ့ …
    အချို့များ နောက် ဆယ်ကမ္ဘာ ဘာညာသာရကာတောင် လုပ်လိုက်သေး …
    ဟုတ်ပါ့မလား မောင်ကာဠုရယ် လို့သာ မေးလိုက်ချင်သေး .. ဟီးးးး

    စကားမစပ် …
    ဥလေးဂျီး ဥနွေဦး ပျောက်နေဒယ် အောက်မေ့ဒါ ..
    သူဂ ပါ့ဂိုးဒါးဖူး ထွက်နေဒါဂိုး ….
    သာဓု .. သာဓု .. သာဓု … ခေါ်ဒယ်ဂျာ …
    ဤသို့ သာဓု ခေါ်ရချင်ဂျောင့် တောင်မလေး အလှပဂေးနဲ့ ကျုပ်နဲ့ ညားဘာစေ … ဟီးဟီး .. :mrgreen:

  • surmi

    May 4, 2013 at 11:09 am

    ကွန်နက်ရှင်မကောင်းလို ့ ပုံတွေမမြင်ပြန်ဘူး
    ဘာပဲဖြစ်ဖြစ် ပြန်လာတာ ဝမ်းသာတယ်ဗျာ
    ကွန်ကောင်းမှပြန်ကြည့်ပြီးမန် ့ဦးမယ်

  • မောင် ပေ

    May 4, 2013 at 12:10 pm

    အချစ်ကြီး ချစ်ကြတဲ့ ချစ်သူတွေ
    သစ္စာပြုလေ့ရှိကြသော ရေကန်ကြီးပေါ့နော်
    ကြည့်ခွင့်ရလို ့ကျေးဇူးပါ ဦးဦးနွေ

  • MaMa

    May 4, 2013 at 4:18 pm

    ကိုယ်သွားတုန်းကတော့ ဒီလိုမျိုး ဓာတ်ပုံရိုက်ဖို့ အခွင့်အရေးမရခဲ့။
    မရခဲ့တာလည်း ခပ်ကောင်းကောင်း။
    ရခဲ့ရင်လည်း ဒီလိုပုံမျိုး ရမှာမှ မဟုတ်တာ။ :harr:
    သိန်းတန်ရဲ့ စနေဒေါင့်ပန်းလှူမယ် သီချင်းကို သိပ်ကြိုက်တာ။
    မုစလိန္ဒာ အိုင်မှာ ဆုံကြမယ်ဆိုတာ ရိုမီယိုနဲ့ ဂျူးလိယက်လို သေပြီးမှ ပြန်ဆုံဘို့ ပြောတယ်ဆိုတာကိုတော့ ခုမှပဲ သိတော့တယ်။

  • kai

    May 4, 2013 at 5:07 pm

    ဘာမှမဟုတ်ပါဘူး..
    Quote လုပ်တာပါ.. :kwi:

    ဒါကြောင့် ဟိန္ဒူတွေက မကျွတ်မလွတ်တဲ့သူတွေအတွက် တန်ဆောင်မုန်းလပြည့်ညမှာ အကျွတ်အလွတ် ဆုတောင်းပွဲတွေ လုပ်ပြီး သေလွန်သွားကြပြီးတဲ့ ဝိဉာဏ်တွေကို ကျွတ်အောင်လွတ်အောင် ဆုတောင်းပေးကြတယ်တဲ့ ။

    ဒီအယူကမြန်မာတွှေဆီကူးလာပြီး အကျွတ်အလွတ်ပွဲတွေလုပ်တာတွေ့လာရတယ်..။

    • ကိုရင်စည်သူ

      May 4, 2013 at 6:48 pm

      ကျနော်တို့ သဂျီးက ဒီဂွင်စောင့်နေတာ..
      ကွက်တိဖြစ်သွားတာပေါ့… :kwi: :kwi:

Leave a Reply